Thursday 2 January 2014

Huawei U8825d ကို Root လုပ်ပြီး Myanmar Font ထည့်နည်း


 

Chat Box ကနေ တောင်းဆိုထားတဲ့ Huawei U8825d ကို root လုပ်ပြီး Myanmar font ထည့်နည်းလေးပါ..။ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပြီး လွန်ခဲ့တဲ့ တစ်ပတ်ကမှ သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းကို Myanmar font ထည့်ပေးထားတာပါ..။ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..။

အရင်ဆုံး အောက်က link မှာပါတဲ့ ဖုန်းdriver ကို computer မှာ အရင် install လုပ်လိုက်ပါ..။


Huawei U8825d ကို Myanmar Font ထည့်ဖို့အဆင့်(၄) ဆင့်နဲ့ ပြုလုပ်သွားရမှာဖြစ်ပါတယ်..။

(၁) Bootloader Unlock ပြုလုပ်ခြင်း။

Bootloader Unlock ပြုလုပ်ရန် http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock ကို သွားပါ..။ အောက်မှာပါတဲ့ ပုံတွေအတိုင်း အဆင့်အဆင့်ဖြည့်ပေးပါ..။


S/N number နဲ့ IMEI/MEID နံပါတ်တွေကို မိမိ၏ ဖုန်းကို ဘက်ထရီဖြုတ်လိုက်လျှင်တွေ့နိုင်ပါတယ်။
Product ID ကိုတော့ ဖုန်းခေါ်သည့်နေရာတွင်*#*#1357946#*#*ရိုက်ထည့်ခြင်းဖြင့် တွေ့နိုင်မည်ဖြစ်ပါတယ်။ နောက်ဆုံး မိမိရဲ့ Email ရိုက်ထည့်ပေးလိုက်ပြီးအနီရောင်ခလုပ်လေးကို နှိပ်ပေးလိုက်ပါ..။ Huawei မှ ကိုယ့်ရဲ့ Email ထဲကို Unlock Code ပြန်ပို့ပေးပါလိမ့်မယ်..။ တစ်ခါတစ်လေ ချက်ချင်းပြန်ပို့ပေးသလို တစ်ခါတစ်လေ ၃ ရက်လောက်ကြာတတ်ပါတယ်.. (ကျွန်တော်တော့ ၃ ရက်ကြာပါတယ်..။)

Email ထဲမှ Unlock Code ရပြီဆိုတာနဲ့ ဖုန်းကိုBootloader Unlock ပြုလုပ်လို့ရပါပြီ…။ မလုပ်ခင် မိမိဖုန်းရဲ့ SMS, contacts, call log အစရှိတာတွေကို အရင်ဆုံး backup လုပ်ထားပေးပါ.. (ဒီမှာ ဖတ်ရှုနိုင်ပါတယ်..။)

Unlock လုပ်ရန်..အောက်မှာပါတဲ့ link ကို အရင်ဆုံးdownload ပါ..။


ဒေါင်းထားပြီး ရလာသည့် rar ဖိုင်ကို ကွန်ပျူတာထဲတွင်ဖြည်ထားပါ။ ဖုန်းရဲ့
Settings>Application>Fast boot ကို ကလစ်ဖြုတ်ပြီး power off လိုက်ပါ။
ပိုသေချာအောင် ဘက်ထရီကို ဖြုတ်ပြီး အနည်းဆုံး ၅စက္ကန့်လောက် အကြာထားလိုက်ပါ။
ပြီးနောက် volume down နဲ့ power ခလုပ် ကိုတွဲပြီး ၁၅ စက္ကန့် လောက် အနည်းဆုံး
နှိပ်ထားပြီး Bootloader mode ထဲကိုဝင်ပါ။ ပြီးလျှင် USB cable ဖြင့်ကွန်ပျူတာကို ချိတ်ပြီး
အပေါ်မှာဒေါင်းပြီး ဖြည်ထားတဲ့ G330D a key to unlock ဖိုဒါထဲက G330D键解锁.exe
ဖိုင်လေးကို run ပေးလိုက်ပါ။


Run ပြီး ပေါ်လာတဲ့ box ထဲကို မေးထဲကိုရောက်နေတဲ့unlock code ကို ရိုက်ထည့်ပြီး Enter
ခေါက်လိုက်လျှင် ဖုန်းဟာ restart ကျသွားပါလိမ့်မယ်။ ဒါဆို bootloader ကို unlock လုပ်လို့
ပြီးပါပြီ။

(၂) CWM Recovery တင်ခြင်း။

CWM Recovery တင်ရန် အောက်က link မှာပါတဲ့ file ကို အရင်ဆုံး Download ရယူပါ..။

Huawei ဖုန်းတွေရဲ့ ထုံးစံအတိုင်းဖုန်းကိုပိတ် ဘက်ထရီ
၅စက္ကန့်ဖြုတ် ပြန်တပ် volume down နဲ့power ကိုတွဲနှိပ် ၁၀စက္ကန့်ခန့် 3G မှာရပ်နေပြီဆို
fastboot mode ကိုရောက်ပါပြီ။ ဒါဆို ကွန်ပျူတာကိုUSP ကြိုး နဲ့ချိတ်လိုက်လို့
ညာဖက်အောက်နားက USP Drive လေးကိုရှာတွေ့လို ရပ်သွားပြီဆို ဒေါင်းထားတဲ့
recovery6.0.1.0_AscendG330D.rar လေးကို ဖြည်ထားတဲ့ ထဲက
recovery6.0.1.2_AscendG330D.exe လေးကိုrun ပေးလိုက်ပြီး ပထမအဆင့်မှာ 1
ကိုရွေးပြီး Enter ၂ ခါ ရိုက်လိုက်တယ် ဆိုရင်ပဲ ဖုန်းဟာ rebooting ဖြစ်သွားပြီး CWM ကို
သွင်းပြီး ဖြစ်သွားပါလိမ့်မယ်။ CWM ရမရ ကြည့်ချင်ရင်Volume up နဲ့ Power ကိုတွဲပြီး ၁၀
စက္ကန့်လောက် ကြာရင် CWM-based Recovery v6.0.12 ဆိုတာလေး ကိုတွေ့ရပါမယ်။

(၃) Root ပြုလုပ်ခြင်း

အောက်က link မှာပါတဲ့ file လေးကိုဒေါင်းပြီးဖုန်းရဲ့SD ကဒ်ထဲကို ကူးထည့်ပါ။ (file ကို မဖြည်ပဲနဲ့..rar file အနေနဲ့ပဲ ကူးထည့်ရမှာဖြစ်ပါတယ်..။)

Superuser Download link >>> http://www.mediafire.com/?s8dk7j0974d7t27

ပြီးရင် CWM လေးထဲဝင်လိုက်ပြီး install zip
from sdcard ကိုရွေးပြီး ၀င်လိုက်ရင်ပဲ SD card ထဲကိုရောက်သွားပါမယ်။အဲ့ထဲမှာမှ sdcard
ထဲ ကူးထည့်ထားတဲ့ superuser.zip ဖိုင်လေးကို ရွေး ပေးလိုက်ပါ။ ဒါဆို superuser.zip ဖိုင်လေးကို install လုပ်ပေးပါ့မယ်။ ပြီးရင်တော့ ဖုန်းကို reboot
လုပ်ကြည့်လိုက်တယ် ဆိုရင်ပဲ Superuser logo လေးကိုမြင်ရမှာဖြစ်ပြီး Root လုပ်ပြီးသား Huawei U8825D ဖုန်းတလုံးကိုပိုင်ဆိုင်ခွင့်ရသွားပါပြီ။

(၄) မြန်မာ Font ထည့်သွင်းခြင်း။

Rootရပြီဆိုရင်တော့ မြန်မာ font ထည့်သွင်းဖို့က ထမင်းစားရေသောက်ထက်တောင် လွယ်ပါသေးတယ်..။Myanmar Mobile App Store ရဲ့ Zawgyi Font Changer ကို install လုပ်လိုက်ပါ..။

Zawgyi Font Changer Download link>>> http://www.mediafire.com/?p9vg55rwg16r

ကဲ…… အဆင်ပြေကြပါစေဗျာ…။

No comments:

Post a Comment