Thursday, 17 May 2012

ယောင်္ကျားလေးတွေသတိထားမိတတ်တဲ့ပထမဆုံးအချက်(၁၀)ချက်။


ဒါကတော့ မိန်းကလေးတွေ အတွက်ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက် ပထမဦးဆုံးစတွေ့တဲ့ပုံစံကို ကြည့်ပြီး ယုံကြည်တာ အထင်ကြီးသွားတာ၊ အထင်သေးသွားတာ၊ သဘောကျတာ တို့ ဖြစ်သွားစေ နိုင်တယ်လေ။ မြင်မြင် ချင်းချစ်မိတာတို့၊ စတွေ့က တည်းကကြည့်လို့ကိုမရဘူးဆိုတာတွေကို ဖန်တီးပေးတာကလည်း ကိုယ့်ရဲ့ပုံစံကြောင့်ပါပဲ။ ဒါကြောင့် ကိစ္စတစ်ခုခုကြောင့် အထူးသဖြင့် ကိုယ်သဘောကျတဲ့ ယောကျာ်းလေး တစ်ယောက်နဲ့တွေ့တော့မယ်ဆိုရင် သူတို့သတိထားမိတတ်တဲ့ အချက်လေးတွေကို သတိပြုပြင်ဆင်သွားမယ်ဆိုရင် ကိုယ်လည်းအမှတ်တက်တာပေါ့။ ကဲ.. ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတွေ့ရင် သတိထားကြည့်မိတဲ့ အချက်လေးတွေကို ကြည့်ရအောင်။
1. Luscious Looks
များသောအားဖြင့် ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ် ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့ ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေစတွေ့လိုက်မယ်ဆိုရင်ရော??? တချို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက် ကို နောက်ကေ တွ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။ ဘာကြောင့်လဲသိလား?? ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုမစိုက် မစိုက်ဆိုတာ သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။ ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင် ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့ (သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင် ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံပြီး ပိုးသားလေးလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်။
2. Perfect Posture
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဟန်အနေအထားကလည်း အရမ်းအရေးကြီးတယ်နော်။ သင့်ရဲ့ခန္ဓာကိုယ်လေးက မတ်ပြီး မျက်နှာလေးနဲနဲမော့နေမယ်ဆိုရင် သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုလည်းရှိတဲ့ မိန်းကလေးတစ်ယောက် လို့ပြောနေသလိုပဲနော်။ ဒီလိုမိန်းကလေးမျိုးဟာ လူတွေအများကြီးကြားထဲမှာ ထင်းခနဲပေါ်နေတာပေါ့။ သင်ကိုယ်တိုင်ပဲစဉ်းစားကြည့်ပေါ့။ လူကခပ်ကိုင်းကိုင်း၊ ပခုံးလျှော၊ အားမရှိတဲ့ပုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလိုပုံစံမျိုးနဲ့ လူတစ်ယောက်ကိုသဘောကျပါ့မလား။ ဒါကြောင့် ခုပဲ သင့်ရဲ့ကိုယ်နေကိုယ်ထားကို သတိထားပြုပြင်လိုက်နော်။ ဒါမျိုးက အကျင့်ဖြစ်နေမှ ကြည့်ရ အဆင်ပြေမှာပါ။ လိုတဲ့အချိန်မှ အတင်းလုပ်ယူထားရရင် သက်တောင့်သက်သာရှိမှာ မဟုတ်ဘူးနော်။ ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ဘူး။
3. Your Friends
သင်နဲ့ ခုမှစတွေ့တဲ့ ယောက်ျားလေးဟာ သင့်ကိုသာမက သင့်သူငယ်ချင်းတွေကိုလည်း အကဲခတ်တတ်တယ်နော်။ တကယ်လို့ သင့်သူငယ်ချင်းတွေဟာ အိနြေ္ဒမရှိ ရိုင်းတယ်ဆိုရင် သင့်ကိုလည်းအဲ့လိုပဲ ထင်သွားမှာနော်။ ဒါကြောင့် သင့်မှာ အဲ့လိုသူငယ်ချင်းတွေရှိ တယ်ဆိုရင် သူတို့နဲ့ကြိုညှိထားဖို့လိုတယ်နော်။ ဒါမှမဟုတ်ရင်လည်း ကောင်လေးနဲ့တွေ့မယ့်နေရာကို လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကိုခေါ်သွားလိုက်ပါ။
4. Your Pout
ယောကျာ်းလေးတွေဟာ စတွေ့တွေ့ချင်း မိန်းကလေးရဲ့နှုတ်ခမ်းကိုလည်း သတိထားမိတတ်ကြသတဲ့။ ကောင်မလေးရဲ့နှုတ်ခမ်းလေးက ထူလား၊ ပါးလား၊ ဘာအရောင်လဲ၊ နှုတ်ခမ်းလှလားပေါ့။ သင့်ရဲ့ နှုတ်ခမ်းလေးက နှုးညံ့ ရွှန်းစိုနေပြီး ပန်းနုရောင်လေးပြေးနေမယ်ဆိုရင်တော့ အမှတ်ပြည့်ပဲနော်။
5. Your Ever Smile
ပြုံးပြုံးရွှင်ရွှင်နေတတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ဟန်ဆောင်ပြုံးက အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါ။ ဒါကနှစ်လိုဖွယ်ကောင်းခြင်းရဲ့ ပြယုဒ်ပဲနော်။ ပြီးတော့ သင့်သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့မရှိအောင် ဂရုစိုက်ပါ။ အပြုံးလေးလှလှကလည်း စွမ်းတယ်ဆိုတာ မမေ့ပါနဲ့။
6. What You Carry Around
မယုံမရှိနဲ့နော်။ သင့်အိတ်ထဲကပစ္စည်းတွေနဲ့ သင်နဲ့အတူရှိနေတဲ့ ပစ္စည်းတွေဟာလည်း သင်ဘယ်လိုလူလဲဆိုတာကို ပြောပြနိုင်ပါတယ်။ သင့်အိတ်ထဲမှာ အလှကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာက သင်ဟာအရမ်းအလှကြိုက်တဲ့ကောင်မလေးဆိုတာကို ပြောပြနေတယ်နော်။ သင့်လက်ထဲကစာအုပ်တွေကိုကြည့်ပြီးတော့ သင်ဟာအေးအေးဆေးဆေးနေတတ်တာကို ပြောနေသလို စာအုပ်အမျိုးအစားတွေကလည်း သင်ဟာ ဘာသာရေးလိုက်စားသူလား၊ သင်ယူလေ့လာခြင်းကိုစိတ်ဝင်စားသူလားဆိုတာကိုလည်း သိနိုင်တယ်နော်။ ဒါတွေကလည်း ကောင်လေးတွေသတိထားမိတဲ့အချက်ပါပဲ။
7. High Heels
ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်းစီးဖို့မလိုပါဘူး။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတွေကို ယောကျာ်းလေးတွေကပိုသတိထားမိတာကိုတော့ မမေ့နဲ့နော်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုပိုဆွဲဆောင်မှုရှိစေပါတယ်၊ ပိုထင်ရှားစေတယ် ပြီးတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့ယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့်ဒေါက်ဖိနပ်တွေကို တစ်ပတ် ၂ကြိမ် တော့စီးပေးပါ။
8. How You Strut
မိန်းကလေးတွေရဲ့လမ်းလျှောက်ပုံကိုလည်း ယောက်ျားလေးတွေက သတိထားမိတတ်ပါတယ်။ သိမ်မွေ့တဲ့ လမ်းလျှောက်ဟန်က မိန်းကလေးတစ်ယောက်ရဲ့အလှကိုပြည့်စုံအောင် ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မင်းသမီးတွေဆိုရင် လမ်းလျှောက်နည်းကိုတောင် သင်ရပါတယ်။ လမ်းလျှောက်ဟန်က အရေးကြီးတယ်ဆိုတာ သိသွားပြီဟုတ် ??
လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။ ဆတ်တောက်ဆတ်တောက်နဲ့ ကားယား ကားယားမဟုတ်ပဲ ခြေ လှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင် ရပါပြီ။
9. Your Clothes
ယောကျာ်းလေးတွေ သတိထားကြည့်မိတတ်တဲ့ထဲမှာ အ၀တ်အစားလည်း ပါတယ်နော်။ လူရဲ့ပုံစံက အ၀တ်အစားပေါ်လည်း အများကြီးမူတည်တယ်ဆိုတာ သူငယ်ချင်းတို့လည်း သိမှာပါ။ မျက်နှာလေးက အရမ်းမလှရင်တောင် ၀တ်တတ်စားတတ်ရင် ကြည့်လို့လှတယ်လေ။ အ၀တ်အစားကို ကောင်းကောင်းမွန်မွန်ဝတ်ဖို့လိုပေမယ့် ဈေးကြီးဖို့ မလိုပါဘူး။ ခေတ်မီမီလေးဝတ်ဖို့လိုပေမယ့် ခေတ်ဆန်လွန်းတာလည်း မကောင်းပါဘူး။ ဆွဲဆောင်မှုရှိဖို့လိုပေမယ့် လျှပ်ပေါ်လော်လီတာမျိုးဆိုရင်တော့ လူကို ပေါ့ပျက်ပျက်နဲ့လို့တောင် အထင်ခံရနိုင်တယ်နော်။ ပြီးတော့ ဘယ်လောက်လှတဲ့ အ၀တ်အစားပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ချင်မှ လိုက်တာလေ။ အဲဒီတော့ ကိုယ်နဲ့လည်းလိုက်ဖက် ကြည့်ရလည်းအဆင်ပြေပြီး ခေတ်လည်းမီတဲ့ အ၀တ်အစားလေးတွေကို ၀တ်ပါ။ စမတ်ကျကျဝတ်စားတတ်တဲ့သူဆိုရင် အလိုလိုတောင်မှ လူရှိန်တယ်ဆိုတော့ ဒီအချက်ကိုလည်း ဂရုစိုက်သင့်တယ်နော်။
10. Your Attitude
ယောက်ျားလေးက မိန်းကလေးကို အကဲခတ်တတ်တဲ့ အရေးကြီးဆုံးအရာကတော့ စိတ်နေသဘောထားပါပဲ။ မိန်းကလေးတစ်ယောက်ဟာ နတ်သမီးလိုလှနေပါစေ၊ ကမ္ဘာကျော်မင်းသမီးတွေလို ဆွဲဆောင်မှုရှိပါစေ၊ စိတ်ထားမကောင်းရင် ဇာတ်လမ်းမစခင်ပြီးသွားမှာပါပဲ.. ဘယ်ယောက်ျားလေးမှ စုန်းမလိုလူမျိုးနဲ့ မနေချင်ဘူးလေ။ အဲ့တော့ သဘောထားကြီးပြီး အကောင်းမြင်တတ်အောင်လုပ်ပါ။ အားလုံးကိုအကောင်းမြင်ရင် စိတ်ညစ်တာတွေလည်းပျောက် ပိုလှပြီး ပိုတောင်အသက်ရှည်လာဦးမယ်။
မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိတာနဲ့ မြူဆွယ်တာ၊ လှတာနဲ့ အလွန်အကျွံပြင်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာ နဲ့ မောက်မာ တာ၊ ဖြူစင်တာနဲ့ ဟန်ဆောင်တာတွေကြားမှာ စည်းပါးပါးလေးပဲရှိပါတယ်။ အဲ့ဒီစည်းလေးကပဲ သင်ဟာချစ်မြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ခု မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က သတိထားကြည့်တတ်တဲ့အချက်တွေကို ပြောပြီးပြီနော်။ လှပတဲ့ဘ၀လေးကိုလိုချင်ရင် စိတ်ပိုင်းရောရုပ်ပိုင်းပါ လှပနေမှဖြစ်မှာပေါ့။ သူငယ်ချင်းတို့ ....
 မြန်မာချစ်သူမိသားစု:မှကူးယူမျှဝေသည်။


သူငယ်ချင်းများအားလုံးကိုချစ်ခင်လေးစားပါသည်...အောင်မျိုး

Sunday, 13 May 2012

ဘဝပူဖေါင်းများ

တစ်ခါတုန်းကဈေးပွဲတော်တစ်ခုမှာမိုးပျံပူဖေါင်းတွေရောင်းနေသည်။ပူဖေါင်းတွေကဖြူ၊နီ၊ပြာ၊ဝါ ရောင်စုံ။ဈေးရောင်းသူကသူ့
သူပူဖေါင်းတွေအရောင်းနှေးလာပြီးဝယ်မည်သူကိုစောင့်ရတာကြာကြာလာပြီဆိုလျင်ပူဖေါင်းတစ်လုံးကြိုးဖြတ်ပြီးလွတ်သည်
ဒီအခါပူဖေါင်းကသူ့အထဲမှာထည့်ထားသည့်ဟီလီယမ်ဓာတ်ငွေ့၏တန်ခိုးဖြင့်တစ်ရှိန်ထိုးတက်လေသည်။ပူဖေါင်းတစ်လုံးကောင်း
ကင်ထက်တက်သွားတာမြင်လျင်ဈေးပွဲထဲမှာရောက်ရှိနေကြသည့်ကလေးတွေစိတ်ဝင်တစားမော့ကြည့်ကြသည်။ပြီးရင်သူတို့အထဲ
ကအတော်တော်များများပင်ပူဖေါင်းလိုချင်သဖြင့်အတူလာသည့်လူကြီးအားပူဆာသည်။သည့်တော့ပူပေါင်းတစ်လုံးလေထဲလွတ်ပြီးလျင်
အတော်များများစီရောင်းရသည်။ဈေးသည်ကအဲလိုအဆင်ပြေနေတုန်းကလေးတစ်ယောက်သူအင်္ကျီစကိုလာဆွဲသဖြင့်လှည့်ကြည့်တော့
ကောင်လေးတစ်ယောက်ဖြစ်နေသည်၊ကောင်လေးက"ဦး၊ပူဖေါင်းအမည်းရောင်ဆိုရင်ရောလွတ်လိုက်ရင်လေထဲတက်မှာလား"ဟူ၍မေးသည်။
ဟတက်တာပေါ့ကွသားရဲ့ သူကကြင်နာစွာဆိုသည်။ပူဖေါင်းလေထဲတက်တယ်ဆိုတာသူ့အထဲမှာပါတဲ့ဓာတ်ငွေ့
ကြေင့်တက်တာ၊အဲဒီဓာတ်ငွေ့သာပါလို့ကတော့ပူဖေါင်းအဖြူဖြစ်ဖြစ်အနီဖြစ်ဖြစ်အမည်းဖြစ်ဖြစ်လွတ်ပေးလိုက်ရင်အဲဒီဓာတ်အားနဲ့တက်သွားတာပဲ။
ကလေးဝမ်းသာအားတက်သွားသည်၊သူကအမည်းရောင်ကလေးအထက်မတက်နိုင်မှာစိုးရိမ်နေခဲ့တာ။ခုတော့သူသဘောပေါက်သွားပြီ၊အရောင်သည်
အဓိကမဟုတ်၊အတွင်းမှာပါတဲ့ဓာတ်ငွေ့အားသာအဓိက။.....မှန်သည်..ပူဖေါင်းတစ်လုံးကောင်းကင်တက်နိုင်ဖို့အတွက်အတါင်းမှာပါတဲ့ဓာတ်ငွေ့အားက
အဓိကကျသလို၊လူတစ်ယောက်မြင့်တက်သွားနိုင်ဖို့(ဝါ)ထွန်းတောက်အောင်မြင်သွားနိုင်ဖို့ရာတွင်လည်းအတွင်းမှာရှိသည့်သူသဘောထား
သူ့စိတ်ဓာတ်ခွန်အားများကအဓိကဖြစ်သည်။.......ဘယ်လိုစိတ်ဓာတ်မျိုးလဲ...?။လက်ရှိအနေထက်မြင့်တက်သွားချင်သည့်စိတ်ဓာတ်၊တက်အောင်ဘယ်လို
လုပ်မလဲစူးစမ်းလေ့လာနည်းလမ်းရှာချင်အားထုတ်ချင်သည့်စိတ်ဓာတ်၊နည်းမှန်လမ်းမှန်နှင့်ကြိုးစားအားထုတ်လျင်တက်ရမှမုချဟုယုံကြည်သည့်စိတ်ဓာတ်များဘဲ
ဖြစ်သည်....။
                  ဆက်လက်တင်ပြမှူ
                                           အောင်မျိုး

အောင်မြင်မှူအတွက်အရေးကြီးသောအရင်းအနှီးတစ်ရပ်

တစ်ခါ၌အလုပ်ရှင်တစ်ယောက်ကလုငယ်အလုပ်သမားတစ်ဦးအလိုရှိကြောင်းကြော်ငြာသည့်အခါယောက်ျားလေးအယောက်
၃၀ခန့်အလုပ်လျှောက်ကြတယ်။သူကဘောလုံးတစ်လုံးနှင့်ဘောလုံးပေါက်ရန်စက်ကွင်းတစ်ခုစီစဉ်ထားပြီးအလုပ်လျှောက်သူ
အားလုံးတစ်ယောက်လျင်ခုနှစ်ချက်စီပစ်ပေါက်စေသည်၊စက်ကွင်းအလည်ဗဟိုကိုအများဆု့းထိမှန်သူအားေ၇ွးချယ်၇န်ရည်ရွယ်
ထားရာမည်သူတစ်ဦးတစ်ယောက်မျှပင်တစ်ချက်တလေမှမထိမှန်သည့်အခါသူရွေးချည်၍မရဖြစ်သွားသည်၊"ကဲ...မနက်ဖြန်ပြန်
လာပြီးပေါက်ကြဦးပေါ့ကွာ"ဟုသူပြောပြီးလူငယ်များအားပြန်ခိုင်းလိုက်သည်။  နောက်နေ့တွင်သည်လူစုထဲ့မှခပ်ငယ်ငယ်ကောင်
လေးတစ်ယောက်သာပြန်ရောက်လာသည်၊သူ့အားပထမနေ့ကလိုဘောလုံးပေါက်ခိုင်းသည့်အခါ၌စက်ကွင်းအလည်ဗဟိုကိုအကြိမ်
ကြိမ်ထိမှန်တာတွေရသည်။"ဟ တယ်ဟုတ်ပါလားကွ၊ဘယ်လိုဖြစ်သါားတာလဲ"အလုပ်ရှင်ကအံ့သြစွာမေးသည့်အခါ
ကောင်လေးက"ကျနောက်အမေ့ကိုမဖြစ်မနေကူညီရမှာဆိုတော့ဒီအလုပ်ကိုသိပ်လိုချင်ပါတယ်၊ဒါကြောင့်ညကကျနော်အိမ်ဘေးအဖီ
ထဲမှာတစ်ညလုံးဘောလုံးပေါက်လေ့ကျင့်ပါတယ်...."ကောင်လေးအကြောင်းဒီလောက်နှင့်လုံလောက်ပါပြီ။သည်လိုစိတ်ဓာတ်မျိုးရှိသော
လူငယ်တစ်ယောက်သည်အလုပ်မရမှာပူစရာမလို၊ရာထူးမတိုးမှာလည်းစိုးရိမ်စရာမရှိ။ဒီစိတ်ဓာတ်ကိုသာဆက်လက်မွေးမြူထားမည်ဆိုက
မုဆိုးမမိခင်နှင့်ကြီးပြင်းခဲ့ရသည်ဖြစ်စေ၊ကျောင်းပညာအခြေခံနည်းပါးခဲ့သည်ဖြစ်စေ၊ညှိုးငယ်တိမ်မြုပ်နေစရာအကြောင်းမရှိ။တစ်ပိုင်းရှူံးသော
မူလအနေအထားများမှရုန်းထွက်ကာတစ်နေ့သောအခါ၌သူတစ်ပါးအံသြရလောက်အောင်ထူးခြားအောင်မြင်သူများဖြစ်လာကြမှာမုချဖြစ်သည်
မှန်သည်။...လူတစ်ယောက်ဖွံ.ဖြိုးတိုးတက်ဖို့အတွက်အေ၇းကြီးသည့်အရာကကိုယ်ဘာကိုအလိုရှိသလဲ၊ဘာဖြစ်ချင်သလဲ၊သည်အတွက်ဘာလုပ်
ရမလဲ၊ဘယ်လိုအ၇ည်အချင်းတွေရှိဖို့လိုအပ်သလဲဆိုတာရှင်းလင်းပြတ်သားစွာသိဖို့နှင့်လိုအပ်သမျှကိုဖြည့်ဆည်းမည်ဟူသောစိတ်ဇွဲရှိဖို့ပဲဖြစ်သည်။
                                                                                  ဆက်လက်တင်ပြမှူ
                                                                                                         အောင်မျိုး


ဓနဥပဒေသခုနှစ်ရပ်(ဝါ)ပိန်ကြုံ့သောအသာပြာအိတ်ပြည့်တင်းလာစေမည့်နည်းလမ်းခုနှစ်သွယ်

(ပ)။ဓနဥစ္စာဟူသည်ကိုယ်ရလာတဲ့ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းသည်ကိုယ်အတွက်ကိုယ်ပိုင်ဥစ္စာဖြစ်ရမည်ဆိုသောစကားကို
      ...လက်စွဲသြဝါဒအဖြစ်ခံယူကြဖို့(or)အိပ်ထဲထည့်လိုက်တဲ့ပိုက်ဆံဆယ်ပြားမှကိုးပြားကိုဘဲသုံးတယ်ဆိုတဲ့လေ့ကျင့်ခန်း။
   ...ဆယ်ပုံတစ်ပုံကိုမိမိနှင့်မိသားစု၏အနာဂတ်အတွက်ချန်လှပ်သိမ်းဆည်းတတ်သူထံသို့သာဝမ်းမြောက်ပျုငှာစွာရောက်
   ရှိလာလာတတ်မြဲဖြစ်သည်။ (ဒု)။ဓနဥစ္စာဟူသည်ယင်းအားအကျိုးအမြတ်ဖြစ်အောင်ခိုင်းစေတတ်သောသူအတွက်ကျိုးနွံ့ကျေနပ်စွာအားထုတ်လုပ်ကိုင်
   ပေးစမြဲဖြစ်၍ထိုသူ၏လက်၌သိုးအုပ်နွားအုပ်များသဖွယ်အဆတိုးပွားများပြားလာတတ်သောသဘောရှိပေသည်။
   ငွေကြေးကိုစနစ်တကျခန့်ခွဲသုံးစွဲခြင်း၊ခင်ဗျားတို့မှာမဖြစ်မနေသုံးစွဲရမယ့်ကိစ္စတွေအတွက်ငွေကြေးသတ်သတ်မှတ်မှတ်
    ရှိဖို့၊အဓိပါယ်ရှိသောအလိုဆန္ဒတွေလျှောက်ပတ်သောချမ်းသာပျော်ရွင်မှူတွေအတွက်အကုန်အကျခံနိုင်ဖို့၊အဲဒီ
    သုံးစွဲမှူနှစ်ရပ်ပေါင်းသည်ခင်ဗျားတို့ဝင်ငွေ၇ဲ့ဆယ်ပုံကိုးပုံဆိုတဲ့ဘောင်အတွင်းမှာရှိဖို့ဘတ်ဂျက်ကိုစီစဉ်ရေးဆွဲပါ၊
    ပြီးတော့အဲဒီအတိုင်းလိုက်နာကျင့်သုံးပါ။
(တ)။ဓနဥစ္စဟူသည်ယင်းအားဂရုစိုက်ရင်းနှီးမြုပ်နှံမှူပြုသူ၊ကျွှမ်းကျင်လိမ္မာသောသူတို့၏အကြံအဥာဏ်ကိုရယူလုပ်ကိုင်သူများ
     ထံ၌သာတွယ်ကပ်ခိုလှုံနေတတ်ကြသည်။ကိုယ်စုဆောင်းမိသောအသပြာငွေးဒင်္ဂါးတိုင်းကိုကျွှဲနွားများသဖွယ်
     ထိုင်းကျောင်းခိုင်းစေဖို့၊သူတို့၏အမျိုးအနွယ်တွေထပ်ဆင့်ပေါက်ဖွားပေးစေဖို့၊အဲဒီနည်းအားဖြင့်ခင်ဗျားတို့ရဲ့ငွေ
     အိတ်ထဲကိုဓနငွေကြေးတွေတစ်သွင်သွင်စီးဝင်စေဖို့စီမှန်ဖန်တီးရေး။
(စတု)။ကံကြမ္မာဆိုးဆိုတာတောက်ပတဲ့ပစ္စည်းမျိုးကိုနှစ်သက်လေ့ရှိတယ်.ဒါကြောင့်ရထားတဲ့ငွေတွေမပျောက်ပျက်အောင်ထိန်း
      သိမ်းကာကွယ်ဖို့လိုတယ်။ခင်ဗျားတို့ရဲ့ငွေရင်းကိုစိတ်ချရတဲ့ဌာနမျိုး၊အလိုရှိတဲ့အခါပြန်လည်ရယူနိုင်မယ့်နေရာ
      မျိုး၊သင့်တင့်တဲ့အကျိုးအမြတ်မုချရရှိနိုင်မည့်ကဏ္ဍမျိုးမှာသာမြုပ်နှံဖို့နှင့်လုပ်ငန်းအတွေအကြုံရှိသူများကိုတိုင်
      ပင်နှီးနှောပြီးသူတို့ထဲကအကြံကောင်းဥာဏ်ကောင်းများရယူအသုံးချဖို့ပဲဖြစ်တယ်.
(ပဉ္စမ)။ကိုယ်ပိုင်အိမ်ရာတစ်ခုရရှိလာအောင်ဆောင်ရွက်ရေး။ကိုယ်ပိုင်အိမ်ရာရှိတဲ့လူတစ်ယောက်ရရှိတဲ့ချမ်းသာသုခတွေအများ
       ကြီးပါ။ဒီအထဲမှာအရေးကြီးဆုံးအချက်၊အိမ်လခမပေးရဘူး၊လခအတွက်ငွေကိုတခြားနေရာမှာထည့်လို့ရတယ်
(ဆဌမ)။အနာဂတ်အတွက်ဝင်ငွေသေချာအောင်ဆောင်ရွက်ရေး။ဘယ်သူမှပြေးမလွတ်နိုင်တဲ့အိုနာသေဘေးအရေးကစ္စများ
        အတွက်ကြိုကြိုတင်တင်ပြင်ဆင်ထားဖို့။
(သတ္တမ)။ဝင်ငွေရှာဖွေနိုင်စွမ်းတိုးတက်အောင်လုပ်ပါ၊တစ်စုံတစ်ခုဖြစ်မြောက်ဖို့အတွက်ဦးစွာပထမအဲဒီကိစ္စဖြစ်မြောက်စေချင်တဲ့
          အလိုဆန္ဒရှိရမယ်။ဥပမာ-ချမ်းသာချင်တယ်၊ချမ်းသာချင်လိုက်တာဆိုရုံနဲ့ချမ်းသာမလာဘူး။ငွေရွေဒင်္ဂါး
          ငါးပြားလိုချင်တယ်၊ဘယ်အချိန်ဘယ်ကာလအတွင်းရချင်တယ်၊အဲဒီလိုတိတိကျကျရည်မှန်းတဲ့အခါကျမှ-
          အဲဒါဆိုဘာလုပ်ရမလဲနည်းလမ်းရှာဖြစ်လာတယ်။နည်းလမ်းတွေတော့ထလုပ်၊လုပ်တော့ကိုယ်လိုချင်တဲ့ရွေ
          ဒင်္ဂါးငါးပြားတကယ်ရလာတယ်။....ငါးပြားရပြီဆိုရင်ဆယ်ပြားရဖို့မခဲယဉ်းဘူး၊နောက်ကျတော့ရာဂဏန်း
          ထောင်ဂဏန်းရည်မှန်းပြီးကြိုးစားတဲ့အခါသူဌေးဖြစ်လာတယ်။အရေးကြီးတာကရည်မှန်းချက်မထွေပြားဖို့၊အလို
          ဆန္ဒတွေရောထွေးမနေဖို့လိုတယ်။လုပ်ငန်းမှာပိုပြီးပါးနပ်ကျွှမ်းကျင်အောင်မပြတ်ဆည်းပူးလေ့လာခြင်း-
          အားဖြင့်မိမိလုပ်ငန်းစွမ်းရည်တိုးတက်အောင်သို့မဟုတ်ငွေရှာမှုစွမ်းရည်တိုးတက်အောင်ဆောင်ရွက်ဖို့နှင့်-
          တစ်ဘက်ကလည်းမိမိကိုယ်ကိုလေးစားသောပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်မိမိရဲ့အပြုအမှုများကိုစောင့်ထိန်းလေ့-
          ကျင့်ဖို့လိုတယ်....။
                                 ဆက်လက်တင်ပြချက်
                                                             အောင်မျိုး

Sunday, 6 May 2012

အားပြင်းတဲ့မျှားတစ်စင်း

များတစ်စင်းကိုအချိန်အဟုတ်နှင်းပစ်ထွင်းလိုလျင်လေားကိုးကိုပြင်းပြင်းဆွဲပါ...ဘဝသည်
မျော်လင့်ကင်းသောအနာဂတ်ဆီသို့ကုန်းစောင်းအတိုင်းလိမ်ဆင်းသွားပြီဟုသင်ယူဆနေ
ပါသလား၊စိတ်မပျက်ပါနဲ့။တစ်လောကလုံးရှိအမှောင်ထုသည်ဖယောင်းတိုင်မီးတောက်တစ်
ခုကိုပင်ငြိမ်းသတ်နိုင်စွမ်းမရှိဟူသောစကားကိုသင်သတိရလိုက်ပါ။သင်စိတ်ပျက်လက်လျော့
မသွားမရွေ့သင့်ကိုမည်သူမျှအနိုင်မယူနိုင်ပါ။
                                                        စင်စစ်လောကဟူသည်လည်းသင့်အား
တမင်တကာအနိုင်မယူပါ၊သိုသော်...လောကကစည်းကမ်းရှိသူတစ်ဦးအမှန်ပင်ဖြစ်သည်။
သူသည်ဆုပေးရန်မနှောင့်နှေးသလိုဒဏ်ပေးရန်လည်းဘယ်သောအခါမှတွန်ဆုတ်လေ့မရှိပါ၊
ဘဝခရီးတစ်လျှောက်ခလုတ်တိုက်မိသောကျောက်တုန်းမှန်သမျှသည်အောင်မြင်မှူသို့တက်
လှမ်းရာလှေကားထစ်များအဖြစ်အသုံးချ၍ရစမြဲဖြစ်သည်။ဥာဏ်ပညာကြိးသူတွေကသူများမ
တွေးတာကိုတွေးသည်၊သူများမမြင်တာကိုမြင်သည်။သိုသော်...စိတ်ကူးထဲ့ကပုံရိပ်တွေအကောင်
ဒြပ်ဖြစ်ပေါ်ဖို့အတွက်လက်တွေလုပ်ဆောင်မှူလိုသည်၊စိတ်ကူးစိတ်သန်းတွေကြီးကျယ်ခန်းနားလေ
ဇွဲလုံ့လတွေအများကြိးစိုက်ထုတ်ဖို့လိုလေသည်။လူအများစိတ်၌ပါရမီဆိုသည်ကိုတန်းခိုးစွမ်းအားတစ်
ခုလို့မြင်နေတတ်ကြသည်ပါရမီရှိသူသည်သူတစ်ပါးမတတ်နိုင်သောအလုပ်ကြီးတွေကိုသက်သာလွယ်
ကူစွာဖန်တီးနိုင်စွမ်းရှိသည်ဟုမှတ်ယူကြသည်။စင်စစ်..ပါရမီ၏အရင်းခံဖြစ်သည့်"အထုံဝါသနာ"ဟူသည်
လူတိုင်းမှာရှိသောအရာသာဖြစ်သည်၊ဘယ်ကိစ္စလေးမှာတော့ဘာကြောင့်မှန်းမသိသူများတွေထက်ထူးချွန်
သည်စသဖြင့်...ငယ်လွယ်စဉ်ကတည်းကမိမိကသူများထက်ပို၍စိတ်ဝင်စားသည်၊အားတက်သရောလုပ်မိသည်
က္မျမ်းက္မျမ်းကျင်ကျင်လည်းရှိသည်ဆိုသောအရာမျိုးကိုဆိုခြင်းဖြစ်သည်။ဒီလိုပါရမီရှင်ဖြစ်ဖို့အတွက်အများကြီးလေ့
လာရမည်၊လေ့ကျင့်ရမည်အဓိကတရားခံက" ဇွဲ "ဖြစ်သည်။တစ်ခုပြောချင်ဒါကတော့
အချိန်ကာလဆိုတာအကောင်းဆုံးသမားတော်ဖြစ်သလို၊အကောင်းဆုံးတရားသူကြီးလည်းဖြစ်သည်။အခြေအနေနှင့်
အချိန်အခါကိုကြည့်ပြီးဆောင်ရွက်ကြပါလို့အကြံပေးပါရစေ။
                                                                             စုစည်းမှူ  အောင်မျိုး

နမှူနာကအဓိက

မြန်မာစကားပုံမှာမုဆိုးနားနီးမုဆိုးတံငါနားနီးတံငါဟူ၍ရှိသည်။စပိန်စကားပုံကဝံပုလွေနှင့်
နေလျှင်ဝ့ပုလွေလိုအူတတ်လိမ့်မည်ဟူ၍ရှိသည်သည်၊လူသည်ပတ်ဝန်းကျင်၌မြင်တွေရ
သူတိုင်း၏အပြုအမှူများကိုအမှတ်မထင်အတုခိုး၍နေတတ်သောသဘောရှိသည်အနီးရှိလူ
တစ်ယောက်သန်းလျင်လိုက်သန်းချင်သည်ဘေးလူချောင်းဆိုးလျင်ကိုယ်လည်းလည်ချောင်း
ယားလာသည်သူများဆေးလိုက်သောက်တာမြင်တော့ကိုယ်လည်းတစ်လိပ်ထုတ်ပြီးမီးညှိမိ
သည်၊ပတ်ဝန်းကျင်ကလူအားမပြတ်ဖိအားနေ၊လွမ်းမိုးနေ၊ဆွဲဆောင်စည်းရုံးနေသောသဘော
ပင်ဖြစ်သည်၊သိုသော်....သူတစ်ပါးကကိုယ်အတွက်ပတ်ဝန်းကျင်ဖြစ်သလိုကိုယ်ကလည်းသူ
တစ်ပါးအတွက်ပတ်ဝန်းကျင်ဖြစ်နေသည်။ပတ်ဝန်းကျင်ကကိုယ်အပေါ်လွမ်းမိုးသလိုကိုယ်အ
ပြုအမှူအဆိုးအကောင်းတို့ကလည်းအတိုင်းအတာတစ်ခုထိသူတစ်ပါးအပေါ်သက်ရောာက်
လွမ်းမိုးမှူရှိနေတက်သည်။ထို့ကြောင့်.....
                                                     ပတ်ဝန်းကျင်ကောင်းစေချင်လျင်ကိုယ်ကအရင်ကောင်းပြဖို့လိုသည်၊သို့သော်...အတော်များများ
က"ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့"သမားတွေဖြစ်နေသည်။အပြောအဆိုရှိုင်းသောကလေး
လူကြီးသူမတွေကိုအားမနာလို့အဲဒီကလေးကိုသူအဖေကရိုက်သည်ရိုက်ရင်းနဲ့မပြတ်လည်းဆဲပြီး
ရိုက်သည်"ခွေးမသား၊လုပ်အုံးကွာ၊ဆဲအုံးကွာ"အဲလိုပေါ့..ဆုံးမစကားနဲ့အဖေရဲ့နမှူနာဘယ်အ၇ာက
အရိုက်ခံရသောကလေးအပေါ်သက်ရောက်စွဲမြဲမည်ထင်ပါသနည်း။
                                                            ဆက်လက်တင်ပြမှူ့ အောင်မျိုး
                                                                                   

Tuesday, 1 May 2012

အောင်မြင်သူနှင့်မအောင်မြင်သူကွဲပြားချက်များ

  အချိ့လူများအောင်မြင်ကြသည်၊အချိုလူများမအောင်မြင်ကြ။အဘယ်ကြောင့်နည်း?။
                                                                       လူယဉ်ကျေးမှူသမိုင်းအစလောက်ကပင်သည်မေးခွန်းကလူအများခေါင်းထဲဝင်လာသည်
                                                                       ဒီလူကဘာကြောင့်အောင်မြင်ပြီးဟိုလူကဘာကြောင့်မအောင်မြင်ရသလဲ?။ဘာကြောင့်ဒီလူ
                                                                       ဘဝကခက်ခဲပင်ပန်းနေရသလဲ။အောင်မြင်သူနဲ့မအောင်မြင်သူမှာဘယ်လိုကွဲပြားခြားနားသည့်
                                                                       စရိုက်လဏ္ခဏာရတွေရှိနေသလဲ။စိစစ်သုံးသပ်ကြည့်ရင်တော့အထက်ကမေးခွန်းများအတွက်အဖြေ
                                                                                                                             ပေါ်လိမ်မယ်ထင်ပါတယ်...........ကြည့်ကြရအောင်..။
                                                   အောင်မြင်သူ=သည်မိမိဘာကိုအလိုရှိသလဲဆိုတာကောင်းစွာသိသည်အလိုရှိရာကိုယူ၇န်နည်းလမ်းအကြံအစည်လည်း
                                                                      ရှိသည်။မိမိရယူနိုင်စွမ်းရှိသည်ဟုလည်းယုံကြည်သည်၊မိမိနေ့စဉ်ဘဝ၏အချိန်ကာလများကိုမိမိလိုရာရဘှာိရေး
                                                                      ကိစ္စထံတွင်သာသုံးစွဲသည်။
                                                 မအောင်မြင်သူ=သည်ဘဝရည်မှန်းချက်တိတိကျကျမရှိ၊အောင်မြင်မှူမအောင်မြင်မှူဟူသည်ကံအကြောင်းတရားသာဖြစ်သည်ဟု
                                                                      သူယုံကြည်ထားသည်။
                                                   အောင်မြင်သူ=သည်စည်းရှုံးရေးသမားဖြစ်သည်စဉ်းစားပြီးမှစကားပြောသည်၊သူ့စကားလုံးတွေကိုအလွန်ချင့်ချိန်သည်၊တစ်ဖက်
                                                                      သူများနှင့်ပတ်သင့်၍လည်းနှစ်သက်စကားချီးကျူးစရာများကိုအထူးဂရုပြုဖေါ်ထုတ်သည်။မိမိမနှစ်သက်သည်ကို
                                                                      တတ်နိုင်သမျှသိမ်းဆည်းသိုသိပ်သည်။ဝေဖန်ပြစ်တင်စကားမတင်ဖြစ်အောင်သတိထားသည်။
                                                 မအောင်မြင်သူ=သည်ဆန့်ကျင်ဘက်ဖြစ်သည်အပြစ်ရှာသမားဖြစ်သည်၊တစ်ဖက်သားစေတနာပျက်အောင်၊မိမိနှင့်ဆန့်ကျင်ရေး
                                                                      မှန်သမျှထံတွင်အဆိုးမြင်စိတ်ကူးစက်ပျံ့နှံအောင်သူအားထုတ်သည်။သူစကားကြောင့်တစ်ဘက်သူစိတ်ထိခိုင်၊မုန်း
                                                                      တီးစေသည်အဲဒီကဆင့်ပွားလာမည့်ဆိုးကျိုးတွေကိုသူပင်တစ်နေ့ခံစားရမည်။
                                                   အောင်မြင်သူ=သည်အကြောင်းကိစ္စနဲ့ပတ်သင့်၍ပြည့်စုံလုံလောက်စွာသိရှိပြီးမှသာယင်းတို့နှင်းစပ်လျည်းသည့်မိမိအမြင်ကိုသူတစ်
                                                                      ရှေ့၌ကျိုးကြောင်းသင့်မြတ်စွာတင်ပြပြောဆိုသည်။အချိန်ကိုလည်းကောင်း၊ငွေကိုလည်းကောင်းစနစ်တကျစီမှန်ကန်ခွဲ
                                                                      သု့းစွဲသည်။
                                                  မအောင်မြင်သူ=သည်အချိန်ကိုတန်ဖိုးမထားငွေကိုလဲမလေးစား၊ပစ်စလားလက်ခတ်ပရမ်းဘတာဖြုန်းတီးပစ်တတ်သည်။အလိုမရှိလျှင်
                                                                       ဘာသိဘာသာ၊အလိုရှိမှခေါ်ပြောဆက်ဆံသည်တခါပိတ်ထားသောစိတ်မျိုးရှိသည်မတူသောအယူအဆကိုမကြားနိုင်
                                                                       မတူသောလူများကိုမကြည့်နိုင်တခါးပိတ်ထားသည့်အတွက်အခွင့်အရေးကောင်းတွေလည်းသူမမြင်၊သူမသိ၊မိတ်ဆွေ
                                                                       အပေါင်းအသင်းတို့၏ပူးပေါင်းဆောင်ရွတ်မှူဆိုတာမျိုးလည်းသူမှာမရှိ။
                                                    အောင်မြင်သူ=သည်လူတစ်ဖက်သားကိုစိတ်ဝင်စားသည်ပွင့်လင်းတဲ့စိတ်ထားရှိသည်သဘောထားကြီးသည်မတူသောအယူအဆမတူ
                                                                       မတူးသောသူများအပေါ်သည်းခံနိုင်စွမ်းရှိသည်ခောတ်နဲ့အညီရင်ပေါင်တန်းနိုင်အောင်အမြဲကြိုးစားသည်လောကကိုလည်း
                                                                       ကောင်းဘဝကိုလည်းကောင်းအပြုဘက်ကမြင်အပြုဘက်ကတွေးသည်မိမိလုပ်ငန်းတွေအောင်မြင်ခြင်းလောကကြီးထဲ့မှာ
                                                                       မိမိအတွက်တစ်နေရာရှိခြင်းသည်မိမိဆောင်ရွက်ချက်တွေများပြားပြည့်စုံခြင်းအရည်အသွေးပြည့်ခြင်းကြောင့်သာဖြစ်ကြောင်း
                                                                       ကောင်းစွာသိသည်။သူသည်ကတိပြုထားသည်ထက်ပို၍ကောင်းမွန်ပြည့်စုံအောင်ဆောင်ရွတ်ပေးတတ်သည့်အလေ့အထကို
                                                                       မွေးမြူထိန်းသိမ်းသည်
                                                  မအောင်မြင်သူ=သည်အချောင်စားချင်စိတ်ကြီးစိုးနေသည်လောကကိုလည်းကောင်းပတ်ဝန်းကျင်ကိုလည်းကောင်းအယုံအကြည့်မရှိ။
                                                    အောင်မြင်သူ=သည်ဤကမ္ဘာ၌လူဖြစ်ရခြင်းအတွက်ပင်ယမ်းမြောက်ကျေနပ်ခြင်းဖြစ်သည်သူသည်ပတ်ဝန်းကျင်အပေါ်နှစ်သက်ခင်မင်မှူရှိပြီး
                                                                       အများအကျိုးဆောင်ရွက်ရန်လည်းအမြဲတက်ကြွထက်သန်နေသည်။
                                                                                                                                                            ခြုံပြောရသော်.........
                                                                        အောင်မြင်သူနဲ့မအောင်မြင်သူကားစိတ်ဓာတ်ရောလုပ်ရပ်တွေပါတစ်ဦးနှင့်တစ်ဦးတစ်ကမ္ဘာစီခြားကြသူများဖြစ်သည်။ထိုစိတ်
                                                                        ဓာတ်နှင့်လုပ်ရပ်များကြောင့်ပင်သူတို့၏ဘဝအနေအထားများလည်းကွာခြားသွားရခြင်းဖြစ်သည်။
                                                                                                                                                                    ဆက်လက်တင်ပြခြင်း
                                                                                                                                                                                               အောင်မျိုး