(ပ)။ဓနဥစ္စာဟူသည်ကိုယ်ရလာတဲ့ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းသည်ကိုယ်အတွက်ကိုယ်ပိုင်ဥစ္စာဖြစ်ရမည်ဆိုသောစကားကို
...လက်စွဲသြဝါဒအဖြစ်ခံယူကြဖို့(or)အိပ်ထဲထည့်လိုက်တဲ့ပိုက်ဆံဆယ်ပြားမှကိုးပြားကိုဘဲသုံးတယ်ဆိုတဲ့လေ့ကျင့်ခန်း။
...ဆယ်ပုံတစ်ပုံကိုမိမိနှင့်မိသားစု၏အနာဂတ်အတွက်ချန်လှပ်သိမ်းဆည်းတတ်သူထံသို့သာဝမ်းမြောက်ပျုငှာစွာရောက်
ရှိလာလာတတ်မြဲဖြစ်သည်။ (ဒု)။ဓနဥစ္စာဟူသည်ယင်းအားအကျိုးအမြတ်ဖြစ်အောင်ခိုင်းစေတတ်သောသူအတွက်ကျိုးနွံ့ကျေနပ်စွာအားထုတ်လုပ်ကိုင်
ပေးစမြဲဖြစ်၍ထိုသူ၏လက်၌သိုးအုပ်နွားအုပ်များသဖွယ်အဆတိုးပွားများပြားလာတတ်သောသဘောရှိပေသည်။
ငွေကြေးကိုစနစ်တကျခန့်ခွဲသုံးစွဲခြင်း၊ခင်ဗျားတို့မှာမဖြစ်မနေသုံးစွဲရမယ့်ကိစ္စတွေအတွက်ငွေကြေးသတ်သတ်မှတ်မှတ်
ရှိဖို့၊အဓိပါယ်ရှိသောအလိုဆန္ဒတွေလျှောက်ပတ်သောချမ်းသာပျော်ရွင်မှူတွေအတွက်အကုန်အကျခံနိုင်ဖို့၊အဲဒီ
သုံးစွဲမှူနှစ်ရပ်ပေါင်းသည်ခင်ဗျားတို့ဝင်ငွေ၇ဲ့ဆယ်ပုံကိုးပုံဆိုတဲ့ဘောင်အတွင်းမှာရှိဖို့ဘတ်ဂျက်ကိုစီစဉ်ရေးဆွဲပါ၊
ပြီးတော့အဲဒီအတိုင်းလိုက်နာကျင့်သုံးပါ။
(တ)။ဓနဥစ္စဟူသည်ယင်းအားဂရုစိုက်ရင်းနှီးမြုပ်နှံမှူပြုသူ၊ကျွှမ်းကျင်လိမ္မာသောသူတို့၏အကြံအဥာဏ်ကိုရယူလုပ်ကိုင်သူများ
ထံ၌သာတွယ်ကပ်ခိုလှုံနေတတ်ကြသည်။ကိုယ်စုဆောင်းမိသောအသပြာငွေးဒင်္ဂါးတိုင်းကိုကျွှဲနွားများသဖွယ်
ထိုင်းကျောင်းခိုင်းစေဖို့၊သူတို့၏အမျိုးအနွယ်တွေထပ်ဆင့်ပေါက်ဖွားပေးစေဖို့၊အဲဒီနည်းအားဖြင့်ခင်ဗျားတို့ရဲ့ငွေ
အိတ်ထဲကိုဓနငွေကြေးတွေတစ်သွင်သွင်စီးဝင်စေဖို့စီမှန်ဖန်တီးရေး။
(စတု)။ကံကြမ္မာဆိုးဆိုတာတောက်ပတဲ့ပစ္စည်းမျိုးကိုနှစ်သက်လေ့ရှိတယ်.ဒါကြောင့်ရထားတဲ့ငွေတွေမပျောက်ပျက်အောင်ထိန်း
သိမ်းကာကွယ်ဖို့လိုတယ်။ခင်ဗျားတို့ရဲ့ငွေရင်းကိုစိတ်ချရတဲ့ဌာနမျိုး၊အလိုရှိတဲ့အခါပြန်လည်ရယူနိုင်မယ့်နေရာ
မျိုး၊သင့်တင့်တဲ့အကျိုးအမြတ်မုချရရှိနိုင်မည့်ကဏ္ဍမျိုးမှာသာမြုပ်နှံဖို့နှင့်လုပ်ငန်းအတွေအကြုံရှိသူများကိုတိုင်
ပင်နှီးနှောပြီးသူတို့ထဲကအကြံကောင်းဥာဏ်ကောင်းများရယူအသုံးချဖို့ပဲဖြစ်တယ်.
(ပဉ္စမ)။ကိုယ်ပိုင်အိမ်ရာတစ်ခုရရှိလာအောင်ဆောင်ရွက်ရေး။ကိုယ်ပိုင်အိမ်ရာရှိတဲ့လူတစ်ယောက်ရရှိတဲ့ချမ်းသာသုခတွေအများ
ကြီးပါ။ဒီအထဲမှာအရေးကြီးဆုံးအချက်၊အိမ်လခမပေးရဘူး၊လခအတွက်ငွေကိုတခြားနေရာမှာထည့်လို့ရတယ်
(ဆဌမ)။အနာဂတ်အတွက်ဝင်ငွေသေချာအောင်ဆောင်ရွက်ရေး။ဘယ်သူမှပြေးမလွတ်နိုင်တဲ့အိုနာသေဘေးအရေးကစ္စများ
အတွက်ကြိုကြိုတင်တင်ပြင်ဆင်ထားဖို့။
(သတ္တမ)။ဝင်ငွေရှာဖွေနိုင်စွမ်းတိုးတက်အောင်လုပ်ပါ၊တစ်စုံတစ်ခုဖြစ်မြောက်ဖို့အတွက်ဦးစွာပထမအဲဒီကိစ္စဖြစ်မြောက်စေချင်တဲ့
အလိုဆန္ဒရှိရမယ်။ဥပမာ-ချမ်းသာချင်တယ်၊ချမ်းသာချင်လိုက်တာဆိုရုံနဲ့ချမ်းသာမလာဘူး။ငွေရွေဒင်္ဂါး
ငါးပြားလိုချင်တယ်၊ဘယ်အချိန်ဘယ်ကာလအတွင်းရချင်တယ်၊အဲဒီလိုတိတိကျကျရည်မှန်းတဲ့အခါကျမှ-
အဲဒါဆိုဘာလုပ်ရမလဲနည်းလမ်းရှာဖြစ်လာတယ်။နည်းလမ်းတွေတော့ထလုပ်၊လုပ်တော့ကိုယ်လိုချင်တဲ့ရွေ
ဒင်္ဂါးငါးပြားတကယ်ရလာတယ်။....ငါးပြားရပြီဆိုရင်ဆယ်ပြားရဖို့မခဲယဉ်းဘူး၊နောက်ကျတော့ရာဂဏန်း
ထောင်ဂဏန်းရည်မှန်းပြီးကြိုးစားတဲ့အခါသူဌေးဖြစ်လာတယ်။အရေးကြီးတာကရည်မှန်းချက်မထွေပြားဖို့၊အလို
ဆန္ဒတွေရောထွေးမနေဖို့လိုတယ်။လုပ်ငန်းမှာပိုပြီးပါးနပ်ကျွှမ်းကျင်အောင်မပြတ်ဆည်းပူးလေ့လာခြင်း-
အားဖြင့်မိမိလုပ်ငန်းစွမ်းရည်တိုးတက်အောင်သို့မဟုတ်ငွေရှာမှုစွမ်းရည်တိုးတက်အောင်ဆောင်ရွက်ဖို့နှင့်-
တစ်ဘက်ကလည်းမိမိကိုယ်ကိုလေးစားသောပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်မိမိရဲ့အပြုအမှုများကိုစောင့်ထိန်းလေ့-
ကျင့်ဖို့လိုတယ်....။
ဆက်လက်တင်ပြချက်
အောင်မျိုး
No comments:
Post a Comment