Thursday 8 May 2014

Facebook တွင် Page တစ်ခုတည်ဆောက်နည်း


Facebook တွင် Page ဆောက်နည်း
Facebook မှာ အကောင့်ဆောက်နည်းကို ပြောခဲ့ပြီးပါပြီ။ အခုဟာကတော့ Facebook မှာ သီးသန့်စာမျက်နှာတစ်ခု (page) ဆောက်နည်းပါပဲ။
သီးသန့် စာမျက်နှာတစ်ခု …။ ဥပမာ – ကျနော်တို့က ရီစရာ ဟာသလေးတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ ဖော်ပြချင်တယ် ဆိုရင် သက်ဆိုင်ရာ ခေါင်းစီးလေးတစ်ခုနဲ့ သီးသန့် စာမျက်နှာတစ်ခုကို တည်ဆောက်လို့ ရနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခု ဆိုပါစို့။ ဒါဆို သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သီးသန့်စာမျက်နှာလေး ဖွင့်ပြီး တင်ထားနိုင်ပါတယ်။ အဲ့ဒီ စာမျက်နှာကို ကိုယ်တစ်ယောက်တည်း ရေးနိုင်သလို၊ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ရေးသားနိုင်ပါတယ်။
ကျနော်တို့ မြန်မာပြည်ရဲ့ နာမည်ကျော် ဂျာနယ်တစ်ခုဖြစ်တဲ့ Eleven ကလည်း သူ့ရဲ့ စာမျက်နှာကို ဖေ့ဘွတ်ခ်မှာ တင်ထားပါတယ်။ အဲ့ဒီမှာ သူ့ရဲ့ သတင်းတွေကို တင်ပြထားပါတယ်။ ကျနော်တို့ အနေနဲ့ သူ့စာမျက်နှာက သတင်းတွေကို ကိုယ့်ရဲ့ Wall ပေါ်မှာ ပေါ်စေချင်ရင်တော့ သူ့စာမျက်ကို Like လုပ်ပေးလိုက်ဖို့ပါပဲ။ ဒီလိုပါပဲ … ဖေ့ဘွတ်ခ်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ စာမျက်နှာ တွေ့ပြီဆိုရင် Like လုပ်လိုက်တာနဲ့ပဲ သူ့စာမျက်နှာက အကြောင်းအရာတွေဟာ ကိုယ့်ရဲ့ Wall ပေါ်မှာ လာပေါ်ပါလိမ့်မယ်။
Facebook ပေါ်မှာ သူငယ်ချင်း အဖြစ် ဖိတ်ခေါ်ချင်ရင် သူငယ်ချင်းတစ်ယောက်ရဲ့ စာမျက်နှာကိုသွားပြီး +Add Friend လုပ်ရပါတယ်။ Page ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Like လုပ်ပါတယ်။ ဒီအခါမှာ သူငယ်ချင်းတွေ တင်လိုက်တဲ့ အကြောင်းအရာတွေက ကိုယ့်ရဲ့ စာမျက်နှာမှာ လာပေါ်မှာ ဖြစ်ပြီး ကိုယ် တင်လိုက်တဲ့ အကြောင်းအရာတွေက သူငယ်ချင်းတွေရဲ့ စာမျက်နှာမှာ သွားပြီး ပေါ်ပါလိမ့်မယ်။ Page ကို Like လုပ်တဲ့ အခါမှာတော့ အဲ့ဒီ ပေ့ခ်ျမှာ အသစ်တင်လိုက်တိုင်း ကိုယ့် စာမျက်နှာမှာ လာပေါ်ပါလိမ့်မယ်။ ကိုယ့်အနေနဲ့ကတော့ အဲ့ဒီ ပေ့ခ်ျမှာ ဝင်ရောက် ရေးသားလို့ ရနိုင်မှာတော့ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်က Page တစ်ခု ဆောက်ထားတယ်။ သူက ကိုယ့်ကို အဲ့ဒီ ပေ့ခ်ျမှာ ဝင်ရောက်ရေးသားဖို့အတွက် Invite လုပ်တယ် ဆိုပါစို့။ ဒါဆို ကိုယ်လည်းပဲ သူ့ရဲ့ ပေ့ခ်ျမှာ ဝင်ရောက် ရေးသားလို့ ရနိုင်ပါတယ်။ ဒီလိုပါပဲ။ ကိုယ်က page တစ်ခု တည်ဆောက်ထားတယ် ဆိုရင် အဲ့ဒီ ပေ့ခ်ျမှာ ဝင်ရောက်ရေးသားဖို့အတွက် သူငယ်ချင်း တစ်ယောက်ယောက်ကို Invite လုပ်လိုက်တာနဲ့ အဲ့ဒီ သူငယ်ချင်းက ကိုယ့်ရဲ့ ပေ့ခ်ျမှာ ဝင်ရေးနိုင်သွားပါတယ်။
၁။ Page တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး အနေနဲ့ – https://facebook.com/pages/create.php ကို သွားလိုက်ပါ။ အဲ့ဒီမှာ ကိုယ်ဆောက်ချင်တဲ့ page အမျိုးအစားပေါ်ကို ကလစ်နှိပ်လိုက်ပါ။
Facebook မှာ Page တစ်ခုဆောက်ဖို့ ဒီနေရာကို အရင်သွားပါ။
၂။ နမူနာ အနေနဲ့ ကျနော်က Company, Organization ပေါ်မှာ ဆောက်ပြထားပါတယ်။ အပေါ်က ထဲမှာ သက်ဆိုင်ရာ တစ်ခုခုကို ရွေးပေးပါ။ အောက်က ထဲမှာတော့ နာမည် ပေါ့ဗျာ။ ပြီးသွားရင် I gree to ဆိုတဲ့ နေရာမှာ ခေါက် ခြစ်ပေးပါ။ အကုန်ပြီးသွားရင်တော့ Get Started ကိုသာ နှိပ်လိုက်ပါ။
ရွေးစရာရှိရာ ရွေးပြီးရင် Get Started ကိုသာ နှိပ်လိုက်ပါ။
၃။ Profile Picture ဆိုတဲ့ နေရာမှာ ပုံထည့်ချင်ရင် တစ်ခါတည်း ထည့်လို့ ရပါတယ်။ ပုံထည့်မယ်ဆိုရင်တော့ Save Photo ကို နှိပ်၊ မထည့်ဘူးဆိုရင်တော့ Skip နဲ့သာ ကျော်သွားလိုက်ပါ။
ထည့်ချင်ထည့်၊ မထည့်ချင်ရင် Skip နဲ့သာ ကျော်သွားလိုက်ပါ။
၎။ About ကတော့ ကိုယ်ဆောက်တဲ့ ပေ့ခ်ျနဲ့ အကြောင်းအရာ အနည်းငယ်ကို ရေးသားနိုင်တဲ့ နေရာပါ။ အပေါ်က အကွက်ကြီးထဲမှာ ပေ့ခ်ျနဲ့ ပတ်သက်တာကို ရေးပေးရပါတယ်။ အောက်က အကွက်လေးထဲမှာတော့ ကိုယ့်ရဲ့ ဝက်ဘ်တစ်ခုခု၊ လင့်ခ် တစ်ခုခု ကို ဖြည့်ပေးရပါတယ်။ ဒါတွေ ဖြည့်မယ်ဆိုရင်တော့ Save Info ကို နှိပ်၊ မဖြည့်ဘူး ကျော်သွားမယ်ဆိုရင်တော့ Skip ကိုသာ နှိပ်လိုက်ပါ။
ဒီနေရာလည်း ထို့အတူပါပဲ။ မထည့်ချင်ရင် Skip နဲ့သာ ကျော်သွားလိုက်ပါ။
၅။ Page ဆောက်လို့ ပြီးသွားပါပြီ။ ဒီအခါ အပေါ်ဆုံးနားမှာ Hide ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါကတော့ Page နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Page ဆောက်တဲ့လူအတွက် ပြသပေးတဲ့ နေရာကို ဖော်တယ်၊ ဖျောက်တယ် ဆိုတဲ့ ခလုတ်လေးပါပဲ။ ကိုယ်က ရှုပ်လို့မို့ ဖျောက်ထားချင်ရင် Hide ကို နှိပ်ပါ။ ကိုယ်က ကြည့်ချင်ရင်တော့ဖြင့် Show ကိုသာ ပြန်နှိပ်လိုက်ပါ။
ဖျောက်ထားချင်ရင် Hide ကို နှိပ်ပါ။
ပြန်ဖော်ချင်ရင် Show ကို နှိပ်ပါ။
၆။ Profile Picture ထည့်တာ၊ Cover Photo ထည့်တာတွေ၊ စာသားတွေ တင်တာ၊ ပုံတွေ တင်တာတွေ ကိုတော့ Facebook အကောင့်ဆောက်နည်းမှာ ပြောခဲ့ပြီးပါပြီ။ အခု Browser ရဲ့ Address Bar မှာ facebook.com လို့ ရိုက်ပြီး ခေါ်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ Wall ကို ရောက်သွားပါလိမ့်မယ်။ ဒီအခါ ကိုယ့် Wall ရဲ့ ဘယ်ဘက် အခြမ်းမှာ Pages And Ads ဆိုတာရဲ့ အောက်မှာ စောစောက ကိုယ်ဆောက်ခဲ့တဲ့ Page ကို တွေ့ရပါလိမ့်မယ်။ ဒီလောက်ဆို ကိုယ်ပိုင် ပေ့ခ်ျတစ်ခု တည်ဆောက်ဖို့အတွက် အဆင်ပြေသွားလောက်ပါပြီ။
ကိုယ့် Wall မှာ တွေ့ရတဲ့ Page လင့်ခ်ပါ။
ကျနော် နမူနာ တည်ဆောက်လိုက်တဲ့ Page ပါ။

Do@domyanmar.wordpress.com

အဆင်ပြေပါစေ . . .

No comments:

Post a Comment