Sunday 8 July 2012

Flash Songs လေးတွေကိုယ်တိုင်လုပ်ကြရအောင်


Flash Songs လေးတွေလုပ်နည်း သင်ပေးပါလို့ Gtalk ထဲကို အက်လုပ်ပြီးမေးလာကြတဲ့ သူငယ်ချင်းအားလုံးကို တစ်ယောက်ချင်းစီကို လိုက်ဖြေပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ဒီစာစုလေးနဲ့ အဖြေပေးလိုက်ပါရစေ။
        ပထမဆုံးအနေနဲ့ ကျွန်တော်အောက်မှာ ဖော်ပြထားတဲ့ လိပ်စာကနေ ဆော့ဖ်ဝဲလေးတွေသွား Download ချထားလိုက်ကြပါဦးနော်။
http://mmflashsongs.multiply.com/
            အားလုံး Down စရာမလိုပါဘူး။ တစ်ချို့ကို ကျွန်တော် Down ပြီးသားတွေကို အောက်မှာ စုစည်းပြီးတော့အလွယ်ပေးထားပါတယ်။ အဆင်သင့် Down ယူလိုက်ကြပါနော်။
http://mmflashsongs.multiply.com/  ကနေ Down ရမှာကတော့ Swishmax 2 ဒါရိုက်သုံးရန် ဆိုတာနဲ့ Swishmax 3 ၊ Swishmax 3N4 crack ထည့်နည်း ဆိုတာ (၃)ခုဆိုရပါပြီ။ အသုံးပြုနည်းစာအုပ်နဲ့ မောက်အဖက်တွေ ၊ နောက်ခံတွေက ကျွန်တော်အောက်မှာပေးထားပါတယ်။
Download ချနည်းကလည်းလွယ်ပါတယ်။ ဥပမာ- Swishmax 3 exe ကို Download ချမယ်ဆိုရင် သူ့ဘေးမှာပါတဲ့ DOWN ဆိုတဲ့စာကို ကလစ်နှိပ်ပေးလိုက်ရုံပါပဲ။ ပြီးရင် save file ဆိုတာကနေ သိမ်းလိုက်ပေါ့။
        Swishmax version 2 က Install လုပ်စရာမလိုပါဘူး။ ဒါရိုက်သုံးလို့ရပါတယ်။ version 3 ကတော့ Install လုပ်ရမှာပါ။ Install လုပ်နည်းစာအုပ်ပါပါတယ်။ သူ့အတိုင်းလိုက်လုပ်ရင် အဆင်ပြေပါလိမ့်မယ်။ version2 က Plugin တွေထည့်သုံးဖို့အဆင်မပြေပါဘူး။ ဥပမာ-မောက်အဖက်တွေပေါ့။ ဒါပေမယ့် စာတန်းထိုးဖို့ကျတော့ version2 က ပိုလွယ်လို့မဖြစ်မနေသုံးကြရအောင်ပါ။
        အသုံးပြုနည်း video ဖိုင်လေးတွေ ဇွဲကပင်မြေ ဆိုက်ဒ်က တိုးတိုးလေး ဆီက ရလာတာလေးတွေကို ပြန်လည်ဝေငှထားပါတယ်။ Version3 တင်နည်းနဲ့ mouse effect တင်နည်းကို ကျွန်တော် video ဖိုင်လေးလုပ်ပေးထားပါတယ်။ ဒီနေရာလေး မှာ ယူလိုက်ကြပါနော်။
        စာတန်းထိုးဖို့အတွက်ကို notepad သို့မဟုတ် word (မိမိအဆင်ပြေရာနဲ့) ကြိုပြီးစာစီထားကြပါနော်။ version 2 နဲ့ စာတန်းထိုး၊ သီချင်းသံစဉ်နဲ့ နောက်ခံပုံထည့်ထားနှင့်ပြီးမှ
Version3 (သို့) 4 ထဲကိုသွားပြီး မောက်အဖက်အလှထည့်ဖို့နဲ့ အချောသတ်ထုတ်ဖို့သုံးကြတာပေါ့နော်။
        Version2 အသုံးပြုဖို့အတွက် စာအုပ် နဲ့ တစ်ခြား Swishmax အတွက်လိုအပ်တဲ့စာအုပ် တစ်ချို့ကို ဒီနေရာလေး မှာယူလိုက်ကြပါနော်။ စာအုပ်ထဲမှာ သေချာရှင်းပြထားလို့ ကျွန်တော်ထပ်မရှင်းပြတော့ပါဘူး။ ကျွန်တော်လဲ အဲဒီစာအုပ်တွေကြောင့်သာတတ်ခဲ့တာပါ။ အပြင်မှာသင်ပေးသူမရှိခဲ့ပါဘူး။
        ပထမ သီချင်းထည့်တဲ့အခါ mp3 သီချင်းကို အရည်အသွေးမြင့်လွန်းရင်မရပါဘူး။ အရည်အသွေးက်ု ချပေးရပါမယ်။ ဆော့ဖ်ဝဲအများကြီးရှိတဲ့အထဲက ကျွန်တော်သုံးတတ်တာ့ FormatFactory ဆိုတဲ့ ဆော့ဖ်ဝဲလေးပါ။ သူ့ထဲမှာ high , medium , low ဆိုပြီး ရွေးရှာကြည့်ကြပါ။ medium နဲ့မရရင် Low နဲ့ ချရပါမယ်။
        သီချင်းစာတန်းထိုးထည့်တဲ့အခါ အ၀င် effect နဲ့ အထွက် effect တွေ မဖြစ်မနေထည့်ပေးကြပါ။ မဟုတ်ရင် သီချင်းဆုံးသည်အထိ စာသားက ပျောက်မသွားပဲ ကျန်နေပါလိမ့်မယ်။ ထည့်နည်းကို နမူနာပြောရရင် အ၀င် effect ထည့်ပြီးရင် အဲဒီ effect ပေါ်ကို double ကလစ်နှိပ်ပြီိးတော့ preview ကြည့်ပေးပါ။ ထည့်ထားတဲ့စာသားအ၀င်နဲ့ သီချင်းရဲ့ သံစဉ်မကိုက်သေးရင် အဲဒီ effect လေးကို လိုရာနေရာအထိဆွဲသွားလိုက်ပါနော်။ စာတန်းထိုးထည့်ချင်ရင် စိတ်ရှည်ကြဖို့တော့လိုအပ်ပါလိမ့်မယ်။
        ဓါတ်ပုံတွေ ထည့်ချင်ရင်လဲ အ၀င် ၊ အထွက် effect ထည့်ပေးရပါတယ်။ ဓါတ်ပုံထည့်ပြီးမှ စာတန်းထိုးလုပ်ပါ။ မဟုတ်ရင် စာသားကို ပုံက ဖုံးသွားပါလိမ့်မယ်။ ( ကျွမ်းကျင်သွားရင်တော့ ပိုတိုရှော့လို layer ကို အပေါ်အောက်ရွှေ့လို့ရတာသိပါလိမ့်မယ်)။
        ဓါတ်ပုံနှစ်ပုံထည့်မယ်ဆိုရင် ပထမပုံရဲ့ အထွက် effect ရဲ့နောက်မှာ ကလစ်တစ်ချက်နှိပ်ပြီးမှ နောက်ထပ်တစ်ပုံကို ထည့်ပါ။ အထွက်effect ကိုလဲ နောက်နားခပ်လှမ်းလှမ်း (သီချင်းရဲ့ကိုယ်ထားချင်တဲ့နေရာအထိသွားပြီးမှ) ကလစ်တစ်ချက်နှိပ်ပြီးမှ အထွက်effect ထည့်ပါ။
        မရှင်းလင်းတာများ ရှိခဲ့ကြရင် ayarlin.salin@gmail.com ကို ညနေ ၅နာရီခွဲကနေ ၆နာရီခွဲ အတွင်းမေးမြန်းနိုင်ပါတယ်။ ကျွန်တော်ကျွမ်းကျင်လို့တော့မဟုတ်ပါဘူး။ ကျွန်တော်လုပ်တတ်သလောက် သူငယ်ချင်းအားလုံးကို လုပ်တတ်စေချင်လို့ပါ။ နောက်ပြီး ဆွေးနွေးရင်နှစ်ဦးစလုံးပညာပိုတိုးနိုင်မယ်ထင်လို့ပါ။
Mouse effect (1)
Mouse effect (2)
Swishmax အသုံးပြုနည်းရုပ်ရှင် (၁)
Swishmax အသုံးပြုနည်းရုပ်ရှင် (၂)
Swishmax အသုံးပြုနည်းရုပ်ရှင် (၃)
Swishmax အသုံးပြုနည်းရုပ်ရှင် (၄-၅-၆)

Facebook နဲ့ Mail နာမည်ကို လုပ်ချင်တယ်ဆိုရင်

                 ဒါက Facebook အသုံးပြုသူတွေအတွက် အသုံးဝင်မယ်ထင်တဲ့ နည်းလို့ထင်မိတဲ့အတွက် ရေးပေးလိုက်ပါတယ် ။ ဒီနည်းက ဘယ်လိုလဲဆိုတော့ မေလ်းနာမည်ကို ပြောင်းလိုက်သလိုပဲ ။ ဥပမာဗျာ ။ ကျွန်တော့်မေလ်းက khunpan258@gmail.com ဗျာ ။ Facebook နဲ့ မေလ်းနာမည်ကို လုပ်လိုက်တော့ decembermgmg1992@facebook.com လို့ဖြစ်သွားတယ် ။ စာပို့ချင်တယ်ဆိုရင် ဘယ်နာမည်ပဲပို့ပို့ khunpan258@gmail.com ကို ရောက်လာမှာပဲ ။ တစ်ချို့က ကိုယ့်ဆီကိုလည်း စာပို့စေချင်တယ် ။ မေလ်းနာမည်ကိုလည်း မသိစေချင်တာ ရှိတယ်လေ ။ အကောင့်ထဲရောက်လာရင် အလုပ်ရှုပ်မှာကိုး :P
ဒါကြောင့် ဒီနည်းကို သုံးလိုက်တော့ ကိုယ့်မေလ်းနာမည်ကိုလည်း သူများလည်း မသိဘူး ။ ဆက်သွယ်လို့လည်းရတယ် ။ ဘယ်လောက်ကောင်းလိုက်လဲ ။ ပြီးတော့ decembermgmg1992@facebook.com
ိုတော့ လူလည်းရှိန်တာပေါ့ B-)   သိတဲ့လူတော့ မသိရင်ခက်မယ်ပေါ့:P 

ဘာပဲဖြစ်ဖြစ်ဗျာ ။ လုပ်ချင်တယ်ဆိုရင်တော့......

           မိမိအကောင့်ကိုဝင်လိုက်ပါ Facebook ကို ပြောတာ ....
ပြီးရင် Account Settings ကို ဝင်လိုက်ပါ ။  ပြီးရင် User Name ကို မိမိကြိုက်တဲ့ နာမည်ပြောင်းပေးပါ ။ ကျွန်တော်က decembermgmg1992 ပါ ။ URL က လင်ခ့်အတွက်ရော ခု မေလ်းနာမည်အတွက်ကော အတူတူပဲ ။
ပြီးရင်တော့ ရပြီ ။ ကိုယ့်ရဲ့ မေလ်းနာမည်ကို ကြည့်မယ်...
Messages ကို နိပ်လိုက်ပါ ။ အပေါ်ဘားက ....ပြီးရင် စာမျက်နှာအပေါ်ဆုံးမှာပဲ တွေ့ရလိမ့်မယ်...


မိမိပုံကို စာလုံးတွေနဲ့ အလှဆင်ချင်လား ( ဝက်ဆိုဒ်မိတ်ဆက် )

                       မိမိတို့ရဲ့ ပုံကို အလှဆင်ချင်တယ်ဆိုရင်တော့ .... အဟမ်းအဟမ်း (ဈေးကိုင်တဲ့လေသံနဲ့)
ကျွန်တော်တို့ရဲ့ ချက်ရုမ်းနော် သုံးနေကျ စတိုင် ။ လိုက်မွှေနေရင်းနဲ့ တွေ့လာလို့ အားလုံးလည်းကလိလို့ရအောင် ပြန်တင်ပေးလိုက်တယ် ။ ကျွန်တော်တို့ ချက်ရုမ်းအဖွဲ့တော့ လိုက်မွှေနှောက်နေပြီးသားပဲ :) အဖွဲ့အင်အားလည်းများနေပြီ ။ အတင်းသုတ်လို့လည်း ကောင်းပြီ ။ ကျွန်တော်ကလိထားတဲ့ ပုံကိုလည်း ကြည့်ပါဦး :)






ဒါက အဖွဲ့သား ဖိုးရှုပ်ရဲ့ လက်ရာ :D
စမ်းချင်တယ်ဆိုရင် ------>>>  ဒီနေရာကို အရင်သွားပါ ။
အဲဒီမှာ လုပ်ဖို့ ပုံရွေးကို ရွေးပါ ။

ကဲ့ ပုံရွေးပြီးရင် Submit လိုက်ပါ ။ ပုံကြမ်း မလှတလှထွက်လာလိမ့်မယ် ။ မတင့်သိမ်နဲ့ဦး ဘော်ဒါ :P
နာမည်ထည့်ပြီး Submit လိုက် ။ နောက်တစ်ခါ ပြီးရင်တော့ လာပြီကောင်းခန်း :)

အဲဒီမှာ ကြိုက်တာလေးတွေးရွေးပြီး ဒေါင်းလိုက်ပေါ့ ။ ကျွန်တော်တော့ Capture လိုက်တာပဲ :)  ။    ။

Facebook မှာ Subscribe လုပ်တယ်ဆိုတာ 
                                   အောင်မျိုး    မူ၇င်း(cope)

No comments:

Post a Comment