ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် နောက်တနေရာ Ifile ကနေဒေါင်းယူပါ http://ifile.it/ya5pfdq
ဆော့ဝဲကို Rar ဖိုင်နဲ့  တင်လို့ ရတာကြောင့် ဒေါင်းလုလုပ်ပြီးရင် WinRAR နဲ့  ဖြေမှရမှာပါ။
ဆော့ဝဲဖိုင်ကို ထုတ်ယူပြီးရင် RUN ရမ်းစရာမလိုပါဘူး ။ Portable
ဖိုင်ဖြစ်တာကြောင့် memory မန်မိုရီစတစ်ထဲမှာ ထည့်ယူသွားလို့ ရပါတယ်။
ဆော့ဝဲဖိုင်ကိုဖွင့်လိုက်ရင် အစိမ်းရောင်နှင့်အနီရောင်ကြက်ခြေခတ်ပုံ FSCapture ဆိုတာကို double click နှစ်ချက် ကလစ်လုပ်လိုက်ပါ ။ စက်ခရင်ပေါ်မှာ အောက်ပါပုံအတိုင်းပေါ်လာမယ်။
-
အဖြူရောင် မျှားနံပါတ်(၁) ကို ကလစ်လုပ်လိုက်ရင်
စက်ခရင်ပေါ်မှာဖွင့်ထားတဲ့ ဝင်းဒိုးဘောက်ကို
ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
- အဝါရောင် မျှားနံပါတ်(၂)ကို ကလစ်လုပ်လိုက်ရင် မိမိလိုချင်တဲ့ ဝင်ဒိုးဘောက်ကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
- အနီရောင်
မျှားနံပါတ်(၃)ကို ကလစ်လုပ်လိုက်ရက် စက်ခရင်ပေါ်က မိမိအလိုရှိရာ
နေရာက စပြီးတော့ ကြိုက်သလိုဆွဲယူပြီး ဓာတ်ပုံရိုက်ယူနိုင်ပါတယ်။ ( ဒီနည်းကို အသုံးများပါတယ် )
- အပြာရောင် မျှားနံပါတ်(၄)ကို ကလစ်လုပ်လိုက်ရင် စက်ခရင်တခုလုံးကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
- အစိမ်းရောင် မျှားနံပါတ်(၅)ကို ကလစ်လုပ်လိုက်ရင် Firefox မှာဖွင့်ထားတဲ့ ဘလော့စာမျက်နှာတခုလုံးကို
Scroll bar ဆွဲစရာမလိုပဲ အောက်ဆုံးထိဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။
- ခရမ်းရောင် မျှားနံပါတ်(၆)ကတော့ ဗီဒီယိုဖိုင် ရီကောဒင်းဖြစ်ပါတယ်။ VZO / skype / Video chat စက်ခရင်ပေါ်မှာ ဗွီဒီယို -chat အားလုံးကို ဖမ်းယူနိုင်ပါတယ်။ မှတ်တမ်းတင်ချင်တဲ့ မောင်- များအတွက်
အကြိုက်ပေါ့ဗျာ ။ ဒီဆော့ဝဲနဲ့  မှတ်တမ်းတင်လို့ ရတယ်ဆိုတာလဲ မော်ဒယ်လေးများ သိကြပါကုန်.......။
အဲဒီမျှားနံပါတ် (၆)ကို နှိပ်လိုက်ရင် အောက်ပါပုံအတိုင်းပေါ်လာမယ်။
အနီရောင်နဲ့  Record ဆိုတာကို နှိပ်ပြီး ကြိုက်တဲ့နေရာကိုရွေးပါ။ Start ဆိုတာလုပ်လိုက်ရင် မှတ်တမ်းတင်နေပြီပေါ့ဗျာ။ ပြီးတော့မယ်ဆိုရင်တော့ Stop ဘေးမှာ အနက်ရောင်အကွက်လေးကို နှိပ်လိုက်ရုံပဲ။ အဲတာဆိုရင် ဘေးမသီရန်မခပဲ
ဗွီဒီယိုဖိုင်တခု မှတ်တမ်းတင်ပြီးသွားဘီပေါ့ဗျာ။ ဒါပေမဲ့ ရလာတဲ့
ဖိုင်ဆိုဒ်က ကြီးနေသေးတယ်မလား။ ဖိုင်ဆိုဒ်ကို ပြန်ချုံ့ ပြီး ဘလော့ပေါ်
တင်ချင်တယ် ဆိုပါတော့....။
Crooner တင်ထားတဲ့ ဒီဘလော့မှာဝင်ဖတ်ပြီး http://forverfriends.ning.com/profiles/blogs/cd-or-dvd-format ဒေါင်းယူလိုက်ရင်အဆင်ပြေပါပြီ။ အဲဒီဆော့ဝဲက အားလုံးကို ဖောမတ်ပြောင်းပေးလို့ ရတယ်။
- အပြာနုရောင်
မျှားနံပါတ်(၇)ကတော့ တခြားမဟုတ်ပါဘူး။ အပေါ်က ဓာတ်ပုံရိုက်တာတွေကို
ဘယ်လိုဖိုင်နဲ့  သိမ်းထားချင်လည်း ဆိုတာရွေးခိုင်းတာပါ။ To Editor
ကိုရွေးပြီး SAVE ဆေ့လုပ်လိုက်တာ အလွယ်ကူဆုံးပေါ့ဗျာ။
အောင်မျို
ရှာဖွေတွေရှိခြင်း
အောင်မျို
ရှာဖွေတွေရှိခြင်း