အချိ့လူများအောင်မြင်ကြသည်၊အချိုလူများမအောင်မြင်ကြ။အဘယ်ကြောင့်နည်း?။
လူယဉ်ကျေးမှူသမိုင်းအစလောက်ကပင်သည်မေးခွန်းကလူအများခေါင်းထဲဝင်လာသည်
ဒီလူကဘာကြောင့်အောင်မြင်ပြီးဟိုလူကဘာကြောင့်မအောင်မြင်ရသလဲ?။ဘာကြောင့်ဒီလူ
ဘဝကခက်ခဲပင်ပန်းနေရသလဲ။အောင်မြင်သူနဲ့မအောင်မြင်သူမှာဘယ်လိုကွဲပြားခြားနားသည့်
စရိုက်လဏ္ခဏာရတွေရှိနေသလဲ။စိစစ်သုံးသပ်ကြည့်ရင်တော့အထက်ကမေးခွန်းများအတွက်အဖြေ
ပေါ်လိမ်မယ်ထင်ပါတယ်...........ကြည့်ကြရအောင်..။
အောင်မြင်သူ=သည်မိမိဘာကိုအလိုရှိသလဲဆိုတာကောင်းစွာသိသည်အလိုရှိရာကိုယူ၇န်နည်းလမ်းအကြံအစည်လည်း
ရှိသည်။မိမိရယူနိုင်စွမ်းရှိသည်ဟုလည်းယုံကြည်သည်၊မိမိနေ့စဉ်ဘဝ၏အချိန်ကာလများကိုမိမိလိုရာရဘှာိရေး
ကိစ္စထံတွင်သာသုံးစွဲသည်။
မအောင်မြင်သူ=သည်ဘဝရည်မှန်းချက်တိတိကျကျမရှိ၊အောင်မြင်မှူမအောင်မြင်မှူဟူသည်ကံအကြောင်းတရားသာဖြစ်သည်ဟု
သူယုံကြည်ထားသည်။
အောင်မြင်သူ=သည်စည်းရှုံးရေးသမားဖြစ်သည်စဉ်းစားပြီးမှစကားပြောသည်၊သူ့စကားလုံးတွေကိုအလွန်ချင့်ချိန်သည်၊တစ်ဖက်
သူများနှင့်ပတ်သင့်၍လည်းနှစ်သက်စကားချီးကျူးစရာများကိုအထူးဂရုပြုဖေါ်ထုတ်သည်။မိမိမနှစ်သက်သည်ကို
တတ်နိုင်သမျှသိမ်းဆည်းသိုသိပ်သည်။ဝေဖန်ပြစ်တင်စကားမတင်ဖြစ်အောင်သတိထားသည်။
မအောင်မြင်သူ=သည်ဆန့်ကျင်ဘက်ဖြစ်သည်အပြစ်ရှာသမားဖြစ်သည်၊တစ်ဖက်သားစေတနာပျက်အောင်၊မိမိနှင့်ဆန့်ကျင်ရေး
မှန်သမျှထံတွင်အဆိုးမြင်စိတ်ကူးစက်ပျံ့နှံအောင်သူအားထုတ်သည်။သူစကားကြောင့်တစ်ဘက်သူစိတ်ထိခိုင်၊မုန်း
တီးစေသည်အဲဒီကဆင့်ပွားလာမည့်ဆိုးကျိုးတွေကိုသူပင်တစ်နေ့ခံစားရမည်။
အောင်မြင်သူ=သည်အကြောင်းကိစ္စနဲ့ပတ်သင့်၍ပြည့်စုံလုံလောက်စွာသိရှိပြီးမှသာယင်းတို့နှင်းစပ်လျည်းသည့်မိမိအမြင်ကိုသူတစ်
ရှေ့၌ကျိုးကြောင်းသင့်မြတ်စွာတင်ပြပြောဆိုသည်။အချိန်ကိုလည်းကောင်း၊ငွေကိုလည်းကောင်းစနစ်တကျစီမှန်ကန်ခွဲ
သု့းစွဲသည်။
မအောင်မြင်သူ=သည်အချိန်ကိုတန်ဖိုးမထားငွေကိုလဲမလေးစား၊ပစ်စလားလက်ခတ်ပရမ်းဘတာဖြုန်းတီးပစ်တတ်သည်။အလိုမရှိလျှင်
ဘာသိဘာသာ၊အလိုရှိမှခေါ်ပြောဆက်ဆံသည်တခါပိတ်ထားသောစိတ်မျိုးရှိသည်မတူသောအယူအဆကိုမကြားနိုင်
မတူသောလူများကိုမကြည့်နိုင်တခါးပိတ်ထားသည့်အတွက်အခွင့်အရေးကောင်းတွေလည်းသူမမြင်၊သူမသိ၊မိတ်ဆွေ
အပေါင်းအသင်းတို့၏ပူးပေါင်းဆောင်ရွတ်မှူဆိုတာမျိုးလည်းသူမှာမရှိ။
အောင်မြင်သူ=သည်လူတစ်ဖက်သားကိုစိတ်ဝင်စားသည်ပွင့်လင်းတဲ့စိတ်ထားရှိသည်သဘောထားကြီးသည်မတူသောအယူအဆမတူ
မတူးသောသူများအပေါ်သည်းခံနိုင်စွမ်းရှိသည်ခောတ်နဲ့အညီရင်ပေါင်တန်းနိုင်အောင်အမြဲကြိုးစားသည်လောကကိုလည်း
ကောင်းဘဝကိုလည်းကောင်းအပြုဘက်ကမြင်အပြုဘက်ကတွေးသည်မိမိလုပ်ငန်းတွေအောင်မြင်ခြင်းလောကကြီးထဲ့မှာ
မိမိအတွက်တစ်နေရာရှိခြင်းသည်မိမိဆောင်ရွက်ချက်တွေများပြားပြည့်စုံခြင်းအရည်အသွေးပြည့်ခြင်းကြောင့်သာဖြစ်ကြောင်း
ကောင်းစွာသိသည်။သူသည်ကတိပြုထားသည်ထက်ပို၍ကောင်းမွန်ပြည့်စုံအောင်ဆောင်ရွတ်ပေးတတ်သည့်အလေ့အထကို
မွေးမြူထိန်းသိမ်းသည်
မအောင်မြင်သူ=သည်အချောင်စားချင်စိတ်ကြီးစိုးနေသည်လောကကိုလည်းကောင်းပတ်ဝန်းကျင်ကိုလည်းကောင်းအယုံအကြည့်မရှိ။
အောင်မြင်သူ=သည်ဤကမ္ဘာ၌လူဖြစ်ရခြင်းအတွက်ပင်ယမ်းမြောက်ကျေနပ်ခြင်းဖြစ်သည်သူသည်ပတ်ဝန်းကျင်အပေါ်နှစ်သက်ခင်မင်မှူရှိပြီး
အများအကျိုးဆောင်ရွက်ရန်လည်းအမြဲတက်ကြွထက်သန်နေသည်။
ခြုံပြောရသော်.........
အောင်မြင်သူနဲ့မအောင်မြင်သူကားစိတ်ဓာတ်ရောလုပ်ရပ်တွေပါတစ်ဦးနှင့်တစ်ဦးတစ်ကမ္ဘာစီခြားကြသူများဖြစ်သည်။ထိုစိတ်
ဓာတ်နှင့်လုပ်ရပ်များကြောင့်ပင်သူတို့၏ဘဝအနေအထားများလည်းကွာခြားသွားရခြင်းဖြစ်သည်။
ဆက်လက်တင်ပြခြင်း
အောင်မျိုး
No comments:
Post a Comment