Monday, 23 July 2012

မုတ်သားများတဲ့ချစ်ဦးရယ်...

သွေးထိုးစကား
အတွေးပိုမထားလို့
မေတ္တာမယိုင်လဲ
သစ္စာခိုင်မြဲမယ်လို့.ပြောခဲ့တဲ့သူရေ။
ကြားလူစကား
နားယူမှားလို့လား
အသုံးမလိုတော့
အမုန်းပိုခဲ့ပြီပေါ့နော်.....
                               အောင်မျိုး..ရဲ့ရင်တွင်းခံစားချက်..
original....fotharlay.

ငါတို.မဝေးသေးပါဘူး ချစ်၇ယ်...


သူကသူ.လမ်းးး  ကိုယ်ကကိုယ့်လမ်းးး
 လမ်းခွဲတွေကို မေ့လျော့နေပြီးးးး
 စိတ်ကောက်ခဲ့ကြတဲ့အချိန်တွေကို 'တကယ်နှမြောတယ်'..
ငါ့အိပ်မက်တွေမှာ နင်၇ှိသလို
 နင့်၇င်ခုန်သံတွေ၇ဲ. တစ်နေ၇ာမှာ ငါ့ကိုထားပေးပါ..
ငါ့ကဗျာတွေမှာ နင်ပါဝင်သလို
 နင့်အတွေးတွေ၇ဲ. တစ်ထောင့်တစ်ညမှာ ငါ့ကိုထားပေးပါ..
တကယ်ပါ နင့်အပြုံးတွေကိုပဲ မြင်ယောင်၇င်းး
တစ်ညလုံးမိုးလင်းခဲ့၇သူပါ..
ခံစားတတ်တဲ့ အသည်းနှလုံး၇ှိနေသေ၇ွ.တော့
 စိမ်းကားတတ်တဲ့ နင့်ကို ငါတစ်ယောက်လွမ်းတတ်ပါ၇ဲ.
အခုလို မိုးအေးညတွေမှာဆို ..
 ကဗျာ မစစ် စာမစစ်တွေေ၇းပြီးးး
 နှုတ်ဆက်ဖို.တောင်မေ့ပြီး ထွက်သွားတဲ့နင့်အတွက်
 အလွမ်းတွေပဲ သိပ်သိပ်လာလေ၇ဲ...
ဒါပေမယ့်......
 ငါတို. 2ယောက် လက်လေးထောင်ပြပြီး
 'တာ့တာ' မလုပ်၇သေးဘူးနော်
 အဲ့ဒါကြောင့် သေချာတယ် ငါတို. မဝေးသေးဘူးးး////
..........အောင်မျိုး....ခံစားချက်လေးပါ။
origannal.....footharlay

Friday, 20 July 2012

အနိုင်ယူသူ့၏အရှူံး..........။

မျှော်လင့်ခဲ့ရတဲ့
အချိန်တွေအတွက်
စောင့်ဆိုင်းခဲ့ရတဲ့
အချိန်တွေအတွက်
ဘာတွေပြန်ပေးဆပ်မှာလည်း
နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့တဲ့
လူတစ်ယောက်ကို ရက်စက်တယ်လို.
ထင်မှာလား ....?
အဲဒီလူရဲ. ရင်ထဲက
ခံစားချက်ကိုရော ဘယ်သူမြင်နိုင်မှာလည်း
တစ်ယောက်သော သူအတွက်
လှည့်စားသွားတယ်လို.ထင်ပေမယ့်
တစ်ခြားသူ တစ်ယောက် အတွက်ကတော့
ခံစားချက်တစ်ခုကို ဖြေသာတဲ့တစ်နေရာမှာ
ဘယ်သူကိုမှ မကြေငြာချင်လို.ပါ ....

မုသားတွေပြောခဲ့တာ
ရင်ထဲက ပါလို.တော့ မဟုတ်ပါဘူး
ပြောမထွက်တဲ့ စကားတွေကို
ပြောရတဲ့အခါမှာ
လူတစ်ယောက်ရဲ. ကတိ ဆိုတာ
ဖြစ်သွားမှာစိုးလို.ပါ .....

နှောင်ကြိုးတွေ ရစ်ချည်ခဲ့တာ
မဟုတ်သလို
မျှော်လင့်ချက်နဲ. အသက်ရှင်စေခဲ့တာ
မဟုတ်ပါဘူး ...

ချစ်ပါတယ်လို.ပြောပြီး
အဝေးကို ထွက်သွားခဲ့တာ
မချစ်လို.တော့ မဟုတ်ပါဘူး ...

မကြားချင်တော့တဲ့
ပတ်ဝန်းကျင်က ဝေဖန်သံကို
ပြန်လည်တုံ.ပြန်ဖို. အင့်အားမရှိတော့လည်း
ဖြေသာတဲ့ တစ်နေရာမှာ
နေသာသလိုနေကြည့်တာပါ ...

တမ်းတမ်းတတ ရှိခဲ့ပါတယ်
ရင်ထဲမှာလည်း အလွမ်းအပြည့်နဲ.ပေါ့ ...

အနိုင်ယူပြီး အဝေးကိုထွက်သွားတယ်လို.
မင်းထင်ပေမယ့်
တကယ်တမ်းတော့ ကိုယ်ဟာ ........................။aungmyo...original.....anyathar...

ချစ်တယ်..ဒါပေမယ့်..သူ့သဘော့ပါဘဲ။


ဒဏ်ရာလေးက အပ်ဖျားတစ်ထောက်စာလောက်ပါပဲ
ဒါပေမယ့် ဆပ်ပြာပူဖောင်းအတွက်
ဆိုရင်တော့ …..
အဲဒါ
ဘ၀ပျက်လောက်တယ် ….. ။

သူကို အရမ်းလွမ်းတယ်
အဝေးကြီး ဝေးနေရတဲ့ အချိန်မှာ
လွမ်းတယ်ဆိုတဲ့ ခံစာမှုလေး
ရင်ထဲမှာ ကိန်းဝပ်လာတာ မဆန်းပေမယ့်
ကိုယ်ကိုကိုယ် တွေဝေမိတာတော့ အမှန်ပါပဲ
ဘယ်တုန်းကမှ နီးစပ်မှု မရှိခဲ့တဲ့ တို.နှစ်ယောက်နော် ။
တွေ.ရတဲ့ အချိန်တွေမှာ
နေကောင်းလား ….
အရာအားလုံး အဆင်ပြေလား မေးပြီးကျေနပ်နေရတယ် ။
ချစ်တယ် ဆိုတဲ့ စကားကို လူတိုင်းပြောတတ်ပါတယ်
တကယ်ချစ်ပါတယ် ဆိုတဲ့ အချစ်စစ်ကို ကြုံဘူးလား ..
ခံစားဘူးလား ……
စစ်မှန်တဲ့ အချစ်ဟာ တွေ.ရခဲသလို ရှားပါးမယ်လို.
ကျွန်တော် ထင်တယ်လေ ။
ကိုယ်ဘက်က စစ်မှန်လို. သူ.ဘက်မှ စစ်မှန်တဲ့ အချစ်
ပြန်ရမယ်လို. ကျွန်တော် မဆိုလိုပါဘူး
အရာရာ ဟာ သူ. ဆန္ဒပါပဲ
အချစ်ဆိုတာ တစ်ယောက်နဲ. တစ်ယောက်
အရောင်းအ၀ယ်လုပ်တာ မဟုတ်တော့လည်း
ရင်းနှီးသလောက်ပြန် ရချင်မှရမယ်
သူကို ချစ်မိပြီဆိုကတည်းက ဒီသဘောတရားတွေကို
နားလည်အောင် ကြိုးစားထားပါတယ် ။
ကျွန်တော်ဟာ သူ.ဘ၀မှာ ပထမဆုံး ချစ်သူပါ။ဒါပေမယ့်
ဒုတိယ ဘဲဖြစ်ဖြစ်
တတိယ ဘဲဖြစ်ဖြစ် ဘယ်နေရာမှာဘဲရှိရှိ......................... ဘယ်ဆုံမှတ်တွေဆီကပဲ လာလာ
ကျွန်တော် ဟာ သူ.ရဲ. နောက်ဆုံး ချစ်သူဆိုရင်ပဲ
ကျေနပ်ပါပြီ ။
နောက်ဆုံးဆိုတာ နောက်မှ ဆုံးရှုံးကြေကွဲရခြင်းလို.တော့
ကျွန်တော် အဓိပ္ပာယ် မဖွင့်ချင်ပါဘူး ။
သူ.ရင်ထဲက အချစ်အားလုံးကို
ကျွန်တော် တစ်ယောက်ထဲကိုပဲ ပေးပါလို.
ကျွန်တော် မတောင်းဆိုရက်ပါဘူး
ကျွန်တော် တောင်းဆိုတာကို သူ မပေးနိုင်တဲ့အခါ
ကျွန်တော် စိတ်ထိခိုက်ရမှာထက်
သူ.ရင်ထဲမှာ ကြောင့်ကြပူပင်မှု ဖြစ်သွားမှာကို
ကျွန်တော် ပိုစိုးရိမ်မိတယ်
ကျွန်တော် ကြောင့်ဆိုရင် သူ.ဘ၀မှာ
ဘာကိုမှမထိခိုက်စေချင်ပါဘူး ။
သူ.ရင်ထဲမှာ ရှိနေတဲ့ နေရာတွေကိုတော့
တကယ်အပိုင်လိုချင်မိတာ
မှန်သော စကားပါ ။
ဒါပေမယ့် မတောင်းဆိုရက်ပါဘူးလေ
သူကျေနပ်လို. ထားတဲ့ နေရာမှာပဲ
ကျွန်တော် မတ်တက်ရပ်နေရနေရ
ငုပ်တုပ်လေးပဲ နေရနေရ
ဘယ်လိုပင်ဖြစ်စေ
ကျွန်တော် ………..
နေပေးတော့ မည် ။

**ရင်ခုန်တိုင်းလွမ်းလို. လွမ်းတိုင်းရင်ခုန်မိပါတယ်**
မှတ်ချက်။ကျနော်ကောင်မလေးကိုတွေရင်ပြောပေးကြပါသူငယ်ချင်းတို့ရယ်
             ကျနော်စမ်းကိုသိပ်ချစ်တယ်ဆိုတာလေ.....မေ့မရတဲ့အတိတ်တွေ
              ကိုနေ့တိုင်းသတိရနေဆဲပါ...။

                    aungmyo...original.(i and cope)

ဆန္ဒ…..


လွမ်းနေတယ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တယ် ( တစ်ဘ၀စာ )
အရမ်းချစ်တယ် ( တစ်သက်လုံး )
သတိရတယ် ( မတွေ့ရတဲ့အခါ )
အတူနေချင်တယ် ( ပျော်ရွင်စွာ )
နမ်းချင်တယ် ( ဖြူစင်စွာ )
ထိုင်ကြည့်ချင်တယ် (၂၄ နာရီ )
ချော့သိပ်ချင်တယ် ( ညတိုင်း )
သီချင်းဆိုပြချင်တယ် ( အိပ်ခါနီး )
မျှော်လင့်ချင်တယ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုကိုင်ချင်တယ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( ယုံပါ )
ထပ်ကာထပ်ကာပြောချင်တယ် ( အရမ်းချစ်တယ်လို့ )...
aungmyo......original...anyathar

Tuesday, 17 July 2012

ချစ်မဝသူချေ

ငါမင်းနဲ့သာ မဆုံဖြစ်ခဲ့ဘူးဆိုရင်
ငါဟာ မင်းကို စိတ်ဝင်စားခဲ့မှာ   မဟုတ်ပါဘူး...
ငါ မင်းကို စိတ်မဝင်စားခဲ့ဘူးဆိုရင်
ငါဟာ မင်းကို ချစ်မိခဲ့မှာ မဟုတ်ပါဘူး...
ငါ မင်းကို မချစ်ခဲ့ရင်
ငါဟာ မင်းကို လွမ်းရလိမ့်မှာ မဟုတ်ပါဘူး...
ဒါပေမဲ့... ဒါပေမဲ့ ကောင်မလေးရယ်...
ငါ မင်းကို စိတ်ဝင်စားခဲ့တယ်
ငါ မင်းကို သိပ်ချစ်တယ်
ဒီတော့ ငါ... (ငါ) မင်းကို ထာဝရ လွမ်းနေရဦးမှာပါလေ... ။

ေ၇အောင်စားသောက်ဆိုင်



ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းအောင်  လူတွေရဲ့ ထူးခြားဆန်းပြားတဲ့ စိတ်ကူးတွေနဲ့ တည်ဆောက်ထားတဲ့ နောက်ထပ် အထူးအဆန်း နေရာတစ်ခုက အိန္ဒိယ သမုဒ္ဒရာရဲ့  ရေအောက် ၁၅ပေအနက်မှာ ဆောက်လုပ်ထားတဲ့ ရေအောက်စားသောက်ဆိုင် ဖြစ်ပါတယ်.. အဆောက်အဦးတစ်ခုလုံးကို ကြမ်းပြင်မှလွဲ၍ အကာရော အမိုးပါ ထူထဲပြီး ကြည်လင်နေတဲ့ မှန်သားကြီးတွေနဲ့ ကာရံထားကာ သန္တာကျောက်တန်းတွေ ၀ိုင်းရံနေတဲ့နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်..  စားသောက်နေရင်းနဲ့ ခေါင်းပေါ်မှာရော မိမိရဲ့ အနီးအနားက မှန်သားပြင်ရဲ့ အပြင်ဘက်မှာ ကူးခတ်သွားလာနေတဲ့ ငါး၊ လိပ်၊ ငါးမန်း၊ စတဲ့ ငါးရောင်စုံတွေနဲ့ မမြင်စဖူး ထူးဆန်းတဲ့ ပင်လယ် သတ္တ၀ါတွေကို ကြည့်ရတာ ဘယ်လောက်များ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လေမလဲနော်။
 ပင်လယ်ရေအောက်က စားသောက်ဆိုင်



စားသောက်ရင်း ရေအောက်ရှုခင်းလဲကြည့်


သူလေးလဲ


အပေါ်ကနေ စားသောက်ဆိုင်ကို ဆင်းလာတဲ့လမ်း






ပြင်ပ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရှိ၊ သီးခြားဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို ရောက်သွားရသလို ကမ္ဘာမြေကြီးပေါ်က ဘယ်စားသောက်ဆိုင်တွေရဲ့ ရှုခင်းနဲ့မှ မတူအောင် ထူးခြားတဲ့ ရင်ခုန်ခြင်းတွေကို ပေးနိုင်တဲ့ Ithaa အမည်ရ ပင်လယ် ရေအောက်စားသောက်ဆိုင် ဖြစ်ပါတယ်.. Ithaa ဟာ မော်လ်ဒိုက်ဘာသာစကား ဖြစ်ပြီး ပုလဲလို့ အမည်ရတာကြောင့် ပင်လယ်ရေအောက်မှာ တည်ရှိနေတဲ့ ဒီစားသောက်ဆိုင်ဟာ နံမည်နဲ့ လိုက်ဖက်လှပါတယ်.. နယူးဇီလန်အခြေစိုက် M.J. Murphy ကုမ္ပဏီရဲ့ လက်ရာဖြစ်ပြီး အကျယ် ၅ပေနဲ့ အရှည် ၉ပေသာ ကျယ်ဝန်းပြီး တစ်ခါကို လူ၁၄ယောက် စားသောက်ရုံလောက်သာ ကျယ်ဝန်းသော်လည်း ကုန်ကျစရိတ်မှာ ဒေါ်လာ၅သန်း ရှိတယ်လို့ သိရပါတယ်.. နံမည်ကျော် သူဌေးသမီးလေး ပဲရစ်ဟီလ်တန် အမွေဆက်ခံမဲ့ ဟီလ်တန်ဟိုတယ်များ အုပ်စုပိုင် မော်လ်ဒိုက်မှာ ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်တဲ့  Hilton Maldives Resort & Spa  ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ ၄င်း ရေအောက်စားသောက်ဆိုင်ဟာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ဖို့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး တည်ဆောက်ထားတဲ့ ရေအောက်စားသောက်ဆိုင် ဖြစ်ကြောင်းသိရပါတယ်.. စားသောက်စရာတွေရဲ့ ဈေးနှုန်းဟာ တစ်ဦးလျှင် ဒေါ်လာ ၁၂၀မှ ၂၅၀တန် ထိ ရှိတာကြောင့် ဈေးကြီးတယ်လို့ ပြောရမှာပါ။
under sea crazy restaurant3 World’s First Ever Undersea Restaurant Ithaa

အသည်းယားဖွယ်


under sea crazy restaurant44 World’s First Ever Undersea Restaurant Ithaa

စားပါဦး






ပန်းကန်ခွက်ယောက်တွေက တစ်မျိုးလေး




under sea crazy restaurant5 World’s First Ever Undersea Restaurant Ithaa

ရေပြင်ပေါ်က ငုံ့ကြည့်ရင် မြင်ရတဲ့ မြင်ကွင်း


under sea crazy restaurant46 World’s First Ever Undersea Restaurant Ithaa


ပျားပန်းခတ်မျှ သွားလာနေတဲ့ ငါးများ



ရေအောက်မင်္ဂလာပွဲ