Tuesday 20 May 2014

ဘယ်​WebsiteကVideosမဆိုလွယ်​ကူစွာ​ဒေါင်းမယ်

 



မင်္ဂလာပါ။ဒီတခါ​တော့ကြိုက်​ ရာvideos​တွေကိုလွယ်​ကူစွာ​ဒေါင်းလို့ရမယ့်​ video downloader​လေးတစ်​ခု​ပေးလိုက်​မယ်​​နော်​။Installလုပ်​ပြီးဖွင့်​လိုက်​ ပါAddress barမှာလိုချင်​ တာရိုက်​ပါ။ကျလာတဲ့video​တွေထဲမှာဆွဲချင်​ တဲ့​ကောင်​ ကိုနှိပ်​လိုက်​ပါ။ပြီးရင်​ ညာဖက်​​ထောင့်​နားကDLဆိုတာကိုနှိပ်​ပါ။သူ့ဘာသာVideo files​တွေကိုစစ်​​ပေးပါလိမ့်​မယ်​။ပြီးရင်​ Select allကိုနှိပ်​ပြီးDlကိုထပ်​နှိပ်​လိုက်​ ရင်​ ​ဒေါင်း​နေပါပြီ။မရုံမရှိနဲ့​နော်​ဘယ်​websiteကvideoကိုမဆို​ဒေါင်းလို့ရတာပါ။



Download



အဆင်ပြေပါစေ။

Website Blog များကို Apk လုပ်နည်း

 




ဟုတ်ကဲ့မင်္ဂလာပါ အခုကျွန်တော်တင်ပေးမဲ့အရာကတော့ Viber ထဲမှာကိုနောင်မင်းထွန်းတောင်းထားတဲ့အတွက် Website blog များကို Apk လုပ်နည်းစာအုပ်တွေကိုတင်ပေးလိုက်ပါတယ်
ဒီစာအုပ်ရေးသားသူတွေကိုတော့ကျွန်တော်မသိပါဘူးဒါပေမယ့်ရေးသားတဲ့သူရောကျွန်တော်ကိုစာအုပ်ပေးတဲ့ဘလော့ခရီးသည်websiteပိုင်ရှင်ကိုအောင်အောင် (မကစ)ကို credits ပေးပါတယ်..


 

Android Application ပြုလုပ်နည်း

 


တစ်နေ့သ၌ ကျွန်ုပ်သည်  အင်တာနက်တွင်  android application နှင့် ပတ်သက်၍ apk ပြုလုပ်နည်းတစ်ခုကို  တွေ့မိ၍  ကျွန်ုပ်၏

ဘလော့လေးကို အခြေခံပြီး စမ်းသပ်ကြည့်လေရာ အလွယ်တကူပင်လုပ်လို့ ရလေသည်။သို့ ကြောင့် ကျွန်ုပ်၏ မိတ်ဆွေကြီးများလည်း

မိမိတို့ ရဲ့  ဘလော့တွေ ဆိုဒ်တွေကို  android mobile  များပေါ်မှ တိုက်ရိုက်ကြည့်ရှု့ နိုင်ရန်အတွက်  အလွယ်ကူဆုံး application ပြု

လုပ်နည်းကို ရေးသားဖော်ပြအပ်ပေသည်။
Example .  burmese.bnionline.net 
( ၁ ) ပုံမှာပြထားသည့်အတိုင်း 1 ကိုနှိပ်ပြီး More Information ကိုနှိပ်ပါ။
( ၂ ) Feeds ကိုနှိပ်ပြီး Atom Feed ( or ) Rss Feed တစ်ခုခုကို click လိုက်ပါ။ Feed လင့်ကို Copy ယူလိုက်ပါ။
( ၃ ) ဒီနေရာမှာ Sign Up လုပ်ပါ။ Sign Up လုပ်ပြီးပါက Create New Application Page သို့ ရောက်သွားလိမ့်မည်။
( ၄ ) လိုအပ်သည့် application name . package name . Rss/Atom Feed လင့်ကိုဖြည့်ပြီး Create App ကိုနှိပ်ပါ။
( ၅ ) အောက်ပါပုံအတိုင်း ပေါ်လာလိမ့်မည်။ မိမိနှစ်သက်ရာ Icon ကိုထည့်ပြီး Save Changes ကိုနှိပ်လိုက်ပါ။
( ၆ ) ထို့ နောက် Menu ထဲမှ Tabs ကို နှိပ်လိုက်ပါ။ ပုံမှာပြထားသည့်အတိုင်း လိုအပ်သည့် Address များကိုဖြည့်ပြီးပါက
        Save Changes ကို နှိပ်လိုက်ပါ။ 
( ရ ) ပြီးနောက် Setting ဆိုတဲ့  Tabs ကိုသွားပါ။ ပုံမှာပြထားသည့်အတိုင်း မိမိစိတ်ကြိုက် Setting များကို ပြင်ဆင်ပြီး
      
       Save Changes ကိုနှိပ်လိုက်ပါ။
( ၈ ) Submit ဆိုတဲ့  Tab အောက်က Submin to Build ကိုနှိပ်လိုက်ပါ။ မိမိရဲ့  Gmail ထဲသို့ Apk ဖိုင်ပို့ ပေးပါလိမ့်မည်။
       Gmail ကိုဖွင့် Download ချပြီး Android Mobile များတွင် Testing ပြုလုပ်နိုင်ပါပြီး။
ဘီအဲန်အိုင် + ကျွန်ုပ်၏ ဘလော့ APK  download
ကျွန်ုပ်၏ မိတ်ဆွေကြီးများ မိမိတို့ ကြည့်ရှု့ လိုသော သတင်းဆိုဒ်. နည်းပညာဆိုဒ်များကို အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း လုပ်
ဆောင်လေသော် ၎င်းဆိုဒ်များအား  android mobile များပေါ်မှ အဆင်ပြေစွာဖြင့် ကြည့်ရှု့ နိုင်လိမ့်မည်ဟု မျှော်လင့်လျက်…..

သင် facebook မှာ ရှိနေတာ သူငယ်ချင်းတွေမသိအောင်လုပ်နည်း


သင် facebook မှာ ရှိနေတာကို သင့်သူငယ်ချင်းတွေမသိအောင် လုပ်ပေးနိုင်တဲ့နည်းလေးကို မျှဝေပေး
ချင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သင်မတွေ့ချင်တဲ့ သူငယ်ချင်းတွေကို မမြင်အောင်လုပ်နိုင်သလို၊ သင်တွေ့ချင်တဲ့ သူငယ်ချင်းကို ပဲ ရွေးပြီးမင်အောင်လုပ်နိုင်ပါတယ်။

သူငယ်ချင်းတစ်ယောက်ချင်း ရွေးနိုင်သလို friend list တွေကိုလည်းရွေးချယ်နိုင်ပါတယ်။

Facebook ရဲ့  list feature ဟာ google plus ရဲ့  circle နဲ့ ဆင်တူပါတယ်။

သင် share လုပ်တာကို သင့်အနီးကပ်ဆုံးသူငယ်ချင်းတွေကိုပဲ သိစေချင်တဲ့အခါ၊ အလုပ်ကသူငယ်ချင်းတွေကို ပဲသိစေချင်တဲ့အခါမျိုးတွေမှာ list feature ကအသုံးဝင်ပါတယ်။

Organize Your Friends Into List

Facebook မှာ friend list တစ်ခုပြုလုပ်ဖို့အတွက် ဒီ link ကို နှိပ်ပြီးတိုက်ရိုက်သွားနိုင်သလို facebook ရဲ့  ဘယ်ဘက် side bar မှာ FRIENDS ကို ရှာပါ။

မတွေ့ရင် အောက်ဆုံးက drop down arrow ပါတဲ့ MORE ဆိုတဲ့လင့်ကိုနှိပ်ပါ။

ပြီးရင် FRIENDS ရဲ့ ညာဘက်ဘေးက MORE ကိုနှိပ်ပါ။



List ပြုလုပ်တဲ့ page ရောက်ရင် အသင့်ပြုလုပ်ပြီးသား list တွေကို တွေ့မြင်နိုင်ပါတယ်။

အဲဒီ list တွေက facebook ကသင့်အတွက် အလိုလိုပြုလုပ်ပေးထားတဲ့ list တွေပါ။

Custom list တစ်ခုပြုလုပ်ဖို့အတွက် Create List ကိုနှိပ်ပါ။



နောက် box တစ်ခုပေါ်လာရင် list နာမည်ပေးပြီး Create နှိပ်ပါ။



နောက် page တစ်ခုပေါ်လာရင် အဲဒီ list မှာ သင့်သူငယ်ချင်းတွေကိုထည့်သွင်းဖို့အတွက် Add friends ကိုနှိပ်ပါ။



နောက်ထပ်ပေါ်လာတဲ့ box မှာ သူငယ်ချင်းတွေကို ရွေးချယ်ပြီး list ထဲထည့်သွင်းနိုင်ပါတယ်။

ပြီးရင် finish နှိပ်ရင် list တစ်ခုပြုလုပ်ပြီးပါပြီ။

အဲဒီ list ကို အချိန်မရွေး ဖျက်နိုင်သလို edit လုပ်နိုင်ပါတယ်။



Deciding Who Can See You Online And Who Can’t

သင် facebook မှာ ရှိနေတာကို သင်မြင်စေချင်တဲ့သူငယ်ချင်းပဲမြင်နိုင်ဖို့ ဒါမှမဟုတ် သင်မမြင်စေချင်တဲ့ သူငယ်ချင်းတွေမမြင်အောင်လုပ်ဖို့အတွက် facebook chat က setting ကို နှိပ်ပြီး Advanced Settings ကိုနှိပ်ပါ။



သင်မမြင်စေချင်တဲ့သူငယ်ချင်းတွေ၊ friend list တွေကို မမြင်အောင်လုပ်ဖို့အတွက် Turn on chat for all friends except ကိုရွေးပြီး သူငယ်ချင်းနာမည်တွေ list တွေရိုက်ထည့်ပေးပြီး ရွေးချယ်နိုင်ပါတယ်။

ဒါမှမဟုတ် သင်ရွေးချယ်တဲ့သူငယ်ချင်းတွေ friend list တွေကိုပဲ မြင်စေချင်ရင်တော့ Turn on chat for only some friends ကိုရွေးပေးပြီး friends , friend list တွေကို ရွေးပေးပါ။

ချက်တစ်ခုလုံးကို ပိတ်ထားချင်ရင်တော့ Turn off chat ကိုရွေးပေးပါ။



Thu-Ya-blogspot မှကူးယူမျှဝေသည်။

Windows 8 အတွက် Zawgyi-One အသုံးပြုနည်း


ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး ပြောပြပါ့မယ်။

အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။

ပြီးရင် Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။

ပထမဖိုင်လ်ထဲမှာ Setup ဆိုတာလေးကို အရင် Install လုပ်ပါ။

ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။

ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။

ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။

အဆင့်(၁) Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။

Desktop ပေါ်ကို Right Click ထောက် Personalize ကိုကလစ်ပေးပါ။

ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။

Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။



အဆင့်(၂) အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။



အဆင့်(၃) Override for default input method ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ။

ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။



Download (1) (For zawgyi-keyboard) Mediafire

Download (2) (For IEZawGyiGtalkfont) Mediaifre

ဘလော့ခရီးသည်ဆိုဒ်မှကူးယူမျှဝေသည်။

ဝက်ဆိုဒ်တည်ထောင်ရန် နှင့် ဒီဇိုင်နာ စာအုပ်ကောင်းလေး


ဒီစာအုပ်လေးကတော့ အင်တာနက်ပေါ်မှာ တည်ဆောက်ထားတဲ့  ၀က်ဆိုဒ်တွေကိုအသေးစိတ်ရေးဆွဲပုံနဲ့  အခြေခံကျတဲ့ ရှင်းလင်းချက်တွေပါပါတယ်  နောက်းနားကတစ်ယောက်လာမေးတယ်ကုဒ်တွေကိုယ်တိုင်ရေး
ချင်လို့   ဒီလိုပညာတွေ  သေချာဆရာနဲ့ လေ့လာသင့်သလို တကယ် ၀က်ဆိုဒ်  ဒီဇိုင်နာတွေ  အတွက် အခြေ
ခံကျတဲ့စာအုပ်ကောင်းတစ်အုပ်ပါ ။

ကျနော်က  EOT တောင် ကောင်းကောင်း မလုပ်တတ် css မပြင်တတ်အခြေခံပညာသင်တစ်ယောက်ပဲ
ရှိသေးတယ် ဖတ်ကြည့်လိုက်တော့ဗဟုသုတအများကြီးရတယ်  လေ့လာလိုသူတွေ လေ့လာဖို့   ပြန်လည် မျှဝေတာပါ။

ဒီစာအုပ်ကို ရေးတဲ့သူဟာ နာမည်ကြီးထဲကတစ်ယောက်ပဲ သူထောင်တဲ့ Planet ကဟိုးလွန်ခဲတဲ့8 နှစ်
လောက်က အွန်လိုင်းမှာ ဗဟုသုတရှာ  လေ့လာအားထားခဲ့ရတဲ့ဝက်ဆိုဒ်တစ်ခုပဲ။

အဲ့တုန်းက Social Net တွေ Naing တွေ အခုလိုမပေါ်သေးပါဘူးFacebook ခေတ်မစားဘူး ။

 အဲ့တုန်းက ခေတ်စားတာFriendstar.Zopia>Hi5တွေနဲ့ Myspace လောက်ပဲရှိတယ် မြန်ဂလိတွေ ခေတ်စား
ခဲ့တဲ့အချိန်ထဲက နာမည်ကြီးတဲ့ဝက်ဆိုဒ်တစ်ခုရဲ့ Creater ဆိုတော့ အခုထိလည်း သူ့ နာမည်ကို သိသူတွေ သိတယ်လေးစားထိုက်တဲ့ Pro သမားတစ်ယောက်ရဲ့ တန်းဖိုးရှိတဲ့စာအုပ်တစ်အုပ်ပါ.........။

အဲ့လူကို သိတယ်ဆိုရင် အတော်လေ့လာတဲ့သူတစ်ယောက်လို့ ကျနော်ယူဆမယ်

မသိဘူးဆိုတဲ့သူကတော့ ချက်တင်ထိုင် ဖေ့ဘွတ်သုံးနေတဲ့ သာမာန်လူပါပဲနော :)

လိုအပ်ရင်အောက်မှာ Download ယူပါ

Download links [ Lastbox ][ Limelinx ]

ဘလော့ခရီးသည်မှကူးယူမျှဝေသည်။

သင့်ထံသို့ Email ဘယ်နေရာက ပို့သလဲ ဆိုတာ သိရအောင်


မည်သူမဆို မိမိ အီးမေးထဲသို့ ၀င်လာသော စာများကို ဖတ်လေ့ရှိကြပါတယ်။

သို့သော် မိမိ မသိသောသူများ သို့မဟုတ် မိမိ ထံ အီးမေးကို ဘယ်နိုင်ငံ ဘယ်ဒေသ ကနေ ပို့နေတယ်
ဆိုတာ သိချင်သူများအတွက် Gmail, yahoomail. Hotmail. Aolmail များထဲသို့ ၀င်လာသော စာများ
ကို အိုင်ပီ လိပ်စာနှင့် တကွ နိုင်ငံနေရာ အတိကျကိုပါ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းမှ လိမ်လည်မှုများ မဖြစ်ပေါ်နိုင်အောင် မိမိထံသို့ အီးမေး အတုများ ပို့ပြီး ဒုက္ခပေးလို့မရအောင်
တစ်ချို့ လူများကလည်း မိမိဘယ်နိုင်ငံ ရောက်နေပါတယ်ဆိုပြီး အီးမေး ပို့လိုက်သည့် အခါ သူ အဲသည်
နိုင်ငံ မှာ အမှန်တကယ်ရောက်နေ မရောက်နေ သိချင်သောသူများအတွက်.. ဒီပိုစ်ကို တင်ပေးလိုက်ခြင်း
ဖြစ်ပါတယ်။

သို့သော် ချွင်းချက် တစ်ခုအနေဖြင့် အီးမေးပို့သူဘက်မှ anonymous proxy servers ကို အသုံးပြုထား
လျှင်တော့ အိုင်ပီလိပ်စာကို မသိနိုင်တော့ပါဘူး။

စဉ်းစားကြပေါ့.. ဒီမေးဟာ ပို့သူက ရိုးသားလား၊ ရိုးရှင်းလား၊ ဒုက္ခပေးနိုင်မလားဆိုတာ ခုလို သူ့ဘက်က
anonymous proxy servers ကိုသုံးထားသည်ဆိုကတည်းက သိပ်မှန်ကန်မှု မရှိနိုင်ဘူးလို့တော့ ၈၀%
သေချာနေပါပြီ။

anonymous proxy servers ဆိုတာကတော့ မိမိ လိပ်စာ လူသိမခံနိုင်သော သူများ အသုံးပြုလေ့ရှိတဲ့
ဘန်းကျော် ဆိုက်တစ်ခုခုကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။

သို့သော် တစ်ခါတလေမှာတော့ သူ့ဘက်က မသုံးမဖြစ် အသုံးပြုလိုက်ရသည့်အခြေအနေ ဥပမာ မြန်မာ
ပြည်လို ဟို ပိတ်ဒီပိတ် နိုင်ငံမျိုးဆိုလျှင်တော့ မှန်ကန်နိုင်စရာ အကြောင်းရှိပါတယ်။

ဒါကြောင့်လည်း ၈၀% မသေချာဘူးလို့ပဲ ပြောထားပြီး. ၂၀% ကိုချန်ထားခြင်းပဲဖြစ်ပါတယ်။

မေးပေးပိုလာသူတို့ဘက်က အိုင်ပီ မှန်ကန်မှု ရှိပြီဆိုလျှင်ဖြင့် အိုင်ပီနဲ့ လိပ်စာကို အောက်ပါနည်းများ
အတိုင်း စစ်ဆေးကြပါခင်ဗျာ။

အိုင်ပီ လိပ်စာကို မည်သည့်မေးတွင်မဆို လေးထောင့်ကွက်ဖြင့်သာလျှင် ဖော်ပြပေးထားကြပါတယ်။

ဥပမာ [129.130.1.1] ပုံစံမျိုးပေါ့

GMAIL အတွက်… အိုင်ပီစစ်လိုက်ရအောင်။

ပထမဆုံး ဂျီမေးဖွင့်ထားပါ။ ပို့လာသူရဲ့ မေးကို ဖွင့်ပါ။ reply လုပ်မည်လို့ မေးရဲ့ ညာဘက် အပေါ်
ထောင့်စွန်းနားမှာ ညာဘက်ကနေ ဘယ်ဘက်ကို ထိုးထားတဲ့မြားလေးပေါ့ဗျာ။

အဲဒိ မြားလေးဘေးက အောက်ကို ဆင်းနေတဲ့ တြိဂံလေးကို နှိပ်လိုက်ပါ။



ပုံမှာ ပြထားသည့် အတိုင်း show original ကို နှိပ်ပါ။

သူဘယ်ကပို့တယ်ဆိုတာ အောက်ပါ ပုံထဲက အတိုင်း စစ်လို့ ရပါပြီ။



RECEIVE FROM ဆိုတာလေးကို ပုံမှာ မြင်သည် မဟုတ်ပါလား။

အဲသည်ပုံထဲက လေးထောင့်နဲ့ အ၀ိုင်းပြထားတဲ့ လိပ်စာကို ကော်ပီကူး ယူလိုက်ပါ။

အဲသည်မှာလည်း ဘယ်ကနေ ဘယ်ဆိုက်ကနေ ဘယ်လို ပို့ထားတယ်ဆိုတာလေးလည်း ထည့်ရေး
ပေးထားပါတယ်ခင်ဗျ။

နဲနဲတော့ ဖတ်ကြည့်ပေါ့။ ဗဟုသုတ ရပါတယ်။

ဒီ လင့်ကို ၀င်လိုက်ပါ။ [ http://www.ip-adress.com/ip_tracer/ ]

အောက်က ပုံအတိုင်းတွေ့မည်။



ဒါဆို သူဘယ်ကလဲဆိုတာ သိအောင်လို့ အပေါ်ပုံက အနီကွက်ထဲမှာ ဂျီမေး show original ကနေ
ကော်ပီကူးထားတဲ့ လေးထောင့်ကွက်လေးထဲက ဂဏန်းလေးလုံးကို ထည့်လိုက်ပါ။

ပြီးတော့ track IP host or website ကို နိပ်ပါ။

ဒီလို ပေါ်လာလိမ့်မည်။



အခြား အိုင်ပီများသိရင်လည်း အပေါ်က အိုင်ပီရှာဖွေပေးတဲ့ နေရာလေးမှာ ထည့်ပြီး ထိုအိုင်ပီက
ဘယ်ကလဲဆိုတာလည်း စစ်ဆေးလို့ ရပါတယ်ခင်ဗျ။

အဲသည်မှာမှ အဲသည်ဆိုက်ကနေ အိုင်ပီ ရှာမတွေ့ဘူး။ PRIVATE SERVER အသုံးပြု ထားပါတယ်
ဆိုရင်တော့ သင့်ကို ပို့လာသူရဲ့ မေးကို နဲနဲ သံသယ ၀င်စရာ ဖြစ်ရပါပြီ။

ခုလောက်အဆင့်ဆိုရင် မိမိ GMAIL ကနေ ဘယ်သူ ဘယ်ကနေ ပို့တယ်ဆိုတာ သိနိုင်ပြီဆိုပါစို့..

YAHOO ကို သွားကြည့်ရအောင်။

ဂျီမေးလိုပဲ YAHOO ကိုဖွင့်ပါ။ INBOX ကို ကလစ်ပါ။

ညာဘက်မှာ ၀င်ထားသော မေးတွေ ရှိပါလိမ့်မည်။

အဲသည်မေးတွေရဲ့ အပိုင်းကို သုံးပိုင်းခွဲထားပါတယ်။ ပုံမှာ ပြထားသည့်အတိုင်းပေါ့။

ပေးပို့လာသူနာမည်ရယ်။ SUBJET ရယ်။ အချိန်ရယ်ပေါ့။

ကျွန်တော်တို့က SUBJECT အပေါ်မှာ မောက်စ်နဲ့ ညာကလစ်ကို နှိပ်လိုက်မယ်။

ပုံကိုလေ့လာပါ။



ထို့နောက် အောက်ပါပုံအတိုင်း မြင်ရမည်။



ထိုနည်း အတိုင်း အိုင်ပီရပြီဆိုလျှင် အပေါ်က ပြထားတဲ့ အိုင်ပီ စစ်ဆေးပေးတဲ့ ဆိုက်ကလေးမှာ
သွားပြီး ရှာဖွေနိုင်ပါပြီ။

အိုင်ပီ စစ်ဆေးသည့်ဆိုက်များ မြောက်များစွာရှိပါသည်။ မိမိတို့ နှစ်သက်ရာ ဆိုက်တွင် စစ်ဆေး
၍လည်းရပါသည်။

HOTMAIL အတွက်ဆိုပါစို့.

အပေါ်က YAHOO လိုမျိုးပဲ INBOX ထဲ ၀င်လိုက်ပါ။ ထို့နောက် အိုင်ပီရှာဖွေဖို့အတွက် အောက်ပါ
ပုံလေးအတိုင်း သာလုပ်လိုက်ပါ။



ပုံမှာ ပြထားသည့်အတိုင်း VIEW MESSAGE SOURCE ကိုနှိပ်လိုက်သောအခါ ...အီးမေး header
ကို yahoo လိုမျိုးပဲ မြင်ရမှာ ဖြစ်ပါတယ်။

အိုင်ပီကို တော့ ထုံးစံအတိုင်း RECEIVE FROM ဆိုပြီး လေးထောင့်ကွက်လေးနဲ့ ဖော်ပြပေးထား
မှာ ဖြစ်ပါတယ်။

အိုင်ပီရလျှင် အပေါ်က အိုင်စစ် စစ်ဆေးရေးမှာ ရှာဖွေလိုက်ပါ။

AOL MAIL အတွက်လည်း ထိုနည်းတူစွာ စာဝင်ကို နှိပ်ပါ။ ထို့နောက် ပုံမှာ ပြထားသည့်အတိုင်း
ပါပဲ ACTION ကို ကလစ်ပါ။

ပုံမှာ ပြထားသည့်အတိုင်း VIEW MESSAGE SOURCE ကိုနှိပ်လိုက်သောအခါ ...အီးမေး header
ကို yahoo လိုမျိုးပဲ မြင်ရမှာ ဖြစ်ပါတယ်။

အိုင်ပီကို တော့ ထုံစံအတိုင်း RECEIVE FROM ဆိုပြီး လေးထောင့်ကွက်လေးနဲ့ ဖော်ပြပေးထားမှာ
ဖြစ်ပါတယ်။

အိုင်ပီရလျှင် အပေါ်က အိုင်စစ် စစ်ဆေးရေးမှာ ရှာဖွေလိုက်ပါ။



ဒီနေရာမှာ နဲနဲလောက် ပိုစ်နဲ့ မဆိုင်တာလေးထည့်ပြောလိုက်ပါရစေ။

မည်သည့် အီးမေးမဆို.. မိမိမသိသော အီးမေး ဖြစ်စေ သိသောမေးဖြစ်စေ.. လင့်များ ထိုးပေးလာ
ပြီ။ မိမိစိတ်ဝင်စားအောင်ပြောလာပြီ။ ဆိုရင် ထိုလင့်တွေ ဆိုက်တွေကို အစောတလျှင် မနှိပ်မိစေဖို့
မကလစ်လိုက်စေဖို့ လိုပါသည်။

စစ်ဆေးပြီးမှသာလျှင် လုံခြုံမှု စိတ်ချမှု ရှိမှသာလျှင် ထိုလင့်များကို နှိပ်ပါရန် လေးစားစွာမေတ္တာရပ်
ခံပါသည်။

ထိုသို့လုပ်သည်ကို ကွန်ပျူတာမှာ PHISHING လို့ခေါ်ပါသည်။

ထို PHISHING အကြောင်းကို လည်း ရှာဖွေစုဆောင်း တင်ပြပေးပါဦးမည်။

မိတ်ဆွေများ စိတ်ချမ်းသာစွာဖြင့် အီးမေး အသုံးပြုနိုင်ကြပါစေ။

Forever Friends Myanmar Social Natwork မှ ကူးယူမျှဝေသည်

Facebook စာတွေ Gmail မှာ များလွန်းလို့ စိတ်ညစ်နေသူများ အတွက်


မိမိ Gmail ကို Sing In ဝင်ပါ... ပုံလေးတွေကြည့်ပြီး နံပါတ်စဉ် အတိုင်း လုပ်ဆောင်ပေးသွားပါ...။







နံပါတ် (5) နေရာမှာ Facebook မှ ပို့လာတဲ့ Url (သို) Mail ကို ကူးထည့်ပါ..။







That All !!

နည်းလမ်း (၂)

www.facebook.com သို့ *Login* ၀င်လိုက်ပါ။

Account Settings ကို နှိပ်ပါ...



Notifications Tab ကိုနှိပ်ပါ


facebook+notifications

မရောက်စေချင်တာတွေကို... ဘေးနားက Edit ကိုနှိပ်ပြီး....



မိမိ မလိုချင်တာတွေ (သို့) မဝင်စေချင်တာတွေ ရွေးပြီး Uncheck (အမှန်ခြစ်ဖြုတ်ပေးပါ)


stop+facebook+notifications

Save and Change ကိုနှိပ်ပြီး Save လိုက်ပါ..။

ဝင်းကမ္ဘာကျော်ဆိုဒ်မှ ကူးယူမျှဝေသည်။

Facebook မှာ ဖွက်ထားတဲ့ Log-in Mail တွေကို ဘယ်လို ကြည့်မလဲ ??


Facebook မှာ ကိုယ့် သူငယ်ချင်းတွေရဲ့ Profile ကို ၀င်ကြည့်ဖူး ကြတယ်ဟုတ် ?

About ဆိုတဲ့ နေရာမှာ တချို့က ကိုယ့်ရဲ့ Gmail ကို ပြထားတယ် တချို့က ဖွက်ထားတယ်

ဖွက်ထားတဲ့ G-mail သိရင်တော့ အဲ့ဒီ Account ကို Attack လုပ်ပေါ့ :3



ပထမဆုံး ကိုယ့်ရဲ့ Facebook Account ကို Log-in ၀င်ထားရပါလိမ့်မယ်။

ပြီးရင်...www.outlook.com ကိုသွားပါ။ အကောင့်သစ် တစ်ခုဖွင့်ပါ...Alternate Email
နေရာမှာ ကိုယ့် Facebook Account ရဲ့ Log-in Mail ကို ထည့်ပါ။

အကောင့်ဖွင့် ပြီးသွားရင် ပုံ ၁ က အတိုင်း ပေါ်လာပါလိမ့်မယ်... မြှားပြထားတဲ့ အတိုင်း
ဘယ်ဘက်ထောင့် က  Outlook ဆိုတဲ့ ဘေးနားက မြှားကိုနှိပ်ပါ။



Tab လေးခု ပေါ်လာရင် .People ဆိုတဲ့ အနီကွက်လေးကို နှိပ်ပါ..  လောလော
ဆယ်တော့ Facebook နဲ့ မချိတ်ရသေးတဲ့ အတွက် No Contact လို့ ဘယ်ဘက်မှာ ပြ
ပါလိမ့်မယ်...။

မြှားပြထားတဲ့ အတိုင်း Facebook Friends ဆိုတာကို နှိပ်လိုက်ပါ... Window တစ်ခု
ထပ်ပွင့်သွားပြီး Permissoon တောင်းရင် Connect ကို နိပ်လိုက်ပါ...။



Facebook ထဲက Profile တွေ ပေါ်လာပါလိမ့်မယ်...။

ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Import email addresses from Facebook ကို
နှိပ်ပါ..ပေါ်လာတဲ့ Box ထဲမှာ Facebook Logo ကို Click တစ်ချက်ကျွေးလိုက်ပါ..Box
တစ်ခု ထပ်ကျလာရင် Okay နှိပ်ပေးပါ...။



ပြီးရင် ခဏလောက်စောင့်ပေးပါ.. Sync လုပ်နေတဲ့ အတွက် ခဏစောင့်ပါ.. Refresh
လုပ်ပေးပါ.. ပြီးရင်တော့ ဘေးနားက Friend တစ်ယောက်ရဲ့ ပုံကို ထောက်ကြည့်ပါ။

သူ့ရဲ့ Profile ပေါ်လာပါလိမ့်မယ် အဲ့ထဲမှာ Log-in mail ဆိုတဲ့ ဟာလည်း ပါတာပေါ့:)

IDM ဖြင့် ဒေါင်းလုပ်လုပ်တဲ့ အခါ Error တက်ပြီး ဒေါင်းလုပ် မရခြင်း ကို ဖြေရှင်းနည်း

 



တချို့သော Website များမှ Data ဖိုင်များကိုဒေါင်းလုပ် လုပ်တဲ့အခါ Error Messageတက် လာပြီးဒေါင်း လုပ် လုပ်လို့မရတာ မကြာခဏဖြစ်တတ်ပါတယ်။အဲဒါကိုဒေါင်းလုပ်လုပ်လို့ရအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ..မသိသေးတဲ့သူတွေအတွက်အဆင်ပြေအောင် ရေးပြလိုက်တာပါ။
အပေါ်ပုံမှာပြထားတဲ့အတိုင်း ဒေါင်းလုပ်ယူတဲ့အခါ Message တက်လာရင် Browser
ကိုပြန်ပိတ်လိုက်ပါ။IDM ကိုလဲပိတ်လိုက်ပါ။
 ပြီးမှ IDM ကိုပြန်ဖွင့်ပြီး  အောက်မှာပြထားတဲ့အတိုင်းတဆင်းချင်းဝင်ပြီး ပြင်သွားပါ။
IDM ကိုဖွင့်လိုက်ပြီး Options ကိုကလစ်ပါ။
  • General မှာ capture downloads the following browsers မှာ Browsers အားလုံးကိုအမှန်ခြစ်ပေးပါ
  • အောက်နားမှာရှိတဲ့ Key ကိုနဲနဲကြကြာလေးကလစ်ထားပြီးလွှတ်လိုက်ပါ။ဘောက်တခုတက်လာပါမယ်။
  • တက်လာတဲ့ဘောက်မှာ  Use the following key[s] to force downloading withIDM for any links မှာ အမှန်ခြစ်ပေးပါ။အဲဒီအောက်က Ctrl ကိုလဲအမှန်ခြစ်ပေးပါ။
  • စောစောကဒေါင်းလုပ်လုပ်မရတဲ့ဖိုင်ကိုပြန်ရှာပြီးဒေါင်းလုပ်ကြည့်ပါ။အိုကေပါပြီ။
  • မရှင်းလင်းသေးရင်အောက်မှာပုံလေးတွေဖေါ်ပြပေးလိုက်ပါတယ်။ကြည့်ပြီးလုပ်ဆောင်ပါ




အားလုံးအဆင်ပြေပါစေ.......။