Thursday 26 April 2012

လူငယ်ကဏ္ဍဒသနများ(ချစ်သူများ၏ပြောင်းလဲတတ်သောစိတ်၊အိမ်ထောင်သည်များမဖတ်၇။

ချစ်သူဘဝ.........အလကားနေ၍မျက်လုံးချင်းဆုံ၏
အိမ်ထောင်ဘဝ...အကြည့်ချင်းဆုံလျှင်အလကားဖြစ်၏
ချစ်သူဘဝ.........အလကားနေရင်းချစ်သူကိုတမ်းတ၏
အိမ်ထောင်ဘဝ...ချစ်သူကိုတမ်းတသော်လည်းအလကားဖြစ်၏
ချစ်သူဘဝ.........ကလေးဘယ်နှစ်ယောက်ယူမည်ဟုစိတ်ကူး၏
အိမ်ထောင်ဘဝ...စိတ်ကူးထားသည့်အတိုင်းကလေးမယူဖြစ်ခဲ့၇င်ကောင်းသားဟုတွေး၏
ချစ်သူဘဝ.........ကိုယ်ပိုင်ဆိုင်သမျှသူ.အားပေးလို၏
အိမ်ထောင်ဘဝ...ကိုယ်ပိုင်ဆိုင်သမျှဘဏ်တွင်တိတ်တိတ်လေးထားလို၏
ချစ်သူဘဝ..........မွန်ထူဒေါသထွက်နေသော်လည်းကိစ္စမရှိဟူဆို၏
အိမ်ထောင်ဘဝ...ကိစ္စရှိမှမွန်၏
ချစ်သူဘဝ.........တစ်ယောက်နဲ့တစ်ယောက်ဖုန်းပြောပါကတိုးတိုးလေးပြော၏
အိမ်ထောင်ဘဝ...ဖုန်းထဲ့မှာအော်လိုက်ရသည်ကိုပင်အားမရ။
ချစ်သူဘဝ.........ချစ်သူအကြောင်းကဗျာရေးဖွဲ၏
အိမ်ထောင်ဘဝ...ကဗျာရေးသူ ငဆနူ။
ချစ်သူဘဝ..........သူငိုလျှင်ကိုယ်လိုက်ငို၏
အိမ်ထောင်ဘဝ...သူငိုလျှင်ဘောလုံးပွဲရှူံးတာလောက်မခံစားရ။
ချစ်သူဘဝ..........သူ့မွေးနေ့ကိုအလွတ်ရ၏
အိမ်ထောင်ဘဝ....ကိုယ်မွေးနေ့ကိုပင်အလွတ်မ၇။
ချစ်သူဘဝ...........လူတောထဲတွင်လက်ချင်းဆက်သွားလို၏
အိမ်ထောင်ဘဝ....လူတောထဲတွင့်မျက်စောင်းချင်းချိတ်၍သွားလေ့ရှိ၏

ထာဝရပျော်ပါစေ အောင်မျိုး

မျှားတစ်စင်း

မျှားတစ်စင်းကိုအချိန်အဟုန်နှင့်ပစ်ထွင်းလိုလျှင်လေးကြိုးကိုပြင်းပြင်းဆွဲပါ၊၊

ခရီးသွား..နှင့်..ပါရမီ