Thursday 28 March 2013

Menu Group ခွဲနည်း နှင့် စွယ်စုံကျမ်း၏ စွယ်စုံဆောင်းပါး (သီးခံဖတ်ပါရန်)

ကျနော်ကြိုက်တာနဲ့ စွယ်စုံကျမ်းက ယူလာတာပါ။သိချင်တဲ့သူတွေလည်း
ကြည့်လို့၇အောင်ပေါ့။

အခုပြတဲ့နည်းကတော့ ကျနော့ဆိုဒ်မှာ ထားတဲ့ မီနူးဒီဇိုင်းပါ ။လုပ်နည်းက မခက်ပါ

ဘလော့ဂါတိုင်းသုံးနေတဲ့ Add a gadget ကနေ Label ကို အခါခါ ပြန်ပြီး သုံးပါ

အုပ်စု တစ်ခုခွဲချင်တိုင်း Add a gadget ကနေ Label ကို တစ်ခါနှိပ်ပါ ။ ဒါပေမယ့်

ဘယ်အုပ်စုထဲမှာ ဘယ်ခေါင်းစဉ်လေးတွေ ပေါ်စေချင်တာလည်း ဆိုတာကတော့

ရွေးပေးရပါတယ် ။ ရွေးဖို့ အတွက်လည်း ဘာလော့အတွက် ပိုစ်တွေတင်တဲ့အခါမှာ

Labels ကို များများ ပေးပါ ။ ကဗျာရေးတယ်ဆိုပါစို့  ကဗျာ လို့  တခါပေးလိုက်ပါ

ပြီးရင် ကော်မာလေးခံပြီး ညီညီ မြန်အောင် ရေးသောကဗျာလို့  Labels ထပ်ပေးပါ

အဲ့ဆိုရင် အခု လူအတော်များများ သုံးနေတဲ့ သာမာန် Menu Labels ပုံစံအတိုင်း

ကဗျာ ၊ ဆောင်းပါး ၊ ဟာသ ၊၀တ္ထု လို့  ရလာမယ် ။ အဲ့မှာ ကျနော့်လိုဖြစ်ဖို့ အတွက်

ကဗျာဆရာများလာတဲ့အခါမှာ သူတို့ ကဗျာတွေ သီးသန့် ဖြစ်စေဖို့  အတွက်လည်း

ကဗျာဆရာတို့ ၏ ရင်တွင်းဖြစ်ကဗျာများ ဆိုပြီး အုပ်စုတစ်ခု ခွဲထုတ်လိုက်ပါတယ်

Add a gadget ကနေ Labels ကိုယူလိုက်တယ် ။ Labels ရောက်လာပြီဆိုရင်

ခွဲချင်တဲ့အုပ်စု နာမည်ပေးပါ ။ ပြီးရင် All labels နဲ့  Seleced Labels နှစ်ခုထဲမှာမှ

Selected Labels ကိုရွေး ပြီးရင် ဘေးနားမှာ ပေါ်နေတဲ့ edit ကိုနှိပ်ပြီး အုပ်စုထဲမှာ

ပါစေချင်တာကို အမှန်ချစ်လိုက်ပေးပါ ။ ကျနော်ဆိုရင် ညီညီ ၊ ဖိုးခွား၊ စင်သီ၊ မမမေ

စသဖြင့် အမှန်ချစ်လိုက်ပြီဆိုရင် ကဗျာနဲ့ ပတ်သက်ပြီး ရှင်းလင်းမြင်သာတဲ့ အုပ်စု

လှလှလေးတစ်ခု ရလာမှာပါ ။ Photoshop ဆိုလည်း ဒီလိုပါပဲ ။ အုပ်စုမခွဲပေးဘူးဆို

မြင်သာမှုမရှိဘူး ကျနော်က သာမာန်လူတွေ နားလည်စေချင်လို့ အသေးစိတ်ထပ်ပီး

ခွဲပေးတာပါ နားလည်ပီးသားလူတွေအတွက် ပြဿနာမရှိ လေ့လာခါစ လူတွေမှာ

အဲ့လိုခွဲပေးတာတောင် မရှာတတ်ပါဘူး ။ မြန်မာ့လူဦးရေမှာလည်း ရာခိုင်နှုန်းနဲ့ တွက်

လူမလည်တွေများပါတယ်( လူအလို့ မခေါ်သင့်ပါဘူးနော်) ဘွဲ့ ရအလုပ်လက်မဲ့တွေ

ဆယ်တန်းအောင်ပီး စာမတတ်တာတွေ တပုံကြီးဖြစ်နေပါတယ် ဘာလို့ လည်းဆိုရင်

မဖြေလေးဆယ် ၊ ဖြေခြောက်ဆယ် ၊ ခုံနံပတ်ထိုး သုံးဆယ့်ကိုး ၊ ဘေးမျင်းဆွဲချတစ်

မှတ်ရ ၊ ကြာကြာထိုင်ရေး ဂုဏ်ထူးပေး ခေတ်နဲ့ တိုးလာလို့ ပါ ။ ဘယ်သူုမပြု မိမိမှုပါ

လို့ တော့ အော်ချင်သူတွေ ရှိမှာပါ ။ဘာလိုပဲဖြစ်ဖြစ် ယခုဒီစာရေးချိန်အထိ လိုက်မေး

ဘာလို့ ပညာရေးစနစ် ပျက်လာလည်းဆိုတာကို လူအတော်များများ သိကြပါတယ်

မျိုးစေ့မမှန် ပင်မသန်ဆိုပေမယ့် မြန်မာ့ပညာရေးစနစ်မှာ မျိုးစေ့မှန်ရဲ့သားနဲ့ တော်

တယ် ညဏ်ကောင်းတယ်ဆိုရင်တောင် ငွေးကြေးမထောက်ပံ့နိုင်မှု ခွဲခြားဆက်ဆံမှု

ကျုရှင် မထားနိုင်မှုတွေကြောင့် အပင်မသန်ခဲ့တာကို လူအတော်များများခံခဲ့ရတာပါ

မျိုးစေ့ခြင်း တူပေမယ့် စိုက်တဲ့မြေကွာလို့ ဆိုတာ သိကြပါတယ် ဆိုတော့ကာ.......။

နိုင်ငံရေးတွေ ပါလာတော့မယ် ။ နည်းပညာအရ နားမလည်ဘူးဆို ဒီနည်းလေးကို

မေးမြန်းနိုင်ပါတယ် ။ မေးတဲ့နေရာမှာ ကျနော်အပါအ၀င် နည်းပညာရေးနေတဲ့လူ

ဘလော့ထောင်ထားတဲ့ သူတွေ အားလုံး လိုက်မေးပါ ။ ကျနော်က အချိန်ဆင်းရဲလို့ 

အလုပ်ချိန်က ညဆယ်နာ၇ီ ထိမလို့  ၀င်လာတဲ့အီးမေးတိုင်း အမြန်ဆုံးပြန်လည်ပီး

ရှင်းပြပေးဖို့  အပြည့်အ၀ မကူညီနိုင်တာပါ ။ နည်းပညာ ဘလော့ရေးသူတိုင်းမှာလဲ

ကူညီချင်စိတ်တွေ ရှိကြမှာပါ ။ ကူညီချင်လို့ သာ သူတို့ တွေဟာ နည်းပညာတွေနဲ့ 

ဆော့ဝဲတွေကို အလကားမနေကြပဲ ရှာဖွေတင်ဆက်နေကြတာလို့ မြင်မိပါတယ်

နောက်တစ်ခုကတော့ မြန်မာပြည်မှာဖြစ်နေတဲ့သဘာဝ ဘေးဒဏ်ဒုက္ခသည်တွေ

စစ်ဘေးသင့်သူ ငလျင်ဒဏ်ခံရသူ မီးလောင်ခံရသူ ကို ချမ်းသာကြတဲ့ အကိုကြီး

အမကြီး ညီလေး ညီမလေး တို့  တတ်အားသရွေ့ ကူညီကြပါလို့ ဒီစာလေးတွေနဲ့ 

မှာချင်ပါတယ် ။ တချို့ ဆို မိဘတွေကလည်း ချမ်းသာပါတယ် ။ ကိုယ်တိုင်ကလည်း

လစာတွေကောင်းပါတယ် မသိလို့ မလှုဖြစ်တာလို့ ထင်ပါတယ် ။ ကျနော်တို့ လည်း

ချမ်းသာလို့ မဟုတ်ပါဘူး ။ တတ်နိုင်သလောက် ထည့်ဝင်ဖြစ်ပါတယ် ။ ကိုယ်သုံးတဲ့

ပိုက်ဆံထဲက မသုံးပဲ လှုလိုက်တယ် ။ ခပ်ရှင်းရှင်း တွေးကြည့်လိုက်ရင် ပိတ်ရက်မှာ

ဘီယာဆိုင်ကိုသွား ဘီယာ၆ဗူး ၊ အာလူးကြော်တစ်ပွဲ ၊ ဆပ်သားခြောက်သုပ်တစ်ပွဲ

အလကားနေရင်း ၅၀ ကုန်ရော ။ မူးတာပဲ အဖတ်တင်တယ် ။ နောက်တော့ တွေးမိ

စဉ်းစားမိတယ် ။ မူးချင်တာများ တိုင်ပတ်မူးလည်းရတာပဲနော ..။မသောက်တော့ဘူး

ဆို ပိုက်ဆံပိုလာပီ ၅၀လေ ။အခု ကျနော်လုပ်တဲ့ ဘာသာသနာ တည့်တံ့ခိုင်မြဲရေးနဲ့ 

ကာကွယ်စောင့်ရှောက်ရေးအစီစဉ်ထဲမှာ ကျနော် အမှန်ဆုံးစကားနဲ့ ပြောရမယ်ဆို

ဘီယာနှစ်ခါသောက် ၁၀၀ ပဲ လှုခဲ့တာပါ ။ မန်းလေးက သူငယ်ချင်းက ကထိန်ဆို

လှုဖြစ်တယ် ။ တာချီလိတ်က အမက အလှုဆိုလည်း လှုဖြစ်တယ် ပေါ့ ။ ဒီလထဲမှာ

ကျနော် ဘီယာဆိုင် မရောက်ဖြစ်တော့ပါဘူး ။ဒါက အရိုးသားဆုံးဝန်ခံတာပါ ကျနော်

လူကောင်းမဟုတ်ရပါ ။ တတ်နိုင်သလောက် လုပ်ဖြစ်တယ်ဆိုတာ သိစေချင်တာပါပဲ

ချမ်းသာကြတဲ့ လူတွေ များများလေး လှုနိုင်ကြပါစေလို့  မျှော်နေမိတာပါ ။ တစ်ခုခု

ဖြစ်လာတိုင်း အချမ်းသားဆုံး သူဌေးတွေကိုပဲ မြင်မိတယ် ။သူတို့ လည်း လှုကြတယ်

အလှုလည်း အဇွတ်တင်းကြီးမခံချင်ပါဘူး မိသားစုအတွက် အလုပ်လုပ်နေကြတာ

နားလည်ပါတယ်။ ပြီးတော့ ပရဟိတအဖွဲတွေကလည်း များတော့ ဟိုလူလည်း လှုရ

ဒီအဖွဲ့ လည်း ထည့်ရဆိုရင် အကျိုးစီးပွား ထိခိုက်သွားပါတယ် ။ဘယ်အဖွဲထဲမှာလှုလှု

ဘယ်ဘုရား ရွှေချချ လှုချင်တဲ့စိတ်ကြောင့် ကုသိုလ်ရပါတယ် အဲ့တော့ လှုကြပါစေ

နည်းပညာ ၀က်ဆိုဒ်တစ်ခုဆိုပေမယ့် စွယ်စုံကျမ်းမူအတိုင်းအစုံတော့ တင်ပြရမယ်

နောက်ပိုင်းလည်း ပရဟိတနဲ့ နည်းပညာကို လုပ်ဖြစ်မှာပါ ။ ဘ၀မှာ မိသားစုပြီးပြီးဆို

ဒီလူတွေပဲရှိတော့တာ ပြည်တော်ပြန်ခရီးဆိုတာလည်း သစ္စာရှိရှိ ကျနော့်ကို မျှော်တဲ့

ချစ်သူမရှိတော့ဘူး ။ နင်မရှိလည်း ရှိတဲ့သူနဲ့ နေမယ် နင်ဖုန်းမခေါ်လည်း ခေါ်တဲ့သူ

ကိုင်မယ် နင်ဝယ်မပေးလည်း ၀ယ်ပေးတဲ့သူယူမယ် နင်မကြင်နာလည်း ကြင်နာတဲ့

သူစိမ်းတွေကြားထဲ အချစ်တွေ အရည်ပျော်ခဲ့တာ .. ၂၀၁၂ဟာ မျှော်လင့်ချက်ကမ္ဘာ

ပျက်တာပဲ ။ ရှင်ဘုရင်မှအစ သူတောင်းစားအဆုံး ကိုယ်မှကိုယ်သည်းသည်း လှုပ်တဲ့

လူကိုပဲ ယူချင်ကြတာချည်းပါ ။ ကိုယ်တိုင်မကောင်းပေမယ့် အကောင်းကိုလိုချင်တာ

လူ့ သဘာဝပါ ။ အဲ့ကြောင့် ကျနော်ဟာ လူစစ်စစ်ပဲရှိသေးတယ် သူတော်စင်လည်း

မဟုတ်လို့ သီးခံခြင်း ခွင့်လွတ်ခြင်းအပြည့် မပေးနိုင်သေးတာပါ ။တကယ့်တော့သူက

တော်တဲ့ တတ်တဲ့ ဧကရီတစ်ပါးပါ သိလိုက်ပါပြီ ။ကျနော်လိုချင်တာ ပါရမီဖြည့်ဘက်

မိဖုရားပါ ။ကျနော်နဲ့ ခြေရာတူလိုက်နင်းမယ့် နေရာယှဉ်မယ့် ဘုရင်မ မဟုတ်ပါဘူး

ကျနော် နိုက်ကလပ်တက်သွားလို့  သူလမ်းဘေးထွက်အိပ်တာမျိုးဆိုရင် ဘယ်အခါမှ

ပြေလည်မှု ရမှာမဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ဘယ်လက်က တခြားတစ်ယောက်ကို

ဆွဲထားပြီး ညာလက်နဲ့  အချစ်ကဗျာတွေရေးတတ်တဲ့ ကဗျာဆရာမတစ်ယောက်ကို

အတော်လေး စိတ်ပျက်မိတယ်ဗျာ ။ တန်းဖိုးရှိအောင်နေပြမှ တန်ဖိုးထားခံရမယ်လို့ 

ထင်ပါတယ် ။ သူလိုငါလို လမ်းဘေးကျောက်ဆိုလည်း ဘယ်သူမှ လည်ပင်းအလေး

အနာခံပီး ဆွဲကြမှာ မဟုတ်ပါဘူး။ များသောအားဖြင့် ရှားပါးသောကြောင့် အဖိုးတန်

အလေးထား ဈေးကစား တတ်ကြတာပါ ။ ပေါများနေတာဆို ဘယ်နေရာမှာယူယူ

ရနေတာပဲလေ ။ ဘာပဲဖြစ်ဖြစ် လူအခွင့်ရေး ဒီမိုကရေစီခေတ်ထဲမှာ လုပ်ချင်တာလုပ်

ဘာမှမပြောပါဘူး ။ သေချာတာကတော့ ဘယ်တော့မှ နောက်တမရနဲ့ တစ်သက်လုံး

စိတ်ဆင်းရဲသွားရလိမ့်မယ် ကိုယ့်သမိုင်းကိုယ်ရေးကြရတာပဲလေ စာဖတ်ပရိတ်သတ်

အပေါင်းတို့  လောကီအရေးမှာ ဒုက္ခခံမှ သုခခံရမယ်လို့ သင်ခဲ့ဘူးတယ်။ ဒါပေမယ့်

ဒုက္ခခံတိုင်း သုခချမ်းသာအမှန်ကို မရနိုင်ပါဘူး ခြိုးခြံချွေတာမှသာလျှင် သုခချမ်းသာ

အစစ်ကို ရနိုင်မယ်လို့ ဘုရားဟောခဲ့ပါတယ် ဘယ်ကျမ်းလည်း မေ့နေလို့ ပါ မယုံရင်

ဆရာတော်တွေ မေးကြည့် ။ တဏှာလိုခေါ်တဲ့ လိုချင်တပ်မက်မှုတွေကို ခြိုးခြံပါမှ

လိုချင်ရချင်စိတ်နည်းမှ ချမ်းသာမှုအစစ်ကိုရမှာ။တဏှာဆိုတာ လိုချင်တပ်မက်မှုတွေ

အားလုံးကိုဆိုလိုပါတယ် ။ အလိုဆန္ဒတွေ နည်းလေ စိတ်ချမ်းသာရလေပါပဲ ။အရမ်း

ကြီးလည်း တရားပေါက် မသွားကြနဲ့ နော် လူဟာ ရဟန်းကဲ့သိုမကျင့်ရာ ရဟန်းသည်

လူကဲ့သို့ မကျင့်ရာ .....ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာ လောကနီတိမှာ ပါပါတယ်

မယုံဘူးဆိုရင် ရှာဖတ်ကြည့် လူပညာရှိ ရဟန်းပညာရှိ အကုန်လိုက်မေးကြည့်နိုင်၏

နောက်ဆုံးတော့လည်း ( ယောနိသော မနသီကာယ ) အသင့်အတင့်နှလုံးသွင်းပြီး

အလယ်အလတ် ကျင့်စင်ပေါ့ကွယ် ။ လောလောဆယ် လူဆိုတော့လည်း အိုင်ဖုန်း

နဲ့ နန်းခင်လိုချင်တယ် .ဟက်..ဟက်....။ စိတ်တွေတော့ လျှော့နေပါတယ်ကွယ်လို..။

နောက်ပိုင်းလည်း တသက်လုံး အားပေး ဖတ်ရှုလေ့လာနိုင်ပါစေ ။ မမြင်တာကြာလို့ 

မောင်(စွယ်စုံကျမ်း)တစ်ယောက် ပျောက်သွားခဲ့ရင် ဘုန်းကြီး သိမိတ်ဆွေတွေများလို့ 

တရားပေါက်ပြီး ကိုယ်ပျောက်သွားသလား ( သို့ မဟုတ် ) နိုင်ငံရေးတွေပါလာလို့ ပဲ

ထောင်ထဲရောက်သွားသလား တစ်ခုခုပေါ့..ကဲ ကျန်းမာချမ်းသာကြပါစေနော်........။


ဘလော့ဂါအားလုံးနှင့်

စာဖတ်လာသူအပေါင်းအား

လေးစားခင်မင်လျှက်

No comments:

Post a Comment