![]() |
![]() |
![]() |
![]() |

Facebook အကောင့် တွေဟာ အသုံးပြု နေရင်း အကြောင်း အမျိုးမျိုး ကြောင့် Lock ကျ တတ်တာကို
Facebook အသုံးပြု နေသူ သူငယ်ချင်း အားလုံးနီးပါး သိကြမှာပါ။
လော့ကျတဲ့ နေရာမှာ ဖုန်းနံပါတ် အတောင်း ခံတဲ့ နည်းနဲ့ လော့ကျ သလို ဓာတ်ပုံရွေးခိုင်းတဲ့ နည်းနဲ့
လည်း လော့ကျ တတ်ပါတယ်။
ဖုန်းကို အသုံးပြုတဲ့ နေရာ မှာ တစ်ခါ တစ်ခါ ကုဒ် မရောက် တာတွေ ကြုံတွေ့ နေရ တတ် ပါတယ်။
တကယ်တော့ ကုဒ်က အမြဲတမ်း မရောက်တာ မဟုတ်ပါဘူး ဘယ်လို နည်းနဲ့မှ ကုဒ်ရောက် မလာ
ဘူး ဆိုရင် နောက်ထပ် နံပါတ် အသစ် တစ်ခု ထပ်ပြီး ဖန်တီးပြီး ကြိုးစား ကြည့်ရင် အဆင်ပြေ သွား
တတ်ပါတယ်။
အခုတင်ပေးမယ့် နည်းလေး ကတော့ Yuilop အကောင့် ဖန်တီး သလို အလုပ် သိပ် မများတဲ့ အပြင်
Facebook Verification ကုဒ်ရောက် တာလည်း တော်တော် သေချာတဲ့ နည်း တစ်ခု ဖြစ်ပါတယ်။
အသုံးပြုတဲ့ ဖုန်းနံပါတ် ကတော့ Pinger ဖုန်းနံပါတ် ဖြစ်ပါတယ်။
Pinger ကို အသုံးပြုဖို့ ကလည်း Yuilop အသုံးပြု တုန်းကလို VPN ကျော်တဲ့ ဆော့ဝဲ တစ်ခုခု လိုတာ
ပါပဲ အသစ်အဆန်း လည်းဖြစ် အသုံးပြု ရတာလည်း လွယ်ကူ အင်တာနက် လိုင်းအားလည်း သိပ်မ
လိုတဲ့ VPN ကျော်တဲ့ နေရာမှာ အသုံးပြုမယ့် ဆော့ဝဲကတော့ Your Freedom ဆော့ဝဲပဲဖြစ်ပါတယ်။
ဒါကြောင့် အခုနည်းလေး အတွက်လိုအပ်တဲ့ Your Freedom apk ကို အောက်မှာ ဒေါင်းယူလိုက်ပါ။
Pinger apk မရှိသေးရင်လည်း အောက်မှာ တင်ပေးထားပါတယ်။
အားလုံးကို ဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ Your Freedom ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Start Connection ကိုနှိပ်ပေး လိုက်ပါ .. အောက်က ပုံအတိုင်း ပွင့်လာပါမယ်

ပြထားတဲ့နေရာမှာ အမှန်ခြစ်လေးတပ်ပေးပြီး OK ကို နှိပ်ပေးလိုက်ပါ
ခဏလောက်အကြာမှာ ဖုန်းရဲ့အပေါ်ပိုင်း Noti Bar မှာ သော့ပုံလေးပေါ်လာပါမယ်
အဲဒါဆိုရင် ဖုန်းရဲ့ Home Key ကို နှိပ်ပြီး ထွက်လိုက်ပါ
( ဒီနေရာမှာ Your Freedom နဲ့အဆင်မပြေရင်လည်း တခြား VPN ကျော်တဲ့ဆော့ဝဲတစ်ခုခုသုံးထားရင်
အဆင်ပြေပါတယ် )
Pinger ကို ဖွင့်လိုက်ပါ .. Loading ခဏလောက်စောင့်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်

နိုင်ငံအမည်ရဲ့ဘေးကမြှားလေးကို နှိပ်ပေးလိုက်ပါ .. ခဏလောက်အကြာမှာ အောက်ကပုံအတိုင်း နိုင်ငံ
ရွေးစရာတွေ ပေါ်လာပါမယ်

Unided Kingdom ( numbers avable ) ကို ရွေးပေးလိုက်ပါ .. ပြီးရင် Lets do this ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Create account ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း အကောင့်အတွက် ဖြည့်စရာတွေ ကျလာ
ပါမယ်

ပုံမှာပြထားတဲ့အတိုင်း အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ gmail ထည့်ရမယ့်နေရာမှာ တကယ်မရှိတဲ့
gmail ကိုလည်း ထည့်နိုင်ပါတယ်
ပြီးရင်တော့ Create account ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ကျလာပါမယ်

accept ကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ဖုန်းနံပါတ်တွေကျလာပါမယ်

ကိုယ်နှစ်သက်တဲ့ဖုန်းနံပါတ်ကို အမှတ်တပ်ပေးပြီး Get this number ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Confirm ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်သွားပါမယ်

ဒီအဆင့်ကိုရောက်ရင် ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ .. ပြီးရင် Pinger ကို ပြန် Run လိုက်ပါ
အောက်ကပုံအတိုင်း ဖြစ်သွားပါမယ်

No thanks ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Pinger နံပါတ်တစ်ခုကို ပိုင်ဆိုင်ပါပြီ .. ကိုယ်ရထားတဲ့ဖုန်းနံပါတ်ကို ပြန်ကြည့်ချင်တယ်ဆိုရင်
ဖုန်းရဲ့ Menu Key ကိုနှိပ်ပြီး Setting ကိုရွေး လိုက်ရင် ဖုန်းနံပါတ်ကို တွေ့ ရပါလိမ့်မယ်။
ဒါတွေပြီးသွားရင်တော့ Your Freedom ကို ပိတ်ဖို့ ဖုန်းရဲ့ Noti Bar ပေါ်က သော့ပုံလေးကို နှိပ်ပေး
လိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Disconnect ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် လော့ကျနေတဲ့ Facebook အကောင့်ကို ရွေးနိုင်တဲ့ ဖုန်းနံပါတ်တစ်ခုကို ပိုင်ဆိုင်ပြီဖြစ်ပါတယ်။
လော့ဖြည်တော့မယ်ဆိုရင် နိုင်ငံနေရာမှာ United Kingdom ( +44 ) ကို ရွေးပါ။
ဖုန်းနံပါတ်ထည့်ရမယ့်အကွက်မှာ +44 မပါစေပဲ ကျန်တဲ့နံပါတ်တွေကို ထည့်ပေးလိုက်ပါ။
ခဏလောက်စောင့်လိုက်ရင် ကုဒ်ရောက်လာမှာဖြစ်ပါတယ်။
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ
Credit to : အိုင်တီမုဆိုး
No comments:
Post a Comment