Friday 3 May 2013

Android ဖုန်းများတွင် Viber Software ထည့်နည်း


အာခါသူလေး။ ။viber ကသုံးမရဘူးဖြစ်နေတယ်။Activation Code Message လည်းမရောက်ဘူး။ကူညီပါဦးနော်....

မသိသေးတဲ့သူငယ်ချင်းတွေလည်းဗဟုသုတရအောင် ဘလော့ပိုစ်အနေနဲ့ တင်လိုက်ပါတယ်နော်။


Viber နဲ့ဖုန်းကို free call ဆက်ဖို့အတွက် ဖုန်းမှ internet connection (သို့)wifi internet connection တစ်ခုခုမိနေဖို့လိုပါတယ်။ဒါဆိုရင်ပြည်တွင်းပြည်ပမှကိုယ့်မိတ်ဆွေတွေဆီကို free ဆက်လို့ရပါတယ်။

နှစ်ဖက်စလုံးမှာ internet မိနေဖို့နဲ့ viber ဆော့ဝဲလ် ရှိဖို့လိုပါတယ်။အောက်မှာ download ပေးထား
ပါတယ်အရင် Download ဆွဲလိုက်ပါ၊ပြီးရင် ဖုန်းနှင့်ကွန်ပျူတာ ကို USB ကြိုးနဲ့  join ပြီး viber.apk လေးကို ဖုန်းရဲ့ memory card ထဲကို copy ကူးထည့်ပါ။ဖုန်းမှာရှိတဲ့ file manager ထဲကိုဝင်...ပြီးရင် Memory Card ထဲဝင်ပြီး မိမိထည့်လိုက်တဲ့ viber.apk
ကိုနှိပ်ပြီး install လုပ်လိုက်ပါ။ install လုပ်ပြီးပါက viber ကိုဖွင့်ပါ။
အောက်မှာပြထားတဲ့ပုံအတိုင်းနိုင်ငံရွေးပါ။
အောက်က Box မှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပါ၊ကိုယ့်ဖုန်းနံပါတ်က (ဥပမာ)09450012345 ဆိုပါစို့ သုညဖြုတ်ပီး
9450012345 ဆိုပြီးထည့်ပါ ပြီးရင် Continue နိုပ်ပါ။

ကိုယ့်ရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message ပို့ပါလိမ့်မယ်။ အဲ code ကို အောက်ကပုံ
အတိုင်း Box မှာထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ Activation Code Message အနေနဲ့မိမိဖုန်းကို မရာက်လာပါက click here ကိုနှိပ်ပေးပါ။


Bowser ကျလာပါလိမ့်မယ်ကိုယ့်ဖုန်းနံပါတ်ပါတွေ့ပါလိမ့်မယ်အဲမှာ Get Code ဆိုတာလေးကိုနိုပ်လိုက်ပါနှိပ်ပြီးတာနဲ့
ခဏနေရင်ကိုယ့်ရဲ့ဖုန်းကို Call ၀င်လာပါမယ်ကိုင်ပီးသေချာနားထောင်ပေးပါယောကျာင်္းလေးအသံ နဲ့  Activation Code နံပါတ်ပြောပါလိမ့်မယ်၊စာရွက်/ခဲတန် တစ်ခုခုနဲ့လိုက်မှတ်ပြီးပုံမှာပြထားတဲ့ Box မှာထည့်ပေးလိုက်ပါ။
ပြီးရင် Enter Viber ကိုနှိပ်ပါ။


မိတ်ဆွေအချင်းချင်းစကားပြောကြမယ်ဆိုရင်တော့သူ့ဖုန်းနံပါတ်ကို Viber ထဲမှာ Invite လုပ်ပေးပြီးစခေါ်လို့ရပါပြီ ။ ကိုယ့်ဖုန်းရဲ့ contact ထဲမှာ save ထားတယ်ဆိုရင်တန်းပေါ်နေတာလဲကြုံဖူးပါတယ်။ Call ရော
Message ရောအားလုံးကြိုက်သလောက်သုံးလို့ရပါပြီ။
Viber For Andriod ကိုဒေါင်းချင်ရင် အောက်က Download ပုံလေးကိုကလစ်ပြီး ဒေါင်းနိုင်ပါတယ်။
download here!

No comments:

Post a Comment