Tuesday, 30 April 2013

Cyberlink Power Director 10 ဆော့ဝဲနဲ့အတူ အသုံးပြုနည်းစာအုပ်


 
Facebook က Bro တစ်ယောက် တောင်းထားလို့
တင်ပေးလိုက်တာပါ ..
Cyberlink Power Director ဆော့ဝဲနဲ့ အသုံးပြုနည်း
စာအုပ်လေးပါ ..
ဆော့ဝဲက Version 10 ကို တင်ပေးထားပေမယ့်
အသုံးပြုနည်းစာအုပ်ကတော့ Version 8 အတွက်ပဲ
ထွက်ထားတာမို့ .. အဲဒါကိုပဲ တင်ပေးလိုက်ပါတယ်
Cyberlink Power Director ကို အသုံးပြုပြီး အဆင့်မြင့် ဗွီဒီယိုတည်းဖြတ်နည်း .. အခွေအဖြစ် ဖန်းတီးနည်း စတဲ့ .. လုပ်ငန်းခွင် အဆင့်တွေအထိ လေ့လာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..



အရင်ဆုံး .. Trail Version ကို ဒီမှာ ဒေါင်းယူပါ

ပြီးရင် အဲဒီ Trail Version ကို Install လုပ်လိုက်ပါ ..

ပြီးရင် .. Crack ဖိုင်ကို ဒီမှာ ဒေါင်းယူပါ ..

ရလာတဲ့ Crack ဖိုင်ထဲက Simkey ဆိုတဲ့ ဖိုင်လေးကို C >> Program files >> Cyberlink power director 10 ဆိုတဲ့ ဖိုဒါထဲကို ကူးထည့်ပေးလိုက်ပါ ..
ဒါဆိုရင် License Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ ..
တစ်ခုလေး တောင်းပန်ချင်တာက ဆော့ဝဲဟာ ဖိုင်ဆိုဒ် 500Mb ကျော်လို့ ကျွန်တော် မတင်ပေးနိုင်တဲ့အတွက် သူ့ရဲ့ မူရင်း Website က setup ဖိုင်ရဲ့ လင့်ကို ချိတ်ပေးထားတာဖြစ်ပြီး
Version 11 ထွက်နေပေမယ့် ကျွန်တော့်မှာက Version 10 အတွက် Crack ဖိုင်ပဲ ရှိတာကြောင့် အခု ကျွန်တော်တင်ပေးထားတဲ့ Crack ဖိုင်ကို သုံးရင် Version 10 အတွက်တော့ အဆင်ပြေမှာ ဖြစ်ပြီး ကျန်တဲ့ Version တွေ အတွက်တော့ အဆင်ပြေမပြေ ကျွန်တော် မစမ်းကြည့်ရသေးလို့ မပြောနိုင်ပါဘူး ..

အသုံးပြုနည်းစာအုပ်ကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
မူ၇င်း လင့်http://itmotesoeway.blogspot.com/2013/04/cyberlink-power-director-10.html

Monday, 29 April 2013

Gmail အကောင့်အတွက် ဖုန်းမလိုတဲ့ နည်းလမ်းသစ
 
 
ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ် .. (ပုံတွေသေးနေရင် ပုံပေါ်ကို မောက်လေးတင်လိုက်ပါဗျို့)

အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထားမိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)

သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..
ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် .. အကြောင်းကြောင်းကြောင့် အောက်က ပေ့ကို မရောက်ဘူးဆိုရင် http://pinger.com/tfw/ လို့ ပြောင်းပြီးပြန်ရိုက်ထည့်ကြည့်ပါ


အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်


အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..


အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..


အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..


အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)



အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ .. (gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ ..
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .
အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..
အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်


အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်


အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ


ဟိုက်ရှားစ်ပါးစ် ... gmail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ ..

ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..
ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..
အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်
Location နေရာမှာလည်း United States ကိုပြန်ရွေး
သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်
I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..















ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..
ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ် ..
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ ..
အဆင်မပြေစရာ Error တွေ တွေ့လာရင်လည်း ကျွန်တော့်ကို ပြန်ပြီး မျှဝေကြပါဦး
ကဲ .. gmail အကောင့်တွေ တစ်လှေကြီး မြန်မာနိုင်ငံသား သူငယ်ချင်းအပေါင်း ပျော်ရွှင်နိုင်ကြပါစေဗျာ .

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

မူ၇င်း..အိုင်တီမုဆိုး
Desktop ပေါ်က အိုင်ကွန်လေးတွေကို ပြောင်းကြရအောင်
Facebook Page မှာ လာမေးထားလို့ ပြောရမယ့် အကြောင်းအရာတွေကလည်း
နည်းနည်းများနေလို့ ပို့စ်အဖြစ်နဲ့ တင်ပေးလိုက်တာပါ
Desktop ပေါ်မှာ ရှိနေတဲ့ အိုင်ကွန်တွေကို ကိုယ့်စိတ်ကြိုက် အိုင်ကွန်လေးတွေနဲ့
အစားထိုးတဲ့နည်းလေးပါ ...
ပထမဆုံး ကိုယ့်ပိုင်အိုင်ကွန်လေးတွေလုပ်ထားဖို့တော့ လိုတာပေါ့နော် ..
အဲဒီတော့ ကိုယ်ပိုင် အိုင်ကွန်တစ်ခု ဖြစ်လာအောင် ဖန်းတီးတဲ့နည်းလေးကို အရင်ပြောပါ့မယ် ..


အိုင်ကွန်ရဲ့ သဘောကို အရင်ဆုံး ပြောပါ့မယ် ..
အိုင်ကွန်တွေမှာ မဖြစ်မနေ လိုက်နာရမယ့် သတ်မှတ်ချက်တွေရှိပါတယ်
ဘာတွေလဲဆိုတော့
၁ .. အိုင်ကွန်တစ်ခုရဲ့ ဖိုင်သတ်မှတ်ချက်အမည် ( File Extension ) ဟာ .ico ဖြစ်ပါတယ်
၂ .. အိုင်ကွန်အဖြစ်သုံးမယ့်ဖိုင်တစ်ခုရဲ့ အရွယ်အစားဟာ 16px x 16px , 32px x 32px, 48px x 48px နဲ့
180px x 180px ဆိုတာ အကောင်းဆုံး အရွယ်အစား ဖြစ်ပါတယ် ..
၃ .. အိုင်ကွန်ဖိုင်အဖြစ် file format ပြောင်းမယ်ဆိုရင် png ဖိုင်အမျိုးအစားကနေ ပြောင်းတာက Error အနည်းဆုံး
ဖြစ်ပါတယ်

ကဲ .. စကြစို့ .. အိုင်ကွန်ဖိုင်အဖြစ်လုပ်ချင်တဲ့ ပုံကို Photoshop နဲ့ ဖွင့်လိုက်ပါ

ပြီးရင် ကိုယ်ပြင်ချင်တာတွေ ပြင်ပြီးတဲ့အဆင့်ရောက်ရင် အဲဒီပုံကို အပေါ်မှာပြောခဲ့တဲ့ ဖိုင်အရွယ်အစားတစ်ခုခုနဲ့ Crop tool လေးကိုသုံးပြီး ဖြတ်လိုက်ပါ
( ကျွန်တော်ကတော့ 48px x 48px ကို ဖြတ်ပြထားပါတယ်

ပြီးရင် File >> Save as ဆိုပြီး File type မှာ PNG ပါတာကိုရွေးပြီး Save လုပ်လိုက်ပါ

ပြီးရင် အဲဒီ PNG ဖိုင်ကို အိုင်ကွန်ဖိုင်ဖြစ်တဲ့ .ico ဖိုင် ဖြစ်ဖို့ Format Factory ဆော့ဝဲကို သုံးပြထားပါတယ်
အိုင်ကွန်ဖိုင်လေး ရလာပြီပေါ့ ..

ကိုယ် အိုင်ကွန်ပြောင်းချင်တဲ့ အိုင်ကွန်ရဲ့ အပေါ်မှာ Right Click နှိပ်ပြီး Property ကိုနှိပ်ပါ ..
ပွင့်လာတဲ့ ထဲက Change icon ကိုနှိပ်ပါ

ပွင့်လာတဲ့ထဲက Browse ကိုနှိပ်ပြီး ကိုယ်ပြောင်းချင်တဲ့ အိုင်ကွန်ကိုရှာပြီး ရွေးပေးပါ
Ok နှိပ် .. Apply နှိပ် .. Ok နှိပ်

ဒါဆိုရင် သူငယ်ချင်းတို့ရဲ့ အိုင်ကွန်လေးမှာ သူငယ်ချင်းတို့ထားချင်တဲ့ အိုင်ကွန်လေးကို
မြင်ရမှာ ဖြစ်ပါတယ် ..

ဒါပေမယ့် တချို့သော Exe ဖိုင်တွေဟာ အိုင်ကွန်ပြောင်းခွင့်ပေးမထားပါဘူး ..
အဲဒါဆိုရင်တော့ Exe Icon Changer ဆိုတဲ့ ဆော့ဝဲလေးကို သုံးပြီး ပြောင်းပေးလိုက်ပါ

Exe Icon Changer ဆိုတဲ့ ဆော့ဝဲကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ် ..

Format Factory ဆော့ဝဲကိုတော့ Free ပေးတာမို့ . Google မှာ ရှာပြီး Free ဒေါင်းယူနိုင်ပါတယ် ..
အောက်မှာ အိုင်ကွန်ပြောင်းပုံကို အစအဆုံး ဗွီဒီယိုဖိုင်လေးနဲ့ ပြထားပါတယ် ..
အဆင်ပြေကြပါစေနော်




နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
မူ၇င်း..အိုင်တီမုဆိုး
Facebook အကောင့်သစ်ကို လော့မကျအောင် ဒီလိုဖွင့်ပါ
Facebook အကောင့်သစ်ဖွင့်တိုင်း လော့ကျကျနေလို့
စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေနဲ့ Mail ထဲကို စာပို့ပြီး မေးထားကြတဲ့
သူငယ်ချင်းတွေအတွက် ဗွီဒီယိုဖိုင်လေးနဲ့ တင်ပေးလိုက်ပါတယ်
အရင်ကလည်း ဗွီဒီယိုဖိုင်တစ်ခု တင်ပေးခဲ့ဖူးပါတယ် ..

အဲဒီဗွီဒီယိုဖိုင်ထဲမှာတော့ ဖိုင်ဆိုဒ်ကြီးသွားမှာစိုးလို့ အသံမထည့်ပဲ တင်ပေးခဲ့တာပါ

ဒါကြောင့် နည်းနည်းလေး တိုင်ပတ်သွားမယ်ထင်လို့
အခု ဒီဗွီဒီယိုဖိုင်ထဲမှာ အသံပါထည့်ပြီး တစ်ဆင့်ချင်းရှင်းပြထားပါတယ်


ကဲ .. ကျွန်တော်ပြထားတဲ့အတိုင်း တသွေမတိမ်း လုပ်ကြည့်ပါ
အဲဒီအကောင့်ကို ဖုန်းနံပါတ်အတောင်းမခံရပဲ .. လော့အချမခံရပဲ
သေချာပေါက်ရမယ်လို့ အာမခံပါတယ် ..

တကယ်လို့ အခက်အခဲတစ်ခုခုရှိနေဦးမယ်ဆိုရင်လည်း ကျွန်တော့် email ကိုသာ
Message ပို့ပေးခဲ့ပါ .. ကျွန်တော် အပျင်းပြေဖွင့်ထားတဲ့ Facebook အကောင့်တွေ
အများကြီးရှိပါတယ် .. အလကားပေးပါ့မယ် ..

ဒါပေမယ့် .. ကိုယ်တိုင်လည်း လုပ်ကြည့်စေချင်ပါတယ် ..
ကိုယ်တိုင်လုပ်တတ်ထားတော့ အခက်အခဲဖြစ်နေတဲ့ သူငယ်ချင်းတွေကို
ကူညီနိုင်တာပေါ့ ..




မူ၇င်း..အိုင်တီမုဆိုး
Microsoft Office Word 2010 အသုံးပြုနည်းစာအုပ်
mail ထဲကို message ပို့ပြီး တောင်းလို့ တင်ပေးလိုက်ပါတယ်

Microsoft office word 2010 အသုံးပြုနည်း စာအုပ်လေးပါ

ကွန်နက်ရှင်သိပ်မကောင်းလို့ စာမြည်းတွေ

အညွှန်းတွေ မရေးပေးနိုင်တော့ပါဘူး ..





လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
မူ၇င်း..အိုင်တီမုဆိုး
ဗွီဒီယိုဖိုင်တွေပေါ်မှာ ကိုယ်ပိုင်စာသားလေးတွေကို မြန်မာလိုထည့်ချင်တဲ့သူတွေအတွက် VideoPad Video Editor
ဗွီဒီဖိုင်တွေမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ဖန်တီးထားတဲ့ အမှတ်တရာ Slide Show လေးတွေ

သီချင်းဖိုင်လေးတွေမှာပဲဖြစ်ဖြစ် မြန်မာစာလေးတွေနဲ့ Substitle လေးတွေ
သီချင်းစာသားလေးတွေ ထည့်ချင်တဲ့ သူငယ်ချင်းတွေအတွက်

လိုအပ်တဲ့ဆော့ဝဲလေးနဲ့အတူ အသုံးပြုနည်းကို ဗွီဒီယိုဖိုင်လေးနဲ့
တင်ပေးလိုက်ပါတယ်



ဆော့ဝဲကတော့ ဖိုင်ဆိုဒ်ကြီးမားတဲ့ တခြား Video Editing ဆော့ဝဲမျိုးအဟုတ်ပဲ
ဖိုင်ဆိုဒ်လည်းသေးငယ်ပြီး အသုံးပြုရတာလည်း လွယ်ကူရိုးရှင်းပါတယ်
VideoPad Video Editor ဆိုတဲ့ ဆော့ဝဲလေးပါ ..

တစ်ခုလေး အားနည်းချက်ရှိတာက အခု ကျွန်တော်တင်ပေးလိုက်တဲ့
ဆော့ဝဲက နောက်ဆုံးဗားရှင်းမဟုတ်တဲ့အတွက် Windows 8 မှာ အသုံးပြုလို့မရပါဘူး
အခုတင်ပေးလိုက်တဲ့ ဗားရှင်းက 2.4.1 ပါ .. 3.x.x ကမှစပြီး Windows 8 မှာ အသုံးပြုလို့
ရတာပါ .. နောက်ဆုံးဗားရှင်းကတော့ Trail ဗားရှင်းပဲ ရှိတဲ့အတွက်
Full Version အဖြစ်သုံးနိုင်တဲ့ 2.4.1 ကိုပဲ တင်ပေးလိုက်တာပါ ..
နောက်ဆုံးဗားရှင်းတဲ့ Crack ဖိုင်ရရင်လည်း Update ပြန်လုပ်ပေးပါ့မယ်

ကဲ .. အသုံးပြုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ

Install လုပ်ပြီး Key ထည့်ပုံတွေကိုပါ အဲဒီထဲမှာ ပုံနဲ့အတူ ထည့်ပေးလိုက်ပါတယ်
Substitle ထည့်ပုံထည့်နည်းကိုတော့ အောက်ကဗွီဒီယိုလေးမှာ ကြည့်နိုင်ပါတယ်





ဒီပို့စ်ရဲ့ဦးတည်ချက်က ဗွီဒီယိုဖိုင်တွေမှာ ကိုယ်နှစ်သက်တဲ့ စာသားလေးတွေကို
Substitle အဖြစ် ထည့်သွင်းနည်းဖြစ်လို့သာ ဒီလောက်ပဲ လုပ်ပြလိုက်ပေမယ့်
ဒီဆော့ဝဲလေးကိုသုံးပြီးအခြားသော Video Editing ဆော့ဝဲတွေလိုပဲ ဗွီဒီယိုဖိုင်တွေကို
တည်းဖြတ်ပြင်ဆင်တာတွေ Effect ထည့်တာတွေလည်း လုပ်နိုင်ပါသေးတယ်
အဲဒါတွေကိုတော့ ကိုယ်တိုင်သာ ကြံဖန်ပြီး ကလိကြပါတော့လို့ ပြောပါရစေ
အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
မူ၇င်း..အိုင်တီမုဆိုး

Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ

 
 
Facebook ဟာ ဒီရက်ပိုင်းအတွင်း
ပြဿနာ တော်တော်ရှာလာတယ်လို့
ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ
ခိုးတယ် .. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ
ကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့
မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့

Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုး
တခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုး
facebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း
သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်
လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်
တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်
ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ


အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်



အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီး
ကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကို
နှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..
( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..
ကဲ . အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
မး၇င်း..အိုင်တီမုဆိုး