Thursday 8 May 2014

Facebook ပေါ်မှာ တစ်စုံ တစ်ယောက်ကို Block လိုက်ရင် ဘာတွေ ဖြစ်မလဲ

 


လွယ်လွယ် ပြောရရင် ပျော်သွားမှာပေါ့။ အဲလေ ပျောက်သွားမှာပေါ့။ :) ဖေ့ဘုတ်က သူငယ်ချင်းတွေ မိတ်
ဆွေတွေကို တွေ့ဆုံနိင်ဖို့ ဆိုရှယ်နက်ဝပ်လ် တစ်ခု အနေနဲ့ ပေးထား ပေမဲ့လို့ သင့်ကို စိတ်အနှောက် အ
ယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်အောင် လုပ်စေခဲ့ရင် အဲဒီလူကို မမြင်ရအောင် ဘလော့ပစ်ခွင့်ကိုလည်း ပေး
ထားပါတယ်။

ဒီနေရာမှာတော့ အဲလို ဖြစ်လာခဲ့ရင် ဘယ်လို ဘလော့ ရမယ်ဆိုတာနဲ့ ဘလော့ ပစ်လိုက်ပြီ ဆိုတာနဲ့
ဘယ်လို အဓိပ္ပာယ် သက်ရောက် သွားလဲ ဆိုတာကို အနည်းငယ် ရှင်းပြ ထားပါတယ်။ ဘလော့ပစ်
တာနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်မှာ နည်း(၃) မျိုး ရှိပါတယ်။

၁) ဖုန်းပေါ်မှာဆိုရင် အမြန်ဆုံးကတော့ Homepage ရဲ့ ဘယ်ဘက် အပေါ်ဆုံးက ( newfeed) ပေါ်က
(သော့ခလောက်ပုံ) လေးကို Select လုပ်ပြီး နာမည် (သို့) ဘလော့စေချင်သူရဲ့ မေးလ်ကို ထည့် ရုံပါ။

၂) နောက်တစ်ခုက setting ထဲမှာ ရှိတဲ့ Blocking ကနေ၀င်ပြီး အောက်ဆုံးက Block user နေရာမှာ
နာမည် (သို့) ဘလော့စေချင်သူရဲ့ မေးလ်ကို ထည့်ရုံပါပဲ။

၃) နံပါတ်(သုံး) အချက်က သူရဲ့ ဖေ့ဘုတ် ပရိုဖိုင် ဆီကို သွားကာ ညာဖက်မှာ ရှိတဲ့ စက်ဝိုင်း ပုံကိုနှိပ်
ကာ Report/Block ကိုရွေးရုံပါ။ ဒါဆိုရင်တော့ ရွေးချယ်ဖို့ Option တစ်ခုရမှာ ဖြစ်ပါတယ်။

ဒီထဲမှာမှ Unfriend လုပ်မှာလား၊ အပြီးအတိုင် ဘလော့မှာလား၊ ဆိုပြီး ရွေးနိင်ပါတယ်။ တကယ်လို့
သင်ဟာ တစ်ယောက်ယောက်ကို ဘလော့ ခဲ့ပြီးဆိုရင် ဖေ့ဘုတ်ရဲ့ search ရလဒ်မှာ ထို ပုဂ္ဂိုလ်ဟာ
ပေါ်မှာ မဟုတ်တော့ ပါဘူး။

Google Search မှာနာမည်နဲ့ + facebook ကို တွဲရိုက်ပြီး ရှာမယ်ဆိုရင်တော့ ရှာနိင်ပါလိမ့်မယ်။ ဒါ
ပေမဲ့လည်း ဖေ့ဘုတ်ပေါ် ရောက်ရင်တော့ Page not available ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေ
မဲ့ တကယ် အဲဒီလူကို တွေ့ချင်ပါတယ်ဆိုရင်တော့ ဖေ့ဘုတ်မှာ ရှိတဲ့ ကိုယ့်အကောင့်ကို Sign out
လုပ်ပြီး ရှာရင်တော့ တွေ့နိင်ပါတယ်။ သင့်ကိုလည်း အခုလို သူများတွေက လုပ်ပြီး ရှာနိင်နေတဲ့ အ
တွက် Privacy Setting ထဲက Who can look me up ? ဆိုတဲ့ နေရာကို my friends လို့ ပြောင်းပြီး ကာကွယ်ထားနိင်ပါတယ်။

သင့်မှာ တကယ်လို့ mutual သူငယ်ချင်း ရှိလို့ရှိလျှင် ထို သူငယ်ချင်းရဲ့ ပို့စ်ပေါ်မှာ ဘလော့ထားတဲ့
လူတစ်ယောက်ဟာ သင့်ရဲ့ ကွန်မန့်တွေကို မြင်နိင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဘလော့တော့မယ်
ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။

No comments:

Post a Comment