Monday 28 October 2013

Android အတွက် Videodownloader for facebook v0.4.2.1.apk



Facebook က Video တွေကို Android Phone ဒေါင်းချင်ပါတယ်ဆိုတဲ့မိတ်ဆွေအတွက် Videodownloader for facebook v0.4.2.1.apk ကိုတင်ပေးလိုက်ပါတယ်.. Facebook ပေါ်က Video ဖိုင်တွေကို အလွယ်တကူ Download လုပ်ပေးနိုင်တဲ့အပြင် မဒေါင်းချင်လို့ ကြည့်အုံးမယ်ဆိုရင်လည်း ကြည့်လို့ရပါတယ်..

အဆင်ပြေပါစေ..
ဒေါင်းရန် .. ဒီမှာ ဆိုတာကို နှိပ်ပြီး ၀င်ရောက်ဒေါင်းယူနိုင်ပါသည်

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Android App apk to apk ဖုန်းတွေအတွက်ကောင်းတဲ့ဟာလေးတွေ

Android App apk to apk
1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
2) Software & Game တွေ ဒေါင်းချင်ရင် 1MobileMarket.apk
3) ဆော့ဝဲလ်တွေ ဖျက်ချင်ရင် Advanced_Task_Killer_1.9.3.apk
4) Viber လို သုံးချင်ရင် aire-android.apk
5) Explorer သုံးချင်ရင် AndExplorer.apk
6) ဖုန်းအင်တာနက် အပိတ်အဖွင့်လုပ်ချင်ရင် APN Switch(3g ON-OFF).apk
7) အမှိုက်တွေ ရှင်းချင်ရင် App Cache Cleaner.apk
8) ဆော့ဝဲလ်တွေ ပြန်ဖျက်ချင်ရင် AppRemover_1.3.3.apk
9) အသံနဲ့ ပတ်သက်ရင် AudioManager_2.1.6.apk
10) ဘထ္ထရီ အသုံးပြုမှု BatteryIndicatorPro.v3.0.0.apk
11) ဖုန်းဆက်တဲ့အသံတွေကို ဖမ်းချင်ရင် callrecorder pro.apk
12) အနှောင့်အယှက်ဖုန်းတွေကို မကြားချင်ရင် Calls Blacklist PRO v1.05.apk
13) Social နဲ့ ပတ်သက်ရင် facebookimo TangoViberSkype

14) မြန်မာစာကီးဘုတ် FrozenKeyboardmmFontChangerLite
15) ဖုန်းဆက်/ခေါ်လာခဲ့တဲ့အခါ မြင်ကွင်းအပြည့်ပေါ် Full Screen Call ID-v8.2.1.apk
16) သတင်းတွေ မြေပုံတွေ GOthere-Myanmar-Beta5.apk
17) ကင်မရာ ရိုက်ချင်ရင် HDR Camera +.apk
18) လော့ချရင် ရေပုံစံ Liquid Face v2.4.0.apk
19) မြန်မာအဘိဓာန် MyandroidDict.apk
20) အင်တာနက်ကြည့်ချင်ရင် mozilla.firefox
21) Photoshop ဆိုရင် Photoshop.com Mobile (1.0.0).apk
22) သီချင်းနားထောင်ချင်ရင် RealPlayer_0.0.0.61_4102768.apk
23) Ring Tone တွေ လုပ်ချင်ရင် ringdroid_v2_1.apk
24) မြန်မာ-အင်္ဂလိပ် အဘိဓာန် shwebook_v2.0.apk
25) Root ချချင်ရင် z4root.1.3.0.apk 

o..နည်းပညာဥယဉ်

ဖုန်းလေး တွေ ကို သန့် ရှင်းရေး လုပ်ပေးတဲ့  မြန်မာဗားရှင်း



မသိသေးတဲ့သူငယ်ချင်းများအတွက်ပါ။
တွေ့ မိတာလေး ကို ပြန်လည်မျှဝေပေးလိုက်ပါသည်
အဆင်ပြေပါစေနော်..
ဒေါင်းရန် ... ဒီမှာ ဆိုတာ ကို နှိပ်ပြီး ၀င်ရောက်ဒေါင်းယူနိုင်ပါသည်

Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ




Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။

1. Testsလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test




2. Obtaining Firmware information

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်များ

*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။


4. Service mode

*#*#197328640#*#* - you can change settings or run tests in service mode



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc

*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics
o...နည်းပညာဥယဉ်

Samsung Android ဖုန်း အတု နဲ့ အစစ် ခွဲခြားနည်း ( Real vs Fake Samsung Galaxy S4 )





tkm: အစ်ကို Samsung Android ဖုန်းကို အတု / အစစ် သိချင်လို့ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါအုံး .. အရင်ကတော့ စက်ရုပ်လေးပေါ်ရင် အစစ်လို့ ပြောကြတယ် အဲဒါကို ဘယ်လို လုပ်ကြည့် ရမလဲ ....



Sansung Android ဖုန်း အတု (Fake) နဲ့ အစစ် (Real) ခွဲခြားနည်း ကို အနီးစပ်ဆုံး ခွဲခြားနိုင်အောင် ရှာဖွေ စုဆောင်း တင်ပြပေးလိုက်ပါတယ်....
အောက်ကပုံတွေကတော့ Samsung S4 i9500 ရဲ့ အတု နဲ့ အစစ် ခွဲခြားပြထားတဲ့ ပုံတွေပါ.... လေ့လာကြည်နိုင်ပါတယ်....
This is a picture comparison between a real S4 i337M and fake i9500












Ref : http://forums.redflagdeals.com/
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Samsung ဖုန်း အတု / အစစ် ခွဲခြားနိုင်ဖို့ အတွက် IT GARDEN မှာ ရေးထားတာလေးကို တဆက်ထဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်....။


ရုတ်တရက် ကြည့်ရင် Android လို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေ မှာတွေ့ရတတ်ပါတယ်။ Android အစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Android အစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။
Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ် လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲ ဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။
Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။
နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ .... စက်ရုပ်ပုံလေးပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့် မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့် မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ် နိုင်ပါဘူး။
ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက် ပြီး

အဆင်ပြေကြ မယ်ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်...

Credit : IT GARDEN

www.winkabarkyaw.net
 

Thursday 24 October 2013


samaung galaxy y ဖုန်းအင်တာနက်ကနေ wi-fi shared လွှင့်ပြီးသုံးကျမယ်
စမယ်ဗျာ 1. settings ကိုသွားမယ် wireless and networks နှိပ်လိုက်ပါ





ပြီးရင် mobile networks နှိပ်မယ်
ပြီးရင် use packet data အကွက်လေးမှာအမှတ်ခြစ်ပေးလိုက်ပါ
ပြီးရင် tethering and portable hotspot ကိုနှိပ်လိုက်ပါ
ပြီးရင် portable wi-fi hotspot အကွက်လေးမှာအမှတ်ခြစ်ပေးလိုက်ပါ
ပြီးရင်ကို့ရဲ့ wi-fi နာမည်နဲ့ပတ်ဝေါ့ တွေချိန်းဖို့ portable wi-fi hotspot settings နှိပ်ပါ
ပြီးရင် configure portable wi-fi hots ကိုနှိပ်ပါ
ပြီးရင်အကွက်မှာ နာမည် နဲ့ ပတ်ဝေါ့ ဖြည့်ပေးလိုက်ပါ
ပတ်ဝေါ့မထည့်ဘူးဆို WPA2 PSK နေရာမှာ OPEN ထားပေးလိုက်ပါ




Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ


Facebook ဟာ ဒီရက်ပိုင်းအတွင်း
ပြဿနာ တော်တော်ရှာလာတယ်လို့
ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ
ခိုးတယ် .. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ
ကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့
မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့


Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုး
တခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုး
facebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း
သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်
လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်
တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်

ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ


အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်




အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီး
ကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကို
နှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..
( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..
ကဲ . အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Do you like this post? Please link back to this article by copying one of the codes below.
URL: HTML link code:

facebook လော့မကျအောင်ဖွင့်နည်း


Facebook အကောင့်သစ်ဖွင့်တိုင်း လော့ကျကျနေလို့
စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေနဲ့ Mail ထဲကို စာပို့ပြီး မေးထားကြတဲ့

ကဲ .. ကျွန်တော်ပြထားတဲ့အတိုင်း တသွေမတိမ်း လုပ်ကြည့်ပါ
အဲဒီအကောင့်ကို ဖုန်းနံပါတ်အတောင်းမခံရပဲ .. လော့အချမခံရပဲ
သေချာပေါက်ရမယ်လို့ အာမခံပါတယ် ..

ဘယ်လိုအခြေအနေမျိုးတွေမှာလဲဆိုတော့ internet cafe တွေမှာလို တစ်ယောက်မကသုံးနေတဲ့
ကွန်ပျူတာမျိုးတွေကနေ အကောင့်ဖွင့်တဲ့အခါမျိုးနဲ့ skynet လို မြန်မာ IP အတိအကျနဲ့ အသုံးပြုနေတဲ့
အင်တာနက်လိုင်းမျိုးတွေကို အသုံးပြုနေတဲ့အခါမျိုးပေါ့ ..
ဒါ့အပြင် Cookies အကြောင်း လုံးဝနားမလည်တဲ့အတွက် ဆောင်ရွက်မှုအဆင့်ဆင့်မှာ အလွဲအချော်ရှိသွားတဲ့အခါမျိုးတွေမှာပေါ့
ဒါဆိုရင်လည်း စိတ်မညစ်ပါနဲ့ အောက်ကနည်းအတိုင်း ထပ်စမ်းကြည့်ပါ
အပေါ်မှာပြခဲ့တဲ့နည်းက Cookies တွေကို သုံးတဲ့နည်းဖြစ်ပြီး အောက်မှာပြမယ့်နည်းကတော့
Cookies လုံးဝမပါပဲ ကွန်ပျူတာအသစ်တစ်လုံးကနေ အကောင့်ဖွင့်တဲ့ပုံဖြစ်အောင် Google နဲ့ Facebook ကို လှည့်စားတဲ့နည်းပါ
( gmail တော့ အသစ်တစ်ခု ထပ်သုံးပေါ့နော် )
အဲဒီအတွက် အရင်ဆုံး ကိုယ်အဆင်ပြေတဲ့နည်းနဲ့ Gmail အကောင့်သစ်တစ်ခုကို ဖွင့်ပါ
ပြီးရင်တော့ Browser ထဲမှာ အရင်ကရှိခဲ့သမျှ History တွေ Cookies တွေ Bookmark တွေအားလုံးကို ရှင်းပါမယ်
ဒါကြောင့်
အရင်ဆုံး Control Panel ကိုသွားပြီး Folder Options ကိုဖွင့်ပါ
ပွင့်လာတဲ့ထဲက View ကိုနှိပ်ပြီး ကျလာတဲ့ထဲက Show hidden files folder .... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးပြီး Ok ကိုနှိပ်ပေးပါ .. အောက်ကပုံကို ကြည့်နိုင်ပါတယ်





ပြီးရင် my computer >> users >> ပိုင်ရှင်ရဲ့ နံမည် >> appdata >> Roming ဆိုတဲ့ ဖိုဒါအဆင့်ဆင့်ုကို ဖွင့်ဝင်ပါ
ပွင့်လာတဲ့ထဲက ကိုယ်သုံးနေတဲ့ Browser ရဲ့ နံမည်နဲ့ ဖိုဒါကို ဖျက်ပစ်လိုက်ပါ
အောက်က ဥပမာပုံထဲမှာ ကျွန်တော်က Mozilla သုံးထားတဲ့အတွက် Mozilla ဆိုတဲ့ဖိုဒါကို ဖျက်ပြထားပါတယ်





အဲဒီလို ဖျက်တဲ့နေရာမှာ ဖျက်လို့မရတဲ့ဖိုင်အချို့အတွက် Box တစ်ခုတက်လာတိုင်း skip ကိုနှိပ်ပေးလိုက်ပါ
( ဒီနည်းက Mozilla Browser ပါ Error တွေများလာရင် Uninstall မလုပ်ပဲ
အသစ်လိုပြန်ဖြစ်သွားအောင် အလွယ်လုပ်တဲ့နည်းပါ)
အဆင်ပြေတာကလည်း ဒီနည်းကိုသုံးမယ်ဆိုရင် Mozilla Firefox ကိုသုံးတာ အဆင်အပြေဆုံးပါ
အဲဒီလို ရှင်းလိုက်တဲ့အခါ Browser မှာရှိနေတဲ့ Cookies တွေ History တွေသာမကပါဘူး Bookmark တွေပါ အကုန်ပျက်သွားမှာကိုတော့
သတိပေးထားပါရစေ ..
ကိုယ့်အတွက် သုံးဝင်တဲ့လင့်တွေကို ကူးယူထားနိုင်အောင်လို့ပါ
အားလုံးအဆင်သင့်သင့်ဖြစ်သွားရင်တော့ Browser ကို ဖွင့်လိုက်ပါ
အဲဒီလို ရှင်းလင်းပြီးမှ ဖွင့်လိုက်တဲ့ Browser ကနေ Facebook အကောင့်သစ်ကို ဖွင့်ကြည့်ပါ ရာခိုင်နှုန်းတော်တော်များများ အဆင်ပြေတာကို
တွေ့ရပါလိမ့်မယ်

Credit to itmotesoe

Tuesday 15 October 2013


Samsung Galaxy Ace / W / Y / Note / S / SII /SIII / SIV တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း(နေမင်းမောင်)

ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..


ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..
အရင်ဆုံး Setting ကိုသွားပါ ..

အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..


အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..


ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ ..


ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..



အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ ..
အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ ..




အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..



ပြီးရင် နောက်တစ်အဆင့် FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ ..
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ ..


အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ ..
အရင်ဆုံး Setting ကိုသွားလိုက်ပါ ..


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..






အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ ..

ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..




Download Fontomizer.apk
Download Fontomizer.apk
Download Fontomizer.apk

မှတ်ချက် - Original Version ဖြစ်ရပါမည်။Version 4.+0 နှင့်အထက် Internet Browser တစ်ခုတော့အဆင်မပြေပါခင်ဗျာ...အောက်ပါ Frozen Keyboard Pro,iFont,Zawgyi-One FlipFont,Opera Mini ကို Install လုပ်ပြီး Settings ပြောင်းပေးလျှင်နည်းနည်းအဆင်မပြေတာပဲရှိပြီးမြန်မာစာဖတ်လို့ရပါသည်။
Download Zawgyi_One FlipFont.apk
Download Zawgyi_One FlipFont.apk
Download Zawgyi_One FlipFont.apk

Download FrozenKeyboard Pro.apk
Download FrozenKeyboard Pro.apk
Download FrozenKeyboard Pro.apk

Download iFontr.apk
Download iFont.apk
Download iFont.apk

Download Opera Mini.apk
Download Opera Mini.apk
Download Opera Mini.apk

Download New Zawyi
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..





Source : နေမင်းမောင်(နည်းပညာပြန်လည်မျှဝေခြင်း)