Saturday 28 December 2013

Windows 8 တွင် zawgyi font အသုံးပြုနည်း



ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင် winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။

ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။

အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။ ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။ Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။


အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။


အဆင့်(၃) Override for default input method ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ။ ဒါဆိုရင် zawgyi font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

To download (For zawgyi-keyboard) >> Mediafire

To download (For IEZawGyiGtalkfont) >> Mediaifre

အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment