Friday, 13 July 2012

အောင်မြင်မှူကျင့်စဉ်(၁၀)ရပ်

၁)လူတိုင်းကိုပြူံးရွှင်ချိုသာစွာခေါ်ပြောဆိုဆက်ဆံပါ။မင်္ဂလာပါဆိုတဲ့နူတ်ခွန်းဆက်သံဟာကြားရသူကိုကြည်နူးစေပါတယ်။


၂)မိမိမျက်နှာမှာ အပြုံးကိုဆောင်ပါ.မျက်မှောင်ကျုံ့ဖို့ အတွက်မျက်နှာပြင်မှာအကြော(၇၂)ခုလှူပ်ရှားရမှာဖြစ်ပြီးပြုံးဖို့ကတော့
(၁၄)ခုသာလှူပ်ရှားရပါတယ်.ဒီတော့ပြုံးရတာကပိုပြီးသက်သာလွယ်ကူပါတယ်။အစဉ်အမြဲပြုံးနိုင်ပါစေ။လောက ကိုအပြုံးနှင့်အလှဆင်ပါ။

၃)လူတိုင်းကိုနာမည်ခေါ်ပြီးပြောဆိုပါ။မိမိရဲ့နာမည်ကိုတစ်ဖက်လူကအသိအမှတ်ပြုကာခေါ်ပြောဆက်ဆံခံရတာကိုလူတိုင်းဝမ်း

သာပါတယ်။လူနဲ့နာမည်ယှဉ်တွဲပြီးမှတ်မိတက်သူအဖို့လူချစ်လူခင်ပေါများပါတယ်။


၎)လူတိုင်းအပေါ်မေတ္တာထားပြီးချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးဆက်ဆံပါ။စေတနာနဲ့ကူညီပါ။တုံ့ပြန်မေတ္တာကိုခံစားရမှာပါ။


၅)လူတိုင်းကိုစိတ်ရောကိုယ်ပါလှိုက်လှဲစွာဆက်ဆံပါ.လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကျေနပ်စရာပါ.မိတ်ဆွေများခြင်းဟာ

အောင်မြင်ဖို့အကြောင်းတစ်ခြုဖစ်ပါတယ်။


၆)လူတွေကိုစိတ်ဝင်စားပါ။သူတို့ရဲ့ဘ၀ကိုသိရှိနားလည်ပြီးစာနာစိတ်ထားပါ။


၇)လူတွေကိုချီးမွမ်းရာမှာရက်ရောပါ။လူတွေရဲ့အားသာချက်ကိုဖော်ထုတ်ချီးကျူးပါ.အားနည်းချက်ကိုထောက်ပြဝေဖန်တာ

အပြစ်တင်တာမလုပ်ချင်ပါနဲ့။


၈)သူတစ်ပါးရဲ့တွေးအမြင်ကိုလေးစားပါ.ကိစ္စတိုင်းမှာမတူတဲ့အတွေးအမြင်ရှိတက်တာကိုသဘောပေါက်နားလည်ထားပါ.

သူ့အမြင်ကိုယ့်အမြင်နဲ့အမှန်တရားတို့ဟာကွဲပြားတက်ပါတယ်။


၉)သူတစ်ပါးရဲ့အကျိုးကိုဆောင်လိုစိတ်ထားပါ.ဘယ်သူကိုမဆိုကူညီခွင့်ရတာဟာဝမ်းသာစရာပါ.

လူဘောင်လောကမှာလူသားအဖို့အများအကျိုးဆောင်ရွှက်ခြင်းဟာအမြတ်ဆုံးပါ။


၁၀)ပရဟိတ စိတ်မွေးမြူပါ.ကျင့်သုံးပါ.။။   အောင်မျိုး......

No comments:

Post a Comment