Friday 20 July 2012

အနိုင်ယူသူ့၏အရှူံး..........။

မျှော်လင့်ခဲ့ရတဲ့
အချိန်တွေအတွက်
စောင့်ဆိုင်းခဲ့ရတဲ့
အချိန်တွေအတွက်
ဘာတွေပြန်ပေးဆပ်မှာလည်း
နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့တဲ့
လူတစ်ယောက်ကို ရက်စက်တယ်လို.
ထင်မှာလား ....?
အဲဒီလူရဲ. ရင်ထဲက
ခံစားချက်ကိုရော ဘယ်သူမြင်နိုင်မှာလည်း
တစ်ယောက်သော သူအတွက်
လှည့်စားသွားတယ်လို.ထင်ပေမယ့်
တစ်ခြားသူ တစ်ယောက် အတွက်ကတော့
ခံစားချက်တစ်ခုကို ဖြေသာတဲ့တစ်နေရာမှာ
ဘယ်သူကိုမှ မကြေငြာချင်လို.ပါ ....

မုသားတွေပြောခဲ့တာ
ရင်ထဲက ပါလို.တော့ မဟုတ်ပါဘူး
ပြောမထွက်တဲ့ စကားတွေကို
ပြောရတဲ့အခါမှာ
လူတစ်ယောက်ရဲ. ကတိ ဆိုတာ
ဖြစ်သွားမှာစိုးလို.ပါ .....

နှောင်ကြိုးတွေ ရစ်ချည်ခဲ့တာ
မဟုတ်သလို
မျှော်လင့်ချက်နဲ. အသက်ရှင်စေခဲ့တာ
မဟုတ်ပါဘူး ...

ချစ်ပါတယ်လို.ပြောပြီး
အဝေးကို ထွက်သွားခဲ့တာ
မချစ်လို.တော့ မဟုတ်ပါဘူး ...

မကြားချင်တော့တဲ့
ပတ်ဝန်းကျင်က ဝေဖန်သံကို
ပြန်လည်တုံ.ပြန်ဖို. အင့်အားမရှိတော့လည်း
ဖြေသာတဲ့ တစ်နေရာမှာ
နေသာသလိုနေကြည့်တာပါ ...

တမ်းတမ်းတတ ရှိခဲ့ပါတယ်
ရင်ထဲမှာလည်း အလွမ်းအပြည့်နဲ.ပေါ့ ...

အနိုင်ယူပြီး အဝေးကိုထွက်သွားတယ်လို.
မင်းထင်ပေမယ့်
တကယ်တမ်းတော့ ကိုယ်ဟာ ........................။aungmyo...original.....anyathar...

No comments:

Post a Comment