Tuesday 17 July 2012

မာတာ


ခင်ဗျားတို့အတွက်
သာမာန်မိန်းမသားဖြစ်ပေမယ့်
သူမဟာ ကျွန်တော့် ကမ္ဘာပါ

ခင်ဗျားတို့ အတွက်
ရန်သူတစ်ယောက်ဖြစ်နိုင်ပေမယ့်
သူမဟာ ကျွန်တော့် အတွက်တော့
မဟာ ဂရုဏာရှင်ပါ

ခင်ဗျားတို့ အတွက်
အညတရ ဖြစ်နိုင်ပေမယ့်
သူမဟာ
ကျွန်တော့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ပါ

ခင်ဗျား တို့ကို သူမတွန်းလှဲ ချင်တွန်းလှဲလိမ့်မယ်
ဒါပေမယ့်
ကျွန်တော် လဲကျတာကိုတော့
ဘယ်တော့မှ သူမ လက်ခံမှာမဟုတ်ပါဘူး

ခင်ဗျားတို့ အတွက်
သာမာန်မိန်းမသား ဖြစ်နေပေမယ့်
ကျွန်တော့် အတွက်တော့
ကမ္ဘာပေါ်မှာ
တစ်ဦးတည်းသော ကိုးကွယ်ရာ
မိန်းမသား တစ်ဦးပါ။ ။

ကမ္ဘာပေါ်မှာရှိသမျှ မိဘများအားလုံး ကျန်းမာကြပါစေ .....aungmyo

No comments:

Post a Comment