Friday 15 March 2013

ဘလော့ခေါင်းစဉ်ရှေ့ကပုံလေးနဲ့အလှဆင်နည်း


သည်တစ်ခါ တင်တဲ့ အကြောင်းရာလေးကတော့ မိမိတို့ဘလော့ရဲ့ Title ဆိုတဲ့ ခေါင်းစဉ်ရှေ့မှာ ပုံလေးတွေနဲ့ အလှဆင်နည်းလေးပါ။ ကျနော် ထည့်ပြထားတဲ့ ပုံလေးကို ကြည့်လိုက်ပါ


ပထမဆုံး ပုံလေးတွေ ရှာဖွေဖို့ www.google.com မှာ 'animated picture' ဆိုပြီးရှာလိုက်ပါ။
ပုံတွေ တွေ့ရပါ့မယ်..

ပုံရဲ့လင့်ကိုယူနည်း ။ ၁ ။
မိမိတို့ လိုခြင်သော ပုံတွေ့ပါက ညာကလစ်ပေးလိုက်ပါ နောက် properties ကိုကလစ်ပါ... အဲမှာ ဇယားကွက်လေးတစ်ခုကျလာမယ်. location ဆိုတဲ့နေရာက လင့်ကိုယူလိုက်ပါ... ပုံရဲ့လင့်ကို ရပါပြီနော်...။ ။

ပုံရဲ့လင့်ကိုယူနည်း ။ ၂ ။
လိုခြင်တဲ့ပုံကို ညာကလစ်ပေး Save Image As ကိုကလစ်ပြီး ဆေ့ထားလိုက်ပါ. ဆေ့ထားတဲ့ ပုံကို www.minus.com ဆိုဒ်မှာ Upload တင်လိုက်တာနဲ့ Direct Link ဆိုတာကို ယူလိုက်ပါ... ပုံရဲ့လင့်ကိုရပါပြီ။
ကဲဗျာ ပုံကိုလင့်ယူတာတော့ ရပြီ...ဘလော့ပေါ်ထည့်နည်းလေးကို စလိုက်ကြရအောင်နော်...

►1- Blogger Singin ၀င်လိုက်ပါ။
►2- DASHBOARD ကိုသွားလိုက်ပါ။
►3- LAYOUT ကိုကလစ်ပါ..။
►4- EDIT HTML ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5- EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6- Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။


<b:if cond='data:post.url'>
သည်ကုဒ်ကိုရှာပါ တွေ့ပြီဆိုတာနဲ့ သူ့ရဲ့အပေါ်ကနေ အောက်ကကုဒ်ကို ထည့်ပေးလိုက်ပါ။



<img src=" ပုံရဲ့လင့်ကိုသည်မှာထည့်ပေးပါ " style="border-width:0px"/>

No comments:

Post a Comment