Wednesday 31 December 2014

facebook မှာemail addressပြောင်းနည်းပါ

အရင်ဆုံး Gmail အသစ်တစ်ခုဖွင့်ဖို့လိုအပ်ပါတယ်။ Gmail အကောင့်သစ်ဖွင့်ပြီးသွားရင် အောက်မှာပြထားတဲ့အတိုင်း အဆင့်ဆင့်ဝင်လိုက်ပါ။
Facebook ကိုဖွင့်လိုက်ပါ။ Account Settings ထဲသို့သွားပါ။
General >> Email >> Add another email >> Add on additional email address: အကွက်မှာ အသစ်ဖွင့်ထားတဲ့ Gmail ကိုထည့်ပါ။ To save this settings please enter your facebook password အကွက်မှာ လက်ရှိသုံးနေတဲ့ Facebook password ကိုထည့်ပေးပြီး Add Email >> Remember ကိုနှိပ်ပါ။ အသစ်ဖွင့်ထားတဲ့ Gmail ထဲမှာ Confirmation Code ကျရောက်သွားမှာဖြစ်ပါတယ်။ homekey နှိပ်ပြီး Gmail ထဲကိုသွားကာ Code ကိုမှတ်ယူလာခဲ့ပါ။ Facebook ထဲကိုပြန်ဝင်ပြီး Add Email နေရာမှ backkey နဲ့တချက်ပြန်ထွက်လိုက်ပါ။
Pending Email နေရာမှာ Gmail အသစ်ရောက်ရှိနေပြီး Code ထည့်ရန်အတွက် Confirm Email Address ကိုနှိပ်ဝင်လိုက်ပါ။
Enter confirmation code မှာ စောစောကမှတ်လာခဲ့တဲ့ Code ကိုထည့်ပေးပြီး Confirm ကိုနှိပ်ပါ။ ခဏစောင့်ပေးပါ။ 
Facebook က News Feed တွေတက်လာရင် backkey နဲ့ပြန်ထွက်ခဲ့ပါ။ 
Primary Email ထဲကိုဝင်ပါ။ 
Choose primary email address: မှာ Gmail အသစ်ကိုအမှန်ခြစ်ခြစ်ပေးပြီး Facebook Password ရိုက်ထည့်ကာ Save လုပ်လိုက်ပါ။
Account Email မှာ အရင်အဟောင်းကိုဖျက်လိုလျှင် Remove လုပ်ပါ။ မဖျက်လဲရပါတယ်။
Gmail အသစ်ကိုတော့တခြားသူမမြင်နိုင်အောင် Only Me လုပ်လိုက်ပါ။
အားလုံးပြီးသွားရင် Facebook ကို Log out လုပ်လိုက်ပါ။
Facebook ပြန်ဖွင့်တဲ့အခါမှာ Gmail အသစ်နဲ့ Log in ဝင်လို့ရပါပြီ။
အားလုံးအဆင်ပြေကြပါစေ...
aunggmyo ပြန်လည်မျှဝေခြင်း

No comments:

Post a Comment