Friday 3 May 2013

ဘလော့ ခေါင်းစဉ် ထည့်နည်း နှင့် လင့်ချိတ်နည်းအပြည့်စုံ

သည်နည်းလေးကေတာ့ ဘလော့ကာရဲ့ မူရင်းတက်ပလက်တွေ အတွက် ပိုအသုံးးဝင်ပါတယ်..
ဘာကြောင့်လဲ ဆိုတော့ မူရင်းတွေမှာ Tab Menu ဆိုတဲ့ ခေါင်းစဉ်တွေ မပါတတ်လို့ပါ.. ချိန်းထားတဲ့ တက်ပလ်ကတွေကတော့ အော်တိုပါတတတ်ပါတယ်..
သည်နည်းလေးကေတာ့ ထည့်ရတာ လွယ်ကူသလို... လင့်ချိတ်တဲ့ နေရာမှာလည်း အရမ်းရိုးရှင်းလွန်းလှပါတယ်..ကဲစကြမယ်နော် ပုံလေးတွေ နဲ့ ရှင်းပြပါ့မယ်...

►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Page Elements
►4. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►5. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►6. အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

မူလစာမျက်နှာ

< li>ဘာသာရေး

< li>နည်းပညာ

< li>ဗဟုသုတ

< li>ကဗျာ

< li>ဟာသ

< li>ဆော့ဝဲလ်

< li>ဆက်သွယ်ရန်

< li>

မိမိဘလော့လိပ်စာနေရာမှာ မိတ်ဆွေတို့ ဘလော့ URL ထည့်ပေးလိုက်ပါ။
နောက်က ခေါင်းစဉ်တွေတော့ စိတ်ကြိုက် ရေးနိုင်ပါတယ်.....
မိမိတို့ ဘလော့ ထိပ်ဆုံး မှာ ထားပေးလိုက်ပါ ခေါင်းစဉ်တွေ မြင်တွေ့နေရပါပြီနော်....

လင့်ချိတ်နည်းးး အသေးစိတ်။ ။

ကဲလင့်ချိတ်ကြမယ်ဗျာ... အရမ်းလွယ်ကူပါတယ်.. ပထမဆုံးပြောခြင်တာက..
အထက်က နည်းလမ်းအရ ပြုလုပ်ထားတဲ့ ခေါင်းစဉ် ဘောက်လေးကို ဖွင့်ထားလိုက်ပါ။
နောက် မိမိတို့ ဘလော့စာမျက်နှာကိုလဲ ဖွင့်ထားပေးရမယ်....
ဘာလဲဆိုတော့ အဲနှစ်ခု ယှဉ်ပြီး ဖွင့်ထားလိုက်ပါ... ဒါမှ ...လင့်ချိတ်တဲ့အခါ လွယ်ကူမှာမို့ပါ။
ပုံလေးကြည့်လိုက် ရှင်းမယ်..

အဆင့် (၁) ။ ။ ခေါင်းစဉ် ဇယားလေးနဲ့ ဘလော့ နှစ်ခု ယှဉ်ဖွင့်မယ်။
အဆင့် (၂) ။ ။ ဘလော့ပေါ်က ခေါင်းစဉ်တွေကို တစ်ခုချင်းစီ ချိတ်ကြမယ်..။
အဆင့် (၃) ။ ။ ခေါင်းစဉ်ပေါ် မောက်တင် ညာကလစ် ပေးပါ။
အဆင့် (၄) ။ ။ အဲထဲက copy link location ကိုကလစ်ပြီးကော်ပီယူလိုက်ပါ။
(ကလစ်တာနဲ့ ကော်ပီပြီးသားပါ)
အဆင့် (၅) ။ ။ ဘယ်ဘက်က ခေါင်းစဉ်ဇယား ထဲက မိမိဘလော့ချပ်စာ ဆိုတဲ့နေရာမှာ
အထက်က ကော်ပီယူလာတာကို Psat ချပေးလိုက်ပါ။
အဆင့် (၆) ။ ။ ခေါင်းစဉ်တစ်ခု လင့်ချိတ်ခြင်းအောင်မြင်ပါပြီ။

မှတ်ချက် ။ ။ ကျန်ခေါင်းစဉ်များကိုလည်း အဲနည်းအတိုင်း ချိတ်သွားလိုက်နိုင်ပါပြီ ။ ။
သတိပေးခြင်တာကတော့ ခေါင်းစဉ်တွေကို တကြိမ်တည်း အပြီးချိတ်နိုင်တာ
ပိုကောင်းပါတယ်... ခဏခဏ၀င်ရင် မှားတတ်လို့ပါ... အဲအတွက် မိမိတို့ ဘလော့ပေါ်မှာ လိုခြင်တဲ့
ခေါင်းစဉ်တွေအတိုင်း အဦးဆုံး ပို့စ်တစ်ခုဆီတော့ တင်ထားသင့်ပါတယ်.. ဒါမှ တကြိမ် တခါတည်းနဲ့ အိုကေမယ်.... ကဲ သည်လောက်ဆို ရှင်းပါပြီနော်... ဒါမှ မရှင်ပါက
အော်ခဲ့ပါအုံးးနော်....

သိထားဖို့ကတော့ သည်နည်းလမ်းက.. ဘလော့ရဲ့ Layout..Java/Script ကနေထည့်တဲ့ ခေါင်းစဉ်တွေအတွက်...ထည့်နည်း ချိတ်နည်းပါ.... ဘလော့တက်ပလက်က အော်တိုပါလာသော
ခေါင်းစဉ် တွေအတွက် လင့်ချိတ်နည်းကို သည်နေရာလေးမှာ ဆက်လက်လေ့လာလိုက်ပါ။

သည်နေ့တင်မဲ့အကြောင်းရာလေးကတော့ တော်တော်များများ သိနေကြပြီးဖြစ်တဲ့ နည်းပညာလေးတရပ်ပါ။
cbox မှာ ညီလေးတစ်ယောက်တောင်းဆိုထားလို့ အသစ်ဘလော့ကာလေးတွေအတွက် အခြေခံ ကျကျရှင်းပြလိုက်ရပါတယ်... သိသူများ ကျော်ဖြတ်သွားလိုက်ပါ။

လူဆိုး: ကူညီလို့ရရင်ကူညီပါဦး ကျွန်တော် drop down menu လုပ်ပီးတော့ အဲဒီmenu အောက်မှာ ခေါင်းစဉ်ထည့်လို့မရဘူးဖြစ်နေတယ် တင်သမျှပို့တေါကို အဲဒီခေါင်းစဉ်အောက်ကိုရောက်ချင်တာ ဘယ်လိုလုပ်ရမတုန်း
ကဲ ညီလေး လူဆိုးးးရေ ကြည့်နော်..
အဆင့်(၁) ။ ။ ညီလေးဘလော့မှာ labels ဆိုတဲ့ ၀ိတ်လေးထည့်ထားရပါမယ်...
အဲမှာဘဲ ညီလေး တင်ထားသမျှ ပို့စ်ခေါင်းစဉ်တွေ ရှိနေမှာပါ။ တစိခုကြိုပြောခြင်တာက.. ပို့စ်နဲ့ tab menu တွေလင့်ချိတ်တဲ့အခါမှာ ကိုယ်လိုခြင်တဲ့ ခေါင်းစဉ် မှန်သမျှကို ပို့စ် တစ်ခုဆီတော့ အပြည့်အစုံ တင်ထားစေခြင်တယ်...
ဥပမာ... မိမိက ဘလော့မှာ..ာထးခြင်တဲ့ေါခင်းစဉ်တွေက
(၁) ကဗျာ (၂) သုတ-ရသ (၃) ဆောင်းပါး (၄) ဘာသာရေး (၅) သီချင်းကဏ္ဍ (၆) သတင်းရပ်ဝန်း
စတဲ့...စတဲ့ ခေါင်းစဉ်တွေပေါ့... အိုကေ အဲခေါင်းစဉ်တွေအတွက် ပထမဆုံး ပို့စ်တစ်ခုဆီ အရင် မိမိ ဘလော့ပေါ် တင်ထားလိုက်ပါ။
ဒါက လင့်ချိတ်တဲ့အခါ တစ်ခ့ထဲ ပြီးးအောင် လုပ်တဲ့ နည်းပါ... မဟုတ်ဘဲ ခဏခဏ html မှာ ၀င်ကလိနေရင် မှားတတ်ပါတယ်... html ကအရေးကြီးပါတယ်.. အမှားမခံပါဘူးးးး
အိုကေ...ပို့စ်တွေတင်ပြီးလို့ လိုခြင်တဲ့ ခေါင်းစဉ်တွေ အစုံ labels မှာ ရှိနေပြီဆိုရင် လင့်ချိတ်မယ်..
စပြီနော်.........
(၁) Labels ထဲက ခေါင်းစဉ်တစ်ခုကို မောက်တင်ပါ (ဥပမာ။ ။ ကဗျာ) အဲပေါ်မောက်တင်ပါ
(၂) right click ပေးလိုက်ပါ ဘောက်လေးကျလာမယ်...
(၃) အဲထဲက copy link location ဆိုတာကို ကလစ်လိုက်ပါ
(၄) ဒါဆို သင့် မောက်ထဲမှာ အဲခေါင်းစဉ်ရဲ့ လင့်တွေ ကော်ပီယူထားပြီးနေပါပြီ..
ပုံကိုကြည့်လိုက်ပါ

အဆင့် (၂) ။ ။ နောက် window တစ်ခုထပ်ဖွင့်ပြီးတော့..
(1)- ဘလော့ကာဝင်ပါ Dashboard > Template> Edit HTML အစဉ်လိုက်
(2)- the Expand Widget နေရာမှ အမှန်ဖြစ်ခဲ့ပေးပါ။
(3)- Ctrl + F အကူညီဖြင့် အောက်ကကုဒ်ကို ရှာလိုက်ပါ။
Home ကိုရှာလိုက်ပါ.. တစ်ခါတည်းနဲ့ မိမိ menu တွေမပေါ်ပါက Enter ကိုခေါက်ပေးပါ..မတွေ့မချင်း ခေါက်လိုက်ပါ...တွေ့တာနဲ့ အဲမှာ ( # ) ဆိုတဲ့နေရာလေးမှာ အထက်ပေါ်က ပုံက copy link location လုပ်လာတာကို past ချရမှာပါ..
ကဗျာ ကိုယူလာတာဆို သည်မှာလဲ ကဗျာ ရဲ့ရှေ့က # နေရာကိုဘဲ ချပေးပါ။
တခြားခေါင်းစဉ်တွေ အတွက်လဲ ထိုနည်းတူပါဘဲ..
အောက်ကပုံလေးကြည့် လုပ်လိုက်ပါ။
အကောင်းဆုံးကတော့ တကြိမ်တည်းးနဲ့ ရှိသမျှ ခေါင်းစဉ်တွေအားလုံးး ချိတ်ပေးတာ ကောင်းပါတယ်.
ခဏခဏ၀င်ရင် မျက်စိလည်ပြီးး မှားတတ်ပါတယ်.. အဆင်ပြေပါစေလို့ ဆုတောင်းလျှက်..။
ကဲ ညီလေး လူဆိုးးး ကေကေနော်.. မပြေလဲ ပြောပေါ့..

မှတ်သားထားသင့်တာကတော့ သည်နည်းလမ်းလေးက တက်ပလက်တွေကနေ အော်တိုပါလာတဲ့
ခေါင်းစဉ်တွေ လင့်ချိတ်တဲ့နည်းလေးပါ...အဆင်ပြေမှာပါနော်.. မိမိတို့က အော်တိုပါလာတာမဟုတ်ဘဲ
ဘလော့ Layout...Java/Script ကနေထည့်တဲ့ ခေါင်းစဉ်တွေအတွက်တော့... ဆက်လက်ပြီး
သည်နေရာလေးမှာ လေ့လာလိုက်ပါနော်...

No comments:

Post a Comment