Saturday 30 March 2013

facebook မှာာစ၃ ထည့်ချင်ရင်

Facebook မှာသီချင်းတင်တာလေးကို ဒီနေ့ပြောပြချင်ပါတယ်။ အရင်ကတော့နည်းလမ်းတွေရှိပါတယ်။
အခုနည်းလေးက အစဉ်ပြေတာကြောင့်ပြန်လည်မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။ Register လေးတော့လုပ်
ပေးရပါ့မယ့်။ အောက်မှာ နည်းလမ်းလေးကိုကြည့်ပြီး လိုက်လုပ်ကြည့် လိုက်ပါနော်။


ပထမဦးစွာ https://posterous.com/register ဒီနေရာလေးကို သွားပြီးRegisterလုပ်လိုက်ပါ။



ပြီးရင် youre almost there ကိုကလစ်ပါ။



Registerပီးဆုံးပါကအောက်ကပုံအတိုင်းမိမိအကောင့်ကိုမြင်ရပါ့မယ် အဲ့ဒီမှာမျှားပြထားတဲ့အတိုင်း
Post by Email ကိုကလစ်ပါ





ပြီးရင် Facebook ပေါ်မှာတင်ပြမှာဖြစ်တဲ့အတွက် Post by web ကိုကလစ်ပါ။


ပြီးရင် သီချင်းတင်မှာဖြစ်တဲ့အတွက် Media ဆိုတဲ့အပေါ်မျှားအတိုင်းကလစ်ပါ။



ဘလော့က်စ်တစ်ခုပေါ်လာပါလိမ့်မယ်။




ထိုအခါအများကိုနားညည်းစေချင်တဲ့သီချင်းကိုလိုက်ရှာပါ။ပြီးရင်openကိုနှိပ်ပါ
သီချင်းကို upload တင်ပါ့လိမ့်မည်ပြီးဆုံးသည်အထိစောင့်ပေးပါ။



သီချင်းတင်ပြီးပါက။အများကိုနားညည်းစေဖို့ ရန် Publish ကိုနှိပ်ပါ။
သိမ်းထားလိုပါက Save ကိုနှိပ်ပါ။





ပြီးရင်မိမိတင်သောသီချင်းပေါ်လာပါလိမ့်မယ်။သူများနားညည်းမညည်းကိုသေသေချာချာသိရန်
Play ခလုပ်နှိပ်ပြီးကိုယ်အရင်နားညည်းခံပါ။



သေသေချာချာနားညည်းသွားပြီ ဆိုရင်ဖေ့ဘွတ်ကသူငယ်ချင်းတွေနားညည်း
ဖို့ ရန်သီချင်းအောက်ကဖေ့ဘွတ်အိုင်ကွန် Like ကိုနှိပ်ပါ။ထိုသို့ မနှိပ်ခင်မိမိဖေ့ဘွတ်အကောင့်ကို
ဖွင့်ထားရမှာဖြစ်ပါတယ်။ထိုအခါဖေ့ဘွတ်မှာအများသူငါနားညည်းစေရန်အတွက်လုပ်ဆောင်သွားပါ
လိမ့်မယ်။
အဆင်ပြေကြပါစေဗျာ။

No comments:

Post a Comment