Monday 6 May 2013

Google Chrome မှာ ဇော်ဂျီဝမ်း ထည့်နည်း

 




ဂူဂဲခရုမ်း (Google chrome) သုံးရာမှာ မြန်မာစာ မပေါ်ဘဲ □□□□□□□ လေးထောင့်တုံးတွေ ပေါ်နေသလား။ ဒါဆိုရင် မြန်မာဖောင့် ထည့်ဖို့ လိုနေပါပြီ။ ၀က်ဆိုက်အများစုက ဇော်ဂျီဝမ်းနဲ့မှ ဖတ်လို့ရမှာမို့ ဇော်ဂျီဝမ်း ထည့်မယ် ဆိုရင် ဘယ်လို လုပ်ရမယ် ဆိုတာကို အောက်မှာ ပုံနဲ့တကွ ရှင်းပြထားပါတယ်။

အရေးကြီးတာက ကိုယ့်ကွန်ပျူတာထဲမှာ ဇော်ဂျီဝမ်း ရှိရပါမယ်။


□□□□□□□□□□□□□□□□□□□□□□
Google Chrome
□□□□□□□□□□□□□□□□□□□□□□

ဒီလိုလုပ်လိုက်ရုံပါပဲ -

၁) ညာဘက်ထောင့်က ခွ ပုံလေးကို နှိပ်ပါ

၂) ကျလာတဲ့ထဲက Options ကို နှိပ်ပါ
( Options ကို မတွေ့ရင် အဲဒီနေရာမှာ Settings ရှိပါလိမ့်မယ်။ အဲဒီ Settings ကို နှိပ်လိုက်ပါ )

၃) Under the Hood ကို နှိပ်ပါ

၎) Customize fonts ကို နှိပ်ပါ

၅) ရွေးချယ်စရာ ဖောင့်တွေထဲက Zawgyi-One ကို ရွေးပါ။ Zawgyi-One က အောက်ဆုံးမှာ ရှိပါလိမ့်မယ်။ လေးနေရာလုံး ဇော်ဂျီ ထည့်ပြီးရင် ပြီးပါပြီ။ Ok တို့ ဘာတို့ နှိပ်စရာ မလိုတော့ပါဘူး။

ဒါပါပဲ။
ဇော်ဂျီ မရောက်မီပုံ
ဇော်ဂျီထည့်ပြီး မြင်ကွင်း

No comments:

Post a Comment