Thursday 13 September 2012

ဓာတ်ပုံတွေကိုဘက်ဂေ၇ာင်းလှလှလေးတွေနဲ့သုံးချင်သူများတွက်ပါ။


ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ Download ချသွားလိုက်ပါနော်...

download ချလို့ ရလာတဲ့ဆော့ဝဲလ်ကို Installလုပ်ပီးတာနဲ့ အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း ကလစ်ပြီး သူ့ကီးလေးကို သွားထည့်ပေးလိုက်ပါ..
အထဲမှာပါတဲ့ ကီးကို အပေါ်ကပုံအတိုင်း ထည့်ပြီးရင် အဲဒီနေရာမှာပဲ ပြန်ဖွင့်ကြည့်လိုက်ပါ..။ ဒီအောက်ကပုံ အတိုင်း ပြနေရင် ဖူးဗားရှင်း ဖြစ်သွားပါပြီ..
အောက်ကပုံကတော့ သူ့ထဲမှာပါတဲ့ ဘက်ဂရောင်းဖရိန် အနည်းငယ်ကို ပြပေးလိုက်တာပါ..။ အစိမ်းတုံးလေးတွေကို တခုချင်းကလစ်ပြီး မိမိတို့ကြိုက်တဲ့ ဒီဇိုင်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်..။
အားလုံးပဲ အဆင်ပြေကြပါစေနော်

SWiSHနဲ့ဖလက်သီချင်းလုပ်မယ်


ရင်ဆုံးကျွန်တော်တင်ပေးတဲ့ဆော့ဝဲကိုဒေါင်းလိုက်ပါ..နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများလည်း
လိုက်လုပ်လို့ရပါတယ်..ဘာလို့လည်းဆိုတော့.ကျွန်တော်တင်ပေးထားတာportableဖြစ်နေလို့ပါ.
.သီချင်းလောက်ကတော့..SWiSH Max3 portable ကောင်းကောင်းနိုင်ပါတယ်...
အိုကေ..
SWiSH Max3.exe

ကျွန်တော်အပေါ်မှာပေးတဲ့ဆော့ဝဲလေးကိုဒေါင်းလိုက်ပါ...။။ပြီးတော့..rught click ပေး Run as လုပ်ပါ..အိုကေ
SWiSH boxတက်လာပါလိမ့်မယ်.............New Movies Project ဆိုတဲ့ဘောက်တက်လာမယ်ဟုတ်တယ်ဟုတ်.
.အဲမှာdefault နဲ့ပဲ ၀င်လိုက်နော်.....အောက်ကပုံမှာ..ကျွန်တော်ပြထားသလိုပေါ်လာမယ်..





အပေါ်ကပုံမှာကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..moviespropertiesကိုကလစ်ပေးလိုက်..အိုကေ..အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့..
properties box တက်လာမယ်....proper boxမှာ..moves size ,background color ,heightရယ်..သုံးမျိုးပြင်မယ်..
အဲသုံးမျိုးမှာမိမိစိတ်ကြိုက်..ရွေးမယ်..ကျွန်တော်ကတော့..အနက်ရောင်ကိုbackground color ကိုအဖြူပဲပေးမယ်..width ကို
1300 pix ပေးမယ်..heightကို600ပေးမယ်..အိုကေ...အဲတော့...
အရမ်းဆိုဒ်ကြီးသွားတော့.လုပ်ရတာအဆင်မပြေတော့ဘူး....အဆင်မပြေရင်..ညာဘက်အောက်မှာ..view ဆိုတာရှိတယ်..
အဲမှာ..zoon ကို50%လောက်ရှော့ချပြစ်လိုက်....နောက်..ပုံထည့်မယ်..background image လေးတွေထည့်မယ်..
သီချင်းထည့်မယ်..သီချင်းစာသားထည့်မည်...
အရင်ဆုံးသီချင်းနဲ့ပုံထည့်မယ်.

ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့လေးမျိုးကိုအဓိကထားပြောပ့ါမယ်..ဒါဆိုရင်သီချင်းတစ်ပုဒ်ကောင်းကောင်းရပါပြီ..ကဲ..
သီချင်းထည့်ချင်ရင်..import sound,ဓါတ်ပုံထည့်အမယ်.ဆိုရင်..import image ,
movies ဖိုင်ထည့်မယ်ဆိုရင်..import video , glitter တို့ဘာတို့ကနေယူထားတဲ့
aninmationပုံတွေကိုထည့်မယ်ဆိုရင်.import animationကိုထည့်မယ်.နောက်..
swiနဲ့ဆေ့ပေးထားတဲ့ effect တွေ..ဥပမာ
mouseheart effect တို့လိုမျိုးတွေကိုထည့်မယ်ဆိုရင်.
.ininmation ကနေသွားထည့်လိုက်ပါ...နောက်..အပိုင်း
သီချင်းထည့်ပြီးပြီ..ဓါတ်ပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီး...
နောက်..animationပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီ
ဆိုရင်..သီချင်းစာသားထည့်မယ်...သီချင်းစာသားကိုဘယ်လိုထည့်မလည်းဆိုတာကြည့်လိုက်..ပါ

အရင်ဆုံးစာရေးမယ်နော်.


အပေါ်ကပုံကိုကြည့်လိုက်ပါ...ဘေးမှာ tool bar မှာအညိုနဲ့ဝိုင်းပြထားတဲ့ " T "ဆိုတဲ့စာလုံးလေးကိုကလစ်ပေးလိုက်..
ပြီးတော့..အလည်ကapplication boxမှာသွားလိုက်တော့..ကာဆာလေးကပုံစံပြောင်းသွားပြီ..
အိုကေ..အဲကာဆာလေးကိုထောက်လိုက်တာနဲ့...
စာရေးဖို့အကွက်ကလေးတွေကျလာပြီ..ဟုတ်လားပဲ...စာရေးတော့မယ်.ဆိုရင်...font type/size/color
က..ဘယ်မှာပြောင်းမလည်း..ကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..properties မှာသွားပြောင်းလိုက်...
..စာရေးပြီးပြီး...စာကြောင်း လေး ကြောင်းရေးထားပါရဲ့..အဲစာ လေး ကြောင်းက..ဒီအတိုင်းထားရင်ပုံသေကြီးပေါ်နေမှာပဲ
ဒါကို..အ၀င်နဲ့..အထွက်ကလေးတွေ..ဘယ်လို့ထည့်ပေးမလည်း...သီချင်နားထောင်ကြည့်လိုက်..
အပေါ်မှာအစိမ်းနဲ့ဝိုင်းပြထားတယ်နော်.
အဲကောင်လေးကို နိပ်ပြီး..play လုပ်လိုက်တော့.အောက်ကကျွန်တော်အ၀ါရောင်နဲ့ဝိုင်းပြထားတဲ့time line မှာ..
အနီရောင်အတုံးလေးပြေးနေပါလိမ့်မယ်...စက်ပေါ်မူတည်ပါတယ်..play လိုက်ရင်...သူဘာသာအလုပ်လုပ်နေတာကိုခန
စောင့်ပါ..စိတ်ရှည်ပါနော်....ဒီသီချင်းလုပ်တာက..စိတ်ရှည်ပါ..လို့ပဲပြောချင်တယ်..အိုကေ..time line မှာကိုယ့်စာသားက..
အသံဘယ်နားမှာဝင်သလည်း...(စာသားကဥပမာ.."မ..မချစ်လို့သေနိုင်တယ်" ဆိုရင်.အနီရောင်အတုန်းလေးက..
အဲစာသားအတွက်..နံပါတ်ဘယ်လောက်မှာဖြတ်သွားလည်းမှတ်ထားလိုက်..အဲနံပတ်မှာ..အောက်က
ကျွန်တော်ရှင်းပြမယ်..effect ကလေးတွေကိုလိုက်ထည့်လိုက်တော့..
EFFECT ထည့်မယ်...

effect ထည့်မယ်..ကိုယ်ရေးတဲ့စာကို..သီချင်းအသံကဘယ်နံပါတ်မှာဝင်ပြီး.
.ဘယ်နံပါတ်မှာထွက်သွားတယ်လို့မှတ်ခိုင်းထားတယ်နော်..
ကိုယ်ရေးတဲ့စာကိုကလစ်ပေးလိုက်..ကျွန်တော်အညိုရောင်နဲ့ဝိုင်းပြထားတယ်..တွေ့လားပဲ...
အဲဒါက..ကျွန်တော်ရေးထားတဲ..မ..မချစ်လို့သေနိုင်တယ်ဆိုတဲ့စာတန်းရဲ့...lineကလေးးးပဲ..အဲlineကလေးမှာ..
နံပါတ်90မှာဝင်တယ်ဆိုရင်..အဲနံပါတ်90မှာ..right click ပေးလိုက်.ကျွန်တော်နီနဲ့ဝိုင်းပြထားတာကအ၀င်..အ၀ါနဲ့
ဝိုင်းပြထားတာက..အထွက်ဆိုပါစို့...အ၀ါနဲ့ဝိုင်းပြထားတဲ့နေရာမှာ..right click ပေးလိုက်တော့..ကျွန်တော်အစိမ်းနဲ့
ဝိုင်းပြထားတဲ့.box ကလေးကျလာမယ်..အဲbox မှာ..appear into position/ Disappear from position/looping continously
ရယ်..သုံးမျိုးတွေ့လိမ့်မယ်..အဲသုံးမျိုးမှတ်ထားပါ..အဲသုံးမျိုးမှာ..appear into....ဆိုတာက..စ၀င်တာ..
disppear from.....ဆိုတာက..ပြောက်သွားမှာ..အထွက်အတွက်../
နောက်..looping continouslyဆိုတာက..loopingပေးဖို့အတွက်..ပါ..အိုကေ
အဲလောက်ဆိုရင်..တော်တော်အဆင်ပြေနေပြီဗျ..ဒီထက်..ထပ်ပြီးတော့..တတ်ချင်သေးတယ်ဆိုရင်..တော်..စာအုပ်တွေပေးလိုက်
ပါမယ်....သူတို့ရှင်းပြထားတာက..ပို့ရှင်းပါမယ်..ကျွန်တော်ကတော့..ပိန်းတော့..လူပိန်းအတွေးနဲ့.ှရှင်းပြထားတာ..ပါ..
ကျွန်တော်နားလည်ခဲ့သလို့..နားလည်အောင်ရှည်းပြထားတာပါ...နားမလည်ရင်..ပြောပါ..အောက်ကကွန်းမင့်ကနေ..
နားမလည်တဲ့အပိုင်းအလိုက်ထပ်ရှင်းပေးပါ့မယ်..အိုကေလားပဲ..ကဲ့..အားလုံးကိုလေးစားလျှက်..(
အော်မေ့တော့မလို့.mousehaert efffect (mousectheart.swi)ထည့်ပေးလိုက်ပါတယ်..အဲကောင်ကို..ဒေါင်းပြီးတော့..
Insert>import aninmation ကနေထည့်လိုက်ပါ...ရပါတယ်..
ဒါကသာမန်သီချင်းတစ်ပုဒ်လောက်တော့..ကျွန်တော်ရှင်းပြထားတာနဲ့တင်ရလောက်မယ်ထင်ပါတယ်...
ကျွန်တော်ပေးတဲ့ဖိုင်တိုင်းကိုဇစ်ချုပ်မထားပါဘူး။.နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများအတွက်.အခက်အခဲဖြစ်မှာစိုးရိမ်လို့ပါ..
အားလုံးကိုလေးစားလျှက်..


ကိုdouble tun ရေးထားတဲ့စာအုပ်ကလေးပါ..
swish max book.pdf

တကယ်လို့..FULLသုံးချင်တယ်ဆိုရင်တော့...အောက်မှာကျွန်တော်လင့်ပေးထားပါတယ်..အသုံပြုရတာ
ကောင်းပါတယ်...
ဘယ်လိုRUNမယ်ဆိုတာကိုပြောပြပါ့မယ်...
ပထမဆုံး..ဇစ်ဖိုင်ကိုဖြည်လိုက်ပါ..ပြီးတော့..အထဲမှာပါတဲ့...setupကိုအရင်ရမ်းလိုက်ပါ...setup run ပြီး
တော့..FINISHမပေးခင်မှာပဲ..PATCHဖိုင်Runလိုက်ပါ..Patchဖိုင်RUNတော့..သူက..နေရာညွန်းခိုင်းပါ
လိမ့်မယ်..C/program files/SWiSH Max3/swishMax3.exeဖိုင်ကိုညွန်းလိုက်..ပါ..ပြီးတော့မှ..Patch လုပ်။

ဗုဒ္ဓဘာသာဝင် (၅) မျိုး


ယနေ့ခေတ်လူငယ်တွေဟာ ဗုဒ္ဓဘာသာဆိုင်ရာ ၊ အသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာကြတာကို တွေ့နေရတယ် ။ ဘုရားကိုတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး ။ ဒီလို အခြေအနေတွေကို ကြိုတင်သိမြင်တော်မူခဲ့လို့ ဗုဒ္ဓမြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅) မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောကြားတော်မူခဲ့ပါတယ် ။ အဲ့ဒီ ဗုဒ္ဓဘာသာ (၅) မျိုး ကတော့ -
(၁) ကုလ ဗုဒ္ဓဘာသာ ၊
(၂) လာဘ ဗုဒ္ဓဘာသာ ၊
(၃) ဘယ ဗုဒ္ဓဘာသာ ၊
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ နှင့် ၊
(၅) ပညာဓိက ဗုဒ္ဓဘာသာ ဆိုပြီး ဖြစ်ပါတယ် ။


(၁) ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာမျိုးပါ ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန် ။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့ ။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ ။ ဘုရား ဘာတရားဟောမှန်းလည်းမသိ ။ ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်းမသိ ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ ။ လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ ။ ကုလ ဗုဒ္ဓဘာသာပါ ။




(၂) လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ် ။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ ။ အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး ။ ကံ ၊ ညဏ် ၊ ဝိရိယ သတ္တိကြောင့်ပါ ။ အိမ်ခြံ ဝယ်မယ် ။ ရောင်းမယ် ။ အိမ်နေရာ ပြောင်းမယ် ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ ။ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ ။ ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ ။ ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ် ။





(၃) ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက် လို့ ကိုးကွယ်တာကိုခေါ်ပါတယ် ။ အန္တရာယ်ကင်းဖို့ ၊ ဘေးရှင်းဖို့ ၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟု ခေါ်ပါသည် ။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာဟုခေါ်သည်




(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ် ။ သဒ္ဓ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ ။ ဘုရား ၊ တရား ၊ သံဃာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ် ။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓ္ဒါ နဲ့ မှားမှား ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓ္ဒါဆိုပြီး (၂) မျိုးရှိပါတယ်။

သမ္မာသဒ္ဓ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ် ။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာ သူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ် ။ နိဗ္ဗာန်ဆိုတာ အို ၊ သေ ၊ နာ လွတ်ရာပါ ။ အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက် ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ ။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည် ။ ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး ။

ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေးဇူးပါ ။ ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ၊ သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ တရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထား တာပါ ။ သံဃာတော်ကို ယုံကြည်မှု ။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာ သဒ္ဓ္ဒါယုံကြည်မှု ။

မိစ္ဆာသဒ္ဓ္ဒါယုံကြည်မှုက လာဘ်လာဘ ပေါတယ် ။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဓ္ဒါ ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက် ၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက် ၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ။ ဒါတွေဟာ မိစ္ဆာသဒ္ဓ္ဓါတွေပါ ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓ္ဒါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ် ။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ် ။ မှားတာကို မှားတယ်လို့ သိတယ် ။ မှန်တာကို မှန်တယ်လို့သိတယ် ။ သိတဲ့ အပြင် ၊ အမှားလမ်းကို ရှောင် ၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓ္ဒါ ရှိတဲ့ သဒ္ဓ္ဒါဓိက ဗုဒ္ဓဘာသာပါ ။

(၅) ပညာဓိက ဗုဒ္ဓဘာသာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည် ။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ် ။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာ မဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ် ။ ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည် ။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ ။ ပညာဓိက ဗုဒ္ဓဘာသာပါ ။ ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ် ။ ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ် ။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ် ။ ယုံကြည်တော့ သဒ္ဓ္ဒါ ၊ ဖြစ်ပျက်မြင်တာက ပညာ ။

ထိုကြောင့် သဒ္ဓ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့ ။ သဒ္ဓ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏ ။ တို့မှာ အပါယ်မျိုးစေ့တွေ ၊ အပါယ်ကျကြောင်း ကံတွေ လုပ်ထားတာရှိတယ် ။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး ။ သူ့ကို တားချင်ရင် ၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ် ။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓ္ဒါလည်းပါတယ် ၊ ပညာလည်းပါတယ် ။ ဒါသည် သဒ္ဓ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။


- ဘယ်သူသည် ၊ ဘယ်လို ဗုဒ္ဓဘာသာဝင်လဲ ဆိုတာ သိနိုင်ကြပါစေ ။
- ဗုဒ္ဓဘာသာ ဆိုတိုင်း ရမ်းသမ်း လက်ညိုးထိုးမနေကြပါနှင့် ။

mail မှရရှိသောအကြောင်းရာအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
အရှင် ဇောတိကသာရ (စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့ ကုန်းမြင့်သာရပ် ဓမ္မရံသီရိပ်သာ ပဓာန နာယက ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒ န္တ သုနန္ဒ ဟောကြားတော်မူသော ဗုဒ္ဓဘာသာ(၅)မျိုး နှင့် သစ္စာလေးပါး တရားတော်
အားလုံးပျော်ရွင်းကြပါစေ....အောင်မျိုး..
မ.စိတ်ပျော်၇ာ။

အောင်မြင်ခြင်း၃၃ချက်

၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းလျှောက်ပါ။လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကို
အတတ်နိုင်ဆုံးပြုံးထားပါ။

၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။

၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm(3)Empathy

၎။ Game တွေကစားပေးပါ။


၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။


၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။


၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။


၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။
၉။ရေများများသောက်ပါ။
၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။
၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။


၁၂။ အတိတ်ကအမှားတွေကိုအစပြန်မဖော်ပါနှင့်။လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။


၁၃။ သင်မလုပ်နိုင်ဘဲနှင့်အဆိုးဘက်ကမမြင်ပါနှင့်။အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။


၁၄။ မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစားလိုစားပါ။


၁၅။လုပ်ငန်းခွင်ထဲမှာများများရယ်ပြီးများများပြုံးပါ။


၁၆။ ဘ၀ဟာတိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့။မုန်းနေတာတွေရှိရင်ဆန့်ကျင်
ဘက်လုပ်ကြည့်ပါ။


၁၇။ အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေးထားပြီးအမှားကင်း
အောင်လုပ်ပါ။
၁၈။ အငြင်းအခုံတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေမဖြုန်းပါနဲ့။နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။


၁၉။အတိတ်ကအဖြစ်အပျက်တွေအတွက်ငြိမ်းချမ်းရေးယူလိုက်ပါ။လက်ရှိအခြေအနေအတွက်အထောက်
အကူရလာပါလိမ့်မည်။
၂၀။ သင့်ဘ၀ကိုတခြားတစ်ယောက်နှင့်မနှိုင်းယှဉ်ပါနှင့်။


၂၁။ သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိနိုင်ပါဘူးဆိုတာသိပါ။


၂၂။ အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။


၂၃။အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေ။မဟုတ်ရင်သင်ခံစားမနေပါနဲ့။


၂၄။ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိန်တစ်ခုကိုစောင့်ကြည့်ပါ။


၂၅။ အသုံးမ၀င်တော့တဲ့အရာတွေကိုဖယ်ရှားပစ်ပါ။လှလှပပနှင့်ပျော်ရွှင်အောင်နေပါ။


၂၆။ မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းတဲ့နည်းတစ်ခုပါ။အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်
ထားပြီးပြီဆိုတာသတိရပါ။
၂၇။ မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။


၂၈။ ခံစားမှုတွေများလို့မပြိုလဲသွားပါနှင့်။အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနဲ့နေပြပါ။


၂၉။ သင်မှန်တယ်ထင်တာတွေတွေးပြီးလုပ်ပါ။


၃၀။ မကြာခနမိသားစုနှင့်ဝိုင်းဖွဲ့ပြီးစကားပြောပါ။


၃၁။ သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။


၃၂။အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။


၃၃။သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ။

အောင်မျိုး...မူ၇င်း..စိတ်ကူးပျော်၇ာ။

သင့်ကိုလူတွေသဘောတွေ့လာစေမယ့်နည်း ၆-နည်း။


သိပြီးသူများမမေ့မလျော့ဆက်လက်ကျင့်သုံးနိုင်ရန်နှင့်မသိရှိသေးသူများစမ်းသပ်ကျင့်သုံးနိုင်ရန်ရည်ရွယ်ချက်ဖြင့်
အောက်ပါအတိုင်းဖေါ်ပြလိုက်ပါတယ်။


(၁) တဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ။

လူလူချင်းသဘောကျပါ။ တဖက်လူရဲ့ပြသနာကိုစိတ်ဝင်စားပါ။သူတို့ရဲ့အချိန်ပေးဂရုစိုက်မှုကိုရတတ်ပါတယ်...
မိတ်ဆွေကောင်းရဖို့အတွက် အချိန်လိုတယ်။အားစိုက်ရမယ်။ကိုယ်ကျိုးမကြည့်ရပါ။စဉ်းစားဆင်ခြင်ဥာဏ်နဲ့စာနာစိတ်
ရှိရမယ်... မွေးသက္ကရာဇ်စုပြီးသူတို့ရဲ့မွေးနေ့မရောက်မီ တရက်အလိုတွင် အသိပေးလိုက်ပါ...အံ့သြ၀မ်းသာနေတာ
တွေ့ရပါလိမ့်မယ်...



(၂) ပြုံးပါ။

အပြုံးဟာ...နုံးခွေနေသူကို အနားပေးအားမွေးပေးစေသလို၊ စိတ်ဓါတ်ကျနေသူကို နေရဲ့အလင်းရောင်ဆောင်တတ်
ပါတယ်...ကြေကွဲသူကိုနေရောင်ခြည်ပေးပါတယ်...ဒါဟာ သဘာဝရဲ့ဒုက္ခ သောကတွေကိုဆန့်ကျင်ဖြိုဖျက်ဖို့
အကောင်းဆုံးနည်းပါ...အပြုံးဟာငွေပေးဝယ်၍မရသလို ချေးယူ၍မရပါ...တောင်းယူ၍မရသလို ခိုးယူ၍မရပါ...
ပေးတတ်မှသာအသုံးတည့်သည့် ပစ္စည်းတခုပါ...ပြုံးလိုက်တဲ့အခါကြမှသာ အကြင်နာတရားနဲ့လူသားပီသသွားပါတယ်




(၃) လူတယောက်ရဲ့နာမည်ဟာ သူ့အတွက် နားဝင်အချိုဆုံးနဲ့အရေးပါဆုံးအသံပါ။

လူဆိုသည်မှာ တခြားလူရဲ့နာမည်တွေထက် ကိုယ့်နာမည်သာ ကိုယ်စိတ်ဝင်စားတာပါ...နာမည်ကိုမှတ်ထားပါ။
လွယ်လင့်တကူ ထိုနာမည်ကိုခေါ်လိုက်ပါ...ထိုလူ ဘ၀င်ခိုက်သွားပါပြီ...လူတယောက်ရဲ့နာမည်ကိုမေ့ကြည့်ပါ။
စာလုံးပေါင်းမှားကြည့်ပါ။ သင့်အတွက် အကျိုးယုတ်စရာတည်မိသွားပါပြီ..



.
(၄) စိတ်ဝင်တစားနားထောင်ပါ။ ပြောနေသူဆက်ပြောအောင်တွန်းအားပေးပါ။

မိမိကိုစကားပြောနေသူဟာ သူ့ကိုယ်သူသာ စိတ်ဝင်စားနေတတ်တယ်ဆိုတာမှတ်ထားပါ...
သူလိုချင်တာတွေ၊သူ့ပြသနာတွေကိုသာ စိတ်ဝင်စားတာပါ...
တဖက်သားစကားကိုဆုံးအောင်နားထောင်ပြီး ပြောချင်တာဆက်ပြောအောင် တွန်းအားပေးလိုက်ပါ...




(၅) တဖက်လူအကျိုးရှိမဲ့ဘက်က စ ပြောပါ။

သူအမြတ်တနိုးတန်ဖိုးထားတဲ့အကြောင်းအရာကိုပြောပါ...
သူသိပ်ပြီးစိတ်ဝင်စားတဲ့အကြောင်းကို သတိထားကြည့်ပြီး စပြောတတ်ပါစေ...




(၆) တဖက်လူအရေးပါတယ်ဆိုတာ သူသိအောင်ရိုးသားဖြူစင်စွာပြုပါ။ပြောပါ။

တဖက်လူရဲ့ကောင်းကွက်ကိုရှာပြီး အားတက်သရောချီးကျူးပြောဆိုမှုပြုပါ...
မြှောက်ပြောခြင်းမဟုတ်ပဲ ရိုးသားဖြူစင်သောစိတ်ဖြင့်ထုတ်ပြောပါ...




(သင်နှင့်အနီးဆုံးလူကစပြီးဒီနည်းတွေကိုလက်တွေ့စလုပ်ကြည့်ပါ...
မျက်လှည့်ပြသလိုဖြစ်လာမှာတွေကိုစောင့်ကြည့်ပေတော့...)

ဗမိုး ရေးသားသည့် DALE CARNEGIE ၏ How To Win Friends And Influence People ထဲမှ
ထုတ်နှုတ်ဖေါ်ပြထားပါသည်။

ကွန်ပြူတာကိုင်တွယ်သူများသိသင်တယ်ထင်လို့ပါ...။

အောက်မှာ ရေးပြထားတာတွေက ကွန်ပျူတာ ကိုင်တွယ်သူတိုင်း မသိမဖြစ် လိုအပ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။

Alt + 1 = ☺
Alt + 2 = ☻
Alt + 3 = ♥
Alt + 4 = ♦
Alt + 5 = ♣
Alt + 6 = ♠
Alt + 7 = •
Alt + 8 = ◘
Alt + 9 = ○
Alt + 10 = ◙
Alt + 11 = ♂
Alt + 12 = ♀
Alt + 13 = ♪(or) ♪
Alt + 14 = ♫
Alt + 15 = ☼
Alt + 16 = ►
Alt + 17 = ◄
Alt + 18 = ‼
Alt + 22 = ▬
Alt + 30 = ▲
Alt + 0160 = Blank Floder (or) File (or) Other (အမည်နာမ မပေးပဲ ထားသည်) Rename
Alt + F4 = Shut Down (or) Other
Alt + F5 = File Restore Down
Alt + Tab = File Minimize (or) Open
Ctrl + A = Selet All / Always (player)
Ctrl + B = Bold (text) / Bookmark (web) / Color Balance (photo shop)
Ctrl + C = Copy / Close (player)
Ctrl + D = Delete / Bookmark ( web page)
Ctrl + E = Center (text)
Ctrl + F = Find
Ctrl + G = Go To
Ctrl + H = History (web)
Ctrl + I = Italic (text)
Ctrl + J = Full (text) / Layer Copy (photo shop) / Downloads ( web)
Ctrl + L = Left (text)
Ctrl + M = Mute (player)
Ctrl + N = New windw
Ctrl + O = Open File
Ctrl + P = Print Out
Ctrl + Print Screen Sys Rq = Desktop Scan
Ctrl + Q = Line Space (text)
Ctrl + R = Right (text)
Ctrl + S = Save As
Ctrl + T = Hanging Indent (text) / Transform (photo shop)
Ctrl + U = Underline (text)
Ctrl + V = Paste
Ctrl + X = Cut
Ctrl + Y = Redo
Ctrl + Z = Undo
Ctrl + + = Zoom In
Ctrl + - = Zoom Out
Ctrl + 0 = Reset (web) / Hide Caption & Menu (player)
Ctrl + 1 = Seek Bar (player)
Ctrl + 2 = Controls (player)
Ctrl + 3 = Imformation (player)
Ctrl + 4 = Statistics (player)
Ctrl + 5 = Status (player)
Ctrl + 7 = Playlist (player)
Ctrl + 9 = Shader Editor (player)
Enter = Start (Load)
Esc = Work Out
F1 = Help
F2 = Windows Check
F5 = Refresh
Shift + Arrow = Selet Mark
Windows + E = Open My Computer
Windows + F = Search Results
Windows + L = User Lock
Windows + Pause Break = Show System
Windows + R = Open Run Box


မှတ်မိသလောက် ချရေးလိုက်တာပါ။ ကျန်နေသေးတာတွေ ရှိပါလိမ့်မယ်။
မှတ်ရတာ များနေမှာစိုးလို့ နောင်များ အခွင့်ကြုံရင် ထပ်မံတင်ပေးပါဦးမယ်။
လောလောဆယ်တော့ အဓိကကျတဲ့ windows 7 Key တွေ ဖော်ပြပေးလိုက်ပါတယ်။ အားလုံး ကျေနပ်နိုင်ကြပါစေ။

##################
# OS |Type – Brand | Key #
##################

7|Ultimate - Acer FJGCP-4DFJD-GJY49-VJBQ7-HYRR2
7|Ultimate - Alienware VQ3PY-VRX6D-CBG4J-8C6R2-TCVBD
7|Ultimate - Asus 2Y4WT-DHTBF-Q6MMK-KYK6X-VKM6G
7|Ultimate - Dell 342DG-6YJR8-X92GV-V7DCV-P4K27
7|Ultimate - HP MHFPT-8C8M2-V9488-FGM44-2C9T3
#7|Ultimate - Lenovo 2 22TKD-F8XX6-YG69F-9M66D-PMJBM
7|Ultimate - Lenovo 6K2KY-BFH24-PJW6W-9GK29-TMPWP
7|Ultimate – Samsung 49PB6-6BJ6Y-KHGCQ-7DDY6-TF7CD
7|Ultimate - Sony YJJYR-666KV-8T4YH-KM9TB-4PY2W
7|Professional - Acer YKHFT-KW986-GK4PY-FDWYH-7TP9F
7|Professional – Asus 2WCJK-R8B4Y-CWRF2-TRJKB-PV9HW
7|Professional - Dell 32KD2-K9CTF-M3DJT-4J3WC-733WD
7|Professional - Fujitsu PT9YK-BC2J9-WWYF9-R9DCR-QB9CK
7|Professional - HP 74T2M-DKDBC-788W3-H689G-6P6GT
7|Professional - Lenovo 237XB-GDJ7B-MV8MH-98QJM-24367
7|Professional - Samsung GMJQF-JC7VC-76HMH-M4RKY-V4HX6
7|Professional - Sony H9M26-6BXJP-XXFCY-7BR4V-24X8J
7|Professional - Toshiba 2V8P2-QKJWM-4THM3-74PDB-4P2KH
7|Professional - Wortmann 6JKVQ-WJTWW-JVPRB-77TGD-2DV7M
#7|Professional - ???? 862R9-99CD6-DD6WM-GHDG2-Y8M37
#7|HomePremium - Asus 2 7JQWQ-K6KWQ-BJD6C-K3YVH-DVQJG
7|HomePremium - Acer VQB3X-Q3KP8-WJ2H8-R6B6D-7QJB7
7|HomePremium - Advent 38JTJ-VBPFW-XFQDR-PJ794-8447M
7|HomePremium – Alienware V3Y2W-CMF9W-PGT9C-777KD-32W74
7|HomePremium - Asus 2QDBX-9T8HR-2QWT6-HCQXJ-9YQTR
7|HomePremium - Dell 6RBBT-F8VPQ-QCPVQ-KHRB8-RMV82
7|HomePremium - Fujitsu C6MHH-TRRPT-74TDC-FHRMV-XB88W
7|HomePremium - HCL 39QDH-D7MHH-WDMTD-TM2R9-KM7DB
7|HomePremium - HP| 4FG99-BC3HD-73CQT-WMF7J-3Q6C9
7|HomePremium - Lenovo 27GBM-Y4QQC-JKHXW-D9W83-FJQKD
7|HomePremium – LG 38GRR-KMG3D-BTP99-TC9G4-BBDJJ
7|HomePremium - Medion 2P2P9-CM3F8-FTV6P-PC7CX-8TFF7
7|HomePremium - MSI 4G3GR-J6JDJ-D96PV-T9B9D-M8X2Q
7|HomePremium - Packard Bell VQB3X-Q3KP8-WJ2H8-R6B6D-7QJB7
7|HomePremium - Samsung CQBVJ-9J697-PWB9R-4K7W4-2BT4J
7|HomePremium - Siragon HWDFB-YVFG4-3TJ7F-Q3WMT-7B6PH
7|HomePremium - Sony H4JWX-WHKWT-VGV87-C7XPK-CGKHQ
7|HomePremium - Toshiba 6B88K-KCCWY-4F8HK-M4P73-W8DQG
#7|HomePremium - Toshiba 2 6GF36-P4HWR-BFF84-6GFC2-BWX77
#7|HomePremium - ???? 2P2P9-CM3F8-FTV6P-PC7CX-8TFF7
7|HomeBasic - Acer MB4HF-2Q8V3-W88WR-K7287-2H4CP
7|HomeBasic - Asus 89G97-VYHYT-Y6G8H-PJXV6-77GQM
7|HomeBasic - Dell 36T88-RT7C6-R38TQ-RV8M9-WWTCY
7|HomeBasic - HP DX8R9-BVCGB-PPKRR-8J7T4-TJHTH
7|HomeBasic - Lenovo 22MFQ-HDH7V-RBV79-QMVK9-PTMXQ
7|HomeBasic - Samsung 2P6PB-G7YVY-W46VJ-BXJ36-PGGTG
7|HomeBasic - Sony YV7QQ-RCXQ9-KTBHC-YX3FG-FKRW8
7|HomeBasic - Tongfang 9DBMT-GXRWM-6Q9Y3-WMYM8-FJCBW
7|HomeBasic - Toshiba 9H4FH-VD69Y-TGBD2-4PM4K-DRMMH
7|Starter - Acer RDJXR-3M32B-FJT32-QMPGB-GCFF6
7|Starter - Asus 6K6WB-X73TD-KG794-FJYHG-YCJVG
7|Starter - Casper ERA 6PB94-MC2C6-4F37H-KTJ32-PF2PT
7|Starter - Dell 36Q3Y-BBT84-MGJ3H-FT7VD-FG72J
7|Starter - HP RH98C-M9PW4-6DHR7-X99PJ-3FGDB
7|Starter - Lenovo 273P4-GQ8V6-97YYM-9YTHF-DC2VP
7|Starter - MSI 2W4DJ-JFFJV-DMCPP-2C3X8-883DP
7|Starter - Nokia 2XGHP-9TQK2-8CF28-BM2P2-8FRX8
7|Starter - Sony 32J2V-TGQCY-9QJXP-Q3FVT-X8BQ7
7|Starter - Toshiba TGBKB-9KBGJ-3Y3J6-K8M2F-J2HJQ
7|Starter - Viliv 7W842-2HCPJ-BC3MJ-B79K6-TD2HQ
အောင်မျိုး.....
အားလုံးကို ပျော်ရွှင်စေချင်တဲ့ …
မ...စိတ်ကူးပျော်၇ာ...။

Tuesday 11 September 2012

မြန်မာလူမျိုးနှင့်တိုင်းရင်းသားများစ၇င်း

မြန်မာ လူမျိုးနှင့် တိုင်းရင်းသားများစာရင်း









ကချင်
ကချင် - တရုမ်း - ဒလောင် - ဂျိမ်းဖောလူမျိုး(သိန်းပေါ်၊ ဂျင်းဖော) - လော်ဝေါ်(မရူလူမျိုး) -ရဝမ်လူမျိုး- လာချိဒ်- လီဆူလူမျိုး- ဇိုင်ဝါး- ဂေါ်ရစ် - ခါ့ခူးလူမျိုး - ဒုရင် - လရှီလူမျိုး - အဇီး

ကယား
ကယား(သို့)ကယန်း - ဇယိန်လူမျိုး - ပဒေါင်လူမျိုး - ဂေခို - ဂေဘား - ပရဲလူမျိုး - မနူမနော် - ယင်းတလဲ - ယင်းဗော်လူမျိုး

ကရင်
ကရင် - ကရင်ဖြူ - ပလေကီး (ပလေချီ) - မွန်ကရင် - စကောကရင် - တလှေပွာ - ပကူး - ဘွဲ - မောနေပွား - မိုးပွ - ပိုးကရင်

ချင်း
ချင်း - ကသည်း - မယ်တိုင် (ကသဲ) - ဆလိုင်း - ကလင်ကော (လူရှေ) - ခမီ - အောဝခမီ - ခေါနိုး - ခေါင်စို - ခေါင်ဆိုင်ချင်း - ခွာဆင်းမ် - ခွန်လီ (ဆင်မ်) - ဂန်တဲ့ (လင်တဲ) - ဂွေးတဲ - ငွန်း - ဆီစာန် - ဆင်တန် - ဆိုင်းဇန် - အရှိုချင်း - -ချိုး - ခမီ - လိုင်မီး - - ဇိုမီး - မီဇိုး - ဇာဟောင် - ဆိုင်းတန်လူမျိုး - ဇိုဖေ - ဇို - ဇန်ညှပ် - တပေါင် - တီးတိန် (တဲဒင်မ်) - တေဇန် - တိုင်ချွန်း - တာ့ဒိုး - တောရ် - ဒင်မ် - ဒိုင်လူမျိုး - နာဂ - တိုင်ချွန်း - မာရင် - ပနမ်း - Magun - မတူ - မီရမ် (မရာ) - မီအဲ - မကန်း - လူရလူမျိုး၊လူရှိုင်း (လူရှေ) - လေးမြို - လျင်းတု - လောက်ထူ - လိုင် - လိုင်ဇို - ပါကင်းမ် - ဟွာလ်ငို - အနူး - အနန် - အူပူ (မရို) - လျင်းတု - အရှိုချင်း - ရောင်ထု

ဗမာ
ဗမာ - ထားဝယ် - မြိတ် - ယော - ရဘိန်း - ကတူး - ကနန်း - ဆလုံလူမျိုး - ဖွန်း (ဖုန်း)

မွန်
မွန် လူမျိုး

ရခိုင်
ရခိုင် - ကမန် - ခါမီ - ဒိုင်းနက် - မြို - သက်

ရှမ်း
ရှမ်း - ဓနောလူမျိုး - ဓနုလူမျိုး - အိုက်ဆွယ် - အင် - ဂုံလူမျိုး(ခွန်) - အင်းသား - ကော် (အခါအိကော) - ခန်တီးရှမ်း - ခမူ - ကိုးကန့် - ကွီ - လားဟူ - မိုင်းသာ - မြောင်ဇီး - မောရှမ်း - ပလောင် - ပလေး - ပအိုဝ်း(တောင်သူ) - ဖျင် - ရှမ်းကလေး - ရှမ်းကြီး - မုံလူမျိုး - တိုင်းလွယ် - တိုင်းလျမ် - တိုင်းလုံ - တိုင်းလေ့ - တောင်ရိုး - ဝ - ယောင် - ယင်ကျား - ယင်းနက်လူမျိုး - ယွန်း
ညီမလေးဝင်သုဆီကယူတင်တာပါ
ကောင်းကင်မောင်နှမအားလုံးအဆင်ပြေကြပါစေ
ထာဝရချစ်ခင်လေးစားလျှက်

အင်ဒိနီး၇ှားမှာ၇ှိတဲ့လူဦးခေါင်းနဲ့မြွေ



အင်ဒိုနီးရှားနိုင်ငံမှာ လူဦးခေါင်းနဲ့ မြွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဒီမြွေရဲ့ ဦးခေါင်းဟာ လူဦးခေါင်းနဲ့ တူတာထက်
ဂြိုလ်သား ပုံစံနဲ့ ပိုပြီးဆင်တူလှပပါတယ် ။ သူ့မှာ လက်နှစ်ချောင်းပါရှိပြီး အလွန်ထူးဆန်းတဲ့ သတ္တ၀ါ တစ်ကောင် လည်းဖြစ်ပါတယ် ။ အများပြည်သူလေ့လာ နိုင်ဖို့အတွက် ပြတိုက်မှာ ထားရှိပါတယ် ။ အင်ဒိုနီးရှားနိုင်ငံကတော့ ဒီမြွေဟာသူ့မှာရှိတဲ့ gene တစ်စုံတစ်ခု...ပြောင်းလဲသွားတဲ့အတွက် ဒီလိုဖြစ်လာတယ်လို့ ယူဆထားပါတယ်
..စိတ်ကူးပျော်၇ာ

video တွေရှည်နေတာဖျက်ပြီး..တိုနေတာလေးဆက်ချင်ကြရင်



သူငယ်ချင်းတို့ရေ video တွေရှည်နေလို့မလိုချင်တဲ့အပိုင်းတွေဖျက်ဖို့
ဆော့ဝဲလ်လေး၂ခုတင်ပေးလိုက်ပါတယ်ဗျာ
ရှည်နေတာကိုလည်းဖျက်လို့ရပါတယ်..တိုနေတာတွေကိုလည်းဆပ်လို့ရပါတယ်
လိုအပ်နေတယ်ဆိုရင်အောာက်မှာဒေါင်းဆွဲလိုက်နော်လုပ်ရတာလွယ်၂..၄ပါဗျာ




လုပ်နည်းလေးကတော့အနီဝိုင်းပြထားတဲ့နေရာမှာကလစ်ပြီး video ထည့်လိုက်ပါ



အစမှတ်လို့ရေးပြထားပြီးအနီရောင်မျှားပြထားတဲ့တုံးလေးကိုကလစ်ပြီးကိုယ်မလိုချင်ချင်တဲ့အပိုင်းထိဆွဲလိုက်ပါ
နောပြီးအ၀ါရောင်မျှားပြထားတဲ့လေးထောင့်အကွက်ထဲကဟာလေးကိုကလစ်လိုက်ပါ...


နောက်ထပ်အဲအတုံးလေးကိုကိုယ်မလိုချင်လို့ဖျက်မဲ့အဆုံးပိုင်းထိဆွဲလိုက်ပါ
ပြီးရင်အ၀ါရောင်မျှားပြထားတဲ့လေးထောင့်အကွက်ထဲကဟာလေးကိုကလစ်လိုက်ပါ
နောက်ထပ်အနီရောင်ဝိုင်းပြထားတဲ့အထဲက CAT ဆိုတာလေးကိုကလစ်လိုက်ပါ

နောက်ပြီးအပြာရောင်ဝိုင်းပြထားတဲ့နေရာမှာနာမည်ရေးလိုက်ပါ
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ save လုပ်လိုက်ပါ..ဒါဆိုပြီးပါပြီ

******************************************************************************************

ဒါကတော့ အတိုလေးတွေဆုပေါင်းပြီးပြန်ဆပ်တာပါ
ဆပ်ချင်တယ်ဆိုရင်တော့ vidoe joiner ဆိုတဲ့နေရာမှာကလစ်လိုက်ပါ
ပြီးရင်+အပေါင်းလက္ခဏာနေရာလေးမှာကလစ်ပြီးကိုယ်ဆပ်ချင်တဲ့videoဖိုင်းတွေကိုတစ်ခါထဲဆွဲထည့်လိုက်ပါ



နောက်ပြီးအနီရောင်ဝိုင်းပြထားတဲ့နေရာမှာကလစ်လိုက်ပါ



နောက်ပြီးအပြာရောင်ဝိုင်းပြထားတဲ့နေရာမှာနာမည်ရေးလိုက်ပါ
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ save လုပ်လိုက်ပါ..ဒါဆိုပြီးပါပြီ

***************************************************************************************
ဒါလေးကတော့ဖျက်တောက်ရုံလေးပါ
ဒါလေးကလည်းကောင်းပါတယ်
လိုအပ်တရ်ဆိုယင်အောတ်မှာဒေါန်းဆွဲလိုက်ဏော်

(၁) open vieo ဆိုတဲ့နေရာ၎မှာကလစ်ပြီး video တစ်ပုဒ်ထည့်လိုက်ပါ
mp3 ကိုလိုတယ်ဆိုရင် Mp3 ဆိုတဲ့နေရာမှာ အမှတ်ပေးလိုက်ပါ
mp4 လိုချင်တယ်ဆိုရင်mpeg4 ဆိုတဲ့နေရာလေးမှာပေါ့နော်



အနီရောင်အ၀ိုင်းလေးထဲကအတုံးလေးကိုကိုယ်မလိုချင်လို့ဖျက်ပြစ်ချင်တဲ့နေရာထိဆွဲလိုက်ပါ
နောက်အဆုံးမှတ်မှာလည်းတူတူပါပဲကိုယ်မလိုချင်တဲ့အပိုင်းထီနောက်ပြန်ဆွဲလိုက်ပါ
ပြီးရင် save video ဆိုတဲ့နေရာမှာကလစ်လိုက်ပါ



နောက်ပြီးအပြာရောင်ဝိုင်းပြထားတဲ့နေရာမှာနာမည်ရေးလိုက်ပါ
ပြီးရင် အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ save လုပ်လိုက်ပါ..ဒါဆိုပြီးပါပြီ


ပျော်ရွှင်နိုင်ပါစေ..
အာကာမိုးနိုင်+ရွှေမြန်မာဥယျာဉ်
ပျင်းပျင်းနဲ့၁၅မိနစ်အမြန်ရေးလိုက်တာမို့
မှားတာရှိရင်တောင်းပန်ပါတယ်:P

Facebook (fb) မှ username ပြောင်းနည်း ၊ fb Profile link ပြောင်းနည်း နှင့် Fb က Gmail အကောင့်ပြောင်းနည်း


 
Facebook (fb) မှ username ပြောင်းနည်း နှင့် Profile link ပြောင်းနည်း..........
ဒါလေးကတော့မေးနေလို အမြန်ရေးပြီးတင်ပေးလိုက်ရ တာပါ လိုင်းတွေလဲကျနေလို မရှင်းတာရှိရင် အရင်
Blog လိုဘဲ rainstory12@gmail.com ကိုမေးနိုင်ပါတယ်.......

ကဲပြောင်းမယ်ဆိုရင်တော့ အရင်ဆုံး fb ကိုဖွင့်လိုက်ပါ
ဖွင့်ပြီးရင်တော့ Profile ကိုဝင်လိုက်ပါ

ပြီးရင်တော့ Name ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
First:
Middle:
Last:
ဆိုတာနေရာမှာ နာမည်လေးတွေပြောင်းလိုက်ပေါ့ Middle: ဆိုတဲ့နေရာမှာ မထည့်ချင်လဲရပါတယ်
First:
နဲ့
Last:မှာဘဲရေးလဲရပါတယ် ပြီးတော့
Display as: ဆိုတာကပြောင်းလိုမရပါဘူး အဲ့တာက မလိုပါဘူး အရေးလဲမကြီးပါဘူး
နောက်
Alternate name:ဆိုတဲ့နေရာမှာတော့ နောက်ကနေ (***)ဆိုပြီးတော့ နာမည်လေးတွေ
ရေးလိုရပါတယ်
(မှတ်ချက်- *** နမူနာ ပြထားခြင်းဖြစ်ပါတယ် အက္ခရာဘဲရေးလိုရပါတယ်)
Alternate name: ဆိုတာမပေါ်ချင်ရင်မရေးလဲရပါတယ် ရေးပြီးတော့ စာမျက်နှာမှာမမြင်ချင်
စေရင်တော့ အမှန် လေးမခြစ်နဲပေါ့....
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ
Save Changes ဆိုတာလေးကအရောင်ထွက်လာပါလိမ်မယ် အဲတာဆိုရင်တော့ Save Changes
လုပ်လိုက်ပါ အကယ်လို နာမည်ကမပေးဘူးဆိုရင်တော့ ပြန်ပြောင်းပေါ့နော်....

**************************
နောက်တပိုင်းကတော့ Fb Profile link ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Username ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ http://www.facebook.com/ ဆိုပြီးတော့ နောက်မှာကိုယ်ပေး
ချင်တဲ့နာမည် ဒါမှမဟုတ် FB အကောင့် နာမည်ဘဲဖြစ်ဖြစ်ပေးလိုရပါတယ် ...........
ပြီးရင်တော့ Password: ဆိုတဲ့နေရာမှာ Password ရိုက်ထည့်ပေးလိုက်ပါ fb ၀င်တဲ့ pass နော်
ရိုက်ထည့်ပေးလိုက်ရင်သူအောက်မှာ Save Changes ဆိုတာလေးကအရောင် ထွက်လာပါလိမ်မယ်
အဲတာဆိုရင်တော့ Save Changes လုပ်လိုက်ပါ ပြီးရှုတော့ စာမျက်တွေကို Reload
ချလိုက်ပါ Fb စာမျက်နှာတွေကိုဘဲနော်.....

**************************
နောက်တပိုင်းကတော့ Fb က Gmail အကောင့်ပြောင်းနည်းလေးပါ
အဲတာကတော့အပေါ်ကအတိုင်းပါဘဲ ဘယ်ထိလဲဆိုတော့
ဒီထိပေါ့ Profile ကိုဝင်လိုက်ပါ
ပြီးရင်တော့ Email ဆိုတဲ့ အတန်းမှာရှိတဲ့ Edit ကိုနှိပ်ပြီးတော့ဝင်လိုက်ပါ
ပြီးရင်တော့ အဲမှာ
Add another email ဆိုတာလေးကိုနှိပ်လိုက်ပါ
နှိပ်ပြီးရင်တော့ New Email: ဆိုတာလေးပေါ်လာပါလိမ်မယ် အဲမှာ Gmail သိုမဟုတ် Googlemail
ဒါမှမဟုတ်သေးရင် Yahoomail အဲတာမှမဟုတ်ရင်တော့ ပြောင်းချင်ရာသာပြောင်းလိုက်ပါ
အဲလိုပြောင်းပြီးရင်တော့ သင်ပြောင်းလိုက်တဲ့ Gmail သိုမဟုတ် Googlemail ...
အကောင့်ထဲကို Mail တစ်စောင်ပို့လိုက်ပါလိမ်မယ် အဲတာကိုဝင်ပြီးတော့ လက်ခံလိုက်ပါ
ဒါဆိုရင်တော့ သင် Fb မှာ Gmail အကောင့်ပြောင်းလိုရသွားပြီပေါ့နော်...

ဒါဆိုရင်တော့ FB မှာပြောင်းနည်းလေးတွေသိသွားပြီးလို ထင်ပါတယ်ဗျာ....
စာအရေးအသား အမှားများပါရင် တော့သည်းခံပေးကြပါ font တွေမတူလို စာတွေ
ကောင်းကောင်းရေးလိုမရလိုပါ လိုပြောကြားရင်းနဲဘဲ.........
ထိုအကြောင်းအရာတွေကို နားမလည်မသိရှိရင်တော့
အောက်ပါ Gmail ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်
*** rainstory12@gmail.com ***
မူ၇င်း.....စိတ်ကူးပျော်၇ာ။

လူ့တန်ဖိုးဆိုတာဘာလဲ

 )

လူ့တန်ဖိုးဆိုတာ ဘာလဲ။ What is human value?

ဒီမေးခွန်းကလေးက အင်မတန်မှ ကောင်းသည်။ ကမ္ဘာပေါ်ရှိလူ့အဖွဲ့အစည်း အသီးသီးတွင် လူ့တန်ဖိုး (human value) မြင့်မားသည့် ပုဂ္ဂိုလ်များကိုသာ နေရာပေး၊ အလေးပေး၊ အမွန်အမြတ် ထားတတ်ကြသည်။ ထို့လူ့တန်ဖိုးဟု ဆိုရာတွင်လည်း ၄င်းတို့၏ အသီးသီး အသက စံသတ်မှတ်ချက်များဖြင့် စံထားရွေးချယ် သတ်မှတ်လေ့ရှိကြ သည်။
အသိပညာဥာဏ်မြင့်မား၍ ဖွံ့ဖြိုးပြီးနိုင်ငံကြီး (developed Country)များတွင် လူ့တန်ဖိုးဟူ သည်ကို
- လူသားဆန်မှု
- ပညာဥာဏ် ပြည့်ဝမှု
- ပညာတတ်မြောက်မှု
- ယဉ်ကျေးပျူငှာမှု
- လူ့အဖွဲ့အစည်းအပေါ် အကျိုးကျေးဇူးတစ်စုံ တစ်ရာပြုနိုင်မှု
- စာဖတ်ရှုမှုနှုန်း
- အနုပညာကို ခံစားနိုင်မှု စွမ်းရည်
စသည်ဖြင့် စံထားသတ်မှတ် တိုင်းတာလေ့ရှိကြသည်။
သို့သော် ဆင်းရဲမွဲတေမှုအပါ အဝင် ပြဿနာမျိုးစုံဖြင့် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျကျန်ရစ်နေခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ လူ့တန်ဖိုး ဆိုသည်ကို
- ငွေကြေးဥစ္စာ ဓနအင်အား
- ရာထူးဂုဏ်သိမ်အရှိန်အဝါ
- ဇာတ်အနိမ့်အမြင့်
- ဆွေမျိုးမိဘ မိသားစု နောက်ခံ အဆင့်အတန်း စသည်တို့ဖြင့် စံထား သတ်မှတ် တိုင်းတာ လေ့ရှိ ကြသည်။
ဆိုလိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးများတွင် လူ့တန်ဖိုးဆိုသည်ကို လူတစ်ယောက်၏ ရရှိထားသော ဘွဲ့ဒီဂရီ၊ ပညာ တတ်မြောက်မှု၊ အသိ ပညာ ပြည့်ဝမှု၊ တစ်လ အတွင်း စာအုပ်အသစ် ဖတ်ရှုမှုနှုန်း၊ မဂ္ဂဇင်း ဂျာနယ် ဖတ်ရှုမှုနှုန်း၊ လူသားဆန်မှု စိတ်ထား စသည်တို့ဖြင့် တိုင်းတာလေ့ ရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်မူ လူတစ်ယောက် ၏ တန်ဖိုး ဆိုသည်ကို ၄င်း၏ကြွယ်ဝ ချမ်းသာမှု၊ ရာထူး အဆင့်အတန်း၊ ၄င်း စီးနင်းသည့် မော်တော်ကား အမျိုးအစား စသည့် အဆောင်အယောင် တို့ပေါ်တွင်သာ များသောအားဖြင့် မူတည် တွက်ချက် စဉ်းစားလေ့ ရှိကြသည်ဟု ဆိုလိုရင်းဖြစ်သည်။
ယင်းကဲ့သို့ လူ့တန်ဖိုးကို စံထားသတ်မှတ် တွက်ချက်မှုများ ကွာခြား နေခြင်းသည်ပင်လျှင် ယင်း နိုင်ငံများအကြား ဖွံ့ဖြိုး တိုးတက်မှု၊ အသိဥာဏ်ပညာ ကွာ ဟခြားနား နေခြင်း၏ အဓိက ပင်မ အကြောင်းအရင်း တစ်ခုဖြစ်ကြောင်းကို ကမ္ဘာ့ စီမံခန့်ခွဲမှု ဂုရုကြီးများက တညီတညွတ်တည်း အဆိုပြု ကြသည်။ သို့ဖြစ်၍ ဖွံ့ဖြိုး ဆဲနိုင်ငံ များအနေဖြင့် ၄င်းတို့ရင်ဆိုင်နေရသည့် အထွေထွေ ပြဿနာများနှင့် ဆင်းရဲမွဲတေမှု များကို လျှော့ချ တိုက်ဖျက်ရေး အတွက် ၄င်းတို့၏ လူ့တန်ဖိုး စံထား တွက် ချက် မှုကို ရှေးဦးစွာအခြေခံ ကျကျ ပြုပြင်ပြောင်းလဲရေးမှာ များစွာ အခရာကျ အရေးပါလာခဲ့ သည်။
( ၂ )

‘မှန်ကန်သည့် လူ့တန်ဖိုးများ မြင့်မားလာအောင် မည်သို့ဆောင်ရွက်ကြမလဲ’

မှန်ကန်သည့်၊ စစ်မှန်သည့် လူ့တန်ဖိုးများ မြင့်မား တိုးတက်လာရေး အတွက်လည်း ကမ္ဘာ့စီမံခန့်ခွဲမှု ဂုရုကြီးများ၊ ပညာရှင်များက အသီးသီး အသက ရေးသားဖော် ထုတ်ခဲ့ကြသေးသည်။ စာရေးသူတို့ ကိုးကွယ် ယုံကြည်သက်ဝင်သည့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ဘာသာ ရေး ခေါင်းဆောင်ဖြစ်သူ ဂေါတမ ဗုဒ္ဓက လူသားတို့တန်ဖိုးနှင့် ပတ် သက်၍
(၁) သီလ (Morality)
(၂)သမာဓိ(Concentration)
(၃) ပညာ (Wisdom)
ဟူ၍ အဓိက ပင်မတန်ဖိုးကြီး ၃ရပ် ကို အတိအကျ ပြဋ္ဌာန်း သတ်မှတ် ပေးခဲ့သည်။ ယင်း သီလ၊ သမာဓိ၊ ပညာ တန်ဖိုး သုံးရပ်မြင့်မားသည့် ပုဂ္ဂိုလ် များကို ဗုဒ္ဓက သူ၏ စံပြ လူ့အဖွဲ့ အစည်းတွင် လူ့တန်ဖိုးမြင့်မားသူ များအဖြစ် သတ်မှတ်သည်။
အနောက်တိုင်း စီမံခန့်ခွဲမှု ဆိုင်ရာ ပညာရှင်ဂုရုကြီး များကတော့ လူသားတို့၏ တန်ဖိုးများ မြင့်မား တိုးတက်လာရေး အတွက် အရေးအကြီးဆုံးနှင့် အခြေခံ အကျ ဆုံးမှာ သင်ယူမှု (Learning) ဖြစ်သည်ဟု ဆိုကြသည်။ လူသားများ၏ တန်ဖိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေး အတွက် စဉ်ဆက်မပြတ် သင်ယူနေရန် လိုအပ်သည် ဟု ၄င်းတို့က ဆိုကြသည်။
အမှန်အတိုင်း သုံးသပ်ရမည် ဆိုပါက စာရေးသူတို့ လူ့အဖွဲ့ အစည်းမှာ အဆိုပါ သင်ယူမှုများ၊ အလေ့အကျင့်များ များစွာ အားနည်းနေသည်။ စာရေးသူ တို့အများစုက အချိန်တန်လို့ ဘွဲ့တစ်ခုရ၊ လုပ်ငန်းခွင်ဝင် ဒီမှာတင် သင်ယူမှု ပြီးဆုံးပြီဟု ထင်မြင်နေကြသည်။ အမှန်စင်စစ် သင်ယူမှု၏ အရေးအကြီးဆုံး သဘောတရား (Concept) တစ်ခုမှာ သင်ယူမှု (Learning ) ဆိုသည်မှာ ဘယ်သောအခါမှ နေရာ တစ်ခုမှာ တန့်နေခြင်း မရှိခြင်းဖြစ်သည်။
ဆိုလိုသည်မှာ ဥပမာစာရေးသူ က ၁ဝဖိုး Learn လုပ်ထားသည် ဆိုပါစို့။ ၂နှစ်လောက် ဆက်လက် မသင်ယူ မလုပ်တော့ရင်..စာရေးသူ Learn ထားတာ ၈လောက် ပြန် ကျသွားမည်။ နောက် ၃လောက် သင်ယူမှု ရပ်ထားရင် ၅လောက် ပြန်ကျသွားမည်။ ဤသို့ ဤသို့ဖြင့် ဆက်တိုက် မသင်ယူတော့ပါက အ နုတ်လက္ခဏာ ပြသွားနိုင်သည့် သဘော ဖြစ်သည်။ သို့ဖြစ်၍ သင်ယူမှု (Learning) ဆိုသည်မှာ စဉ်ဆက် မပြတ် သင်ယူနေမှ မပြတ် တိုးတက်နေမည့် သဘောဖြစ်သည်။ ကိုယ်က သင်ယူမှု ရပ်လိုက် သည်နှင့် ကိုယ့် နောက်ကသူ၊ ကိုယ်နှင့် တန်းတူသူ တွေက ကိုယ့်ကိုကျော်သွားမည် ဆိုသည်ကို အထူး သတိချပ်ကြရမည်။
သင်ယူမှု (Learning) ဟု ဆိုရာမှာလည်း ကျောင်း၊ တက္ကသိုလ် များတွင် တရားဝင် တက်ရောက် သင်ယူ၍ ဘွဲ့ဒီဂရီများ ရရှိသည့် Formal Learning ပါဝင်သလို ရုပ်ရှင် အစီအစဉ်၊ ရုပ်သံ အစီအစဉ် တစ်ခုကြည့်ရှု၍ သင်ယူခြင်းမျိုး၊ စာအုပ်ဖတ်ခြင်း၊ အတွေ့အကြုံများ မှ သင်ယူခြင်း စသည့် (Informal Learning) များလည်း အကျုံးဝင် ပါသည်။ ယနေ့ခေတ်မှာတော့ အိုင်စီတီနှင့် အင်တာနက် နည်းပညာများ တိုးတက် ထွန်းကားလာမှုကြောင့် အင်တာနက် အခြေပြု သင်ယူမှု (Web-based Learning) စသည် များမှာလည်း တွင်ကျယ် ခေတ်စား လာသည်ဖြစ်ရာ နည်းမှန်လမ်းမှန်ဖြင့် လူ့တန်ဖိုးများ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် အခွင့်အလမ်းများ များ စွာ ပေါ်ထွက်လာသည်ကို တွေ့ မြင်ကြ ရမည် ဖြစ်ပါသည်။
နည်းမှန် လမ်းမှန်ဖြင့် စစ်မှန်သည့် လူ့တန်ဖိုး မြင့်မားသည့် လူသားများ နေထိုင်ကြရာ လူ့အဖွဲ့အစည်းများ သာလျှင် ယနေ့ခေတ် ကမ္ဘာကြီးတွင် ဖွံ့ဖြိုးတိုးတက်နေ ၊ ရှေ့တန်း ရောက်နေကြသည် ဖြစ်ပါသည်။ သို့ဖြစ်၍ စာရေးသူတို့အနေ ဖြင့်လည်း မိမိတို့နေထိုင်ရာ လူ့အဖွဲ့ အစည်း ခေတ်မီဖွံ့ဖြိုး တိုးတက်လာရေး အတွက် မိမိတို့ကိုယ်တိုင် စစ်မှန်သည့် လူ့တန်ဖိုးများ ဖွံ့ဖြိုး တိုးတက် မြင့်မားလာအောင်၊ မိမိတို့ ပတ်ဝန်းကျင်တွင် စစ်မှန်သည့် လူ့တန်ဖိုးမြင့်မား သူများ ထွန်းကား ကျယ်ပြန့် လာ အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။
......မူ၇င်း..စိတ်ပျော်၇ာ။

ရခိုင်လူမျိုးဆင်းသက်လာပုံ

            


ရခိုင်လူမျိုး
၁၂။တိုင်းရင်းသားမျိုးနွယ်တော်များ

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက် တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။

မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။

မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ီရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။
ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။

ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။
သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။
ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။
ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ရခိုင်ပြည်နယ်ရှိမြို့များ
ပြည်နယ်မြို့တော် စစ်တွေ
အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်
လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)
ခရိုင် ၅ ခရိုင်
မြို့နယ် ၁၇ မြို့နယ်

ကျောက်တော်မြို့

ကျောက်ဖြူမြို့

ဂွမြို့

စစ်တွေမြို့

တောင်ကုတ်မြို့

ပုဏ္ဏားကျွန်းမြို့

ပေါက်တောမြို့

ဘူးသီးတောင်မြို့

မာန်အောင်မြို့

မောင်တောမြို့

မင်းပြားမြို့

မြေပုံမြို့

မြောက်ဦးမြို့

ရသေ့တောင်မြို့

ရမ်းဗြဲမြို့

သံတွဲမြို့

အမ်းမြို့

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ
၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။
ရခိုင်လူမျိုး
ကမန် မျိုးနွယ်စု
ခမွီး မျိုးနွယ်စု
ဒိုင်းနက် မျိုးနွယ်စု
မရမာကြီး မျိုးနွယ်စု
မြို မျိုးနွယ်စု
သက် မျိုးနွယ်စု

ရည်ညွှန်းကိုးကား
ရခိုင်ရာဇ၀င် ။ အောင်သာဦး
စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။
ရခိုင်ဂီတ ဒေါ့ကွန် [1]

G.mailမှာနောက်ခံအေ၇ာင်လေးတွေနဲ့စာေ၇းချင်သူများ

ဒီနည်းလေးကို သိခဲ့တာ ကြာပေမယ့် မသိသေးတဲ့ သယ်ချင်းတို့


အတွက် ပြန်လည်မျှ ဝေလိုက်ပါတယ် ..


ကျွန်တော် တို့တွေ G mail ကနေ Mail ပို့ကျတဲ့အခါ Compose ကနေပဲ ဘာမှ မပြု မပြင်

ပို့ဖြစ်နေလို့ အဆန်းလေး တစ်ခု အနေနဲ့ ပို့ချင်ပါတယ် ဆိုရင်ပါ...နောက်ခံ Background

Color လေးနဲ့ ပို့ကြည့်ချင်ပါတယ် ဆိုရင် တော့ အောက်ကလိုလေး

လုပ်ကြည့်လိုက်ပါ...။ဒီနည်းလေးက Bullet လေးတွေကို သုံးပီး Highlight လုပ်မှာပါ...။


1. Bullet ကို Click နှိပ်လိုက်ပါ။ ဒါဆိုရင် အစက် ကလေး တစ်စက် ရပီနော်..။အဲဒီ

အစက်ကလေးကို Space တစ်ချက် Enter တစ်ချက်ခေါက်ပီး 4 ၊ 5 ခုလောက်

လုပ်ယူလိုက်ပါ..။




2.သူရဲ့ ဘေးလေးကနေ Mouse ကို ဖိဆွဲလိုက်ပါ..။ ပုံလေးထဲကလို ရပီ နော်

...။အဲဒီလိုလေး ဖြစ်နေချိန်မှာ Highlight Text မှာကိုပေးချင်တဲ့ Color ပေးလိုက်ပါ...။



3.ဒါဆိုရင် ဒီလိုလေး ရပီဟုတ်...အဲဒီ ပုံစံ ကြီးက ဘေးမှာ Bullet ကလေးတွေက

အစက်ထင်နေတဲ့ အတွက် ကြည့်လို့ မလှဘူးဆိုရင် ခုနကလို Mouse ကို ပြန်ဖိဆွဲလိုက်ပါ ...။

ဒီတစ်ခါ က သူ့ကို Color ပေးတဲ့အခါ မှာ Text Color ကိုရွေးပီး အဖြူ ရောင် လေး ပေးလိုက်ပါ

ဒါဆိုရင် တော့ ပုံလေး ထဲကလို ပြောင် Color နဲ့ စာရွက်ကလေး

တစ်ရွက်ရပါပီ...။အောက်ဆုံးက တစ်စက် ကျန်နေတာကို Delete လုပ်ပေးလိုက်ပါ...။






4. ဒါဆိုရင်တော့ နောက်ဆုံးစာလေ ရေးပီး ပို့လိုက်ရုံပါပဲ...။ နမူနာ ပုံလေးလိုပါပဲ

ကိုယ်အဆင်ပြေသလို ဖန်တီးလို့ ရပါတယ်...။






ပိုမိုကောင်းမွန်တဲ့နည်းလမ်းလေးတွေကို ရှိခဲ့ရင်လည်း ဝေမျှ ပေးစေလိုပါတယ်

အားလုံးအဆင်ပြေကြပါစေ

မူ၇င်း.....စိတ်ပျော်၇ာ

ချမ်းသာကြွယ်ဝမှု့အတွက်နည်းလမ်း(၁၂)ချက်


ချမ်းသာကြွယ်ဝချင်းအတွက်နည်းလမ်း (12 )ချက်
( ၁) စိတ်ကောင်းထာချင်း
ချမ်းသာကြွယ်ဝမှု့သူတိုင်းဟာ ချမ်းသာချင်တဲ့စိတ်ကိုအခြေခံနေတာပါ။ ချမ်းသာချင်စိပ်ရှိသူဟာချမ်းသာအောင်လုပ်ဖို့အာရုံစိုက်ရမှာသေချာနေပါတယ်။ ချမ်းသာဖို့အာရုံစိုက်လိုက်တဲ့အခါမှာတခြားအာရုံတွေဆီကိုလွင့်ပျံ့မသွားအောင်ထိန်းချုပ်လုပ်ကိုင်ရပါတယ်လူသားတွေရဲ့ထူးခြားတဲ့စွမ်းရည်ဟာ

စိတ်ကိုထိန်းချုပ်နိုင်ခြင်းဖြစ်ပါတယ်။အဓိကအရေးကြီးတာကစိတ်နေသဘောထားဖြစ်ပါတယ်အဲ့ဒါကလူးသားတစ်ယောက်ရဲ့လက်ရှိ

ဘ၀ပေးအခြေနေမှာမျှော်မှန်းချက်ပန်းတိုင်ကိုရောက်အောင်တွန်းပို့်နိုင်မည့်အကြောင်းရင်းဖြစ်နေပါတယ်။

(၂ )ခန္ဒာကိုယ်ကြံ့ခိုင်ရေး

ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက်အာဟာရဖြစ်စေနိုင်တဲ့အစားအစာကိုလိုအပ်သလို လိုအပ်တဲ့အတိုင်းအတာတစ်ခု့ထိစားသုံးရပါမယ်။

ဒါမှသာကျန်းမာကြံ့ ခိုင်စွာနဲ့ ရ ည်မှန်းချက်အောင်မြင်တဲ့ အထိလုပ်ဆောင်နိုင်မှာပါ။

(၃)ပေါင်းသင်းဆက်ဆံရေးအဆင်ပြေခြင်း

လူတိုင်းနဲ့ဆက်ဆံပေါင်းသင်းတဲ့ အခါမှာအဆင်ပြေပြေဆက်ဆံနိုင်တဲ့သူတွေဟာအောင်မြင်နေကြသူတွေဖြစ်ပါတယ်။ဒါကြောင့်မိမိ

လုပ်ငန်းအောင်မြင်ဖို့ရန်အဆင်ပြေပြေဆက်ဆံမှဖြစ်မှာပါ။

(၄)စိုးရိမ်စိတ်ကင်းမဲ့ ခြင်း

ချမ်းသာတဲ့သူဟာလုံးဝစိုးရိမ်သောကမရှိရပါဘူးတကယ်လို့စိုးရိမ်ခြင်းဖြစ်ပေါ်လာရင်လည်းဖြစ်ပေါ်နေတဲ့အခြေခံအကြောင်းတရားကို

မြန်မြန်ဆန်ဆန်ဖျက်ပစ်ရမှာပါ။

စိုးရိမ်သောကအမျိုးအစားတွေကတော့.....

၁။ဆင်းရဲမှာကိုစိုးရိမ်ခြင်း

၂။သူများအပြစ်ဟြေမှာကိုစိုးရိမ်ခြင်း

၃။မကျန်းမာဖြစ်မှာကိုစိုးရိမ်ခြင်း

၎။သူများမုန်းမှာစိုးရိမ်ခြင်း

၅။လွတ်လပ်မှုမရရှိမှာစိုးရိမ်ခြင်း

၆။အိုမင်းသောအရွယ်ကိုရောက်တော့မှာစိုးရိမ်ခြင်း

၇။သေဆုံးရမှာကိုစိုးရိမ်ခြင်း

ဆိုတဲ့စိုးရိမ်သောက (၇)ချက်ရှိတယ်။အဲဒီစိုးရိမ်စိတ်တွေဖြစ်ပေါ်နေသူဟာချမ်းသာကြွယ်ဝမှုကိုမရရှိနိုင်ပါ။

ဘာဖြစ်လို့လဲဆိုတော့ချမ်းသာကြွယ်ဝခြင်းဆိုတဲ့အဓိပ္ပာယ်ကကိုယ်ရောစိတ်ပါချမ်းသာမှုကိုဆိုလိုပါတယ်။စိုးရိမ်စိတ်ဖြစ်ပေါ်နေတဲ့သူ

ဟာဘယ်နည်းနဲ့မှစိတ်ချမ်းသာမှာမဟုတ်ပါဘူး။ဒါကြောင့်စိုးရိမ်စိတ်လုံးဝကင်းမဲ့အောင်ဖျောက်ပစ်ရပါမယ်။

(၅)အောင်မြင်တော့မယ်အလားအလာတွက်မျှော်မှန်းခြင်း

လူတိုင်းအတွက်ပျော်ရွှင်ကြည်နူးမှုအမျိုးမျိုးရှိကြတယ်။နောက်တစ်ချိန်မှာဖြစ်ပေါ်လာမယ့်အောင်မြင်မှုတွေအတွက်ကြိုတင်ဖြစ်ရခြင်း

လောက်ကောင်းတာမရှိပါဘူး။ကုန်လွန်ခဲ့တဲ့အချိန်ကပျက်စီးဆုံးရှုံးခဲံ့ရတာတွေကိုတသသဖြစ်နေတာလုံးဝအကျိုးမရှိပါဘူး။

(၆)ယုံကြည်ချက်၏အတိုင်းအတာ

ယုံကြည်ချက်ဆိုတာဟာအသိစိတ်နဲ့အသိဥာဏ်ကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။စိတ်ကူးဥာဏ်ကိုအကောင်အထည်ဖော်ပေးနိုင်တဲ့

အတိုင်းအတာလည်းဖြစ်နေတယ်။ယုံကြည်ချက်ကိုကြိုးပမ်းအားထုတ်ဆောင်ရွက်မှုနဲ့တွဲဖက်လိုက်တာအခါမှာချက်ချင်းလက်ငင်း

အသိဥာဏ်တစ်ခုနဲ့ဆက်သွယ်မိပါလိမ့်မယ်။အဲဒီအသိဥာဏ်ဟာလူတွေအတွက်ချမ်းသာကြွယ်ဝစေမယ့်အကျိုးတရားဖြစ်လာလိမ့်မယ်။

ဒါဟာယုံကြည်ချက်ရဲ့ အကျိုးပြုအတိုင်းအတာတစ်ရပ်ဖြစ်ပါတယ်။

(၇)စေတနာအကျိုးပေး

ချမ်းသာကြွယ်ဝသူဟာတစ်ခြားချို့ငဲ့နွမ်းပါးနေကြသူတွေအပေါ်မှာစေတနာထားတတ်ဖို့လိုအပ်ပါတယ်။ကိုယ့်လိုပဲချမ်းသာကြွယ်ဝစေချင်တဲ့

စေသနာသဒ္ဓါတွေဟာကိုယ့်ကိုပြန်ပြီးအကျိုးပေးမှာမလွဲပါဘူး။“စေတနာကောင်းရင် ကံကောင်းမယ်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပါပဲ။

တကယ်လို့သာ ကိုယ့်ချမ်းသာကြွယ်ဝမှုကိုတစ်ခြားသူတွေအပေါ်မှာအကျိုးရှိအောင်မလုပ်ဘဲနေခဲ့ရင်တော့အဲဒီကြွယ်ဝချမ်းသာမှုဟာ

အကျိုးမဲ့ ဖြစ်သွားနိုင်ပါတယ်။

(၈)လုပ်အားကိုချစ်မြတ်နိုးမှု

မိမိလုပ်ငန်းမှာစိတ်ရောခန္ဓာပါအားကြိုးမာန်တက်လုပ်နေသူဟာစိတ်ချမ်းသာနေပါတယ်။အလုပ်ထဲမှာနှစ်မြှုပ်လုပ်ကိုင်တာဟာ

သူ့ ဆန္ဒ ကိုထိထိရောက်ရောက်အကောင်အထည်ဖော်ပေးခြင်းပါပဲ။လုပ်အားကိုချစ်မြတ်နိုးတဲ့အတွက်တိုးတတ်အောင်မြင်မှုကို

ရရှိပြီးကျေနပ်အားရမှုကိုခံစားစံစားရမှာဖြစ်ပါတယ်။

(၉)အရာရာကိုပွင့်လင်းပါ

ဟန်ဆောင်မှုကင်းတဲ့ပွင့်လင်းတဲ့သူတွေအတွက်အရာရာဟာကြည်လင်နေပါတယ်ဒါမှသာချမ်းသာကြွယ်ဝနိုင်တဲ့နေရာကိုအမြင်ရှင်း

ရှင်းနဲ့ မလွဲမသွေရောက်နိုင်မှာပါ။

(၁၀)မိမိကိုယ်ကိုထိန်းသိမ်းခြင်း

ချမ်းသာကြွယ်ဝချင်သူဟာမိမိစိတ်ကိုထိန်းသိမ်းနိုင်ဖို့အရေးကြီးပါတယ်။အဲဒီလိုထိန်းသိမ်းနိုင်မှသာကိုယ်မျှော်မှန်းတဲ့ပန်းတိုင်ကိုမုချ

ရောက်မှာပါ။နောက်ပြီးအောင်မြင်မှုလမ်းစပေါ်ကိုလျှောက်နေချိန်မှာမောက်မောက်မာမာမဟြေဆိုမိဖို့အရေးအကြီးဆုံးဖြစ်ပါတယ်။

တတ်နိုင်သမျှကိုယ်စိတ်နှလုံးကိုထိန်းသိမ်းရမှာဖြစ်ပါတယ်။

(၁၁)သူတစ်ပါးအပေါ်နားလည်နိုင်ရန်အတိုင်းအတာ

သူတစ်ပါးရဲ့ အမူအကျင့်စရိုက်တွေကိုသဘောပေါက်နားလည်ထားရပါမယ်။လူတွေဟာပဓာနကျတဲ့အချက်အလက်တွေပေါ်မှာမူတည်ပြီး

ပြုမူဆောင်ရွက်ကြပါတယ်။

အဲဒီအချက်တွေကတော့.......

“မေတ္တာရဲ့ ခံစားမှု၊ ဖိုမ ခံစားမှု၊ ကြွယ်ဝချမ်းသာခြင်းကိုပိုင်ဆိုင်လိုမှု၊ ဆန္ဒထိန်းသိမ်းစောင့်ရှောက်လိုမှု၊စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ

လွတ်လပ်လိုမှု ၊ စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာ ဆန္ဒထုတ်ဖေါ်လိုမှု၊ သေလွန်ပြီးထိနောက်ပိုင်းမှာဘ၀ကိုအဆက်မပြတ်တည်ရှိလိုမှု၊ဒေါသခံစား

မှုနှင့် ကြောက်စိတ်ခံစားမှု” ......တို့ဖြစ်ပါတယ်။ပဓာနအကျဆုံးသောသဘောတရားကတော့ကိုယ့်ကိုယ်ကိုအရင်ဆုံးနားလည်ထားရ

ပါမယ်။ဒါမှသာ သူများတွေအပေါ်မှာနားလည်နိုင်ပါလိမ့်မယ်။

(၁၂)စီးပွားရေးလုံခြုံမှု

ချမ်းသာကြွယ်ဝခြင်း(၁၂)ချက်ထဲမှာအဓိကကျတဲ့အချက်တစ်ချက်ကတော့စီးပွားရေးလုံခြုံမှုပဲဖြစ်ပါတယ်။ငွေကြေးပိုင်ဆိုင်မှုဟာ

စီးပွားရေးလုံခြုံစိတ်ချရတယ်လို့ကွက်ကွက်ကလေးဟြေလို့မရပါဘူး။အကျိုးရှိတဲ့လုပ်ကိုင်ဆောင်ရွက်ခြင်းရှိနေမှသာလုံခြုံစိတ်ချရတဲ့

စီးပွားရေးဖြစ်တည်နေမှာပါ။အဲဒီလုပ်ကိုင်ဆောင်ရွက်မှုမှာချမ်းသာကြွယ်ဝမှုမပါပဲနဲ့လည်းလူတွေအတွက်အကျိုးစီးပွားကိုဖော်ဆောင်

နိုင်ပါလိမ့် မယ်။

မူ၇င်း.....စိတ်ကူးပျော်၇ာ....။

Sunday 9 September 2012

total video converter ဒေါင်းရန်နှင့် mp3 ခြုံ့နည်း converter အသုံးပြုပုံနည်းလမ်းများ

အောက်ပါဆော့ဝဲလေးကတော့ video fileကနေ mp3 mp4 flash song ပညာရှင်တွေအတွက် mp3 sizeပါ ခြုံ့လို့ရတဲ့ total video converter ပါ

ဆော့ဝဲကိုအောက်မှာနှိပ်ပြီးဒေါင်းပါ


သူ့ရဲ့registerကုတ်ကိုဒီကိုနှိပ်ပြီးယူပါ
မှတ်ချက်။ ။ ကုတ်ယူရာတွင်အောက်စာကြောင်းမှကဏာန်းများသာယူရန်လိုအပ်ပါသည်

ဆော့ဝံကို register code ထည့်ပြီး register လုပ်ပြီးပါကစတင်အသုံးပြုလို့ရပါပြီ ဆော့ဝဲအသုံးပြုပုံကို mp3 ပြောင်းလဲပုံမှစ၍ ပုံနှင့်တကွရှင်းပြပါ့မယ်

အဆင့်(၁) mp3ပြုလုပ်ရန် ဆော့ဝဲကို rumလိုက်ပါ new testကို နှိပ်ပြီး import files ကလစ်ပြီး ကွန်ပြူတာထဲမှ folderတခုခုမှဖြစ်စေ vcd မှဖြစ်စေ မမိုရီစတစ်မှဖြစ်စေ video filesကိုရွေးလိုက်ပါ openနှိပ်ပါ

အဆင့်(၂) ပေါ်လာသော အကွက်မှ mp3 audio ပေါ်သို့မျှားသွား၍ mp3 audioကိုရွေးပေးပါ


အဆင့်(၃) setting ၀င်၍ Audio Option xဲတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း ကုတ်များကိုချိန်ပါ ထိုကုတ်ကို အမြဲအသုံးပြုလိုပါက save & apply လုပ်ထားပါ ပြီးနောက် convert ကိုနှိပ်ပါ mp3 စက်များ mobile phone များတွင် ထည့်သွင်းနားထောင်နိုင်သော mp3ရရှိမည်ဖြစ်ပါတယ်




အောက်ပါပုံကတော့ flsah song ပညာရှင်များ mp3 ခြုံ့ရန်အသုံးပြုဖို့ကုတ်ပါ ပုံကိုကြည့်၍ကုတ်ချိန်ပါ


video file size အကြီးမှ mobile phone တွင် ထည့်သွင်းကြည့်ရှုနိုင်သော mp4ပြုလုပ်နည်း
mp3 ပြုလုပ်စဉ်ကနည်းအတိုင်းပင် video file ကို ရွေးပြီးထည့်ပါ အောက်ပါပုံတင်ပြထားသည့်အတိုင်း mpeg4Videoကိုရွေးချယ်ပါ





setting ၀င်၍ audio option ကို အောက်ပါပုံတွင်ပြထားသည့်အတိုင်း ကုတ်ချိန်ပါ




အောက်ပါပုံတွင်ပြထားသည့်အတိုင်း video option ကို ကုတ်ချိန်ပါ




အောက်ပါပုံတွင်ပြထားသည့်အတိုင်း Video resize ကို ကုတ်ချိန်ပါ ထို့နောက် save and apply လုပ်ထားပါ ပြီးလျှင် convert နှိပ်၍ mp4ပြောင်းနိုင်ပါပြီ



ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blogs/total-video-converter-mp3#ixzz25xFDxvCD
oranginnal..mm-flashsoung