Tuesday 20 May 2014

Android Application ပြုလုပ်နည်း

 


တစ်နေ့သ၌ ကျွန်ုပ်သည်  အင်တာနက်တွင်  android application နှင့် ပတ်သက်၍ apk ပြုလုပ်နည်းတစ်ခုကို  တွေ့မိ၍  ကျွန်ုပ်၏

ဘလော့လေးကို အခြေခံပြီး စမ်းသပ်ကြည့်လေရာ အလွယ်တကူပင်လုပ်လို့ ရလေသည်။သို့ ကြောင့် ကျွန်ုပ်၏ မိတ်ဆွေကြီးများလည်း

မိမိတို့ ရဲ့  ဘလော့တွေ ဆိုဒ်တွေကို  android mobile  များပေါ်မှ တိုက်ရိုက်ကြည့်ရှု့ နိုင်ရန်အတွက်  အလွယ်ကူဆုံး application ပြု

လုပ်နည်းကို ရေးသားဖော်ပြအပ်ပေသည်။
Example .  burmese.bnionline.net 
( ၁ ) ပုံမှာပြထားသည့်အတိုင်း 1 ကိုနှိပ်ပြီး More Information ကိုနှိပ်ပါ။
( ၂ ) Feeds ကိုနှိပ်ပြီး Atom Feed ( or ) Rss Feed တစ်ခုခုကို click လိုက်ပါ။ Feed လင့်ကို Copy ယူလိုက်ပါ။
( ၃ ) ဒီနေရာမှာ Sign Up လုပ်ပါ။ Sign Up လုပ်ပြီးပါက Create New Application Page သို့ ရောက်သွားလိမ့်မည်။
( ၄ ) လိုအပ်သည့် application name . package name . Rss/Atom Feed လင့်ကိုဖြည့်ပြီး Create App ကိုနှိပ်ပါ။
( ၅ ) အောက်ပါပုံအတိုင်း ပေါ်လာလိမ့်မည်။ မိမိနှစ်သက်ရာ Icon ကိုထည့်ပြီး Save Changes ကိုနှိပ်လိုက်ပါ။
( ၆ ) ထို့ နောက် Menu ထဲမှ Tabs ကို နှိပ်လိုက်ပါ။ ပုံမှာပြထားသည့်အတိုင်း လိုအပ်သည့် Address များကိုဖြည့်ပြီးပါက
        Save Changes ကို နှိပ်လိုက်ပါ။ 
( ရ ) ပြီးနောက် Setting ဆိုတဲ့  Tabs ကိုသွားပါ။ ပုံမှာပြထားသည့်အတိုင်း မိမိစိတ်ကြိုက် Setting များကို ပြင်ဆင်ပြီး
      
       Save Changes ကိုနှိပ်လိုက်ပါ။
( ၈ ) Submit ဆိုတဲ့  Tab အောက်က Submin to Build ကိုနှိပ်လိုက်ပါ။ မိမိရဲ့  Gmail ထဲသို့ Apk ဖိုင်ပို့ ပေးပါလိမ့်မည်။
       Gmail ကိုဖွင့် Download ချပြီး Android Mobile များတွင် Testing ပြုလုပ်နိုင်ပါပြီး။
ဘီအဲန်အိုင် + ကျွန်ုပ်၏ ဘလော့ APK  download
ကျွန်ုပ်၏ မိတ်ဆွေကြီးများ မိမိတို့ ကြည့်ရှု့ လိုသော သတင်းဆိုဒ်. နည်းပညာဆိုဒ်များကို အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း လုပ်
ဆောင်လေသော် ၎င်းဆိုဒ်များအား  android mobile များပေါ်မှ အဆင်ပြေစွာဖြင့် ကြည့်ရှု့ နိုင်လိမ့်မည်ဟု မျှော်လင့်လျက်…..

No comments:

Post a Comment