Thursday 8 May 2014

Facebook Pages အသုံးပြုရာတွင် သိထားသင့်သည့် အချက်များ



Facebook Pages အသုံးပြုပုံကို မဖော်ပြခင် Facebook Page ရဲ့ အကြောင်းကို ဦးဆုံးပြောပြချင်ပါတယ်။ Facebook Pages ဆိုတာကတော့ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနဲ့ အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ သတင်း အကြောင်းအရာတွေကို အများပြည်သူထံ ချိတ်ဆက် ဝေမျှပေးနိုင်တဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ Timeline တွေလိုပဲ Pages မှာ app များထည့်သွင်းခြင်း၊ သတင်း အကြောင်းအရာများ တင်ခြင်း စတာတွေကို စိတ်ကြိုက်ပြင်ဆင် ပြုလုပ်နိုင်ပါတယ်။ Page ကို like ပြုလုပ်ထားသူများဟာ update တွေကို ၎င်းတို့ရဲ့ news feed တွေမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် အကြောင်းအရာတွေကို ပုံမှန်တင်ခြင်းအားဖြင့် ပရိသတ်နဲ့ အမြဲထိတွေ့ စေနိုင်မှာဖြစ်ပါတယ်။
Page တစ်ခုကို ဖန်တီးရာတွင်လည်း အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း၊ အမှတ်တံဆိပ်၊ အနုပညာရှင် စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် Page တစ်ခု ဖန်တီးပြုလုပ်နိုင်ပါတယ်။
အောက်ဖော်ပြပါ အချက်များကတော့ Facebook Pages ကိုအသုံးပြုလိုသူများအနေနဲ့ Page တစ်ခုကို ဖန်တီးအသုံးပြုရာမှာ ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အသုံးပြုနိုင်စေမယ့် အချက်များဖြစ်ပါတယ်။



Timeline Cover Photo

Timeline cover ဓာတ်ပုံဟာ Facebook Pages ဒီဇိုင်းသစ်ရဲ့ အကောင်းဆုံး feature သစ်တွေထဲက တစ်ခုဖြစ် ပါတယ်။ Timeline cover ဓာတ်ပုံကို အကောင်းဆုံး အရည်အသွေးနဲ့ ပြုလုပ်လိုတယ်ဆိုရင်တော့ အသုံးပြုသူရဲ့ ဓာတ်ပုံကို 850 x 315 pixels နဲ့ ဖန်တီးပြုလုပ်ဖို့ လိုပါတယ်။ Timeline cover ဓာတ်ပုံဟာ တစ်စုံတစ်ဦးရဲ့ copyright ကို ချိုးဖောက်ပြုလုပ်ထားခြင်း၊ “40% off” “Download it at our website” စသည့် အချက်အလက်တွေ ပါဝင်ခြင်း၊ ဝက်ဘ်လိပ်စာ၊ အီးမေးလ်လိပ်စာနဲ့ Page ရဲ့ About section မှာ ဖော်ပြရမယ့် အချက်အလက်များကို ဖော်ပြခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ်။

Timeline cover ဓာတ်ပုံကို ဖန်တီးရာမှာ အောက်ဖော်ပြပါ စိတ်ကူးအကြံဉာဏ်အတိုင်း ဖန်တီးပြုလုပ် နိုင်ပါတယ်။

- မိမိရဲ့ ထုတ်ကုန်ကို အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာ https://www.facebook.com/herbalessences )

- မိမိရဲ့ ထုတ်ကုန်ကို အသုံးပြုသူများရဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာ https://www.facebook.com/dove )

- အမှတ်တံဆိပ်ရဲ့ သမိုင်းကြောင်းကို ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာ https://www.facebook.com/burberry )

- မိမိရဲ့ ထုတ်ကုန်မှာ ပါဝင်တဲ့ အစိတ်ပိုင်းများနဲ့ ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာ https://www.facebook.com/Starbucks )

- မိမိရဲ့ အလုပ်ကို ကိုယ်စားပြုတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာ https://www.facebook.com/hsgaccounting )

- ထုတ်ကုန်ရဲ့ ထူးထူးခြားခြား ရောင်းချရတဲ့ အချက်ကို ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာ https://www.facebook.com/chevroletvolt )

- မိမိရဲ့ လုပ်ငန်း/ဆိုင် အတွင်းပိုင်းကို လူအများတွေ့စေရန် ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာ https://www.facebook.com/jivetimerecords )

About Your Page

About Page ကတော့ အသုံးပြုသူရဲ့ဝက်ဘ်ဆိုက်ထံ ရောက်ရှိစေမယ့် link တွေကို ထည့်သွင်းရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ ယခင် Facebook Page မှာတုန်းက ဝက်ဘ်ဆိုက် link ကို ဖော်ပြလိုတဲ့အခါမှာ စာလုံး ၇၀ ပါဝင်တဲ့ About ဖော်ပြချက်တစ်ခုကို ဖန်တီးပြီး ပြုလုပ်ရပါတယ်။ အဲ့ဒီဖော်ပြချက်ဟာ page ရဲ့ ဘယ်ဘက် ခြမ်းမှာ ပေါ်ပါတယ်။

ဒါပေမဲ့ ဒီဇိုင်းအသစ်ပြင်ဆင်ထားတဲ့ Facebook Page မှာတော့ About ဖော်ပြချက်ကို စာလုံးရေ ၁၇၀ နဲ့ ဖော်ပြနိုင်ပြီး ၎င်းကို Timeline နဲ့ profile ဓာတ်ပုံရဲ့ အောက်ဘက်မှာ တွေ့မြင်ရပါမယ်။ About ဖော်ပြချက်ကို ပြောင်းလဲလိုတဲ့အခါမှာ Admin Panel > Edit Page > Update Info မှာရှိတဲ့ Basic Information section ရဲ့ About field မှာ သွားရောက် ပြင်ဆင်နိုင်ပါတယ်။

Local Business Page များမှာတော့ About ဖော်ပြချက်အစား local အချက်အလက်တွေနဲ့ ဖော်ပြနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေမှာ နေရပ်လိပ်စာ၊ မြို့၊ ပြည်နယ်နဲ့ zip code တွေကို ဖျက်ထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းနံပါတ်ကိုလည်း ဖျက်ထားနိုင်ပါတယ်။ ၎င်းကို Basic Information ရဲ့ ဖုန်းနံပါတ်ဘေးရှိ dropdown ကိုနှိပ်ပြီး No Phone ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါတယ်။ Website field မှာ website link ကို ထည့်သွင်းထားတဲ့အခါမှာ အသုံးပြုသူရဲ့ page မှာ website link ပေါ်လာတာကို တွေ့ရပါ မယ်။

အခြား link များအနေနဲ့ အသုံးပြုသူရဲ့ social profile များဖြစ်တဲ့ Twitter နဲ့ Google+ link တို့ကို ထည့်သွင်းလိုတဲ့အခါမှာ Basic Information ရဲ့ Description, Biography တို့မှာ link များကိုထည့်လိုက်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။

Status Updates & Wall Posts

Facebook Page သစ်မှာ status update များနဲ့ wall post များကို ကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

Page ကို တစ်လခန့် update ပြုလုပ်ခြင်းမရှိတဲ့အခါမှာ Timeline အနေနဲ့ အောက်ဖော်ပြပါပုံ အတိုင်း ဖော်ပြပါလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ page ကို အမြဲတမ်း update ဖြစ်နေအောင် ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။

Page ပေါ်မှာရှိတဲ့ အချို့သော post တွေရဲ့ date ကို နောက်ပြန်သတ်မှတ်လိုတဲ့အခါမှာ page ပေါ်မှာတင် လိုက်တဲ့ post ရဲ့ ဘေးမှာရှိတဲ့ ခဲတံ icon ကို နှိပ်ပြီး Change Date option မှာ ပြုလုပ်နိုင်ပါတယ်။ ပြောင်းရွှေ့ သတ်မှတ်လိုတဲ့ နေ့စွဲကို ထည့်သွင်းပြီး အတည်ပြုပြီးတဲ့အခါမှာ အဆိုပါ post အနေနဲ့ ရွေးချယ်သတ်မှတ်ထား တဲ့နေ့စွဲအတိုင်း ပြောင်းလဲသွားပါလိမ့်မယ်။ Page ကို refresh လုပ်လိုက်တဲ့အခါမှာတော့ နေ့စွဲအသစ်နဲ့ post ကို တွေ့ရမှာ ဖြစ်ပါတယ်။



Highlighting and Pinning

Wall ပေါ်မှာ တင်လိုက်တဲ့ post မှန်သမျှကို post ရဲ့ ညာဘက်ထိပ်မှာရှိတဲ့ ကြယ်ပုံစံ highlight icon ကို နှိပ်ပြီး cloumn နှစ်ခုစလုံးမှာ ဖြန့်ထားနိုင်ပါတယ်။ Post အဟောင်းတွေကို page ရဲ့ ဘယ်ဘက်ထိပ်မှာ တိုက်ရိုက်ရွှေ့ထားလိုတဲ့အခါမှာ post ရဲ့ ညာဘက်ထိပ်မှာရှိတဲ့ ခဲတံ icon ကိုနှိပ်ပြီး Pin to Top ကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ Pin to Top ပြုလုပ်တဲ့အခါမှာ post တစ်ခုတည်းကိုသာပြုလုပ်နိုင်ပါတယ်။



အကယ်၍ NetworkedBlogs လိုမျိုး third-party app တစ်ခုကို အသုံးပြုပြီး Facebook Page ကို update လုပ်တဲ့အခါမှာ update တွေကို သီးခြားဖော်ပြခြင်း မရှိတာမျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ update တွေကို group လုပ်ထားတဲ့အတွက်ကြောင့် သီးခြားတွေ့မြင်ရခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုပါ update တွေကို သီးခြား ခွဲထုတ်နိုင်ပါတယ်။ Group ဖြစ်နေတဲ့ update တွေပေါ်မှာ mouse ကို တင်ပြီး ခဲတံပုံစံ icon ကို နှိပ်ပါ။ ထို့နောက် View Individual Stories ကိုနှိပ်ပါ။ Update တစ်ခုချင်းစီကို တွေ့ရပါမယ်။

Admin Panel

Admin Panel ကတော့ Facebook Page ရဲ့ လက်ရှိ လုပ်ဆောင်မှုများကို သိရှိစေရန်အတွက် ရိုးရှင်းစွာ ဖော်ပြပေးမယ့် နေရာဖြစ်ပါတယ်။

Notifications မှာ Page ကို like ပြုလုပ်ထားသူများရဲ့ wall post တစ်ခုအပေါ် စိတ်ဝင်စားခြင်း၊ Post တစ်ခုတွင် tag ပြုလုပ်ခြင်း၊ Timeline ပေါ်တွင် post တင်ခြင်း စတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

New Likes ကတော့ Page ကို like လုပ်ထားသူများနဲ့ page များကို တွေ့မြင်နိုင်စေမယ့် အကောင်းဆုံး feature တစ်ခုဖြစ်ပါတယ်။

Messages ကတော့ Page ကို like ပြုလုပ်ထားသူများက ပေးပို့တဲ့ message တွေကို ဖော်ပြပေးတဲ့ နေရာ ဖြစ်ပါတယ်။ အကယ်၍ Message ခလုတ်ကို hide လုပ်ထားလိုပါက Admin Panel > Edit Page > Manage Permissions ကိုနှိပ်ပြီး “Show message button on” ဘေးက box မှာ အမှန်ခြစ် ဖြုတ်ပြီး ပြုလုပ်နိုင်ပါတယ်။

အလွန်ကောင်းမွန်တဲ့ အခြား feature တစ်ခုကတော့ Facebook Page များကို Facebook သူငယ်ချင်းများထံ suggest ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။ Admin Panel > Build Audience > Invite Friends ကိုနှိပ်ပြီး သူငယ်ချင်းများကို ရွေးချယ်ကာ suggest ပြုလုပ်နိုင်ပါတယ်။

Edite Page option ကို Manage menu အောက်မှာရှိတဲ့ Admin Panel မှာတွေ့မြင်နိုင်ပါတယ်။ Edit Page option မှာ Update Info, Manage Permissions, Admin Roles, Manage Notifications, Use Activity Log နဲ့ See banned users option တွေကို တွေ့ရမှာဖြစ်ပါတယ်။

Manage menu မှာရှိတဲ့ Admin Panel ရဲ့ Activity Log link ဟာ Facebook Page ရဲ့ timeline မှာ တင်ထားတဲ့ update အားလုံးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဆိုပါ update ရဲ့ ညာဘက်မှာရှိတဲ့ စက်ဝိုင်း ပုံစံ icon ကိုနှိပ်ပြီး highlighted on page, allowed on page, hidden from page စတဲ့ option တွေကို တွေ့ရမှာ ဖြစ်ပါတယ်။



Insights

Insights ဆိုတာကတော့ Page နဲ့ ပတ်သက်တာတွေကို ဂရပ်ဖ်နဲ့ ဖော်ပြပေးတဲ့ feature ဖြစ်ပါတယ်။ Insights မှာ Page ကို Like ပြုလုပ်ထားသူ အရေအတွက်၊ Page အကြောင်း ဆွေးနွေးကြသူ အရေအတွက်နဲ့ အပတ်စဉ် update ရောက်ရှိတဲ့ ပရိသတ် အရေအတွက်တို့ကို သုံးသပ်ဖော်ပြပေးပါတယ်။ ဂရပ်ဖ်ရဲ့ အောက်ခြေဘက်မှာ ဖော်ပြထားတဲ့ ပန်းရောင် ပူပေါင်းတွေကတော့ Page မှာတင်ထားတဲ့ update အရေအတွက်ကို ပြသထား ခြင်းဖြစ်ပါတယ်။ နောက်ပြီး Like ပြုလုပ်ထားသူတွေရဲ့ အသက်၊ လိင်အမျိုးအစားနဲ့ တည်နေရာတွေကိုလည်း လေ့လာနိုင်ပါတယ်။

ဂရပ်ဖ်ရဲ့ အောက်ဘက်မှာတော့ Facebook Page ပေါ်မှာရှိတဲ့ post တစ်ခုချင်းစီရဲ့ အသေးစိတ် အချက်အလက်ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်တွေကတော့ post ရောက်ရှိမှုနှုန်း၊ စိတ်ဝင်စားမှုနှုန်း၊ ဆွေးနွေးမှုနှုန်းနဲ့ ပျံ့နှံ့မှုနှုန်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် All Post Types မှာ dropdown ကိုနှိပ်ပြီး သီးခြား post အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

from internet journal...

No comments:

Post a Comment