Cbox ကနေ ကိုထက်ပိုင် မေးထားတဲ့ ပြဿနာလေးကို ကျွန်တော် သိသလောက်လေးကို
စဉ်းစားပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းလေး ရေးပြီးဖြေရှင်းပေးလိုက်ပါတယ်။ အခြားသောသူတွေလဲ
ဒီလို ပြဿနာဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းနိုင်အောင်လို့ Post အနေနဲ့ ရေးပြီးတင်ပေးလိုက်တာပါ။
ကျွန်တော်ပုံမှာ ပြထားတဲ့နေရာမှာ keyboard လေးပါပျောက်နေတယ်လို့ ဆိုတဲ့အတွက် ကျွန်တော်
ဒီနည်းလေးနဲ့ ဖြေရှင်းပေးတာပါ။ အရင်ဆုံး Control Panel ကို သွားပါမယ်။ Beginner တွေအတွက်
Control Panel ကို သွားဖို့ အခြေခံကအစ ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ်။ ပိုတယ်လိုတော့ မထင်ပါ
ပါနဲ့ဗျာ။ တကယ်ကို ဘာမှမသိသေးသူတွေအတွက်ကျတော့ ဘယ်အရာပဲဖြစ်ဖြစ် တော်တော်လေး
ခက်ခဲပါတယ်။ ပုံလေးတွေနဲ့ ရှင်းပြတော့မှ အော်...ဒီလိုပါ့လားလို့ နားလည်နိုင်မှာမို့ပါ။ လိုအပ်ရင်
တော့ အောက်မှာ ဆက်ကြည့်လိုက်ပါ......
ပုံ (၁)
Control Panel ကိုရောက်ရင် Region and Language ဆိုတာကို Click လိုက်ပါ....
ပုံ (၂)
ပုံ (၃)
ပုံ (၃) အတိုင်း keyboard and languages ကို click ပြီး change keyboards ကို click လိုက်ပါ
ပုံ (၄)
ပုံ (၄) မှာ မိမိလိုအပ်တဲ့ keyboard မရှိရင် add လုပ်နိုင်သလို မလိုအပ်တဲ့ keyboard ရှိနေရင်လဲ
remove လုပ်နိုင်ပါတယ်။
ပုံ (၅)
ပုံ (၅) မှာ ပြထားတဲ့အတိုင် add လုပ်လိုက်ပါ။ window 7 မှာ မြန်မာဘာသာဆိုပြီး ထည့်ပေး
မထားသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်တွေကို အမြဲတမ်း English (United State) ရဲ့
အောက်မှာ ထားပေးထားပါတယ်။ ရှာရတာ လွယ်ပါတယ်။ English (United State) ကိုတွေ့
ရင် ဇော်ဂျီကီးဘုတ်လဲ တွေ့ပါပြီ။ အမှန်ခြစ်လေးရှိမနေရင် အမှန်ခြစ်ပေးပြီး Ok ကို click ပါ...
ပုံ (၆)
ပုံ (၆) ကတော့ ဒီပြဿနာနဲ့ မဆိုင်ပါဘူး။ zawgyi အကြောင်းပြောရင်း မသိသေးတဲ့သူတွေအတွက်
ဗဟုသုတ အနေနဲ့ ပြောပြတာပါ။ သာမာန်ဆိုရင် အင်္ဂလိပ်ကနေ မြန်မာဖောင့် ပြောင်းတော့မယ်ဆိုရင်
Shift+Ctrl ပြောင်းရတာပေါ့။ မိမိစက်ကို သူများတွေ(အလိုက်မသိတတ်သူတွေ) မသုံးစေချင်ရင်တော့
အင်္ဂလိပ်ဖောင့်ကနေ မြန်မာဖောင့် ပြောင်းတဲ့ Shift+Ctrl ကီးနေရာမှာ မိမိကြိုက်တဲ့ ကီးထည့်ထားခြင်း
အားဖြင့် စက်ကို မိမိမှလွဲပြီး တခြားသူတွေ (ဒီနည်းနဲ့ ကီးမရှာတတ်တဲ့သူတွေ) မြန်မာဖောင့်သုံးလို့မရ
နိုင်ပါဘူး။
ပုံ (၅) အတိုင်း add ပေးတာတောင် taskbar မှာ keyboard မပေါ်သေးဘူးဆိုရင် စာရိုက်လို့မရတာ
ဖြစ်တတ်ပါတယ်။ အဲဒါဆိုရင်ဆိုရင်တော့ အောက်က ပုံ (၇) အတိုင်း ပြင်ပေးလိုက်ပါ....
ပုံ (၇)
ပြင်ပြီးပြီ ဆိုရင်တော့ အောက်က ပုံ (၈) အတိုင်း taskbar မှာ keyboard icon လေးပေါ်လာပြီး
စာရိုက်တာ အဆင်ပြေပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်
တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ ပုံ (၅) အဆင့်မှာ error ပြပါတယ်။ အဲဒါဆိုရင်တော့ ဒီ
window မှာ အခုသုံးထားတဲ့ zawgyi နဲ့ ဘယ်လိုမှ သုံးမရတာပါ။ အခြားအဆင်ပြေမယ့် zawgyi
တစ်ခုခုကို ပြောင်းပြီး အသုံးပြုလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ပုံ (၈)
မူ၇င်း..လုလင်မောင်
No comments:
Post a Comment