Thursday, 14 November 2013

Facebook အကောင့်အသစ်ဖွင့်ရင် lock မကျအောင်ဖွင့်မယ်



မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ facebook အကောင့်အသစ် ဖွင့်ရင် လော့ကျကျနေတ ယ်ပြောလို့ အဆင်ပြေနိုင်ဆုံးနည်း လမ်းလေးကို ပြန်လည်ဝေမျှပေး တာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် အကောင့် လေးခုလောက် စမ်းပြီး ဖွင့်ပေးပြီးသွားပါပြီး လော့ မကျပါဘူးအဆင်ပြေပါတယ်။ သူငယ်ချင်း အားလုံးလည်း ဒီနည်းလမ်းလေးကို အသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။ စမ်းသပ် ကြည့်မဲ့သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox browser လေးနဲ့ ဖွင့်မဲ့နည်းလမ်းေ လးကိုပြောပါ့မယ်။
ဒါနဲ့ ဘယ်လိုစမ်းမိသွားလည်း ဆိုတော့ လာလာနှိပ်စက်တဲ့သူတွေ ရှိနေလို့ပါ မနေနိုင်လို့ လုပ်ပေးရင်းနဲ့ ဒီနည်းလမ်းလေးတွေ့သွားတာပါ။ အရင်ဆုံး facebook အသုံးပြုဖို့အတွက် mail တစ်ခု ရှိဖို့လိုအပ်ပါတယ် ရှိပြီးသားသူငယ်ချင်းတွေအတွက်တော့ ဒီအဆင့်က မလိုပါဘူး မရှိသေးတဲ့သူငယ်ချင်းများအတွက်တော့ mail တစ်ခုဖွင့်လိုက်ပါ ဘာမေးဖြစ်ဖြစ်ပါ အလွယ်ဆုံးကတော့ yahoo.com မှာ yahoo mail အသစ်တစ်ခုသွား ဖွင့်လိုက်ပါ။ အကောင့် လုပ်နည်းလေးပါ တစ်ခါတည်းပြောပေးပါ့မယ်ခင်ဗျာ။






အောက်က အဆင့်မှာတော့ တစ်ခါတစ်လေး ဖုန်းနံပါတ်လေးထည့်ပြီး verify လုပ်ခိုင်းပါတယ် တစ်ခါတစ်လေကျတော့လည်း eye test စာလုံးလေးတွေ မှန်အောင်ရိုက်ခိုင်းပြီးတော့လုပ်ရပါတယ်။ အကောင့်ရသွားပြီ ဆိုရင်တော့ firefox ကိုပိတ်လိုက်ပါ။ windown logo နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box တတ်လာပါလိမ့်မယ် အဲဒီ run box ထဲမှာ %appdata% ဆိုတာရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖိုဒါတွေ များကြီးတတ်လာပါလိမ့်မယ်။ အဲဒီထဲကမှ mozilla ဖိုဒါကိုရှာပြီး Shift Delet နှိပ်ပြီး ဖျက်ပစ်လိုက်ပါ။


ဖျက်ပြီးသွားရင်တော့ firefox icon လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ။ Install လုပ်စဉ်ကအတိုင်း setting ပြန် run ပါလိမ့်မယ် ပြီးသွားရင် firebox တတ်လာပါပြီခင်ဗျာ။ facebook အကောင့်လုပ်ဖို့အတွက် www.facebook..com သို့သွားလိုက်ပါ။


ကောင့်ရသွားရင်တော့ နောက်တစ်မျက်နှာရောက်သွားပါလိမ့်မယ် ။



Save & Continue ကိုနှိပ်လိုက်ပါ set profile picture ကိုရောက်သွားပါလိမ့်မယ်။

ပြီးသွားရင်တော့ save & continue ကိုနှိပ်လိုက်ပါ home page တတ်လာပါပြီ အဲဒီမှာ go to your gmail ဆိုတာလေး ပေါ်လာပါလိမ့်မယ် မနှိပ်လိုက်ပါနဲ့ နှိပ်လိုက်ရင်တော့ lock ကျပါပြီ တစ်ခါတစ်လေလည်းမကျပါဘူး ကျတာက များပါတယ်။ ဘာပဲဖြစ်ဖြစ်မနှိပ်ပါနဲ့ firefox မှာ New Tab ခေါ်လိုက်ပါ။ မိမိအကောင့်လုပ်တဲ့ mail ကိုဖွင့်လိုက်ပါ။ facebook က ပို့ထားတဲ့ Just for one more step ဆိုတဲ့ မေးလေးရောက်ပါလိမ့်မယ် အဲဒါဆိုရင်တော့ ပထမဖွင့်ထားတဲ့ facebook page မှာ news feeds ကနေ post အသစ်တစ်ခုလောက် ချက်ခြင်းတင်လိုက်ပါ။ တင်ပြီးသွားရင်တော့ မေးထဲမှာ facebook ကပို့ထားတဲ့မေးကို ဖွင့်ပြီး activate လုပ်လို့ရပါပြီ။




facebook အကောင့် complete singup လုပ်သွားပါလိမ့်မယ်။ ခုဆိုရင် facebook အကောင့်ကို လော့မကျအောင် ဖွင့်နည်းလေး ပြီးပါပြီး ဖုန်းထဲမှာပဲ ဖြစ်ဖြစ် အကောင့်ကို sing out လုပ်ပြီး ပြန်ဝင်ကြည့်တာပဲဖြစ်ဖြစ်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ။ စမ်းသပ်ပြီးသားလေး အဆင်ပြေအောင် ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ gmail ရှိပြီးသား သူငယ်ချင်းများလည်း gmail အကောင့်နဲ့ဖွင့်နိုင်ပါတယ်ခင်ဗျာ။ လာရောက်အားပေးကြတဲ့သူငယ်ချင်းများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
http://bluenavyblog.blogspot.com
 

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်


အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..
ဒီပို့စ်မှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် Gmail အကောင့်သစ်ကိုလည်း Free ဖွင့်ပြထားပါတယ် ..

www.k7.net မှာ အကောင့်သစ်ဖွင့်ပြီး ဖုန်းနံပါတ်ယူတဲ့နည်းပါ .. အသေးစိပ်ကိုတော့ ဒီပို့စ် (or) ဒီမှာ မှာ
သွားဖတ်နိုင်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့ Facebook အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )




ယူကျု ကနေကြည့်လိုပါက သည်မှာ သွားပြီးကြည့်နိုင်ပါတယ်.....

မူရင်.လင့်

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ


အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။
ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။

သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ “ဆေး” စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ “I can’t identify my account” အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။


Myanmar Consumer Guide

Monday, 11 November 2013

မလေးရှားပါမစ်မှန်/ မမှန် စစ်ကြည့်ရန်


မလေးရှားရောက်နေတဲ့ ရွှေညီအကိုတို့

အေးဂျင်းကတဆင့်လျှောက်ထားပြီးရလာတဲ့ မိမိတို့ ပါမစ် မှန် မမှန်ကို အောက်ပါ ဝက်ဆိုက်မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။

1. No. Documen မှာ မိမိရဲ့ ပတ်စ်ပို့ နံပါတ်ထည့်ပါ။

2. Warganegara မှာ Myanmar ကို ရွေးပေးပါ။

3. Carian ကို နှိပ်လိုက်ပါ။

ဒါဆို မိမိရဲ့ပတ်စ်ပို့အချက်အလက်များကို စာမျက်နှာ အောက်ခြေမှာ ကြည့်ရှုနိုင်ပါပြီ။

အချက်အလက်မတွေ့ရင်တော့ အလိမ်ခံရပြီဟုသာ မှတ်ပေရော့။ အခုတလော ပါမစ်မပါသည့်စာအုပ်ပင် ပြန်မရတော့ဘဲ နိုင်ငံပျောက်ဖြစ်ရသည့် မြန်မာများကို တပုံတခေါင်းတွေ့ခဲ့ရ၏။

မြန်မာအေးဂျင်းများ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်ညစ်ပတ်မှုကြောင့် တိုင်းတပါးတွင် ဒုက္ခလှလှတွေ့ရသည့် မြန်မာများအကြောင်း နောက်များမှ စာတတန် ပေတဖွဲ့ စီပါမည်။

တိုက်ဆိုင်စစ်ဆေးရန်ဝက်ဆိုက်

https://eservices.imi.gov.my/myimms/enqApplSts
or..ကိုမာန်အောင်

android phone and tablet တွေကို root မလုပ်ဘဲ မြန်မာဖောင့် သွင်းကြည့်ခြင်း


android phone and tablet တွေကို root မလုပ်ဘဲ မြန်မာဖောင့် သွင်းကြည့်မှာပါ အလွယ်ကူဆုံးနည်း ဖြစ်ပါတယ်။ ဒါပေမဲ့ root မလုပ်တဲ့ အတွက် ဆိုးကျိုးတွေကတော့folder တွေ data တွေကို တော့မြန်မာလို နာမည်ပေးလို.လဲမရ မြင်လို.လဲ ရမှာတော့မဟုတ်ပါဘူး ကောင်းကျိုးတွေကတော့ browser တွေမှာ မြန်မာစာ မြင်နိုင်ခြင်း မြန်မာလိုစာရိုက်လို.ရခြင်း မြန်မာလိုရေးသားထားတဲ့ ဆော့ဝဲတွေ အားလုံး ကို မြန်မာလို ဖတ်ရှူ.နိုင်ခြင်း စတဲ့ ကောင်းကျိုးတွေတော့ ရလာမှာပါ။ ဒီပိုစ်လေးကို beginner များအတွက်သာ ရည်ရွယ်ပါတယ်။ ကဲ အရင်ဆုံး အောက်က ဆော့ဝဲလေးကို အရင်ဒေါင်းပါ။
ဒီကိုကလစ်နှိပ်ပီးဒေါင်းပါ။

ပီး ရင်တော့ ဖုန်းထဲကို install လုပ်ပါ။install လုပ်ပီးရင်settingထဲကို ၀င်ပါ။language and keyboardထဲကို သွားပါ။select input methodထဲမှာFrozen Keyboard ကို check ပေးပါ။ပီးရင် back ဘက်တမ်လေးကိုနှိပ်ပါ။
keyboard settingထဲမှာ frozen keyboardကို check ပေးပါ။ဒါဆိုရင် မြန်မာစာ ရိုက်ဖို.အတွက် ကီးဘုတ်သွင်းတာ ရသွားပါပီ။ နောက်ထပ်တစ်ခုအနေနဲ. အောက်က ဆော့ဝဲလေးနှစ်ခုကို ဒေါင်းပါ
fontchanger အားဒေါင်းရန်

zaw-gyi one.ttfအားဒေါင်းရန်

အပေါ်ကနှစ်ခုကိုဒေါင်းပီးရင်နှစ်ခုစလုံးအား ဖုန်းsd ကတ်ထဲသို. သွင်းပါ။ fontchanger.apk ကို phone ထဲမှာ install လုပ်ပါ။ ပီးရင် ဖွင့်လိုက်ပါ။ ဘောက်စ်တစ်ခု ကြလာရင် continue ကို နှိပ်ပါ။ ပီးရင် Zaw-gyi one.ttf ဆိုပီး ဖောင့်လေးကို တွေ.ရပါလိမ့်မည် ထိုဖောင့်ပေါ်ခပ်ကြာကြာဖိထားလိုက်ပါ ပီးရင် ပေါ်လာတဲ့ ဘောက်စ်ထဲမှ set ကိုနှိပ်လိုက်ပါ။ reboot ကျသွားပါလိ့မ်မည် တက်လာသောအခါတွင် အဆင်ပြေစွာဖြင့် browser မှမြန်မာ ဆိုဒ်များကို ဖွင့်ကြည့်ပါ မြန်မာစာများကို ထင်ရှားပြတ်သားစွာ မြင်ရပါလိမ့်မည်။ ဒါပေမဲ့ folder တွေ data တွေကိုတော့မြန်မာလို နာမည်ပေးလို.မရပါ ဘာလို.လဲဆိုတော့ root မလုပ်ရသေးသောကြောင့်ပါ အားလုံးအဆင်ပြေကြပါစေ။

Internet Download Manager (IDM) Auto Update ပိတ်ထားနည်း



အားလုံးသိကြတဲ့ Internet Download Manage (IDM) က တစ်လကို အနည်းဆုံး နှစ်ကြိမ်လောက်
Auto Update တတ်တတ်ပါတယ်... ခုမှ စ,သုံးတဲ့ User တွေဆိုရင် Update Now ကို
နှိပ်ပြီး Update လုပ်မိကြမှာပါ... Update လုပ်ပြီး Install ပြီးတာနဲ့
IDM က Serial Key တွေတောင်းပြီး
သုံးမရတော့ပါဘူး.. ဝယ်ခိုင်းပါတယ်... အဲဒီပြဿနာကိုတော့
Crack လေးနဲ့ချိုးပြီးဖြေရှင်းပေးနိုင်ပါတယ်....

တကယ်လို့ ခုလက်ရှိ Version လေးကိုပဲ အကြာကြီးသုံးချင်တယ်ဆိုရင်တော့ Auto Update ကို Registry ထဲကနေ ပိတ်ပေးထားနိုင်ပါတယ်..
Auto Update ပိတ်ထားခြင်းဖြင့် နောက်ထပ် Update Now ဆိုတဲ့ သတိပေး Box လေး တတ်မလာနိုင်တော့ပါဘူး...
Update Now ဆိုတာ ပေါ်မလာတော့တဲ့အတွက် မှားနှိပ်မိစရာလည်း အကြောင်းမရှိတော့ပါဘူး..
Crack,Patch တွေနဲ့ ထပ်ချိုးပေးစရာ မလိုတော့ပါဘူး... တစ်ကြိမ် Crack ပြီး တစ်သက်လုံး အေးအေးဆေးဆေး သုံးရုံပါပဲ....:D

Auto Update ကို ပိတ်ထားမယ်ဆိုရင်တော့ ...

Win + R ကိုနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ...

Run Box ထဲမှာ " regedit " ရေးထည်းပြီး Enter ခေါက်ပါ..

ကျန်တာတွေကိုတော့ အောက်ကလမ်းကြောင်းအတိုင်း ဝင်ပြီး တဆင့်ချင်း လုပ်ပေးလိုက်ပါ.


HKEY_CURRENT_USER\Software\DownloadManager\LastCheck

အပေါ်ကပုံထဲက LastCheck ကို ကလစ် နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ..
နံပါတ် (1) နေရာက နောက်ဆုံး Year ကို 50 (or) 99 ပြောင်းရေးပေးပြီး OK နှိပ်ပေးရုံပါပဲ ... အားလုံးပြီးရင်ကွန်ပျူတာကို Restart ချပေးလိုက်ပါ... ဒါဆိုရင် IDM က ဘယ်တော့မှ Update မလုပ်ခိုင်းတော့ပါဘူး...

အရမ်းမိုက်တဲ့ Downloader



ညီ ကိုယ်တိုင်စမ်းဒေါင်းကြည့်တယ် တော်တော်လေး ဆွဲအားကောင်းတယ်ဗျာ
ဒေါင်းလုပ်မန်နေဂျာထက်တောင် မြန်မယ်ထင်တယ် youtube က သီချင်းဗီဒီယို တွေ ဒေါင်းတာများ
ဒုံးပြန်ကျနေတာ ဆွဲချက်က 9 ပဲဗျို့ လို့ အော်ရမှာပဲ..ကဲစိတ်ဝင်စားတယ်ဆိုရင်
ဒေါင်းယူပြီး စမ်းသုံးကြည့်ပေါ့ ပြန်လည်မျှဝေမှုသက်သက်ပါ
ဒေါင်းရန် ... ဒီမှာ ဆိုတာကို နှိပ်ပြီး ၀င်ရောက်ဒေါင်းယူပါဗျာ