Thursday 26 September 2013

ဖုန်းက အင်တာနက်လိုင်းကို Wifi စနစ်ဖြင့် ခွဲမယ်ဆို သတိထားဖို့ အတွက်


လိုရင်းတိုရှင်းပြောရမယ်ဆိုရင် ဖုန်းကနေ ၀ိုင်ဖိုင်ခွဲရင် ဖုန်းမှာ ပတ်စပ်ခံထားဖို့ ပါပဲ

အဲ့လိုမလုပ်ထားဘူးဆိုရင် ကိုယ့်လိုင်းကို နီးစပ်ရာ လူတွေက ၀ိုင်းပြီးဆွဲသုံးခံရမယ်

အဲ့ကြောင့် လုံခြုံစိတ်ချရအောင် ၀ိုင်ဖိုင်ခွဲရင် ပတ်စပ်ခံထားပြီးမှာ ခွဲကြပါ............။



ဒီနည်းကတော့ ဖုန်းက အင်တာနက်လိုင်းကို ကွန်ပျုတာမှာ ချိတ်ပီးသုံးမယ့်စနစ်ပါ

ဖုန်းမှာ ၀ိုင်ဖိုင်စနစ်ပါရမှာ ဖြစ်သလို ကွန်ပျုတာကလည်း ၀ိုင်ဖိုင်စနစ်ပါမှရပါတယ်

အဲ့လိုဆိုရင် စချိတ်လို့ ဖို့ အတွက် ဖုန်းမှာ အင်တာနက်လိုင်း ဖွင့်ထားရပါမယ်

ဖုန်းမှာ ချက်တင်လုပ်ရင်း ကွန်ပျုတာကိုလည်း ခွဲသုံးတဲ့သဘောတရား တစ်ခုပါပဲ။

အောက်က နည်းအတိုင်းလိုက်လုပ်ပါ ....။


- Seting ==>Wireless and networks ကိုဝင်ပါ

- Tethering and porable hospot ကိုဆက်ပြီးဝင်ပါ

- Portable Wi-Fi hospot ကို အမှန်ချစ်လိုက်ရင် ရပါပီ


ဒါဆိုရင် ဖုန်းက ၀ိုင်ဖိုင်စပြီးလွှင့်နေပါပြီ ။ ကွန်ပျုတာမှာပေါ်နေပါလိမ့်မယ် ။ ဒီလိုဆို

ချိတ်လို့ ရပါပြီ ။ ဖုန်းမှာလည်း ချက်တင်လုပ်နေလို့ ရပါတယ် ။ကွန်ပျုတာမှာလည်း

သုံးလို့ ရပါပြီ ဒီနည်းက Galaxy ဖုန်းတွေမှာ ချိတ်နည်းအတူတူပါပဲ ။ဆင်မပြေပါက

မေးပို့ ပီး မေးမြန်းနိုင်ပါတယ်။ကွန်ပျုတာက လိုင်းကို ပြန်ခွဲနည်း လာမည် ကြာမည်

မြန်မာပြည်က ဖုန်းနဲ့ သုံးသူများ လက်တော့နဲ့ ချိတ်ကြည့်ပါ အဆင်ပြေပါ၏.......။

gmailအကောင့်တစ်ခုတည်းနှင့် facebookအကောင့်အများကြီးဖွင့်နည်းလေးပါ။

http://rack.3.mshcdn.com/media/ZgkyMDEyLzEyLzA0L2VhL2ZhY2Vib29rdGVzLjdNQy5qcGcKcAl0aHVtYgk5NTB4NTM0IwplCWpwZw/53c85f27/4d1/facebook-testing-new-timeline-format-with-single-column-of-posts-updated--8395815038.jpg


တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။

တဂယ်လဲ facebook က mail တစ်ခုကို account တစ်ခုပဲ ပေးဖွင့်တယ်။

ဒါပေမယ့် ကျနော့်မှာ mail account တစ်ခုတည်းနဲ့  facebook account တွေ အများကြီးဖွင့်လို့ ရတဲ့နည်းရှိတယ်။

အရင်ဆုံး အသုံးပြုမယ့် mail က ဥပမာအနေနဲ့  kochartape@gmail.com ပဲဆိုပါစို့ ။

www.facebook.com ကို သွားပြီးတော့ sign up လုပ်ပါ။

အဲ့လို sign up လုပ်တဲ့နေရာမှာ name တို့  Date of Birth စသည်ဖြင့် အားလုံးကို ပုံမှန်အတိုင်းပဲဖြည့်လိုက်ပါ။

ဒါပေမယ့် email address ဆိုတဲ့နေရာမှာ Fake email ဒါမှမဟုတ် မရှိတဲ့ mail address တစ်ခုကို ဖြည့်လိုက်ပြီး sign up လုပ်လိုက်ပါ။ အခြား sign up လုပ်တဲ့ step တွေကိုလည်း ပုံမှန်အတိုင်းပဲ အဆင့်ဆင့်လုပ်သွားပါ။

အဲ့ဒါဆိုရင် email address နဲ့ ပတ်သတ်ပြီး သင်ထည့်လိုက်တဲ့ mail ကို verify လုပ်လို့ မရဘူး mail မှားနေတယ်လို့  error message ကျလာပါလိမ့်မယ်။

အဲ့အခါကျမှ change email address ကို နှိပ်လိုက်ပြီးတော့ ခုနက တကယ် အသုံးပြုမယ့် mail ဖြစ်တဲ့ ( kogyichartape@gmail.com ) အစား kochartape@gmail.com လို့ ဖြည့်လိုက်ပါ။

ဒါဆိုရင် ဘာဖြစ်သွားမယ်ထင်လဲ verification mail က kochartape@gmail.com ကို verify လုပ်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုရှိတာက တိုက်တိုက်ဆိုင်ဆိုင် အဲ့ k.ochartape@gmail.com က တကယ် ရှိနေရင်တော့ မရဘူးပေါ့ဗျာ ဒါကလဲ တော်တော်တိုက်ဆိုင်မှပါ။

ဒီလိုဆိုရင်တော့ kochartape@gmail.com ကို အသုံးပြုပြီးတော့ facebook account တစ်ခုရသွားပြီဖြစ်ပါတယ်။

ဒါဆို နောက်ထပ် facebook account တစ်ခု ထပ်ဖွင့်ရအောင်

အထက်က sign up လုပ်တဲ့ အဆင့်တွေအတိုင်းပဲ လုပ်ပါ

ဒါပေမယ့် ပထမတစ်ခါတုန်းက kogyichartape@gmail.com နဲ့  လုပ်ရင်နောက်တစ်ခါ kochartape@gmail.com နဲ့ ပြောင်းလုပ်ပါ။ ဒါလဲအတူတူပဲ kochartape@gmail.com ကို ပဲ verification ပေးမှာပဲ

အဲ့လိုနည်းနဲ့  dot တွေကို နေရာပြောင်းပြောင်းပြီး facebook account များစွာကို ဖွင့်သွားလို့ ရပါတယ်
verification mail ကတော့ တစ်ခုတည်းပေါ့
ပိုမို သိလိုသူများ ဒီလင့်မှာ သွားရောက်လေ့လာ ပါ.. ( Click Here )
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
ပြန်လည်မျှဝေသည်.

Monday 23 September 2013

phone no. ထည့်စရာမလိုပဲ ဂျီမေးအကောင့် ဖွင့်နည်း နောက်တစ်နည်း



Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။
Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Access denied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ။
Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။
Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။
ှတစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။ အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။
Step 4. ကဲ... အကောင့်သစ် ရ မရ gtalk မှာဖြစ်ဖြစ် ၀င်စမ်းကြည့်လိုက်ပါ။ တခါတည်း မီးအစိမ်းလေးလင်းလာရောဗျာ...။
IT Hunter ဆိုက်မှပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည်
ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.comကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ်
Picture
အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထားမိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)

သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..
ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
Picture
အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် ..
Picture
အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်
Picture
အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..
Picture
အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..
Picture
အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..
Picture
အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)
Picture
အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
Picture

အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ ..
(gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ ..
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .
Picture
အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..
အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်
Picture
အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်
Picture
အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ
Picture
mail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ ..

ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..
ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..
အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်
Location နေရာမှာလည်း United States ကိုပြန်ရွေး
သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်
I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..
Picture
Picture
Picture
ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..
ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ် ..
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ ..
အဆင်မပြေစရာ Error တွေ တွေ့လာရင်လည်း ကျွန်တော့်ကို ပြန်ပြီး မျှဝေကြပါဦး
ကဲ .. gmail အကောင့်တွေ တစ်လှေကြီး မြန်မာနိုင်ငံသား သူငယ်ချင်းအပေါင်း ပျော်ရွှင်နိုင်ကြပါစေဗျာ .

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Sunday 22 September 2013

gmail အကောင့်သစ် လုပ်ရင် ဖုန်းနံပတ် မတောင်းအောင်......

အားလုံးပဲ မင်င်္ဂလာပါ ကျွန်တော် ဒီဆိုက်လေးကိုကို ရောက်လာတာတော့ ၃ခေါက်ရှိသွားပါပြီး ဒါပေမဲ့စာလးတစောင်
တင်ဖို့ စိတ်မကူးမိပါဘူး အခုမ စိတ်လေးပေါက်မိလို့ တင်ပေးရချင်းဖြစ်ပါတယ် ကျွနော်ပြောမဲ့ဟာက သိပြီးသားလူတွေလဲ ဒီမှာရှိနေချင် ရှိနေပါလိပ်မယ် ဒါပေမဲ့ မသိသေးတဲ့ ကျွန်တော့မိတ်ဆွေ သူငယ်ချင်းများအတွက်ပါ ရေးတင်ပေးရချင်းဖြစ်ပါတယ် များအတွက်ပါ...............................................

ဘာပြေားချင်တာလဲဆိုတော့ gmail အကောင့်သစ်လုပ်ချင်တဲ့ သူငယ်ချင်းတွေ အတော်ညီးနေပါတယ် ဘာလို့လဲဆိုတော့ လုပ်လာလိုက်တာ ပြီးတော့မယ် အားလုံး ပြီးခံနီးရောက်မ ဖုန်းနံပတ်တောင်းရော အဲလို ဖုန်းနံပတ် တောင်းတဲ့နေရာမှာ ဖုန်းရှိတဲ့ လူအတွက်ဆိုရင် အဆင်ပြေတာပေါ့ ဗျား အဲလိုမဟုတ်ပဲ မြန်မာပြည်က သူငယ်ချင်း အများစုက ပေးစရာ ဖုန်းမရှိတော့ ဂွတွေကြကုန်ရောပေါ့ဗျာ.....ဟားဟား ..

အခုကျွန်တ်ာပြောပြမယ့် gmail အကောင့်သစ်လုပ်တဲ့ နေရာမှာ ဖုန်းနံပတ် မတောင်းအောင် လုပ်ဖို့ပါ စစချင်း gmail အကောင့်သစ် လုပ်တော့မယ်ဆိုတာနဲ့ သူငယ်ချင်းတို့က mozilla firefox ကိုပဲ အမြဲသုံးတာဆိုတော့ အမူးမဲ့ အမှတ်မဲ့ပေါ့ အချားဗွိုင်ဇာလေးနဲ့ ပြောင်းပြီး မလုပ်ကြည့်ကြဘူးကိုး ဖုန်းနံပတ် မပေးရအောင်လုပ်တာ တကယ်တော့ လွယ်လွယ်လေးပါ Internet Explorer အတိုခေါက်ခေါ်တော့ IE ပေါ့ဗျာ ဒါလေး နဲ့လုပ်ကြည့်လိုက်ပါလား တခါမှ မလုပ်ကြည့်ကြဘူးထင်တယ်... ကယ် မလုပ်ကြည့်မိဘူးဆိုရင်လဲ အခုလုပ်ကြည့် ဖုန်းနံပတ် တကယ်မတောင်းဘူး........
အော် နေက်ပြီး opera နဲ့လဲ လုပ်လို့ ရပါသေးတယ် သူလဲဖုန်းနံပတ် မတောင်းပါဘူး ....
နောက်ပြီးတော့ အခြား web boewser နဲ့လဲလုပ်လို့ရပါသေးတယ် သူငယ်ချင်းတို့ ကွန်ပျူတာမှာ ဒေါင်းထားချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ နိပ်ပြီး ကိုကြိုက်တဲ့ broewser ကို ဒေါင်း နိုင်ပါတယ်။
သူငယ်ချင်းတို့ အကောင့် သစ်လုပ်ရတာ အဆင်ပြေပါစေ.......

စကားတော့ အတော်များသွားတယ် အဟယ်.. လုကြည့်လိုက်နော် အော် တခုတော့ရှိတယ်နော် web browser တခုကို နစ်ခုလား တစ်ခုလား ဒါပဲလုပ်လို့ရတာ မရရင်လဲ ပူမနေပါနဲ့ ကျွန်တော် လဲအားရင် လုပ်ပေးပါ့မယ် အဲလောက်ဆိုရင်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်..................
မရရင်ပဲဖြစ်ဖြစ် အကူလိုရင်ဖြစ်ဖြစ် သူငယ်ချင်းဖြစ်ချင်လို့ပဲဖြစ်ဖြစ် sithum85@gmail.com
ကိုအက်လိုက်ပါ.....................