Tuesday 17 July 2012

ေ၇အောင်စားသောက်ဆိုင်



ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းအောင်  လူတွေရဲ့ ထူးခြားဆန်းပြားတဲ့ စိတ်ကူးတွေနဲ့ တည်ဆောက်ထားတဲ့ နောက်ထပ် အထူးအဆန်း နေရာတစ်ခုက အိန္ဒိယ သမုဒ္ဒရာရဲ့  ရေအောက် ၁၅ပေအနက်မှာ ဆောက်လုပ်ထားတဲ့ ရေအောက်စားသောက်ဆိုင် ဖြစ်ပါတယ်.. အဆောက်အဦးတစ်ခုလုံးကို ကြမ်းပြင်မှလွဲ၍ အကာရော အမိုးပါ ထူထဲပြီး ကြည်လင်နေတဲ့ မှန်သားကြီးတွေနဲ့ ကာရံထားကာ သန္တာကျောက်တန်းတွေ ၀ိုင်းရံနေတဲ့နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်..  စားသောက်နေရင်းနဲ့ ခေါင်းပေါ်မှာရော မိမိရဲ့ အနီးအနားက မှန်သားပြင်ရဲ့ အပြင်ဘက်မှာ ကူးခတ်သွားလာနေတဲ့ ငါး၊ လိပ်၊ ငါးမန်း၊ စတဲ့ ငါးရောင်စုံတွေနဲ့ မမြင်စဖူး ထူးဆန်းတဲ့ ပင်လယ် သတ္တ၀ါတွေကို ကြည့်ရတာ ဘယ်လောက်များ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လေမလဲနော်။
 ပင်လယ်ရေအောက်က စားသောက်ဆိုင်



စားသောက်ရင်း ရေအောက်ရှုခင်းလဲကြည့်


သူလေးလဲ


အပေါ်ကနေ စားသောက်ဆိုင်ကို ဆင်းလာတဲ့လမ်း






ပြင်ပ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရှိ၊ သီးခြားဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို ရောက်သွားရသလို ကမ္ဘာမြေကြီးပေါ်က ဘယ်စားသောက်ဆိုင်တွေရဲ့ ရှုခင်းနဲ့မှ မတူအောင် ထူးခြားတဲ့ ရင်ခုန်ခြင်းတွေကို ပေးနိုင်တဲ့ Ithaa အမည်ရ ပင်လယ် ရေအောက်စားသောက်ဆိုင် ဖြစ်ပါတယ်.. Ithaa ဟာ မော်လ်ဒိုက်ဘာသာစကား ဖြစ်ပြီး ပုလဲလို့ အမည်ရတာကြောင့် ပင်လယ်ရေအောက်မှာ တည်ရှိနေတဲ့ ဒီစားသောက်ဆိုင်ဟာ နံမည်နဲ့ လိုက်ဖက်လှပါတယ်.. နယူးဇီလန်အခြေစိုက် M.J. Murphy ကုမ္ပဏီရဲ့ လက်ရာဖြစ်ပြီး အကျယ် ၅ပေနဲ့ အရှည် ၉ပေသာ ကျယ်ဝန်းပြီး တစ်ခါကို လူ၁၄ယောက် စားသောက်ရုံလောက်သာ ကျယ်ဝန်းသော်လည်း ကုန်ကျစရိတ်မှာ ဒေါ်လာ၅သန်း ရှိတယ်လို့ သိရပါတယ်.. နံမည်ကျော် သူဌေးသမီးလေး ပဲရစ်ဟီလ်တန် အမွေဆက်ခံမဲ့ ဟီလ်တန်ဟိုတယ်များ အုပ်စုပိုင် မော်လ်ဒိုက်မှာ ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်တဲ့  Hilton Maldives Resort & Spa  ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ ၄င်း ရေအောက်စားသောက်ဆိုင်ဟာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ဖို့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး တည်ဆောက်ထားတဲ့ ရေအောက်စားသောက်ဆိုင် ဖြစ်ကြောင်းသိရပါတယ်.. စားသောက်စရာတွေရဲ့ ဈေးနှုန်းဟာ တစ်ဦးလျှင် ဒေါ်လာ ၁၂၀မှ ၂၅၀တန် ထိ ရှိတာကြောင့် ဈေးကြီးတယ်လို့ ပြောရမှာပါ။
under sea crazy restaurant3 World’s First Ever Undersea Restaurant Ithaa

အသည်းယားဖွယ်


under sea crazy restaurant44 World’s First Ever Undersea Restaurant Ithaa

စားပါဦး






ပန်းကန်ခွက်ယောက်တွေက တစ်မျိုးလေး




under sea crazy restaurant5 World’s First Ever Undersea Restaurant Ithaa

ရေပြင်ပေါ်က ငုံ့ကြည့်ရင် မြင်ရတဲ့ မြင်ကွင်း


under sea crazy restaurant46 World’s First Ever Undersea Restaurant Ithaa


ပျားပန်းခတ်မျှ သွားလာနေတဲ့ ငါးများ



ရေအောက်မင်္ဂလာပွဲ


No comments:

Post a Comment