
တချို့သော Website များမှ Data ဖိုင်များကိုဒေါင်းလုပ် လုပ်တဲ့အခါ Error Messageတက် လာပြီးဒေါင်း လုပ် လုပ်လို့မရတာ မကြာခဏဖြစ်တတ်ပါတယ်။အဲဒါကိုဒေါင်းလုပ်လုပ်လို့ရအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ..မသိသေးတဲ့သူတွေအတွက်အဆင်ပြေအောင် ရေးပြလိုက်တာပါ။
အပေါ်ပုံမှာပြထားတဲ့အတိုင်း ဒေါင်းလုပ်ယူတဲ့အခါ Message တက်လာရင် Browser
ကိုပြန်ပိတ်လိုက်ပါ။IDM ကိုလဲပိတ်လိုက်ပါ။
ပြီးမှ IDM ကိုပြန်ဖွင့်ပြီး အောက်မှာပြထားတဲ့အတိုင်းတဆင်းချင်းဝင်ပြီး ပြင်သွားပါ။
IDM ကိုဖွင့်လိုက်ပြီး Options ကိုကလစ်ပါ။
IDM ကိုဖွင့်လိုက်ပြီး Options ကိုကလစ်ပါ။
- General မှာ capture downloads the following browsers မှာ Browsers အားလုံးကိုအမှန်ခြစ်ပေးပါ
- အောက်နားမှာရှိတဲ့ Key ကိုနဲနဲကြကြာလေးကလစ်ထားပြီးလွှတ်လိုက်ပါ။ဘောက်တခုတက်လာပါမယ်။
- တက်လာတဲ့ဘောက်မှာ Use the following key[s] to force downloading withIDM for any links မှာ အမှန်ခြစ်ပေးပါ။အဲဒီအောက်က Ctrl ကိုလဲအမှန်ခြစ်ပေးပါ။
- စောစောကဒေါင်းလုပ်လုပ်မရတဲ့ဖိုင်ကိုပြန်ရှာပြီးဒေါင်းလုပ်ကြည့်ပါ။အိုကေပါပြီ။
- မရှင်းလင်းသေးရင်အောက်မှာပုံလေးတွေဖေါ်ပြပေးလိုက်ပါတယ်။ကြည့်ပြီးလုပ်ဆောင်ပါ





အားလုံးအဆင်ပြေပါစေ.......။
No comments:
Post a Comment