Monday 20 May 2013

Adobe Flash Player 11 Plugin 2 Free Download

30 Jun 12, 10:24 PM
zero: adobe fiash player လေးပျောက်နေတယ် ဘယ်လိုလုပ်ရမလဲ အကို
4 Jul 12, 01:22 AM
soe: ကျနောစက်မှာ youtube ကြည့်လို့မရတော့လို့ ကူညီပါဦးဗျာ
4 Jul 12, 01:24 AM
soe: google crome မှာတော့ ကြည့်လို့ရတယ်....firefox မှာမရဘူြးှဖစ်နေလို့ပါ
ဒါလေးကတော့ မသိသေးတဲ့ သူများအတွက် အခက်အခဲတခု ဖြစ်နေမှာပါ..။ Mozilla Firefox ကို Install ဆွဲထည့်ပြီးတဲ့ အခါ ဒီ Adobe Flash Player လေးကိုလည်း Install ဆွဲထည့်ပေးဖို့ လိုပါတယ်..။ ဒါမှသာ Mozilla နဲ့ ရုပ်ရှင်တွေ ဗွီဒီယိုတွေကို ကြည့်လို့ ရမှာပါ..။ အပေါ်မှာပြန်လည် ဖေါ်ပြထားသလို မေးလာတဲ့ အစ်ကို၂ယောက်ရှိတဲ့ အတွက်.. တခြားသူများလည်း ဒီလို ပြဿနာလေးတွေ ကြုံတဲ့အခါ ဖြေရှင်းရလွယ်အောင် ဒီ Adobe Flash Player လေးကို ဆောင်ထားသင့်ပါတယ်..။ ဒီကောင်လေးက Free Software လေးပါ..။ သူ့ရဲ့ မူရင်းဆိုဒ်မှာလည်း သွားဒေါင်းယူလို့ ရပါတယ်..။ ကျနော်က အဆင်ပြေအောင် ဒီနေရာမှာပဲ တခါတည်းတင်ပေးလိုက်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေသာ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 2.6 MB ရှိပါတယ်..

Jumbofiles

သူ့ရဲ့မူရင်းဆိုဒ်မှာ ဒေါင်းယူချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ သွားလိုက်ပါ..
Download Adobe Flash Player

Mozilla Firefox မှာ အောက်ကပုံမျိုးလေးတွေ ပေါ်လာရင် Install Plugin နေရာကို ကလစ်ပေးလိုက်ပါ..။

Thursday 16 May 2013

Gtalk နဲ့  မြန်မာနိုင်ငံကို ဖုန်း Message ပို့ဖို့.......

Gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်း Message ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။
ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။
၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။
ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။

အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။
အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။

gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။
ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ်။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။
လုပ်ကြည့်ကြည့်ပါ။
country code တွေ ခံစရာမလိုပါဘူး။
095217892 ဆိုတာနဲ့ရပါပြီး။
ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပါတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။

video နောက်ခံကိုဘယ်လိုပြောင်းမလဲ ( software နဲ့ ပြုလုပ်နည်း)

သရုပ်ဆောင်က အစိမ်းဝတ်မယ်ဆိုရင် နောက်ခံ အပြာသုံးပါ ။
ကဲစမယ်နော်
ဆော့ဝဲလ်ကိုဒေါင်းပြီးဖွင့်ပါ နောက်ခံပုံတစ်ခုနဲ့
အစိမ်းရောင်နောက်ခံရိုက်ထားတဲ့ vide ဖိုင်တစ်ခုထည်ကပါ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း
time line တွေကိုဆွဲထည့်ပါ

ပုံ ၂
ဗွိဒီယိုဖိုင်က အပေါ်ကထားရပါတယ် အောက်က နောက်ခံထားရပါတယ်
ပြီးရင် အပေါ်က video file ပေါ်မှာ ညာကလစ်နှိပ်ပြီး
ပုံမှာပြတဲ့အတိုင်း keylight 1.2 ကိုရွေးပေးပါ

ပုံ ၃
ပုံမှာပြထားတဲ့အတိုင်း green color pen ပုံလေးပေါ်မှာနှီပ်ပြီး ကိုယ်ဖြောက်ချင်တဲ့ နောက်ခံအစိမ်းပေါ်မှာ ကလစ်တစ်ချက်နှီပ်ပါ

ပုံ ၎
ဒါဆိုရင် နောက်ခံ ဓါတ်ပုံပေါ်လာပြီး အစိမ်းတွေပျောက်ကုန်ပါတယ်
After effect cs3
ဒေါင်းမရရင် နောက်တစ်ခု
download
အဆင်ပြေတဲ့နေရာကဒေါင်းပါ cs6 ထိတော့ထွက်ပြီး ဒါပေမယ့်
cs5 ကနေစပြီး 64bits တွေပါ ဒါကြောင့် 32bits သုံးသူတွေက
CS 4 ထိပဲသုံးရပါတယ်။
စိတ်ဝင်စားရင်နောက်ထက်တင်ပေးပါ့မယ်
အဆင်ပြေပါစေ။

VCD ကာရာအိုကေ စာတန်းထိုးနည်း

VCD သီချင်းတွေကို ကြည့်ရင်း သီချင်းစာသားထိုးတာတွေကို ဘယ်လိုများ လုပ်တာပါလိမ့်ဆိုပြီး အရမ်း သိချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ Adobe Premier နဲ့ Title Deko ကို သုံးလုပ်တာဆိုပြီး သူငယ်ချင်း တစ်ယောက်က ပြောလို့ သိခဲ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Premier တင်ပြီး စမ်းကြည့် ခဲ့တယ်။ အားပါး တော်တော်လေးကို အချိန်ပေးရပါတယ်။ စာနဲ့အသံနဲ့ ကိုက်အောင် လုပ်ရတာ အတော်လေးကို လက်ဝင်ပါတယ်။ ဒါတောင် အသံအလိုက် စာသားကို highlight လုပ်တာ မပါသေးဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ပျင်းပြီး ဆက်မလုပ်ဖြစ်တော့ပါဘူး။
ဟိုတလောက ကွန်ပျူတာဂျာနယ်မှာ ကာရာအိုကေ စာတန်းထိုးနည်း ပါလာပါတယ်။ ကြည့်လိုက်တော့ Premier နဲ့ပါပဲ။ Premier ဆိုတာနဲ့ ကျွန်တော် လည်းလန့်နေပြီ။ အဲဒါနဲ့ စမ်းတောင် မကြည့်တော့ပါဘူး။
ကိုယ့်မှာ သိချင်စိတ်ရှိနေလို့ပဲလားတော့ မသိပါဘူး။ မရှာဘဲနဲ့ အလွယ်နည်းလေးကို မထင်မှတ်ပဲ အခု ရလိုက်ပါပြီ။ Reader နဲ့ Feed တွေ လိုက်ဖတ်ရင်း Techpp ရဲ့ Feed မှာ အဲဒီအကြောင်းလေး ပါလာတယ်။ အဲဒါနဲ့ ကျွန်တော်စမ်းကြည့်တယ်။ အရမ်းလွယ်တယ်။ အဆင်ပြေပါတယ်။ ဒါကြောင့် အခု ဖောက်သည်ချလိုက်ပါပြီ။

စာတန်းထိုးဖို့အတွက် လိုအပ်တဲ့ Software တွေက Divxland Media Subtitler ပါ။ ပြီးတော့ VirtualDub ရယ်၊ Xvid Encoder ရယ်ပါ။ စုစုပေါင်း သုံးမျိုးပါ။ အကုန်လုံးဟာ Free ပေးတာဖြစ်ပြီး http://www.divxland.org/ မှာ ရနိုင်ပါတယ်။

စလုပ်ဖို့အတွက် Notepad ထဲမှာ Myanmar Font နဲ့ (Unicode Font သုံးမရပါ) သီချင်းစာသားတွေကို အဖြတ်လိုက် တကြောင်းချင်း ရိုက်ထည့်ရပါမယ်။ ပြီးရင် တစ်နေရာမှာ သိမ်းလိုက်ပါ။ နောက် Divxland Media Subtitler ကို ဖွင့်ပြီး စာသားထည့်မယ့် Video ဖိုင်ကို ဖွင့်ရပါတယ်။ ကျွန်တော်ကတော့ လိပ်ပြာ ၀ှက်တမ်း ဇာတ်ကားခွေထဲမှာပါတဲ့ ဗွီဒီယိုသီချင်းဖိုင်လေးနဲ့ စမ်းကြည့်ပါတယ်။ သူက MTV ပါ။ စာသားမပါတော့ စမ်းသပ်ဖို့ ကောင်းသွားတယ်။

ပြီးတော့ အစောက Notepad နဲ့ ရိုက်ထားတဲ့ စာသားဖိုင်လေးကို ဖွင့်ရပါတယ်။ ပြီးတဲ့အခါမှာ သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်၊ လွှတ်လိုက်လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါတယ်။ ပြီးသွားရင် ဖိုင်ကို သိမ်းရပါတယ်။ သူက Subtitle ဖိုင်လေး တစ်ဖိုင်ကို ထုတ်ပေးပါလိ့မ်မယ်။ ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို SubStation Alpha ကို ရွေးရပါတယ်။

ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ။ အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့၊ Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
နောက်ဆုံးမှာတော့ စာတန်းထိုးပြီးသား ဗွီဒီယိုသီချင်းတစ်ပုဒ်ကို အချိန်တိုလေးအတွင်းမှာ ဖန်တီးလို့ ရသွားပြီပေါ့။

လုပ်နည်း အသေးစိတ်ကို http://www.divxland.org/မှာ လေ့လာလို့ရပါတယ်။ အခု software တွေနဲ့ လုပ်တာ တွေဟာ စာတန်းထိုးရုံ သက်သက်ဖြစ်ပြီး အသံအတိုင်း highlight လုပ်တာကိုတော့ လုပ်မရပါဘူး။ ပြီးတော့ Myanmar Font တွေနဲ့ ပတ်သတ်ပြီး နည်းနည်းပြဿနာ ရှိပါတယ်။ ရ မပေါ်တာတို့ ဘာတို့ ဖြစ်ပါတယ်။ ကျွန်တော် ရှာကြည့်သလောက်တော့ Gandamar-Letter1 Font နဲ့ကတော့ လုံးဝအဆင်အပြေဆုံးပါပဲ။
ကော်ပီ

Sunday 12 May 2013

WiFi Hack ချင်သူများအတွက် WiFi Hacker (BEST VERSION) v2.2.14667

မင်္ဂလာပါခင်ဗျာ.... Android ပေါ်ကနေ WiFi Hack ချင်သူများအတွက် WiFi Hacker (BEST VERSION) v2.2.14667 ကို မျှဝေပေးလိုက်ပါတယ်... ပုံမှာပြထားတဲ့အတိုင်းပါပဲ Best Version ဖြစ်တဲ့အပြင် WEP, WPA, and WPA2 ထိရတယ်လို့ ဆိုထားပါတယ်... ဖိုင်ဆိုက်က 1.13Mb ပဲရှိပြီး Android Version 2.2 နှင့်အထက်အသုံးပြုနိုင်ပါတယ်...စမ်းသပ်ချင်တဲ့ သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ...

Overview:Simply the BEST Wifi Hacker for Android! this app, you can crack the password of almost any WiFi network near you! It is especially useful if you need to find the password of your own Wifi Router that you lost!
Many encryption methods are supported, such as WEP, WPA, and WPA2.
Requirements: Android 2.2 or higher

WiFi Hacker (BEST VERSION) v2.2.14667
Sharebeast
>>> Download <<<

Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင်
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။

Friday 10 May 2013

ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့်

တို့ အဘဘုရား သာသနာမှာ လက်ဝဲတော်ရံ
လက်ယာတော်ရံဆိုတာ မရှိဘူးလား

"ရှိပါတယ်ဘုရား"

လက်ဝဲတော်ရံဆိုတာ

"တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား"

လက်ယာတော်ရံဆိုတာ

"ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"

ဟုတ်ပြီဗျာ.. တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ...
တန်ခိုးဆိုတာ အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊
အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။ ပညာဆိုတာကတော့ ၀ိပဿနာပညာ၊
မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ မဟုတ်လား။
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး
တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင်
လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ
လူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား
ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊
မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ 
သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း
ကွယ်တာပဲ။

ယောဂီတို့  တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ
လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း
ဒီသဘောပဲ။ လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား
ဆင့်ထားရတယ်။ တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။
သမထ တန်ခိုးကိုသာ ပြလိုက်လို့ ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။

ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။

တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။
ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ်
ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာ၊ ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့
လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့
ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဆရာမောင်သွေးချွန်စုစည်းသော ဘာ့ကြောင့် ၁+၂ ပေါင်းချုပ်
စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်၊)

မေတ္တာဖြင့် စုစည်းသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Monday 6 May 2013

Google Chrome မှာ ဇော်ဂျီဝမ်း ထည့်နည်း

ဂူဂဲခရုမ်း (Google chrome) သုံးရာမှာ မြန်မာစာ မပေါ်ဘဲ □□□□□□□ လေးထောင့်တုံးတွေ ပေါ်နေသလား။ ဒါဆိုရင် မြန်မာဖောင့် ထည့်ဖို့ လိုနေပါပြီ။ ၀က်ဆိုက်အများစုက ဇော်ဂျီဝမ်းနဲ့မှ ဖတ်လို့ရမှာမို့ ဇော်ဂျီဝမ်း ထည့်မယ် ဆိုရင် ဘယ်လို လုပ်ရမယ် ဆိုတာကို အောက်မှာ ပုံနဲ့တကွ ရှင်းပြထားပါတယ်။

အရေးကြီးတာက ကိုယ့်ကွန်ပျူတာထဲမှာ ဇော်ဂျီဝမ်း ရှိရပါမယ်။

Google Chrome

ဒီလိုလုပ်လိုက်ရုံပါပဲ -

၁) ညာဘက်ထောင့်က ခွ ပုံလေးကို နှိပ်ပါ

၂) ကျလာတဲ့ထဲက Options ကို နှိပ်ပါ
( Options ကို မတွေ့ရင် အဲဒီနေရာမှာ Settings ရှိပါလိမ့်မယ်။ အဲဒီ Settings ကို နှိပ်လိုက်ပါ )

၃) Under the Hood ကို နှိပ်ပါ

၎) Customize fonts ကို နှိပ်ပါ

၅) ရွေးချယ်စရာ ဖောင့်တွေထဲက Zawgyi-One ကို ရွေးပါ။ Zawgyi-One က အောက်ဆုံးမှာ ရှိပါလိမ့်မယ်။ လေးနေရာလုံး ဇော်ဂျီ ထည့်ပြီးရင် ပြီးပါပြီ။ Ok တို့ ဘာတို့ နှိပ်စရာ မလိုတော့ပါဘူး။

ဒါပါပဲ။
ဇော်ဂျီ မရောက်မီပုံ
ဇော်ဂျီထည့်ပြီး မြင်ကွင်း

mozila firefox13.0 မှာမြန်မာစာမပေါ်လို့ခေါင်းကိုက်နေကြသူများ

ဒီဟာကို တော်တော်ခေါင်းကိုက်နေကြတယ်ထင်တယ်ဗျ..
ဘာလဲဆိုတော့ Firefox 13.0 မှာ မြန်မာစာ မရတော့တဲ့ပြဿနာ..
တော်တော်များများ ကြားနေရလို့..ပါ။
Firefox ကိုဖွင့်ပါ..ဘယ်ဘက်မှာတွေ့ရတဲ့ firefox ဆိုတဲ့ tab ကိုကလစ်ပါ..
ကျလာတဲ့အထဲက options >options ကိုသွားပါ..

Options အကွက်ကျလာပါလိမ့်မယ်..အဲ့ဒီအထဲက Content ကိုသွားပါ..
Fonts & Colours အောက်က Advanced ကိုကလစ်ပါ..
ကျလာတဲ့ Fonts အကွက်ထဲက Fonts for အကွက်ကို ကလစ်နှိပ်ပြီး Other Languages ကိုရွေးပါ..
နောက်ပြီး Serif အကွက်ရယ်.Sans-serif အကွက်ရယ်..Monospace အကွက်ရယ်
အကွက် သုံးခုလုံးကို Zawgyi-one ပေပြီး Ok နှိပ်ပါ..
Options အကွက်ကိုလည်း Ok နှိပ်ပါ..ဟုတ်ကဲ့ ရပါပြီ..
ခေါင်းပေါ့ သွားကြမယ်ထင်ပါတယ်..
ကျေးဇူးတင်ပါတယ်..
မူ၇င်း ရွေမြို့တော်.

Sunday 5 May 2013

မိန်းမ တစ်ယောက်ရဲ့ အသက်ကို ခန့်မှန်းနည်း

အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။
နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
“မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။
ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက် လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမ မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

“အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
“ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်” အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။
သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး မေးလိုက်ပြန်တယ်။
အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။ အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့ အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊ သေချာပေါက်ကို ပြောနိုင်မှာပါ”
အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က အနိုင်ယူ သွားခဲ့တယ်။
သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။
“ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”
အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ် ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက စိတ်မရှည်တော့ဘူး။
“ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ နောက်ဆုံး အကြိမ် ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။
“ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး ဖြစ်နေတာပေါ့။

“တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
“ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။
“ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။

“မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”

မေးလ်ထဲက နေ ပြန်လည် ဝေမျှပါတယ်။

Friday 3 May 2013

ဘလော့ ခေါင်းစဉ် ထည့်နည်း နှင့် လင့်ချိတ်နည်းအပြည့်စုံ

သည်နည်းလေးကေတာ့ ဘလော့ကာရဲ့ မူရင်းတက်ပလက်တွေ အတွက် ပိုအသုံးးဝင်ပါတယ်..
ဘာကြောင့်လဲ ဆိုတော့ မူရင်းတွေမှာ Tab Menu ဆိုတဲ့ ခေါင်းစဉ်တွေ မပါတတ်လို့ပါ.. ချိန်းထားတဲ့ တက်ပလ်ကတွေကတော့ အော်တိုပါတတတ်ပါတယ်..
သည်နည်းလေးကေတာ့ ထည့်ရတာ လွယ်ကူသလို... လင့်ချိတ်တဲ့ နေရာမှာလည်း အရမ်းရိုးရှင်းလွန်းလှပါတယ်..ကဲစကြမယ်နော် ပုံလေးတွေ နဲ့ ရှင်းပြပါ့မယ်...

►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Page Elements
►4. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►5. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►6. အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

မူလစာမျက်နှာ

< li>ဘာသာရေး

< li>နည်းပညာ

< li>ဗဟုသုတ

< li>ကဗျာ

< li>ဟာသ

< li>ဆော့ဝဲလ်

< li>ဆက်သွယ်ရန်

< li>

မိမိဘလော့လိပ်စာနေရာမှာ မိတ်ဆွေတို့ ဘလော့ URL ထည့်ပေးလိုက်ပါ။
နောက်က ခေါင်းစဉ်တွေတော့ စိတ်ကြိုက် ရေးနိုင်ပါတယ်.....
မိမိတို့ ဘလော့ ထိပ်ဆုံး မှာ ထားပေးလိုက်ပါ ခေါင်းစဉ်တွေ မြင်တွေ့နေရပါပြီနော်....

လင့်ချိတ်နည်းးး အသေးစိတ်။ ။

ကဲလင့်ချိတ်ကြမယ်ဗျာ... အရမ်းလွယ်ကူပါတယ်.. ပထမဆုံးပြောခြင်တာက..
အထက်က နည်းလမ်းအရ ပြုလုပ်ထားတဲ့ ခေါင်းစဉ် ဘောက်လေးကို ဖွင့်ထားလိုက်ပါ။
နောက် မိမိတို့ ဘလော့စာမျက်နှာကိုလဲ ဖွင့်ထားပေးရမယ်....
ဘာလဲဆိုတော့ အဲနှစ်ခု ယှဉ်ပြီး ဖွင့်ထားလိုက်ပါ... ဒါမှ ...လင့်ချိတ်တဲ့အခါ လွယ်ကူမှာမို့ပါ။
ပုံလေးကြည့်လိုက် ရှင်းမယ်..

အဆင့် (၁) ။ ။ ခေါင်းစဉ် ဇယားလေးနဲ့ ဘလော့ နှစ်ခု ယှဉ်ဖွင့်မယ်။
အဆင့် (၂) ။ ။ ဘလော့ပေါ်က ခေါင်းစဉ်တွေကို တစ်ခုချင်းစီ ချိတ်ကြမယ်..။
အဆင့် (၃) ။ ။ ခေါင်းစဉ်ပေါ် မောက်တင် ညာကလစ် ပေးပါ။
အဆင့် (၄) ။ ။ အဲထဲက copy link location ကိုကလစ်ပြီးကော်ပီယူလိုက်ပါ။
(ကလစ်တာနဲ့ ကော်ပီပြီးသားပါ)
အဆင့် (၅) ။ ။ ဘယ်ဘက်က ခေါင်းစဉ်ဇယား ထဲက မိမိဘလော့ချပ်စာ ဆိုတဲ့နေရာမှာ
အထက်က ကော်ပီယူလာတာကို Psat ချပေးလိုက်ပါ။
အဆင့် (၆) ။ ။ ခေါင်းစဉ်တစ်ခု လင့်ချိတ်ခြင်းအောင်မြင်ပါပြီ။

မှတ်ချက် ။ ။ ကျန်ခေါင်းစဉ်များကိုလည်း အဲနည်းအတိုင်း ချိတ်သွားလိုက်နိုင်ပါပြီ ။ ။
သတိပေးခြင်တာကတော့ ခေါင်းစဉ်တွေကို တကြိမ်တည်း အပြီးချိတ်နိုင်တာ
ပိုကောင်းပါတယ်... ခဏခဏ၀င်ရင် မှားတတ်လို့ပါ... အဲအတွက် မိမိတို့ ဘလော့ပေါ်မှာ လိုခြင်တဲ့
ခေါင်းစဉ်တွေအတိုင်း အဦးဆုံး ပို့စ်တစ်ခုဆီတော့ တင်ထားသင့်ပါတယ်.. ဒါမှ တကြိမ် တခါတည်းနဲ့ အိုကေမယ်.... ကဲ သည်လောက်ဆို ရှင်းပါပြီနော်... ဒါမှ မရှင်ပါက
အော်ခဲ့ပါအုံးးနော်....

သိထားဖို့ကတော့ သည်နည်းလမ်းက.. ဘလော့ရဲ့ Layout..Java/Script ကနေထည့်တဲ့ ခေါင်းစဉ်တွေအတွက်...ထည့်နည်း ချိတ်နည်းပါ.... ဘလော့တက်ပလက်က အော်တိုပါလာသော
ခေါင်းစဉ် တွေအတွက် လင့်ချိတ်နည်းကို သည်နေရာလေးမှာ ဆက်လက်လေ့လာလိုက်ပါ။

သည်နေ့တင်မဲ့အကြောင်းရာလေးကတော့ တော်တော်များများ သိနေကြပြီးဖြစ်တဲ့ နည်းပညာလေးတရပ်ပါ။
cbox မှာ ညီလေးတစ်ယောက်တောင်းဆိုထားလို့ အသစ်ဘလော့ကာလေးတွေအတွက် အခြေခံ ကျကျရှင်းပြလိုက်ရပါတယ်... သိသူများ ကျော်ဖြတ်သွားလိုက်ပါ။

လူဆိုး: ကူညီလို့ရရင်ကူညီပါဦး ကျွန်တော် drop down menu လုပ်ပီးတော့ အဲဒီmenu အောက်မှာ ခေါင်းစဉ်ထည့်လို့မရဘူးဖြစ်နေတယ် တင်သမျှပို့တေါကို အဲဒီခေါင်းစဉ်အောက်ကိုရောက်ချင်တာ ဘယ်လိုလုပ်ရမတုန်း
ကဲ ညီလေး လူဆိုးးးရေ ကြည့်နော်..
အဆင့်(၁) ။ ။ ညီလေးဘလော့မှာ labels ဆိုတဲ့ ၀ိတ်လေးထည့်ထားရပါမယ်...
အဲမှာဘဲ ညီလေး တင်ထားသမျှ ပို့စ်ခေါင်းစဉ်တွေ ရှိနေမှာပါ။ တစိခုကြိုပြောခြင်တာက.. ပို့စ်နဲ့ tab menu တွေလင့်ချိတ်တဲ့အခါမှာ ကိုယ်လိုခြင်တဲ့ ခေါင်းစဉ် မှန်သမျှကို ပို့စ် တစ်ခုဆီတော့ အပြည့်အစုံ တင်ထားစေခြင်တယ်...
ဥပမာ... မိမိက ဘလော့မှာ..ာထးခြင်တဲ့ေါခင်းစဉ်တွေက
(၁) ကဗျာ (၂) သုတ-ရသ (၃) ဆောင်းပါး (၄) ဘာသာရေး (၅) သီချင်းကဏ္ဍ (၆) သတင်းရပ်ဝန်း
စတဲ့...စတဲ့ ခေါင်းစဉ်တွေပေါ့... အိုကေ အဲခေါင်းစဉ်တွေအတွက် ပထမဆုံး ပို့စ်တစ်ခုဆီ အရင် မိမိ ဘလော့ပေါ် တင်ထားလိုက်ပါ။
ဒါက လင့်ချိတ်တဲ့အခါ တစ်ခ့ထဲ ပြီးးအောင် လုပ်တဲ့ နည်းပါ... မဟုတ်ဘဲ ခဏခဏ html မှာ ၀င်ကလိနေရင် မှားတတ်ပါတယ်... html ကအရေးကြီးပါတယ်.. အမှားမခံပါဘူးးးး
အိုကေ...ပို့စ်တွေတင်ပြီးလို့ လိုခြင်တဲ့ ခေါင်းစဉ်တွေ အစုံ labels မှာ ရှိနေပြီဆိုရင် လင့်ချိတ်မယ်..
စပြီနော်.........
(၁) Labels ထဲက ခေါင်းစဉ်တစ်ခုကို မောက်တင်ပါ (ဥပမာ။ ။ ကဗျာ) အဲပေါ်မောက်တင်ပါ
(၂) right click ပေးလိုက်ပါ ဘောက်လေးကျလာမယ်...
(၃) အဲထဲက copy link location ဆိုတာကို ကလစ်လိုက်ပါ
(၄) ဒါဆို သင့် မောက်ထဲမှာ အဲခေါင်းစဉ်ရဲ့ လင့်တွေ ကော်ပီယူထားပြီးနေပါပြီ..
ပုံကိုကြည့်လိုက်ပါ

အဆင့် (၂) ။ ။ နောက် window တစ်ခုထပ်ဖွင့်ပြီးတော့..
(1)- ဘလော့ကာဝင်ပါ Dashboard > Template> Edit HTML အစဉ်လိုက်
(2)- the Expand Widget နေရာမှ အမှန်ဖြစ်ခဲ့ပေးပါ။
(3)- Ctrl + F အကူညီဖြင့် အောက်ကကုဒ်ကို ရှာလိုက်ပါ။
Home ကိုရှာလိုက်ပါ.. တစ်ခါတည်းနဲ့ မိမိ menu တွေမပေါ်ပါက Enter ကိုခေါက်ပေးပါ..မတွေ့မချင်း ခေါက်လိုက်ပါ...တွေ့တာနဲ့ အဲမှာ ( # ) ဆိုတဲ့နေရာလေးမှာ အထက်ပေါ်က ပုံက copy link location လုပ်လာတာကို past ချရမှာပါ..
ကဗျာ ကိုယူလာတာဆို သည်မှာလဲ ကဗျာ ရဲ့ရှေ့က # နေရာကိုဘဲ ချပေးပါ။
တခြားခေါင်းစဉ်တွေ အတွက်လဲ ထိုနည်းတူပါဘဲ..
အောက်ကပုံလေးကြည့် လုပ်လိုက်ပါ။
အကောင်းဆုံးကတော့ တကြိမ်တည်းးနဲ့ ရှိသမျှ ခေါင်းစဉ်တွေအားလုံးး ချိတ်ပေးတာ ကောင်းပါတယ်.
ခဏခဏ၀င်ရင် မျက်စိလည်ပြီးး မှားတတ်ပါတယ်.. အဆင်ပြေပါစေလို့ ဆုတောင်းလျှက်..။
ကဲ ညီလေး လူဆိုးးး ကေကေနော်.. မပြေလဲ ပြောပေါ့..

မှတ်သားထားသင့်တာကတော့ သည်နည်းလမ်းလေးက တက်ပလက်တွေကနေ အော်တိုပါလာတဲ့
ခေါင်းစဉ်တွေ လင့်ချိတ်တဲ့နည်းလေးပါ...အဆင်ပြေမှာပါနော်.. မိမိတို့က အော်တိုပါလာတာမဟုတ်ဘဲ
ဘလော့ Layout...Java/Script ကနေထည့်တဲ့ ခေါင်းစဉ်တွေအတွက်တော့... ဆက်လက်ပြီး
သည်နေရာလေးမှာ လေ့လာလိုက်ပါနော်...

Android ဖုန်းများတွင် Viber Software ထည့်နည်း

အာခါသူလေး။ ။viber ကသုံးမရဘူးဖြစ်နေတယ်။Activation Code Message လည်းမရောက်ဘူး။ကူညီပါဦးနော်....

မသိသေးတဲ့သူငယ်ချင်းတွေလည်းဗဟုသုတရအောင် ဘလော့ပိုစ်အနေနဲ့ တင်လိုက်ပါတယ်နော်။

Viber နဲ့ဖုန်းကို free call ဆက်ဖို့အတွက် ဖုန်းမှ internet connection (သို့)wifi internet connection တစ်ခုခုမိနေဖို့လိုပါတယ်။ဒါဆိုရင်ပြည်တွင်းပြည်ပမှကိုယ့်မိတ်ဆွေတွေဆီကို free ဆက်လို့ရပါတယ်။

နှစ်ဖက်စလုံးမှာ internet မိနေဖို့နဲ့ viber ဆော့ဝဲလ် ရှိဖို့လိုပါတယ်။အောက်မှာ download ပေးထား
ပါတယ်အရင် Download ဆွဲလိုက်ပါ၊ပြီးရင် ဖုန်းနှင့်ကွန်ပျူတာ ကို USB ကြိုးနဲ့  join ပြီး viber.apk လေးကို ဖုန်းရဲ့ memory card ထဲကို copy ကူးထည့်ပါ။ဖုန်းမှာရှိတဲ့ file manager ထဲကိုဝင်...ပြီးရင် Memory Card ထဲဝင်ပြီး မိမိထည့်လိုက်တဲ့ viber.apk
ကိုနှိပ်ပြီး install လုပ်လိုက်ပါ။ install လုပ်ပြီးပါက viber ကိုဖွင့်ပါ။
အောက်မှာပြထားတဲ့ပုံအတိုင်းနိုင်ငံရွေးပါ။
အောက်က Box မှာ ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပါ၊ကိုယ့်ဖုန်းနံပါတ်က (ဥပမာ)09450012345 ဆိုပါစို့ သုညဖြုတ်ပီး
9450012345 ဆိုပြီးထည့်ပါ ပြီးရင် Continue နိုပ်ပါ။

ကိုယ့်ရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message ပို့ပါလိမ့်မယ်။ အဲ code ကို အောက်ကပုံ
အတိုင်း Box မှာထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ Activation Code Message အနေနဲ့မိမိဖုန်းကို မရာက်လာပါက click here ကိုနှိပ်ပေးပါ။

Bowser ကျလာပါလိမ့်မယ်ကိုယ့်ဖုန်းနံပါတ်ပါတွေ့ပါလိမ့်မယ်အဲမှာ Get Code ဆိုတာလေးကိုနိုပ်လိုက်ပါနှိပ်ပြီးတာနဲ့
ခဏနေရင်ကိုယ့်ရဲ့ဖုန်းကို Call ၀င်လာပါမယ်ကိုင်ပီးသေချာနားထောင်ပေးပါယောကျာင်္းလေးအသံ နဲ့  Activation Code နံပါတ်ပြောပါလိမ့်မယ်၊စာရွက်/ခဲတန် တစ်ခုခုနဲ့လိုက်မှတ်ပြီးပုံမှာပြထားတဲ့ Box မှာထည့်ပေးလိုက်ပါ။
ပြီးရင် Enter Viber ကိုနှိပ်ပါ။

မိတ်ဆွေအချင်းချင်းစကားပြောကြမယ်ဆိုရင်တော့သူ့ဖုန်းနံပါတ်ကို Viber ထဲမှာ Invite လုပ်ပေးပြီးစခေါ်လို့ရပါပြီ ။ ကိုယ့်ဖုန်းရဲ့ contact ထဲမှာ save ထားတယ်ဆိုရင်တန်းပေါ်နေတာလဲကြုံဖူးပါတယ်။ Call ရော
Message ရောအားလုံးကြိုက်သလောက်သုံးလို့ရပါပြီ။
Viber For Andriod ကိုဒေါင်းချင်ရင် အောက်က Download ပုံလေးကိုကလစ်ပြီး ဒေါင်းနိုင်ပါတယ်။
download here!
Android ဖုန်းကနေ Wireless & Bluetooth စနစ်ပါရှိတဲ့ Printer များသို့
ဒီပိုစ့်လေးကိုတော့ ကျနော် ကိုဝင် ဆိုဒ်ကနေတွေ့လို့ ပြန်ပြီး မျှဝေပေးလိုက်ပါတယ်ခင်ဗျာ
Android ဖုန်းကနေ Wireless & Bluetooth စနစ်ပါရှိတဲ့ Printer များသို့ ကွန်ပျူတာမလိုအပ်ဘဲနှင့် Print Out
ထုတ်နိုင်တဲ့ Software အလန်းလေးတစ်ခုဖြစ်ပါတယ်..ဓာတ်ပုံတွေ..Email တွေ..စတဲ့ ဖိုင်တွေကို Computer
မလိုဘဲ တိုက်ရိုက် Print Out ထုတ်နိုင်မှာဖြစ်ပါတယ်..အသုံးလိုအပ်သူများ Download ရယူနိုင်ပါပြီခင်ဗျာ...
Download=>Solidfiles / Mediafire
www.mmithelper.blogspot.com
PrinterShare™ Mobile Print Premium Apk v7.9.5
Requirements: 1.5 and up
Overview: Wirelessly print documents (MS Office: Word, Excel, Powerpoint; PDF and text files) from device memory, SD card and even from Google Docs!

Instantly print emails from Gmail, photos, contacts, agenda, sms/mms, call log, web pages and other digital content directly from your device to a printer right next to you or anywhere in the world!
For unlimited printing you need to purchase PrinterShare Premium Key, which is a separate small application that simply needs to be on the device to unlock Premium Features. Prior to buying the key we highly recommend printing the test page to ensure compatibility with your printer.

Premium Features:
* Nearby direct printing via Wi-Fi, Bluetooth and USB without PC;
* Nearby printing to Windows shared (SMB/CIFS) or Mac shared printers;
* Unlimited Remote printing. The receiving end (Windows or Mac) would not have to buy pages or subscribe.

What's in this version:
added generic driver for AirPrint capable printers
bugs fixed
ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ ပြုလုပ် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း

ဓာတ်ပုံ - ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်
Sunday, March 10, 2013

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရု...ိဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။

ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာတွေဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီး သုံးနေကြတာကိုတွေ့ရှိရတယ်။ အမှားကြာလျှင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချ ခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။

ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင် နိုင်ငံ၏ နယ်ပယ်ဖြစ်လာသောအခါ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းရာတွင် ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက် အနိုင်ယူသည့် သမိုင်းဆိုင်ရာ အခြေအနေ၊ စေ့ဆော်ချက်များကို ပြောကြားခဲ့ပြီး စေ့ဆော်ချက်များတွင် နိုင်ငံရေးနှင့် သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထို့ပြင် ရခိုင်ကို မြန်မာများ (၁၇၈၅-၁၈၂၅) ခုနှစ်များအတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲလာမှု အခြေအနေများကို ၎င်းက ရှင်းလင်းရာတွင် (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်း ရခိုင်အထက်တန်းလွှာများအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်း၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်း၊ (၁၇၈၇-၁၈၁၅) ခုနှစ်အတွင်း မြန်မာ ဘုရင်၏ အုပ်စိုးမှုကို ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ ရခိုင်များ အလုံးအရင်းနှင့် ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ (၁၈၁၅ -၁၈၂၅) ခုနှစ်အတွင်း စီးပွားရေးပုံစံ ကူးပြောင်းလာခြင်းနှင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက်ခံရမှု မရှိခဲ့ခြင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အလားတူ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းခဲ့သည်။

၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာပုံ၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာမှုများတွင် ကုန်သွယ်ရေးမှ ရရှိသည့် အခွန်ဘဏ္ဍာများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပုံ၊ ရခိုင်နှင့် ဘင်္ဂလားဒေသတွင် ဒတ်ခ်ျတို့၏ ကုန်သွယ်ပုံများကို ၎င်းကပြောကြားခဲ့ပြီး ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင်ဘက်တွင် ရခိုင်များ၏ ထိန်းချုပ်မှု လျော့နည်းလာရခြင်းမှာ အခွန်ဘဏ္ဍာ ရရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျကုန်သည်များ ထွက်ခွာသွားခြင်းမှာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ရှင်းလင်းခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် (၁၈၂၆-၁၉၇၅) ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ များပြားလာခြင်း၊မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်းတို့ ကို ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါက်တာအေးချမ်းက ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးပုံ၊ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေကြောင်း ပြောသည်။

“ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဖိတ်ကြားထားသူများ၊ ပညာရှင်များက ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရခိုင်သမိုင်း ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ပုဂံခေတ် ရခိုင်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှ လေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက “သက်သေအထောက်အထား မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အလားတူ လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး။ တခြား ယဉ်ကျေးမှုတွေလည်း မြောက်ဦးမှာ ရှိနေပါပြီ။ ၁၆၀၈ ခုနှစ်မှာ ပထမဆုံး ဒတ်ခ်ျလူမျိုး မြောက်ဦးကို ရောက်ပါတယ်။ ၁၆၄၀ ပြည့်နှစ်မှာ ရခိုင်မိခင်တွေနဲ့ ရတဲ့ ဒတ်လူမျိုးကလေးတွေ အများကြီး ရှိနေပါပြီ။
မြောက်ဦးမြို့ဟာ အသွေးအရောင် စုံတဲ့မြို့လို့ ပြောရမှာပဲ” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည်။

ထို့ပြင် ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။

ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရို ဟင်ဂျာ စကားလုံး မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲ၊ မည်သူ စတင်သုံးစွဲခဲ့သလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဖြေကြားသည်။

ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် အကြောင်းကို မေးမြန်းခဲ့ရာတွင် ဒေါက်တာအေးချမ်းက ဦးဌေးလွင်ဦး ပြောကြားသည့် စကားရပ်သည် ရိုဟင်ဂျာဟု မဆိုလိုကြောင်း၊ ဘင်္ဂါလီများက ရခိုင်ကိုခေါ်သည့် စကားလုံးသာ ဖြစ်ပြီး Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း ရှင်းလင်းခဲ့သည်။

“ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါက်တာအေးချမ်းက ရှင်းရှင်းလင်းလင်း ပြောသွားတယ်။ နောက်ပြီး လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခကတော့ နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အကြီးအကဲတွေက ဖြေရှင်းပေးမှပဲ ပြေလည်မယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ကြားနေရ၊ မြင်နေရတာလည်း မကောင်းဘူး။ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံး ကိုယ့်စီးပွားနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဘာသာ ပထမနှစ်ကို တက်ရောက်နေသည့် အရှင်တေဇက မိန့်သည်။

ဆွေးနွေးပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊ဒေါက်တာအေးမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်

Thursday 2 May 2013

သိပ်ကောင်းတဲ့ Software လေးမို့ တင်ပေးလိုက်တာပါ

တစ်ကယ်ပဲ သိပ်ကိုကောင်းတဲ့ ဆော့ဝဲလေးပါ .. ကျွန်တော် မန္တလေးရောက်တုန်း ကြုံတာနဲ့ ၀ယ်လာပြီး စမ်းသုံးကြည့်လိုက်တော့ ဒီဆော့ဝဲလေးတစ်ခုကို Install လုပ်ထားရုံနဲ့ တခြားသော ဆော့ဝဲတော်တော်များများကို သုံးစရာမလိုလောက်အောင် အဆင်ပြေတာ တွေ့ရပါတယ် ..
ထူးထူးဆန်းဆန်း ဆော့ဝဲတော့ မဟုတ်ပါဘူး .. Win ASO ပါ .. သုံးဖူးတဲ့ လူတွေကတော့ ကျွန်တော်ပြောတာ အမှန်ပဲဆိုတာကို လက်ခံမှာပါ ..
အခုကျွန်တော် တင်ပေးလိုက်တဲ့ ဗားရှင်းမှာက အရင်ဗားရှင်းတွေမှာ မပါခဲ့တဲ့ Feature တွေ ပါလာတာကို တွေ့ရပါတယ် ..
ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ အသုံးပြုချိန် ကြာလာတာနဲ့ အမျှ Error တွေ ပိုပိုများလာတယ် ..
Junk ဖြစ်နေတဲ့ ဖိုင်တွေ စုပုံလာတယ် .. Temp .. Cookies .. Recent ... Thumbnail Cache စတဲ့ ၀င်းဒိုးစနစ်ကို လေးလံစေတဲ့ အမှိုက်လိုဖိုင်တွေ များသည်ထက် များလာပါတယ် ..
ဆော့ဝဲတွေကိုသုံးရင်း Registry မှာ Error တွေ တက်လာတယ် ..

ဒီလိုနဲ့ ကြာလာတော့ ၀င်းဒိုးဟာ သုံးရတာ ထိုင်းမှိုင်းလေးလံလာပြီး နောက်ဆုံးမှာ Hardware ပိုင်းတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ် ..
ဒီဆော့ဝဲလေးက .. အဲဒီလို ကွန်ပြူတာကို လေးလံစေမယ် အမှိုက်ဖိုင်တွေကို ရှင်းလင်းပေးတဲ့ အလုပ်တွေ
Registry ကို ပြုပြင်ပေးတဲ့ အလုပ်တွေအပြင်
Feature အသစ်တွေ အနေနဲ့
မှားဖျက်မိတဲ့ ဖိုင်တွေကို ရှာဖွေပြီး Restore လုပ်ပေးမယ် Data Recovery
အင်တာနက်ပိုင်းဆိုင်ရာကို ထိန်းကျောင်းပေးမယ် IE Manager
ကွန်ပြူတာကို လိုသလို ပိတ်ပေးမယ့် Auto Shutdown
စက်ထဲမှာ မလိုတော့တဲ့ ပရိုဂရမ်တွေကို စနစ်တကျ Uninstall လုပ်ပေးမယ့် Uninstall Manager
ဝင်းဒိုးအတက်မှာ နှေးကွေးစေတဲ့ ပရိုဂရမ်တွေကို ထိန်းကျောင်းပေးနိုင်တဲ့ Startup Manager
ကိုယ့်စက်ထဲမှာရှိတဲ့ Software တွေ အသုံးပြုထားတဲ့ Hardware တွေကို တစ်နေရာထဲမှာပဲ ကြည့်ရှုနိုင်မယ် System Information
အဲဒီလို Feature အသစ်တွေပါလာတဲ့ အတွက် ဒီဆော့ဝဲလေးတစ်ခုဟာ ဆော့ဝဲတော်တော်များများရဲ့ လုပ်ဆောင်ချက်တွေကို တစ်ပေါင်းတည်း လုပ်ဆောင်ပေးနိုင်တဲ့ ဆော့ဝဲလေးအဖြစ် နှစ်သက်စရာကောင်းပါတယ် ..
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ

ဒေါင်းလို့ရလာပြီဆိုရင်တော့ Install လုပ်ပြီးတဲ့ အခါ Program ကို Run လိုက်ပြီး Registration လုပ်ဖို့ Key ကို Notepad လေးနဲ့ ထည့်ပေးလိုက်ပါတယ် .. အဲဒီကီးကို ထည့်ပေးပြီးရင်တော့ ဆော့ဝဲလေးဟာ Full Version ဖြစ်သွားပါပြီ ..
အောက်မှာ ဒီဆော့ဝဲလေးမှာပါတဲ့ Feature တွေကို ပုံလေးတွေနဲ့ ပြထားပါတယ် .. အသုံးပြုပုံကတော့ ခက်ခက်ခဲခဲ သိပ်မပါလို့ အသေးစိပ် မရှင်းပြတော့ပါဘူး ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Gmail အကောင့်ဟောင်းထဲကမေးလ်တွေကို အကောင့်သစ်ဆီရွှေ့မယ်

Facebook Group ထဲမှာမေးထားတာတွေ့လို့ ရိုးရိုးရှင်းပြဖို့လည်း ခက်လို့ ဒီပို့စ်ကို ရေးလိုက်တာပါ ..
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ Gmail အကောင့်အသစ်တစ်ခုကိုဖွင့်ပြီး အကောင့်ဟောင်းကို လုံးဝမသုံးချင်တော့ဘူးဆိုရင် အကောင့်ဟောင်းထဲက မေးလ်တွေကို နှမြောတတ်ကြပါတယ် .. အဲဒီမေးလ်တွေထဲမှာ ကိုယ့်သူငယ်ချင်းတွေရဲ့ စာတွေပါမယ် .. ကိုယ့်အတွက်အရေးကြီးတဲ့ သတင်းအချက်အလက်တွေပါ .. ဟိုဒင်းတွေပါမယ် .. ဒီဒင်းတွေပါမယ် .. ( ဟိဟိ )
ထားပါတော့ .. အခုကျွန်တော်က maungpinger@gmail.com ဆိုတဲ့အကောင့်ဟောင်းထဲက Mail တွေကို pingermaung@gmail.com ဆိုတဲ့အကောင့်သစ်ဆီကို ရွှေ့ပြပါမယ် ..

ကဲ .. ပထမဆုံး အကောင့်ဟောင်းဖြစ်တဲ့ maungpinger@gmail.com ဆိုတဲ့အကောင့်ကို Sign In ၀င်လိုက်ပါတယ် ..
ပြီးရင် ညာဖက်အပေါ်ဒေါင့်နားလေးက စက်သွားပုံလေးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက Settings ကိုနှိပ်လိုက်ပါတယ် .. (ပုံတွေနဲ့ရှင်းပြထားပါတယ် .. ပုံတွေသေးနေရင် ၀ါးနေရင် ပုံပေါ်ကို မောက်စ်လေး တင်ပေးလိုက်ပါ )

အဲဒီလို Setting ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..

အဲဒီထဲကမှ Forwarding And POP/IMAP ကိုနှိပ်လိုက်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

အဲဒီထဲက ကျွန်တော်အနီရောင်နဲ့ ၀ိုင်းပြထားတဲ့နေရှာမှာ ကလစ်ပေးပြီး အမှတ်တပ်ပေးလိုက်ပါတယ် ..
ပြီးတော့ Save Changes ကိုနှိပ်လိုက်ပါတယ် ..
ပြီးတော့ အဲဒီအကောင့် ( maungpinger@gmail.com ) ကို Sign Out ထွက်လိုက်ပြီး အကောင့်အသစ် pingermaung@gmail.com ကို Sign In ၀င်လိုက်ပါတယ် ..
ပြီးတော့ အစပိုင်းတုန်းကလိုပဲ စက်သွားပုံကိုနှိပ် ... ကျလာတဲ့ထဲက Settings ကိုနှိပ်လိုက်ပါတယ် ..

ပြီးရင် အရင်အဆင့်အတိုင်းပဲ Forwarding And POP/IMAP ကိုနှိပ်လိုက်ပါတယ် .. ပုံထဲမှာ ပြထားတဲ့အတိုင်း အမှတ်လေးတွေတပ်ပြီး Save Changes ကိုနှိပ်လိုက်ပါတယ် ..

ပြီးတော့ အောက်မှာပြထားတဲ့ပုံအတိုင်း Accounts and Import ကိုနှပ်လိုက်ပါတယ်

Accounts and Import ကိုနှိပ်လိုက်တဲ့အခါ ကျလာတဲ့ထဲက Add a POP3 mail account you own ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Window အသစ်တစ်ခုနဲ့ ပွင့်လာပါတယ်

အဲဒီထဲက Email address ဆိုတဲ့နေရာမှာ ကျွန်တော့်ရဲ့ အကောင့်ဟောင်း maungpinger@gmail.com ကိုထည့်ပြီး Next Step ကို နှိပ်လိုက်ပါတယ် .. အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါတယ်..

အဲဒီထဲက User Name နေရာမှာ သူပေးတဲ့အတိုင်းထားပြီး Password နေရာမှာ အကောင့်ဟောင်းရဲ့ Password ကိုထည့်ပေးလိုက်ပါတယ် .. ပြီတော့ ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့နေရာတွေမှာ အမှန်ခြစ်တပ်ပေးလိုက်ပါတယ် .. ပြီးသွားတော့ Add account ကိုနှိပ်ပေးလိုက်ပါတယ် .. အဲဒီအခါမှာ အောက်ကပုံအတိုင်းပွင့်လာပါတယ် ..

အဲဒီထဲက No .... ဆိုတာရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Finish ကိုနှိပ်လိုက်ပါတယ် ..

ခဏလောက်စောင့်ပြီးရင် Browser ကို Refresh လုပ်ပေးလိုက်ရင် maungpinger@gmail.com ဆိုတဲ့ အကောင့်ဟောင်းထဲက Mail တွေ လက်ရှိရောက်နေတဲ့အကောင့် ( pingermaung@gmail.com ) ရဲ့ Inbox ထဲရောက်လာပါမယ် ..
ဒါဆိုရင်တော့ အဆင်ပြေပါပြီ .. အကောင့်ဟောင်းကိုတော့ ထားလိုထား ဖျက်လိုဖျက် .. ကိုယ်သဘောပဲ ဖြစ်သွားပါပြီ ...
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
မူ၇င်း.အိုင်တီမုဆိုးwww.itmotesoeway.blogspot.com