Sunday 6 May 2012

အားပြင်းတဲ့မျှားတစ်စင်း

များတစ်စင်းကိုအချိန်အဟုတ်နှင်းပစ်ထွင်းလိုလျင်လေားကိုးကိုပြင်းပြင်းဆွဲပါ...ဘဝသည်
မျော်လင့်ကင်းသောအနာဂတ်ဆီသို့ကုန်းစောင်းအတိုင်းလိမ်ဆင်းသွားပြီဟုသင်ယူဆနေ
ပါသလား၊စိတ်မပျက်ပါနဲ့။တစ်လောကလုံးရှိအမှောင်ထုသည်ဖယောင်းတိုင်မီးတောက်တစ်
ခုကိုပင်ငြိမ်းသတ်နိုင်စွမ်းမရှိဟူသောစကားကိုသင်သတိရလိုက်ပါ။သင်စိတ်ပျက်လက်လျော့
မသွားမရွေ့သင့်ကိုမည်သူမျှအနိုင်မယူနိုင်ပါ။
                                                        စင်စစ်လောကဟူသည်လည်းသင့်အား
တမင်တကာအနိုင်မယူပါ၊သိုသော်...လောကကစည်းကမ်းရှိသူတစ်ဦးအမှန်ပင်ဖြစ်သည်။
သူသည်ဆုပေးရန်မနှောင့်နှေးသလိုဒဏ်ပေးရန်လည်းဘယ်သောအခါမှတွန်ဆုတ်လေ့မရှိပါ၊
ဘဝခရီးတစ်လျှောက်ခလုတ်တိုက်မိသောကျောက်တုန်းမှန်သမျှသည်အောင်မြင်မှူသို့တက်
လှမ်းရာလှေကားထစ်များအဖြစ်အသုံးချ၍ရစမြဲဖြစ်သည်။ဥာဏ်ပညာကြိးသူတွေကသူများမ
တွေးတာကိုတွေးသည်၊သူများမမြင်တာကိုမြင်သည်။သိုသော်...စိတ်ကူးထဲ့ကပုံရိပ်တွေအကောင်
ဒြပ်ဖြစ်ပေါ်ဖို့အတွက်လက်တွေလုပ်ဆောင်မှူလိုသည်၊စိတ်ကူးစိတ်သန်းတွေကြီးကျယ်ခန်းနားလေ
ဇွဲလုံ့လတွေအများကြိးစိုက်ထုတ်ဖို့လိုလေသည်။လူအများစိတ်၌ပါရမီဆိုသည်ကိုတန်းခိုးစွမ်းအားတစ်
ခုလို့မြင်နေတတ်ကြသည်ပါရမီရှိသူသည်သူတစ်ပါးမတတ်နိုင်သောအလုပ်ကြီးတွေကိုသက်သာလွယ်
ကူစွာဖန်တီးနိုင်စွမ်းရှိသည်ဟုမှတ်ယူကြသည်။စင်စစ်..ပါရမီ၏အရင်းခံဖြစ်သည့်"အထုံဝါသနာ"ဟူသည်
လူတိုင်းမှာရှိသောအရာသာဖြစ်သည်၊ဘယ်ကိစ္စလေးမှာတော့ဘာကြောင့်မှန်းမသိသူများတွေထက်ထူးချွန်
သည်စသဖြင့်...ငယ်လွယ်စဉ်ကတည်းကမိမိကသူများထက်ပို၍စိတ်ဝင်စားသည်၊အားတက်သရောလုပ်မိသည်
က္မျမ်းက္မျမ်းကျင်ကျင်လည်းရှိသည်ဆိုသောအရာမျိုးကိုဆိုခြင်းဖြစ်သည်။ဒီလိုပါရမီရှင်ဖြစ်ဖို့အတွက်အများကြီးလေ့
လာရမည်၊လေ့ကျင့်ရမည်အဓိကတရားခံက" ဇွဲ "ဖြစ်သည်။တစ်ခုပြောချင်ဒါကတော့
အချိန်ကာလဆိုတာအကောင်းဆုံးသမားတော်ဖြစ်သလို၊အကောင်းဆုံးတရားသူကြီးလည်းဖြစ်သည်။အခြေအနေနှင့်
အချိန်အခါကိုကြည့်ပြီးဆောင်ရွက်ကြပါလို့အကြံပေးပါရစေ။
                                                                             စုစည်းမှူ  အောင်မျိုး

No comments:

Post a Comment