Sunday 13 May 2012

ဘဝပူဖေါင်းများ

တစ်ခါတုန်းကဈေးပွဲတော်တစ်ခုမှာမိုးပျံပူဖေါင်းတွေရောင်းနေသည်။ပူဖေါင်းတွေကဖြူ၊နီ၊ပြာ၊ဝါ ရောင်စုံ။ဈေးရောင်းသူကသူ့
သူပူဖေါင်းတွေအရောင်းနှေးလာပြီးဝယ်မည်သူကိုစောင့်ရတာကြာကြာလာပြီဆိုလျင်ပူဖေါင်းတစ်လုံးကြိုးဖြတ်ပြီးလွတ်သည်
ဒီအခါပူဖေါင်းကသူ့အထဲမှာထည့်ထားသည့်ဟီလီယမ်ဓာတ်ငွေ့၏တန်ခိုးဖြင့်တစ်ရှိန်ထိုးတက်လေသည်။ပူဖေါင်းတစ်လုံးကောင်း
ကင်ထက်တက်သွားတာမြင်လျင်ဈေးပွဲထဲမှာရောက်ရှိနေကြသည့်ကလေးတွေစိတ်ဝင်တစားမော့ကြည့်ကြသည်။ပြီးရင်သူတို့အထဲ
ကအတော်တော်များများပင်ပူဖေါင်းလိုချင်သဖြင့်အတူလာသည့်လူကြီးအားပူဆာသည်။သည့်တော့ပူပေါင်းတစ်လုံးလေထဲလွတ်ပြီးလျင်
အတော်များများစီရောင်းရသည်။ဈေးသည်ကအဲလိုအဆင်ပြေနေတုန်းကလေးတစ်ယောက်သူအင်္ကျီစကိုလာဆွဲသဖြင့်လှည့်ကြည့်တော့
ကောင်လေးတစ်ယောက်ဖြစ်နေသည်၊ကောင်လေးက"ဦး၊ပူဖေါင်းအမည်းရောင်ဆိုရင်ရောလွတ်လိုက်ရင်လေထဲတက်မှာလား"ဟူ၍မေးသည်။
ဟတက်တာပေါ့ကွသားရဲ့ သူကကြင်နာစွာဆိုသည်။ပူဖေါင်းလေထဲတက်တယ်ဆိုတာသူ့အထဲမှာပါတဲ့ဓာတ်ငွေ့
ကြေင့်တက်တာ၊အဲဒီဓာတ်ငွေ့သာပါလို့ကတော့ပူဖေါင်းအဖြူဖြစ်ဖြစ်အနီဖြစ်ဖြစ်အမည်းဖြစ်ဖြစ်လွတ်ပေးလိုက်ရင်အဲဒီဓာတ်အားနဲ့တက်သွားတာပဲ။
ကလေးဝမ်းသာအားတက်သွားသည်၊သူကအမည်းရောင်ကလေးအထက်မတက်နိုင်မှာစိုးရိမ်နေခဲ့တာ။ခုတော့သူသဘောပေါက်သွားပြီ၊အရောင်သည်
အဓိကမဟုတ်၊အတွင်းမှာပါတဲ့ဓာတ်ငွေ့အားသာအဓိက။.....မှန်သည်..ပူဖေါင်းတစ်လုံးကောင်းကင်တက်နိုင်ဖို့အတွက်အတါင်းမှာပါတဲ့ဓာတ်ငွေ့အားက
အဓိကကျသလို၊လူတစ်ယောက်မြင့်တက်သွားနိုင်ဖို့(ဝါ)ထွန်းတောက်အောင်မြင်သွားနိုင်ဖို့ရာတွင်လည်းအတွင်းမှာရှိသည့်သူသဘောထား
သူ့စိတ်ဓာတ်ခွန်အားများကအဓိကဖြစ်သည်။.......ဘယ်လိုစိတ်ဓာတ်မျိုးလဲ...?။လက်ရှိအနေထက်မြင့်တက်သွားချင်သည့်စိတ်ဓာတ်၊တက်အောင်ဘယ်လို
လုပ်မလဲစူးစမ်းလေ့လာနည်းလမ်းရှာချင်အားထုတ်ချင်သည့်စိတ်ဓာတ်၊နည်းမှန်လမ်းမှန်နှင့်ကြိုးစားအားထုတ်လျင်တက်ရမှမုချဟုယုံကြည်သည့်စိတ်ဓာတ်များဘဲ
ဖြစ်သည်....။
                  ဆက်လက်တင်ပြမှူ
                                           အောင်မျိုး

No comments:

Post a Comment