Monday 11 November 2013

မလေးရှားပါမစ်မှန်/ မမှန် စစ်ကြည့်ရန်


မလေးရှားရောက်နေတဲ့ ရွှေညီအကိုတို့

အေးဂျင်းကတဆင့်လျှောက်ထားပြီးရလာတဲ့ မိမိတို့ ပါမစ် မှန် မမှန်ကို အောက်ပါ ဝက်ဆိုက်မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။

1. No. Documen မှာ မိမိရဲ့ ပတ်စ်ပို့ နံပါတ်ထည့်ပါ။

2. Warganegara မှာ Myanmar ကို ရွေးပေးပါ။

3. Carian ကို နှိပ်လိုက်ပါ။

ဒါဆို မိမိရဲ့ပတ်စ်ပို့အချက်အလက်များကို စာမျက်နှာ အောက်ခြေမှာ ကြည့်ရှုနိုင်ပါပြီ။

အချက်အလက်မတွေ့ရင်တော့ အလိမ်ခံရပြီဟုသာ မှတ်ပေရော့။ အခုတလော ပါမစ်မပါသည့်စာအုပ်ပင် ပြန်မရတော့ဘဲ နိုင်ငံပျောက်ဖြစ်ရသည့် မြန်မာများကို တပုံတခေါင်းတွေ့ခဲ့ရ၏။

မြန်မာအေးဂျင်းများ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်ညစ်ပတ်မှုကြောင့် တိုင်းတပါးတွင် ဒုက္ခလှလှတွေ့ရသည့် မြန်မာများအကြောင်း နောက်များမှ စာတတန် ပေတဖွဲ့ စီပါမည်။

တိုက်ဆိုင်စစ်ဆေးရန်ဝက်ဆိုက်

https://eservices.imi.gov.my/myimms/enqApplSts
or..ကိုမာန်အောင်

No comments:

Post a Comment