ကျေးဇူးရှင် ဖေဖေနဲ့မေမေ
******************
ငါအိုသွားသောအခါ
ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးကြပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးကြပါ။
... ချည့်နဲ့ နဲ့ လက်တွေနဲ့  ထမင်းဟင်းတွေဖိတ်စင်သွားသောအခါ ၊ အင်္ကျီ၊ လုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါကိုမရွံပါနဲ့ ။
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေှးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မကပြောဖူးခဲ့တဲ့ စကားတွေပြန်ပြောမိတဲ့အခါ စကားမပြတ်ဘဲ ကျေးဇုးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တညပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့ ပုံပြင်တွေ မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အလှူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ။
ငယ်ငယ်တုန်းက ချော့တလှည့်ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ပုံရိတ်လေး ကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့  ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့  ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စအရွယ်တုန်းကတစ်လှမ်းချင်း တစ်လှမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကြည့်ပြီး ၀မ်းမနည်းပါနဲ့ ။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ ဘ၀အတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတာ နဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့
့ ငါ့မေတ္တာတွေ တွေ့ ရမှာပါ။
(မိဖကို ချစ်တတ်တဲ့ သားသမီး အားလုံး အတွက်)
******************
ငါအိုသွားသောအခါ
ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးကြပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးကြပါ။
... ချည့်နဲ့ နဲ့ လက်တွေနဲ့  ထမင်းဟင်းတွေဖိတ်စင်သွားသောအခါ ၊ အင်္ကျီ၊ လုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါကိုမရွံပါနဲ့ ။
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေှးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မကပြောဖူးခဲ့တဲ့ စကားတွေပြန်ပြောမိတဲ့အခါ စကားမပြတ်ဘဲ ကျေးဇုးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တညပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့ ပုံပြင်တွေ မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အလှူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ။
ငယ်ငယ်တုန်းက ချော့တလှည့်ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ပုံရိတ်လေး
ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့  ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့  ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စအရွယ်တုန်းကတစ်လ
တစ်နေ့ ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကြည့်ပြီး ၀မ်းမနည်းပါနဲ့ ။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ ဘ၀အတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတာ နဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့
့ ငါ့မေတ္တာတွေ တွေ့ ရမှာပါ။
(မိဖကို ချစ်တတ်တဲ့ သားသမီး အားလုံး အတွက်)
No comments:
Post a Comment