Tuesday 20 May 2014

သင် facebook မှာ ရှိနေတာ သူငယ်ချင်းတွေမသိအောင်လုပ်နည်း


သင် facebook မှာ ရှိနေတာကို သင့်သူငယ်ချင်းတွေမသိအောင် လုပ်ပေးနိုင်တဲ့နည်းလေးကို မျှဝေပေး
ချင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သင်မတွေ့ချင်တဲ့ သူငယ်ချင်းတွေကို မမြင်အောင်လုပ်နိုင်သလို၊ သင်တွေ့ချင်တဲ့ သူငယ်ချင်းကို ပဲ ရွေးပြီးမင်အောင်လုပ်နိုင်ပါတယ်။

သူငယ်ချင်းတစ်ယောက်ချင်း ရွေးနိုင်သလို friend list တွေကိုလည်းရွေးချယ်နိုင်ပါတယ်။

Facebook ရဲ့  list feature ဟာ google plus ရဲ့  circle နဲ့ ဆင်တူပါတယ်။

သင် share လုပ်တာကို သင့်အနီးကပ်ဆုံးသူငယ်ချင်းတွေကိုပဲ သိစေချင်တဲ့အခါ၊ အလုပ်ကသူငယ်ချင်းတွေကို ပဲသိစေချင်တဲ့အခါမျိုးတွေမှာ list feature ကအသုံးဝင်ပါတယ်။

Organize Your Friends Into List

Facebook မှာ friend list တစ်ခုပြုလုပ်ဖို့အတွက် ဒီ link ကို နှိပ်ပြီးတိုက်ရိုက်သွားနိုင်သလို facebook ရဲ့  ဘယ်ဘက် side bar မှာ FRIENDS ကို ရှာပါ။

မတွေ့ရင် အောက်ဆုံးက drop down arrow ပါတဲ့ MORE ဆိုတဲ့လင့်ကိုနှိပ်ပါ။

ပြီးရင် FRIENDS ရဲ့ ညာဘက်ဘေးက MORE ကိုနှိပ်ပါ။



List ပြုလုပ်တဲ့ page ရောက်ရင် အသင့်ပြုလုပ်ပြီးသား list တွေကို တွေ့မြင်နိုင်ပါတယ်။

အဲဒီ list တွေက facebook ကသင့်အတွက် အလိုလိုပြုလုပ်ပေးထားတဲ့ list တွေပါ။

Custom list တစ်ခုပြုလုပ်ဖို့အတွက် Create List ကိုနှိပ်ပါ။



နောက် box တစ်ခုပေါ်လာရင် list နာမည်ပေးပြီး Create နှိပ်ပါ။



နောက် page တစ်ခုပေါ်လာရင် အဲဒီ list မှာ သင့်သူငယ်ချင်းတွေကိုထည့်သွင်းဖို့အတွက် Add friends ကိုနှိပ်ပါ။



နောက်ထပ်ပေါ်လာတဲ့ box မှာ သူငယ်ချင်းတွေကို ရွေးချယ်ပြီး list ထဲထည့်သွင်းနိုင်ပါတယ်။

ပြီးရင် finish နှိပ်ရင် list တစ်ခုပြုလုပ်ပြီးပါပြီ။

အဲဒီ list ကို အချိန်မရွေး ဖျက်နိုင်သလို edit လုပ်နိုင်ပါတယ်။



Deciding Who Can See You Online And Who Can’t

သင် facebook မှာ ရှိနေတာကို သင်မြင်စေချင်တဲ့သူငယ်ချင်းပဲမြင်နိုင်ဖို့ ဒါမှမဟုတ် သင်မမြင်စေချင်တဲ့ သူငယ်ချင်းတွေမမြင်အောင်လုပ်ဖို့အတွက် facebook chat က setting ကို နှိပ်ပြီး Advanced Settings ကိုနှိပ်ပါ။



သင်မမြင်စေချင်တဲ့သူငယ်ချင်းတွေ၊ friend list တွေကို မမြင်အောင်လုပ်ဖို့အတွက် Turn on chat for all friends except ကိုရွေးပြီး သူငယ်ချင်းနာမည်တွေ list တွေရိုက်ထည့်ပေးပြီး ရွေးချယ်နိုင်ပါတယ်။

ဒါမှမဟုတ် သင်ရွေးချယ်တဲ့သူငယ်ချင်းတွေ friend list တွေကိုပဲ မြင်စေချင်ရင်တော့ Turn on chat for only some friends ကိုရွေးပေးပြီး friends , friend list တွေကို ရွေးပေးပါ။

ချက်တစ်ခုလုံးကို ပိတ်ထားချင်ရင်တော့ Turn off chat ကိုရွေးပေးပါ။



Thu-Ya-blogspot မှကူးယူမျှဝေသည်။

No comments:

Post a Comment