၃၀ခန့်အလုပ်လျှောက်ကြတယ်။သူကဘောလုံးတစ်လုံးနှင့်ဘောလုံးပေါက်ရန်စက်ကွင်းတစ်ခုစီစဉ်ထားပြီးအလုပ်လျှောက်သူ
အားလုံးတစ်ယောက်လျင်ခုနှစ်ချက်စီပစ်ပေါက်စေသည်၊စက်ကွင်းအလည်ဗဟိုကိုအများဆု့းထိမှန်သူအားေ၇ွးချယ်၇န်ရည်ရွယ်
ထားရာမည်သူတစ်ဦးတစ်ယောက်မျှပင်တစ်ချက်တလေမှမထိမှန်သည့်အခါသူရွေးချည်၍မရဖြစ်သွားသည်၊"ကဲ...မနက်ဖြန်ပြန်
လာပြီးပေါက်ကြဦးပေါ့ကွာ"ဟုသူပြောပြီးလူငယ်များအားပြန်ခိုင်းလိုက်သည်။ နောက်နေ့တွင်သည်လူစုထဲ့မှခပ်ငယ်ငယ်ကောင်
လေးတစ်ယောက်သာပြန်ရောက်လာသည်၊သူ့အားပထမနေ့ကလိုဘောလုံးပေါက်ခိုင်းသည့်အခါ၌စက်ကွင်းအလည်ဗဟိုကိုအကြိမ်
ကြိမ်ထိမှန်တာတွေရသည်။"ဟ တယ်ဟုတ်ပါလားကွ၊ဘယ်လိုဖြစ်သါားတာလဲ"အလုပ်ရှင်ကအံ့သြစွာမေးသည့်အခါ
ကောင်လေးက"ကျနောက်အမေ့ကိုမဖြစ်မနေကူညီရမှာဆိုတော့ဒီအလုပ်ကိုသိပ်လိုချင်ပါတယ်၊ဒါကြောင့်ညကကျနော်အိမ်ဘေးအဖီ
ထဲမှာတစ်ညလုံးဘောလုံးပေါက်လေ့ကျင့်ပါတယ်...."ကောင်လေးအကြောင်းဒီလောက်နှင့်လုံလောက်ပါပြီ။သည်လိုစိတ်ဓာတ်မျိုးရှိသော
လူငယ်တစ်ယောက်သည်အလုပ်မရမှာပူစရာမလို၊ရာထူးမတိုးမှာလည်းစိုးရိမ်စရာမရှိ။ဒီစိတ်ဓာတ်ကိုသာဆက်လက်မွေးမြူထားမည်ဆိုက
မုဆိုးမမိခင်နှင့်ကြီးပြင်းခဲ့ရသည်ဖြစ်စေ၊ကျောင်းပညာအခြေခံနည်းပါးခဲ့သည်ဖြစ်စေ၊ညှိုးငယ်တိမ်မြုပ်နေစရာအကြောင်းမရှိ။တစ်ပိုင်းရှူံးသော
မူလအနေအထားများမှရုန်းထွက်ကာတစ်နေ့သောအခါ၌သူတစ်ပါးအံသြရလောက်အောင်ထူးခြားအောင်မြင်သူများဖြစ်လာကြမှာမုချဖြစ်သည်
မှန်သည်။...လူတစ်ယောက်ဖွံ.ဖြိုးတိုးတက်ဖို့အတွက်အေ၇းကြီးသည့်အရာကကိုယ်ဘာကိုအလိုရှိသလဲ၊ဘာဖြစ်ချင်သလဲ၊သည်အတွက်ဘာလုပ်
ရမလဲ၊ဘယ်လိုအ၇ည်အချင်းတွေရှိဖို့လိုအပ်သလဲဆိုတာရှင်းလင်းပြတ်သားစွာသိဖို့နှင့်လိုအပ်သမျှကိုဖြည့်ဆည်းမည်ဟူသောစိတ်ဇွဲရှိဖို့ပဲဖြစ်သည်။
ဆက်လက်တင်ပြမှူ
အောင်မျိုး
No comments:
Post a Comment