Monday 22 July 2013

ကွန်ပျူတာ လိမ်ရောင်းနည်း
http://itchegorkha.com/files/listings/222.jpg
ခေါင်းစဉ်မြင်လိုက်တော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..ဒါပေမယ့် ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်တာပါ..ဘယ်လိုလဲဆိုတော့..အခုတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါးက ကွန်ပျူတာ တွေ LapTop တွေ အစုံအလင်ကိုင်လာနိုင်ကြတယ်..တစ်ချို့က အသုံးလိုလို့ဝယ်တယ်..တစ်ချို့က ဂိမ်းဆော့ချင်လို့.တစ်ချို့က သူငယ်ချင်းတွေရှိရင်.ငါလဲရှိရမယ်ဆိုတဲ့ စိတ်..ဘယ်လို..ဘယ်လိုအကြောင်းတွေကြောင့်ဘဲဖြစ်ဖြစ်..အပြိုင်အဆိုင် ၀ယ်ယူလာကြပါပြီ..နားလည်တဲ့ သူရှိသလို..နားမလည်တဲ့သူတွေလဲရှိပါတယ်..ဒါကိုအခွင့်ကောင်းယူပြီး ရောင်းချသူအချို့က ကွန်ပျူတာ CPU ကိုလိမ်ပြီးရောင်းပါတယ်..ဘယ်လိုလိမ်လဲဆိုတော့ နဂိုက CPU P4 ကို.. Dual Core i5 ဆိုပြီး လိမ်ညာ ရောင်းချလိုက်တာမျိုးပါဘဲ..ကဲ..ဒီမှာတင်ဇာတ်လမ်းစပါပြီ..တစ်ချို့ဝယ်မယ့်သူတွေကလဲ i3, i5 စသဖြင့် အသံလေးကြားရုံနဲ့တင် ၀ယ်ဖို့ဆန္ဒပြင်းထန်နေကြပါပြီ..ဒီလိုသာ လိမ်ရောင်းတာခံလိုက်ရမယ် ဆိုရင် ကိုယ့်အတွက် တော်တော်ကြီးကိုနစ်နာသွားမှာပါ..ကဲ..ဒီတော့ ဘယ်လိုလိမ်သလဲဆိုတာကို ဆက်ပြောပါ့မယ်..အခုနည်းတင်ပေးတာက..အားလုံးဘဲ သတိပြုမိကြစေဖို့ပါ..ကွန်ပျူတာဝယ်ရင် ကွန်ပျူတာကိုသေချာကြည့်ပါ..ဥပမာ.မိမိက ကွန်ပျူတာ ၀ယ်မယ်ဆိုရင် ပိုက်ဆံရှိပြီဆိုတာနဲ့ ချက်ချင်း ဆိုင်ကိုပြေးမ၀ယ်ပါသေးနဲ့ဦး..အရင်ဆုံး ကိုယ်ဝယ်လိုတဲ့ ဆိုင်ကို အရင်သွားပါ..မိမိစိတ်ကြိုက်ကွန်ပျူတာကိုတွေ့ရင် Model နံပတ်နဲ့အရောင်အမျိုးအစားကို မှတ်သားပြီး..အင်တာနက်ပေါ်သို့တက်ပါ..ပြီးတာနဲ့ မိမိမှတ်သားလာတဲ့ မော်ဒယ်နံပတ်ကို အင်တာနက်မယ် ရိုက်ပြီးရှာကြည့်ပါ။ အရောင်တူနေတယ်..ပုံစံတူနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး..မတူဘူးဆိုရင်တော့ သတိထားဖို့အကြံပေးပါရစေ..



ကဲစာဖတ်သူရဲ့ ကွန်ပျူတာကို အခုအထိ မပေါ်သေးတဲ့ pentium 9 လုပ်ကြည့်မလား .... ဒါက သူငယ်ချင်းတွေကို အကြောင်ရိုက်ပြီးနောက်လို့ရပါတယ် .. ကိုယ့်ကွန်ပျူတာရဲ့ cpu ဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်ပေါ့ .. ဥပမာ .. pentium III ဆိုကြပါစို့ .. ကိုက သူငယ်ချင်းတစ်ယောက်ကိုရောင်းချင်တယ်ပေါ့ ... မျက်နှာပန်းလဲလှချင်တယ်ပေါ့ ... ဟဲဟဲ ချက်ချင်းကို အခုအချိန်အထိ မပေါ်သေးတဲ့ pentium 9 အထိကိုပါ ပြောင်းပစ်လိုက်လို့ရတယ် ... စမ်းကြည့်မလား .. ကျွန်တော် ဒီပို့စ်လေးကို ရေးတာ နားမလည်တဲ့ သူငယ်ချင်းများကို မိမိကွန်ပျူတာ လိမ်ရောင်းဖို့မဟုတ်ပါဘူး ... သူများလိမ်လာမှာကို ကိုက နားလည်အောင်လို့ပါ ...
start>> run>> ကိုသွားပြီး regedit လို့ ရိုက်ထည့်လိုက်ပါ ပြီးရင် enter ..
Hkey_loval_machine>> Haadware>> Description>> system>> Central Processor ကို သွားလိုက်ပါ ..
ပြီးလျှင် မိမိကွန်ပျူတာရဲ့ Processor Name string ကို နှိပ်ပြီး မိမိကြိုက်တဲ့ အမျိုးအစားကို ပြန်ပြင်ရိုက်လို့ရပါပြီး ..
မူရင်း.. http://mmithelper.blogspot.com/
http://www.minsoeyarsar.com/

Saturday 20 July 2013

Windows 7 က Menu ကို Windows 8 မှာသုံးကြမယ်


ခုတော့ Windows 8 ရဲ့ဆန်းကြယ်တဲ့ လျို့ဝှက်ချက်တွေ ကိုပြောပြမှာဖြစ်ပါတယ်။ ကဲ။ Windows 7 က Menu တွေရဲ့ပုံစံကို Windows 8 မှာပုံစံကူးမယ်။ လုပ်နည်းကတော့ Registry သုံးရုံပဲ။
ပုံစံအသစ်ကတော့ လှပေမယ့် တချို့ကိုင်လို့ နေသားမကျသေးတဲ့သူတွေရှိပါသေးတယ်။ Windows 7 ပုံစံကို ထားချင်ရင် အလွယ်နည်းကတော့---

Start ကို ကလစ်ပါ။ ပြီးတော့ Search ကိုကလစ်ပါ။


Search Apps ကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ Search box ထဲမှာ regedit လို့ထည့်လိုက်ပါ။
ပြီးတော့ regedit icon လေးကို ကလစ်ပါ။


ခဏစောင့်ပါ။ ပြီးတော့ ဒီလိုပုံပေါ်လာပါလိမ့်မယ်။ စိတ်မပူပါနဲ့။ Yes လို့ပေးလိုက်ပါ။

Registry Editor ပွင့်လာပါပြီ။ မမြင်ဖူးလို့ဆိုပြီး တရေးမော့ကြည့်မနေနဲ့။ အောက်က ပြတဲ့အတိုင်း လုပ်ဆောင်ပါ။ အနီရောင်နဲ့ပြထားတယ်နော်။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer
အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင် နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်ပါစေ။


အပေRPEnabled ကို ကလစ်နှစ်ချက်ပေးပါ။


Edit DWORD (32-bit) Value ကြီးပွင့်လာပါလိမ့်မယ်။ Value Data : ရဲ့အောက်မှာ 1 တွေ့မယ်။ မတွေ့လည်း အောက်ပုံတွေကို ကလစ်လိုက်။


1 ကိုဖျက်ပြီးတော့ 0 လို့ပြောင်းလိုက်ပါ။ OK ကိုကလစ်ပြီး Registry Editor ကို ပိတ်လိုက်ပါ။

အဆင်ပြေပြီထင်နေတာ။ အမှန်တော့ အောက်ကပုံကိုကြည့်လိုက်။ ကိုးရို့ကားယားကြီးပဲ။ မပူပါနဲ့။ အဲ့ဒါကို ဖြေရှင်းလို့ရတဲ့နည်းပြောမယ်။

လူပြိန်းနည်းပါပဲ။ Restart ချလိုက်ပါ။ ပြီးတာနဲ့ အောက်ကပုံကိုကြည့်ပါ။ Windows 7 start menu နဲ့ လုံးဝတူသွားပါပြီ။

Windows 7 ကဟာလို အကောင်းပတိတိုင်း ရပါလိမ့်မယ်။


အဆင်ပြေပါစေ။


Credit to.............YGNBlogger

Window (32 bit & 64 bit) များအကြောင်း


\

32 bit တို့ 64 bit တို့ဆိုတာ Processor ရဲ့ လုပ်နိုင်စွမ်း Data တွေကို တွက်ချက်နိုင်စွမ်း နည်းပညာတွေပါလို့ပဲ အရင် မှတ်ထားလိုက်ပါ.. သိထားရမှာကတော့ 64 bit processor ရဲ့ လုပ်ဆောင်ချက်က 32 bit ထက် ပိုပြီး မြန်ဆန်သွက်လက်ပါတယ်.. တချိန်တည်းတပြိုင်တည်းမှာပဲ Program တွေအများကြီးကို Run ထားနိုင်ပါတယ်..

32 bit OS တို့ 64 bit OS တို့က တော့ Operating System (Windows) ကို ပြောတာပါ.. 64 bits OS က RAM ပမာဏကို ပိုပြီး အသုံးချ နိုင်တယ်.. 32 bits OS က တော့ RAM ပမာဏ ကို အပြည့်အ၀ အသုံးမချနိုင်ဘူး..
အဲတော့ 64 bits OS က ပိုမြန်တယ်လို့ ဆိုနိုင်တယ်.. RAM ကို 4GB ကနေ အထက် သုံးနိုင်တယ်.. ဒါပေမယ့် .. သူ့အတွက်က လိုချင်တဲ့ဆော့ဝဲတွေကို အလွယ်တကူ အင်စတော လုပ်လို့မရနိုင်ဘူး 64 bits OS ကို support လုပ်နိုင်တဲ့ specified application/software တွေ အသုံးပြုလို့ရနိုင်မယ်.. များသောအားဖြင့်တော့ application တော်တော်များများက 64 bit အတွက်ပါ အဆင်ပြေအောင်တော့ ရေးထားကြပါတယ်..

အဲတော့ မေးစရာတွေ ရှိလာပါလိမ့်မယ်..

၁။ ကျနော့စက်မှာတင်ထားတာက 32 bit OS လား 64 bit OS လား.
အဖြေ.>> အလွယ်ဆုံးနည်းကတော့ My Computer ကို Right Click>> Properties >> General Tab မှာ လက်ရှိ windows အမျိုးအစားကိုပြပါတယ် ဥပမာအားဖြင့်
64 bit OS ဆိုရင် Windows XP Professional x64 Edition Version ...
32 bit OS ဆိုရင် Windows XP Professional Version / Service pack .. စသည်ဖြင့်ပေါ့.
မသေချာဘူး နောက်တစ်မျိုး ထပ်ပြီးဘယ်မှာ ကြည့်လို့ရနိုင်မလဲ.. ရပါသေးတယ်.. Run မှာ dxdiag လို့ ရိုက်ပါ.. အဲဒိမှာ Operating System မှာ ကြည့်ကြည့်ပါ.. 64 bit ဆိုရင် 64-bit လို့ ရေးထားပါလိမ့်မယ်.. x86(32 bit) ဆိုရင်တော့ ပုံမှန်ပဲ ပြထားပါလိမ့်မယ်..
နောက်တစ်နည်း ကတော့ Start Menu >> Run >> winmsd.exe လို့ ရိုက်လိုက်ပါ.. အဲဒိမှာလည်း System type မှာ.. x86(32 bit) လား x64(64 bit) လားဆိုတာ ပြနေပါလိမ့်မယ်..
နောက်တစ်နည်းကတော့ Device Manager မှာ Processor ကို Double Click (or) Right Click >> Properties .. မှာ Detail Tab မှာ .. x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..
နောက်တစ်နည်းရှိသေးတယ်. :D Run >> regedit >> HKLM\Hardware\DESCRIPTION\System\CenteralProcessor\0 မှာ ညာဘက်က Identifier ဆိုတဲ့ value မှာ အပေါ်ကလိုပဲ x86 family ဆိုရင် 32 bit ပေါ့ .. x64 family ဆိုရင်တော့ 64 bit ပေါ့..

၂။ 32 bit Processor နဲ့ 64 bit Processor ဘယ်လိုခွဲမလဲ
အဖြေ >> ဖိုရမ်တော်တော်များများမှာ ဒီကိစ0x081စနဲ့ ပတ်သတ်လို့ တော်တော်လေး ခေါင်းစားထားကြတာတွေ့ရပါတယ်..
နည်းမျိုးစုံသုံးပြီးတော့ ခွဲနေကြပါတယ်.. ဒါပေမယ့် ခေါင်းပဲစားနေဆဲဖြစ်နေကြပါတယ်.. အဲတော့ ခေါင်းမစားပဲ တစ်ခုခု စားကြရအောင် :D CPU-Z .(installer ကိုပဲ Download လုပ်ပါ) သို့မဟုတ်
AIDA32 ဆိုတဲ့ Freeware လေးတွေနဲ့ စစ်လို့ရပါတယ်.. CPU-Z ကို run လိုက်ပြီးရင် အောက်မှာပြထားသလိုပေါ့..

အနီကွက်ထဲက Instruction မှာ EM64T (if its Intel) or AMD64 (if its AMD) ဆိုတာ ပါရင် 32 bit Processor ဖြစ်နေရင်တောင်မှ 64 bit capable ရှိတဲ့ Processor ဖြစ်တဲ့အတွက် 64 bit OS တင်လို့ရနိုင်ပါတယ်.. AIDA32 မှာဆိုရင် အောက်ကလိုမျိုးလေးပေါ့

၃။ 32 bit processor ရှိတဲ့ computer မှာ 64 bit OS install လုပ်လို့ရပါသလား..
အဖြေ>> အပေါ်က ပြောထားသလိုပါပဲ... 32 bit processor မှာ 32 bit OS ပဲ run လို့ရပါတယ်... 64 bit capable ရှိတဲ့ 32 bit processor ဆိုရင်တော့ 64 bit OS ကို run လို့ရပါတယ်.. မိမိစက်က Processor က 64 bit capable ရှိမရှိကို အပေါ်က နည်းအတိုင်း စစ်ဆေးကြည့်နိင်ပါတယ်.. ဒိထက်သေချာချင်ရင်တော့ 64 bit OS ကို install လုပ်ကြည့်လိုက်ပါ.. အောက်ကပုံအတိုင်း message တက်လာရင် မရဘူးလို့မှတ်ပေါ့ :D


အားလုံးအဆင်ပြေကြပါစေနော်။
{ MMiTD ရဲ့ Admin ကိုဟူး တင်တဲ့ Post လေးပါ။ တော်တော်လေး
ကိုကောင်းလို့ကြိုက်လွန်းလို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာ။}

Thursday 18 July 2013

Window 8 အသုံးပြုနေသူများအတွက် အသုံးပြုနည်း မြန်မာစာအုပ်

ဒီလင့်မှာ Download ယူပါ -www.mediafire.com-window 8သုံးပြုနည်းစာအုပ်
ref: http://www.zwmnna.com/

Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း

 

ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် zawgyi-one font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ လင့်လေးတွေကနေ zawgyi font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင် winrar ဖို်င်လေးကိုဖြေလိုက်ပါ။ ပထမဖိုင်ထဲမှာ setup ဆိုတာလေးကို အရင် install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။
ဒုတိယအဆင့်က control panel ထဲဝင်ပြီး Language setting ကိုပြင်ဖို့လိုပါတယ်။
အဆင့်(၁) Control panel ကိုသွားဖို့ကရိုးရိုးလေးပဲ။ Desktop ပေါ်ကို right click ထောက် personalize ကိုကလစ်ပေးပါ။ ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။ Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။

အဆင့်(၂) အဲဒီမှာ Advaced settings ဆိုတာကို လကစ်ပေးပါ။


အဆင့်(၃) Override for default input method ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ။ ဒါဆိုရင် zawgyi font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

To download (For zawgyi-keyboard) >> Mediafire
To download (For IEZawGyiGtalkfont) >> Mediaifre
အားလုံးကိုလေးစားလျက်.....
Credit:http://mhuthaw.blogspot.com/
လွမ်းဦးမောင်(မြောင်းမြသားလေး)ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့အားပေးနေကြသော
မိတ်ဆွေအားလုံးကိုရင်ဘတ်ကြီးနဲ့ကျေးဇူးးတင်ပါတယ်ဗျာ..တုန့်ပြန်မှု့တစ်ခုအနေနဲ့
တောင်းဆိုမှု့တစ်ခုတော့ပြုပါရစေ...သူငယ်ချင်းရဲ့ဝေဖန်အကြံပေးမှု့နဲထပ်တူညီမျှတဲ့
ကွန်မန့်လေးကိုထားရစ်ခဲ့စေချင်ပါတယ်...
 

Windows 8 တွင် Internet အသုံးပြုရန်အတွက် မြန်မာစာစနစ် Zawgyi-One Fonts အသုံးပြုနည်း


 
ဒီနေ့တော့ မိတ်ဆွေတွေကို Microsoft Company ရဲ့ နောက်ဆုံးထုတ် Windows ဖြစ်တဲ့ Windows 8 မှာ Zawgyi Fonts အသုံးပြုနည်းကို ဖေါ်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ Windows XP တို့ Windows 7 တို့မှာ Internet အသုံးပြုတဲ့အခါ မြန်မာလို ဖတ်ရဖို့နဲ့ မြန်မာလို ရေးရဖို့အတွက် Zawgyi Fonts သုံးရတာ အဆင်ပြေပေမဲ့ Windows 8 မှာကျတော့ အခက်အခဲ တချို့ ရှိလာတာကို တွေ့ရပါတယ်။ ဥပမာ - Gtalk Program ကိုသုံးပြီး Chatting ထိုင်တဲ့အခါမှာ တဖက်လူက ပြောတာကို မြင်ရပြီး ကိုယ်က စာပြန်ရိုက်တဲ့အခါ လေးထောင့် တုံးတွေ ပေါ်နေတာမျိုးတွေ ဖြစ်တက်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာလဲ ဖြစ်တက်ပါတယ်)

Windows 8 ကို Microsoft က အသုံးပြုသူ User တွေအတွက် များစွာသော ပြောင်းလဲမှုတွေ ပြုလုပ်လိုက်တဲ့အတွက် Computer နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေအတွက် အရမ်းကြီး ခက်ခဲမှု မရှိပေမဲ့ user အသစ်တွေအတွက်တော့ အခက်အခဲ တချို့ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီအတွက် ကျွန်တော် ဒီ Post ကို တင်လိုက်တာပါ။

Windows 8 တွင် Zawgyi Fonts အသုံးပြုနိုင်ဖို့အတွက် ကျွန်တော် တင်ပေးထားတဲ့ Installer ကို အရင်ဆုံး Download ဆွဲဖို့ လိုအပ်ပါတယ်။

ပထမဆုံးအနေနဲ့ အောက်မှာ ကျွန်တော်ပေးထားတဲ့ Zawgyi Fonts ကို Download ချလိုက်ပါ။ 32 Bits နဲ့ 64 Bits နှစ်မျိုးထဲက မိမိ Computer OS ပေါ်မူတည်ပြီး အဆင်ပြေတာကို download ဆွဲလိုက်ပါ။





For Zawgyi Fonts 32 Bits

32 bits Windows ကိုအသုံးပြုထားတဲ့ user များအတွက် အပေါ်က ကျွန်တော်ပေးထားတဲ့ Link ကနေ Download ကိုနှိပ်ပြီး Save File ကို နှိပ်ပါ။
အပေါ်ကပုံအတိုင်း Download လုပ်ပြီးလို့ Mozilla Download Windows ကျလာရင် အဲဒီ File ပေါ်ကို Right Click နှိပ်ပြီး Open Containing Folder ကိုနှိပ်ပါ။ ၄င်း Download file တည်ရှိရာ နေရာကို ရောက်သွားပါမယ်။

အဲဒီကမှ ZFK-EG-WC.exe ကို Double Click နှိပ်ပါ။ တစ်ချို့computer တွေမှာ Windows ရဲ့ User Account Control ကြောင့် yes (or) No Box ကျလာတက်ပါတယ်။Yes လို့ပြောပေးလိုက်ပါ။ ပြီးရင်တော့ Zawgyi Installation Wizard ကျလာပါလိမ့်မယ်။ အရမ်းလွယ်တဲ့အတွက် ပုံနဲ့ မပြတော့ပါဘူး။ next, Cancel , Install အဲဒါတွေပဲ ပါတာပါ။

Install လုပ်ပြီးသွားရင်တော့ Computer ကို Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့ အခါ Zawgyi Fonts သုံးလို့ ရသွားပါပြီ။ English နဲ့ Myanmar ကို Keyboard ကနေ Ctrl + Shift Key ကို တွဲနှိပ်ပြီး အပြောင်းအလဲလုပ် အသုံးပြုနိုင်ပါတယ်။

For Zawgyi Fonts 64 Bits

64 Bits User တွေအတွက်ကတော့ အပေါ်က ကျွန်တော်တင်ပေးထားတဲ့ Link ကနေ Download ချလိုက်ပါ။ ပြီးသွားရင် Download ချထားတဲ့ Folder လေးထဲက 32 bits ကိုအရင် Install လုပ်လိုက်ပါ။ ပြီးသွားရင် 64 bits Folder ထဲက Install_me ဆိုတဲ့ exe File လေးကို Install လုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ computer ကို restart ချပေးဖို့ လိုအပ်ခဲ့ရင်လဲ restart ချပေးလိုက်ပါ။ တစ်ချို့ computer တွေကတော့ restart ချစရာ မလိုပါဘူး။

သာမှန်အားဖြင့်တော့ ဒီလောက်ဆိုရင် အိုကေပါပြီ။ ဒါပေမဲ့ တချို့ အဆင်မပြေတဲ့သူတွေအတွက်တော့ အောက်ပါ အဆင့်တွေကို ထပ်လုပ်ပေးဖို့ လိုအပ်ပါတယ်။

Step (1) Control Panel ထဲကို သွားလိုက်ပါ။ Windows 8 မှာ Control Panel ဘယ်မှာနေမှန်း ရှာလို့ မတွေ့ဖြစ်နေသူတွေ အတွက်တော့ အလွယ်ဆုံး နည်းနှစ်ခုကို ပြောပြပေးပါ့မယ်။ အဆင်ပြေမဲ့ နည်းကို သုံးလိုက်ပါ။

ပထမနည်း

Desktop ပေါ်မှာ Right Click နှိပ်ပြီး Personalize ကို နှိပ်လိုက်ပါ။ Windows 7 မှာလိုပါပဲ Desktop background တို့ဘာတို့ ဟိုကလိ ဒီကလိ လုပ်တဲ့ Box တစ်ခု ပွင့်လာပါလိမ့်မယ်။ အဲဒီမှာ ဘယ်ဘက်အပေါ်ထောင့်မှာ Control Panel Home ဆိုတာ ရှိပါတယ်။ အဲဒါကို နှိပ်လိုက်ရင် Control Panel ထဲကို ရောက်သွားပါလိမ့်မယ်။

ဒုတိယနည်း

ဒီနည်းကတော့ ဖြတ်လမ်းနည်းပါ။ Keyboard ကနေ Windows Key နဲ့ R နဲ့တွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ။ အဲဒီကမှ control လို့ ရိုက်ပြီး OK နှိပ်လိုက်ရင် Control Panel ကို ရောက်သွားပါလိမ့်မယ်။

Step (2) Control Panel ထဲကို ရောက်ရင် Language ကို သွားလိုက်ပါ။ ပုံမှာ ၀ိုင်းပြထားတဲ့အတိုင်း အပေါ်ထောင့်က View By ဆိုတာကို သတိပြုပါ။ တခါတလေမှာView By ဆိုတဲ့ နေရာက Category ဆိုပြီး ဖြစ်နေခဲ့ရင် သိပ်မရင်းနှီးသေးတဲ့သူတွေအတွက် Language ဆိုတာ ဘယ်နားမှာလဲ ဆိုတာမျိုး မျက်စိလှည်သွားနိုင်ပါတယ်။
Step (3) ဒီမှာတော့ Language ထဲက Advance Setting ကို ထပ်ပြီး Click နှိပ်လိုက်ပါ။
Step (4) Override for default input method ဆိုတာရဲ့ အောက်မှာUse Language List (recommended) ဆိုတာကို နှိပ်ပြီး English (United States) –Zawgyi Myanmar Unicode ဆိုတာကို ရွှေးပေးလိုက်ပါ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ ။ Windows 8 မှာ zawgyi fonts အသုံးပြုလို့ အဆင်ပြေသွားပြီ ဖြစ်ပါတယ်။

Gtalk မှာ စာရိုက်လိုက်တဲ့အခါ လေးထောင့်တုံးတွေ ဖြစ်နေတယ်ဆိုရင်

ဖြစ်တော့ ဖြစ်ခဲပါတယ်။ ဒါပေမဲ့ ဖြစ်တက်ပါတယ်။ Zawgyi Fonts တော့ သွင်းထားလိုက်တာပဲ။ ဒါပေမဲ့ Gtalk ပြောတဲ့အခါ လေးထောင့်တုံးတွေ ပေါ်နေတယ်ဆိုရင် အောက်မှာ ကျွန်တော်ပြောတဲ့ အတိုင်း လုပ်ကြည့်လိုက်ပါ။

Step (1) Gtalk ရဲ့ Settings ထဲက Fonts မှာ Zawgyi One ကို ရွှေးထားပေးပါ။

Step (2) Internet Explorer ကို ဖွင့်ပါ။ Internet Option ထဲကို သွားပါ။ Option Box ကျလာခဲ့ရင် General ရဲ့ အောက်မှာ Fonts ဆိုတာကို ရှာပါ။ အဲဒီမှာ Zawgyi One ကို ပြောင်းထားပေးလိုက်ပါ။ ပြီးရင်တော့ OK ပေါ့။

ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ။ Gtalk ကို ဖွင့်ပြီး Chatting ပြန်ထိုင်ကြည့်ပါ။ လေးထောင့်တုံးတွေ ဖြစ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။


ူရင်းရေးသားသူ ဒီမှာ

 

Saturday 13 July 2013

မိမိသုံးနေတဲ့ အင်တာနက် Connection ကို WiFi အဖြစ် ပြန်လည်မျှဝေချင်တယ်ဆိုရင်




ကိုယ်အသုံးပြုနေတဲ့ အင်တာနက် Connection ကို WiFi အဖြစ် အခြား Devices တွေဖြစ်တဲ့ Android Phones, iPad/iPhone, PDAs, tablet-pcs and other devices စ,တဲ့ Devices တွေဆီကို ပြန်လည်မျှဝေသုံးစွဲချင်တယ်ဆိုရင်တော့ ဒီ Software လေးက နာမည်ကြီး Connectify Pro ဆိုတဲ့ Software ထက် ပိုအဆင်ပြေပါတယ်... Connectify က Free Version မဟုတ်တဲ့အတွက် Key ထည့်ရတာနဲ့ Crack ဖြည်ရတာနဲ့ တော်တော် အလုပ်ရှုတ်ပါတယ်.... ခု ဒီ mHotspotလေးကတော့ Freeware လေးပါ... သုံးရတာလည်း အဆင်ပြေသလို အရမ်းလည်း လွယ်ကူပါတယ်.... Window 7 ကနေ Window 8 အထိ Support လုပ်တဲ့အပြင် ဖိုင်လ်ဆိုက်ဒ်လေးကလဲ 390KB ပဲရှိပါတယ်.... စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူ စမ်းသပ်နိုင်ကြပါတယ်ခင်မျာ......:)

Features :

  • No Installation required
  • Connect upto 10 devices to the hotspot
  • You can set your own hotspot name without any restrictions
  • Application size is 400KB only
  • Share any type of Internet Connection(LAN, Ethernet,3G/4G,Wifi etc)
  • Android phones, ipads, PDAs, tablet-pcs and other devices can access
  • See the details of the connected device(Name, Ip Address, Mac Address)
  • See the network usage(Upload and Download Speed, Transfer Rates)
  • Secures your wireless hotspot with WPA2 PSK password security
  • Set max. number of devices that can be connected
  • Extends your Wifi range(Acts as a repeater)
  • In-app internet selection
  • Works with Windows 7,8


Click Here to Download
ဒီ Video လေးကတော့ အသုံးပြုနည်းလေးပါ .. အားလုံး လုပ်တတ်ကြမယ်လို့မျှော်လင့်ပါတယ်...:)
Kindly Share The Love »»

 

Who’s is On My Wifi Ultimate 2.08


ဒီ software လေးကို အရင်က လည်း တင်ထားပေးခဲ့ဘူးပါတယ် ။ ဒီတစ်ခါ တော့ Ultimate လေးဖြစ်လို ထပ်တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးက ဘယ်နေရာမှာအသုံးပြုသလဲ ဆိုတော့ မိမိ Wireless Network  ထဲတွင် မည်သူတွေ ၀င်ရောက် အသုံးပြုနေလဲ ဆိုတာကိုလည်း ပြသပေးပါတယ်။ မိမိ Wifi ထဲမှာ User တစ်ယောက် အသစ် online ပေါ်တက်လာတာနဲ့ သူက အသံဖြင့် ပြောပေးပါတယ်။ ဒီ User က ကို အသုံးပြု ခွင့်ပေးတဲ့ User လား ဒါမှမဟုတ် မိမိ Network ထဲကို Hack ပြီး ၀င်ရောက်လာ သူလားဆိုတာကို ကြည့်နိုင် မှာ ဖြစ်ပါတယ်။ Wifi လွင့် ရောင်းမည့်သူတွေအတွက် လည်း အထူးအသုံးဝင်မဲ့ Software လေးပါပဲခင်ဗျာ
ကဲ အောက်မှာဒေါင်းလိုက်ပါဗျာ
Download        Media  


Download        4 shared 

Password - kozin

Tuesday 9 July 2013

WIFI Password ခိုးနည်းလေး ပေးလိုက်ပါတယ်
ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကို
Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက်
WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ...:D
ကဲ လုပ်ကြည့်နော်..
ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ
အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်
...
WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။

အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။

အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်
လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..
ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။
ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။
လုပ်နည်းလေးကတော့။
အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။
အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက်
က ထည့်ရမဲ့စာလုံးကို တော့သေချာထည့်ပေးဖို့လိုပါတယ်။
အဲဒါကို ကလစ်လိုက်ရင် Password တောင်းလာလိုက်မယ်။
ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့ ဥပမာ..ပြထားတဲ့ ( 069500 ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး ( 695001FFB0 )
လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့် ပါ။
Azlie
617a6c69303761707231393738


092f222
>>>>>>>>>>>>>>>>>>>>>>>>>>>>>>

shaiful
30313232343433333730313233

>>>>>>>>>>>>>>>>>>>>>>>>>>>>>

Ghost
abcd368368
>>>>>>>>>>>>>>>>>>>>>>>>>>>>>

Yong ah foo
31393230333331313435323233
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
meingan
63353131313036303535323735
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။

နောက်တစ်နည်း။။ ။။

SSID နာမည်တွေကို Cracking ခွေနဲ့ခိုးတဲ့နည်းပါ။
အဲဒီအခွေက Wireless password တင်မကဘူး Creadit card password အထိ Hacking လုပ်လို့ ရပါတယ်။


အဆင်ပြေပါစေဗျာ
The author has edited this post (on 25/08/2011)
http://akarphyoe.mixxt.at မှ ကူးယူတင်ပြသည်။

Online ပေါ်မှာတစ်နေ့ကို မိနစ် 30 အချိန်ပေးပြီးငွေရှာနည်း စာအုပ် ( ဒုတိယပိုင်း ) ထွက်ပြီ

မင်္ဂလာပါ...Online ပေါ်မှာတစ်နေ့ကို မိနစ် 30 အချိန်ပေးပြီးငွေရှာနည်း စာအုပ် ဒုတိယပိုင်းထုတ်ဝေပေး
လိုက်ပါပြီ..ဒီစာအုပ်မှာ ပထမစာအုပ်တုန်းက အမေးအများဆုံးမေးခွန်းအချို့ကို အကျဉ်းချုပ်ဖြေပေးထားသလို..အဓိက အမေးအများဆုံးဖြစ်တဲ့ ပိုက်ဆံတွေကို PayPal ဆီသို့မည်သို့မည်
ပုံ Cash Out ( ငွေထုတ် ) ရမည့်နည်းလမ်းကိုလည်း သေချာရှင်းလင်းထားပါတယ်...ကဲ ဒုတိယပိုင်းမျှော်နေပါတယ်ဆိုတဲ့ သူများအတွက် တင်ပေးလိုက်ပါပြီခင်မျာ..အရေးအသား အမှားပါရင်လည်း
သီးခံခွှင့်လွှတ်ပေးကြပါ..ကျနော်လဲ လေ့လာနေဆဲသူတစ်ယောက်မလို့ပါခင်မျာ :)

Download => Link 1 / Link 2 / Link 3 / Link 4
 

Friday, April 27, 2012

Beini Minidwep-gtk ဖြင့် wifi password ရယူနည်း အဆင်ဆင့်

မေးနေကြတဲ့ သူငယ်ချင်းတွေ များနေတာနဲ့ အတော်ပဲဗျာ အဝေးဆီက မလေးရောက် ခရီးသည် က တဆင့်ချင်း ရှင်းပြထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ (ကိုယ်တိုင် စမ်းမကြည့်ရသေးပါဘူး)
အားလုံးပဲ မင်္ဂလာပါ။ ၁ရက်နေ့ က တင်ပေးထားတဲ့ အလွယ်ကူဆုံး wifi password ရယူနည်းက April Fools လုပ်ထားခြင်းဖြစ်တာကို ပထမဦးဆုံး ဝန်ခံပါရစေ။ အဲ့ဒီတုန်းက စာနဲ့ အတူ တွဲလျှက်ပါတဲ့ ပုံတွေကတော့ Realtex Wifi Adapter အတွက် သီးသန့် သုံးတဲ့ CDLinux Chinese Version Software ဖြစ်ပါတယ်။ ယခု အတည်ပေးမယ့် Software ကတော့ wireless adapter အားလုံးနဲ့ ကိုက်ညီတဲ့ Beini Software English Version ပဲဖြစ်ပါတယ်။


Beini Software ကိုသုံးပြီး minidwep-gtk program ဖြင့် wifi password ရယူခြင်းကို တင်ပြချင်ပါတယ်။ ဆော့ဝဲလ်ကို မဒေါင်းခင် ပထမဦးဆုံး လိုအပ်တာကတော့ CD အလွတ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှိပြီဆိုလျှင် Beini Software ကို ဒေါင်းလိုက်ပါ ။ ဒေါင်းပီးရင်တော့ ထုံးစံအတိုင်း zip ကို ဖြည်လိုက်ပါ။ ဖြည်တဲ့အခါ ပြန်ရှာရ လွယ်ကူအောင် Desktop ပေါ်မှာ ဖြည်စေချင်ပါတယ်။

ဖြည်ပြီးပြီဆိုလျှင် ဖြည်ထားတဲ့ဖိုင်ကို CD တစ်ချပ် ပြုလုပ်ရပါမယ်။ CD ကို CD Rom ထဲ ထည့်ပါ။ Burning Software ရှိသူတွေက အလွယ်တကူ Burn နိုင်သလို Burning Software မရှိသူတွေအတွက် Winiso Software ကို ဒီမှာ ရယူနိုင်ပါတယ် ။ Winiso ကို ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း အင်စတော လုပ်ရပါမယ်။ အင်စတောလ် လုပ်ပြီးလျှင် ထို Software ကို Run လိုက်ပါ။

( ၁ ) အောက်ပါပုံအတိုင်း ပေါ်လာလျှင် Cancel ကိုနှိပ်ပါ။

Photobucket


( ၂ ) ပြီးလျှင် Open File ကိုနှိပ်ပါ။


Photobucket


( ၃ ) ပြီးလျှင်တော့ ခုနက Zip ဖြည်ထားတဲ့ Beini ရှိရာကို အောက်ပါအတိုင်း အဆင့်ဆင့် ရွေးပေးရပါမယ်။ 1-> Desktop , 2-> Beini , 3-> Open


Photobucket


( ၄ ) ပီးလျှင်တော့ အောက်ပါအတိုင်း Burn ကိုနှိပ်လိုက်လျှင် Beini CD တစ်ချပ်ရပါပြီ။ သေချာအောင် CD ကို Checking လုပ်ချင် လုပ်နိုင်ပါတယ်။


Photobucket


CD ဖြစ်မြောက်ပြီဆိုလျှင် password ကိုရယူဖို့ အတွက် ၄င်း CD ဖြင့်စက်အား Boot လုပ်၍ ရယူရမည် ဖြစ်သောကြောင့် စက်အား Restart လုပ်ရန် လိုအပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ သာမာန်အားဖြင့် စက်အား CD မှတဆင့် windows တင်ရန် Format လုပ်သလိုပါပဲ။ စက်ကို စစဖွင့်ဖွင့်ချင်း Esc, F2, F10 စသဖြင့် မိမိစက်အပေါ်မူတည်၍ နှိပ်ပေးရပါမယ်။ တချို့ စက်တွေကျတော့ ဘာမှနှိပ်စရာမလိုပဲ စက်ထဲ Boot CD ရှိသည်ဆိုလျှင်နှင့် စက်စစဖွင့်ချင်း auto boot လုပ်ပေးပါတယ်။ Boot မလုပ်ခင် မိမိစက်၏ CD Rom ကို Boot လုပ်ပေးနိုင်အောင် Bio Setup လုပ်ထားရပါအုန်းမယ်။ ထို့ အတွက် စက်စစဖွင့်ချင်း F12 ကိုနှိပ်၍ System Setup ထဲဝင်ပါ။ Boot Order မှာ Boot From CD Room ကို Enter Key နှိပ်ပြီး အပေါ်ဆုံးမှာ ထားပေးလိုက်ပါ။ ပြီးလျှင် Exit ( F10 ) ကိုနှိပ်၍ Save လုပ်ကာ ထွက်လိုက်လျှင် Setup ပြီးဆုံးပါပြီ။


( ၁ ) Boot လုပ်လို့  အောင်မြင်သွားလျှင် အောက်ပါပုံအတိုင်း ပေါ်လပါလိမ့်မည်။ ၄င်းမှ ဝိုင်းပြထားသည့် minidwep-gtk ကို ကလစ်နှိပ် ရွေးချယ်ပါ။


Photobucket


( ၂ ) OK ကိုနှိပ်ပါ။


Photobucket


( ၃ ) အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ ထိုအထဲမှ password ရယူနိုင်သည့် wifi မည်မျှရှိသည်ကို ဝိုင်းပြထားသည့် Scan ကိုနှိပ်၍ ရှာပါ။


Photobucket


( ၄ ) အောက်ပါပုံကတော့ Scan ရှာပြီး ရရှိသည့် လိုင်းအရေအတွက် ဖြစ်ပါသည်။ ထိုအထဲမှ မိမိ password ရယူချင်သည့်လိုင်းအား ကလစ်နှိပ်၍ Lanch ကိုနှိပ်ပါ။


Photobucket


( ၅ ) ထိုအခါ password hacking အလုပ်လုပ်နေသည်ကို အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ မျှားပြထားသည့်နေရာသည် IVS ဖြစ်ပြီး ဂဏန်းများ တက်နေသည်ကို တွေ့ ရပါမယ်။ ဂဏန်းအရေအတွက် ၃၀၀၀၀ ကျော်အထိ စောင့်ရန်လိုအပ်ပါတယ်။ ၃၀၀၀၀ နဲ့  ၅၀၀၀၀ ကြားမှာ password ထွက်လာနိုင်ပါတယ်။ password တစ်ခုကို ၁၅မိနစ်မှ မိနစ် ၂၀ခန့်  hack ရပါတယ်။ သတိပြုရန်မှာ hack နေချိန်အတွင်း keyboard မှ space bar ကို မနှိပ်မိစေရန်ပါပဲ။ space bar တစ်ခါနှိပ်လျှင် hack ခြင်းအား ရပ်နေစေပြီး space bar ထပ်မံ နှိပ်ပေးပါက hack ပြန်လုပ်ပေးပါတယ်။ IVS က ကိန်းဂဏန်းပြောင်းလဲရာမှာ ၅ မိနစ်အတွင်း ရပ်တန့် နေတယ်၊ ပြောင်းလဲမှု နှေးကွေးနေတယ်ဆိုရင်တော့ ထိုလိုင်းအတွက် hacking လုပ်ခြင်းကို ရပ်နားပေးလိုက်ပြီး နောက်တစ်ချိန်မှ ထပ် hack ဖို့ မှတ်သားထားပြီး တခြား wifi လိုင်းကို အရင် hack စေချင်ပါတယ်။


Photobucket


( ၆ ) hacking အောင်မြင်သွားပြီဆိုရင်တော့ အေက်ပါပုံအတိုင်း password ထွက်လာပါလိမ့်မယ်။ password ကို Hex key ဆိုပြီး ဖော်ပြထားပါတယ်။ ရေးမှတ်လိုက်ပြီး နောက်ထပ် wifi တစ်ခုကို အထက်ပါအဆင့်အတိုင်း ထပ်မံ hack နိုင်ပါတယ်။


Photobucket


minidwep-gtk ဖြင့် hack ရတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ အားလုံးလဲ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွေ့ ပိုင်း ပိုအားသန်လို့  စာနဲ့ ရေးရှင်းပြတဲ့အခါ ဖတ်ရှုရတာ အဆင်မပြေဖြစ်ခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ လောလောဆည် WEP ကိုပဲ hack နိုင်သေးပြီး WPA2-PSK ကိုတော့ လက်လျော့ထားပါတယ်။ တခြား hack နိုင်သူများရှိရင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။


*** Beini Software ဟာ မိမိကိုယ်ပိုင် wifi password ကို ထိုးဖောက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်းအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ တခြားသူရဲ့ wifi ကို ထိုးဖောက်ခြင်းမပြုပဲ မိမိကိုယ်ပိုင်ကိုသာ ထိုးဖောက်ရန် အလေးအနက် သတိပေးထားပါတယ်။